သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပြည်ဝင်ခွင့် ကန့်သတ်နိုင်ရေး Trump အစိုးရအဖွဲ့ နည်းပေါင်းစုံနဲ့ ကြိုးစားမည်


သမ္မတ Donad Trump
သမ္မတ Donad Trump

ဒုက္ခသည်တွေနဲ့ မူဆလင်အများစုနေထိုင်တဲ့ ၇ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်ပြည် ဝင်ခွင့် ယာယီပိတ်ပင်တဲ့ သမ္မတ Donad Trump ရဲ့ အမိန့်ကို ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် အယူခံတရားရုံးက ယာယီတားဆီးထားခဲ့တာကြောင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ သမ္မတ အမိန့်သစ်ရေးဆွဲဖို့ စဉ်းစားနေတယ်လို့ သမ္မတ Trump ကပြော ပါတယ်။

အစိုးရအဖွဲ့က ဒီကိစ္စကို လုပ်မယ်လို့ဆုံးဖြတ်ရင် တနင်္လာနေ့ ဒါမှမဟုတ် အင်္ဂါနေ့ အစောဆုံး ထားပြီး သမ္မတအမိန့်သစ် ထုတ်ပြန်နိုင်မယ်လို့ သမ္မတရဲ့ အထူးလေယာဉ် Air Force One ပေါ်မှာ မနေ့ သောကြာနေ့က သတင်းထောက်တွေ ကိုပြောပါတယ်။

သမ္မတအမိန့်သစ်ထုတ်ပြန်တာက အယူခံတရားရုံး တခုကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရေးကိစ္စ ဆန်ဖရန်စစ္စကို အခြေစိုက် တရားသူကြီး သုံးဦးပါ အမှတ်(၉) အယူခံ တရားရုံးက တညီတညွတ်ထဲ ပယ်ချလိုက်တာပါ။ ဒီဆုံးဖြတ်ချက်ကို တရားသူကြီး ၁၁ ဦးပါ စုံညီတရားခုံရုံးမှာ ပြန်ပြီး ကြားနာသင့် သလားဆိုပြီး နာမည်မဖော်လိုတဲ့ အယူခံ တရားရုံးက တရားသူကြီးတဦးက တောင်းဆိုထားပါတယ်။

ဒီအယူခံနဲ့ပတ်သက်လို့ လာမယ့် သောကြာနေ့ နောက်ဆုံးထားပြီး နှစ်ဘက်လျောက်လဲ ကြရမှာဖြစ်ပါတယ်။ တရားရုံး ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားအောင် အစိုးရရှေ့နေတွေ က ဆောင်ရွက်နိုင် လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း Trump က သောကြာနေ့မှာ ပြောခဲ့တာပါ။ ဒီအမှုအတွက် Trump အစိုးရက နိုင်ငံတော် တရားရုံးချုပ်ကို တက်နိုင် သလို၊ သမ္မတရဲ့အမိန့်ကို ပြင်ဆင်ပြီးနောက်ထပ် အမိန့်တခု ထပ်ထုတ်နိုင်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG