သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရေတပ်သင်္ဘောအတိုက်ခံရမှု၊ သတင်းပို့နောက်ကျခြင်းကို စစ်ဆေးပြီ


ဂျပန်ကမ်းရိုးတန်းမှာ အမေရိကန် ဖျက်သင်္ဘော တစီးနဲ့ ကုန်တင်သင်္ဘောကြီးတစီး တိုက်မိပြီး သင်္ဘောသား ၇ ယောက်သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ ဒီဖြစ်ရပ်အပြီး တနာရီနီးပါးကြာတဲ့အထိ ဒီ သင်္ဘောတွေပေါ်က ဝန်ထမ်းတွေက ဘာကြောင့် သတင်း မပို့နိုင်ခဲ့တာလဲ ဆိုတာကို စုံစမ်းစစ်ဆေးနေတဲ့အကြောင်း အမေရိကန်နဲ့ ဂျပန် အစိုးရ အရာရှိတွေကပြောပါတယ်။

သင်္ဘောကြီးနှစ်စီး တိုက်တဲ့အကြောင်းကို မနက် ၂ နာရီခွဲလောက်မှာမှ သတင်းပို့လာတာဖြစ်ပေမဲ့ တကယ်တမ်း တိုက်မိခဲ့တဲ့အချိန်က မနက် ၁ နာနီခွဲ ဖြစ်တယ်လို့ အမေရိကန်နဲ့ ဂျပန် အစိုးရအရာရှိတွေက ပြောဆိုကြပါတယ်။ ရှာဖွေတွေ့ရှိတဲ့ အချက်အလက်တွေအရ ACX Crystal ကုန်တင်သင်္ဘောဟာ မနက် ၁ နာရီခွဲ လောက်မှာ လာရာလမ်းဘက် U တန်း ပြန် လှည့်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဖြစ်တဲ့အချိန်ဟာလည်း စနေနေ့ မနက်ခင်း ၁ နာရီခွဲမှာ ဖြစ်ပြီး USS Fitzgerald ကနေ သတင်းပေးလာတဲ့ ၂ နာရီခွဲ ဆိုတဲ့ အချိန် မဟုတ်တဲ့အကြောင်း အမေရိကန် အမှတ် (၇) ရေတပ် ပြောခွင့်ရ တဦးက ပြောပါတယ်။ သင်္ဘောနှစ်စီး တိုက်မိတဲ့အချိန် မတိုင်ခင်အထိ ကုန်တင်သင်္ဘောဟာ ပုံမှန်အတိုင်း လည်ပတ်နေခဲ့တယ် ဆိုတာကို ဒီသင်္ဘောနဲ့ပတ်သက်တဲ့ အချက်အလက်တွေအရ သိရတဲ့အကြောင်း ကုန်တင်သင်္ဘောကို လည်ပတ်တဲ့ Nippon Yusen ကုမ္ပဏီ ပြောခွင့်ရ Nanami Meguro က ပြောပါတယ်။

အဖြစ်အပျက်နဲ့ပတ်သက်လို့ သတင်းပို့ရာမှာ ဘာကြောင့် နှောင့်နှေးခဲ့တယ် ဆိုတဲ့ အချက်အလက်တော့ မသိရသေးပါဘူး။ အရေးပေါ်အခြေအနေ ဆိုက်ခဲ့တာကြောင့် သင်္ဘောဝန်ထမ်းတွေ အနေနဲ့ ချက်ချင်း ဖုန်းဆက် အကြောင်းကြားဖို့ မတတ်နိုင်တာ ဖြစ်နိုင်တယ်လို့ ဒီပြောခွင့်ရက ပြောပါတယ်။ အခု ဖြစ်ရပ်ကို အမေရိကန် ရေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ ဂျပန် ကမ်းရိုးတန်းနဲ့ သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဆိုင်ရာ ဘုတ်အဖွဲ့တွေက စုံစမ်းစစ်ဆေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG