အီရတ်မှာရောက်နေတဲ့ အမေရိကန်တပ်ဖွဲ့အားလုံးကို နှစ်မကုန်ခင် ရုပ်သိမ်းမယ်လို့ သမ္မတအိုဘားမားက ကြေညာလိုက်ပါတယ်။ အောက်လွှတ်တော်မှာ ရှိတဲ့ ဒီမိုကရက်တွေက သမ္မတ အနေနဲ့ အီရတ်စစ်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲမှာ ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်တာဆိုပြီး ကြိုဆိုလိုက်ကြပါတယ်။ အောက်လွှတ်တော် သဘာပတိ John Boehner ကတော့ တပ်တွေ အပြည့်အ၀ ရုတ်သိမ်းမယ်ဆိုရင် အီရတ်ရဲ့ လုံခြုံရေးကို ထိခိုက်မှာ စိုးရိမ်ရပြီး ရပြီးသား တိုးတက်မှုတွေကို ထိခိုက်မှာ စိုးရိမ်တဲ့အကြောင်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဒီတပတ် ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။
အီရတ်က အမေရိကန်တပ်အားလုံး နှစ်မကုန်ခင် ရုတ်သိမ်းမည်
- Thein Oo
