သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဝင်မှုကြီးကြပ်ရေး သမ္မတ Trump အမိန့် အယူခံတရားရုံးပယ်ချ


ဆန်ဖရန်စစ္စကို အယူခံ တရားရုံးရှေ့ ဆန္ဒပြနေသူတဦး။ (ဖေဖော်ဝါရီ ၇၊ ၂၀၁၇)
ဆန်ဖရန်စစ္စကို အယူခံ တရားရုံးရှေ့ ဆန္ဒပြနေသူတဦး။ (ဖေဖော်ဝါရီ ၇၊ ၂၀၁၇)

မူဆလင်အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံကလူတွေ အမေရိကန်ပြည်ထောင်စု ထဲ ပြည်ဝင်ခွင့် ကန့်သတ်တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်အတိုင်း ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့ အစိုးရရှေ့နေတွေဘက်က အယူခံ တောင်းဆိုချက်ကို ဖက်ဒရယ် အယူခံ တရားရုံးတခုက ပယ်ချလိုက်ပါတယ်။

အောက်ရုံးတခုကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရေးကိစ္စ ဆန်ဖရန်စစ္စကိုအခြေစိုက် တရားသူကြီးသုံးဦးပါအမှတ် ၉ အယူခံတရားရုံးက တညီတညွတ်ထဲ ပယ်ချလိုက်တာပါ။ ပိတ်ပင်တဲ့အမိန့်ကို အောက်တရားရုံးက ဆိုင်းငံ့စေခဲ့ပြီး အမေရိကန်ထဲ ဝင်ခွင့်မပြုခဲ့သူတွေကို ပြန်ဝင်ခွင့်ပြုရမယ်လို့ ဆုံးဖြတ်ထားတာပါ။

အစိုးရဘက်က အယူခံတင်သွင်းတာမှာ တရားရုံးက လက်ခံနိုင်လောက်တဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိသလို ဒီအယူခံကို လက်ခံလိုက်မယ်ဆိုရင် ပြင်မရတဲ့ အမှားမျိုး ဖြစ်သွားနိုင်တယ်လို့ အယူခံတရားရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီး မကြာခင်မှာပဲ သမ္မတ Trump က “တရားရုံးမှာ ရင်ဆိုင် တွေ့ကြမယ်၊ နိုင်ငံရဲ့လုံခြုံရေးက အရေးကြီးဆုံးပဲ။” လို့ နိုင်ငံတေ်တရားရုံးချုပ်မှာ ဆက်ပြီး ရင်ဆိုင်မယ့်သဘောမျိုး သူ့ရဲ့ Twitter စာမျက်မှာ ရေးပါတယ်။ အဲဒီလိုရေးပြီး မကြာခင် အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာလည်း တရားရုံးဟာ အခုဆုံးဖြတ်ချက်ကို နိုင်ငံရေး အမြင်နဲ့ ဆုံးဖြတ်ခဲ့ တယ်လို့ဆိုပြီး နောက်ဆုံးကျရင်တော့ သူ့အစိုးရအဖွဲ့ကပဲ ဒီအမှုကို အလွယ်တကူ အနိုင်ရမှာပါပဲလို့ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG