သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားလူထုဆန္ဒခံယူပွဲ မဲမသမာမှုရှိဟု ဝေဖန်ခံရ


ဗင်နီဇွဲလားလူထုဆန္ဒခံယူပွဲ မဲပေးနေစဉ်
ဗင်နီဇွဲလားလူထုဆန္ဒခံယူပွဲ မဲပေးနေစဉ်

တောင်အမေရိကတိုက် နိုင်ငံတခုဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ရေးဆွဲဖို့ ရည်ရွယ်ကျင်းပခဲ့တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ အနည်းဆုံး မဲပေါင်း ၁ သန်းလောက်ကို မမှန်မကန် စာရင်းပြခဲ့ကြောင်း ၊ အီလက်ထရောနစ်မဲပေးတဲ့စနစ်နဲ့ ဝင်ဆောင်မှု ပေးခဲ့တဲ့ ကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံရေးဆွဲရေး အထူးလွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်အရေအတွက်ကို မမှန်မကန် စာရင်းပြခဲ့တာက သံသယဖြစ်စရာမရှိတဲ့အကြောင်း Smartmatic ကုမ္ပဏီ Antonio Mugica က ဒီကနေ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ကုမ္ပဏီရဲ့ အီလက်ထရောနစ်စနစ် နဲ့တွက်ချက်မှုအရ အမှန်တကယ်မဲပေးခဲ့သူ အရေအတွက်နဲ့ အာဏာပိုင်တွေကြေညာထားတဲ့ အရေအတွက်ကြား အနည်းဆုံးမဲ ၁ သန်းလောက်ကွာနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အစိုးရကတော့ ဆန္ဒမဲပေးသူ ၈ သန်းရှိကြောင်းပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG