သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံတွေကို ဖမ်းဆီးဖို့ ဗင်နီဇွဲလားသမ္မတတောင်းဆို


အတိုက်အခံခေါင်းဆောင် Maria Corina Machado နဲ့ ထောက်ခံသူများကိုတွေ့ရစဉ် (ဇူလိုင် ၃၀၊ ၂၀၂၄)
အတိုက်အခံခေါင်းဆောင် Maria Corina Machado နဲ့ ထောက်ခံသူများကိုတွေ့ရစဉ် (ဇူလိုင် ၃၀၊ ၂၀၂၄)

ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက အငြင်းပွားစရာ ရလဒ်အပေါ် မကျေနပ်ရာက ဆန္ဒပြပွဲတွေပေါ်ပေါက်နေချိန်မှာပဲ အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းမယ်လို့ သမ္မတ Nicolás Maduro က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ မနေ့ အင်္ဂါနေ့က ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားရင်း အဓိက အတိုက်အခံခေါင်းဆောင် Maria Corina Machado ကို ဖမ်းဆီးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံရော သမ္မတ Maduro ကပါ အနိုင်ရကြောင်း နှစ်ဘက် အပြိုင်အဆိုင် ပြောဆိုနေကြပြီး မနေ့ အင်္ဂါနေ့ကတော့ အခြေအနေတွေ တင်းမာလာခဲ့ပါတယ်။

မဲရုံတွေပိတ်လိုက်ပြီးတဲ့နောက် မဲဆန္ဒနယ်အသီးသီး တင်သွင်းလာတဲ့ မဲပေးသူစာရင်းကို အမျိုးသားရွေးကောက်ပွဲကောင်စီက ထုတ်ပြန်ပေးဖို့ အတိုက်အခံခေါင်းဆောင် Machado က တောင်းဆိုလိုက်ပြီး မြို့တော် Caracas ရဲ့ အရှေ့ပိုင်းမှာ ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေနဲ့အတူ ချီတက် ဆန္ဒပြခဲ့ပါတယ်။

လက်ရှိသမ္မတ အနိုင်ရကြောင်း ရွေးကောက်ပွဲရလဒ်ကို ကြေညာတဲ့နေရာမှာ မဲရုံတွေက မဲစာရင်းတွေကိုတော့ ဖော်ပြခဲ့တာ မရှိပါဘူး။ ရွေးကောက်ပွဲကောင်စီက မဖြစ်မနေ ထုတ်ပြန်စရာမလိုပေမယ့်လည်း အရင် ရွေးကောက်ပွဲတွေမှာတုန်းကတော့ မဲရုံတွေပိတ်ပြီး နာရီပိုင်းအကြာမှာ အဲဒီစာရင်းကို အွန်လိုင်းကနေ ထုတ်ပြန်ခဲ့ဖူးပါတယ်။

အတိုက်အခံတွေကို ဖမ်းဆီးဖို့ ဗင်နီဇွဲလားသမ္မတတောင်းဆို
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG