သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗင္နီဇဲြလား အစိုးရနဲ႔ အတိုက္အခံ ေစ႔စပ္ေဆြးေႏြးမည္


ဗင္နီဇဲြလားသမၼတ Nicolas Maduro

[ Zawgyi ]

ေနာ္ေဝႏိုင္ငံရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈအရ ႏိုင္ငံေရး အတိုက္အခံေတြနဲ႔ ေရွ႕လထဲ မကၠဆီကိုႏိုင္ငံမွာ ေတြ႕ဆုံေဆြးေႏြးမႈ စလုပ္သြားဖို႔ ရည္႐ြယ္ထားတယ္လို႔ ဗင္နီဇြဲလားသမၼတ Nicolas Maduro ကေျပာၾကား လိုက္ပါတယ္။ ဒီလုပ္ရပ္ကို အေမရိကန္ျပည္ေထာင္စုကလည္း သေဘာတူ ႀကိဳဆိုလိမ့္မယ္လို႔ သူက ေမွ်ာ္လင့္ေနပါတယ္။

ေရနံထုတ္လုပ္ ေရာင္းခ်ေနတဲ့ OPEC ႏိုင္ငံမ်ားအဖြဲ႕ဝင္ ဗင္နီဇြဲလားႏိုင္ငံမွာ ႏိုင္ငံေရး အၾကပ္အတည္းကို ေက်ာ္လႊား ႏိုင္ေရးအတြက္ အတိုက္အခံေတြဖက္က ၿပီးခဲ့တဲ့ ေမလထဲမွာ နည္းဗ်ဴဟာ ေျပာင္းလဲခဲ့ၿပီး ၊ ေတြ႕ဆုံညႇိႏႈိင္းလိုေၾကာင္း ကမ္းလွမ္းလာခဲ့တာပါ။

တခ်ိန္က ႂကြယ္ဝခ်မ္းသာခဲ့တဲ့ ဗင္နီဇြဲလားမွာ သမၼတ Maduro အာဏာရလာတဲ့ ၂၀၁၃ ကစၿပီး စီးပြားေရး က်ဆင္း လာခဲ့တာေၾကာင့္ ျပည္တြင္းအတိုက္အခံေတြေရာ ၊ အေမရိကန္နဲ႔ EU ဥေရာပသမဂၢတို႔ကပါ သူ႔ရဲ႕လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈ ၊ အဂတိလိုက္စားမႈနဲ႔ ၂၀၁၈ ေ႐ြးေကာက္ပြဲကို ျပန္လည္က်င္းပ - အႏိုင္ယူခဲ့တဲ့ လွည့္ဖ်ားမႈေတြအေပၚ စြပ္စြဲ ျပစ္တင္လာၾကပါတယ္။ ဒီစြပ္စြဲ ခ်က္ေတြကိုေတာ့ Maduro က ျငင္းဆိုထားပါတယ္။

အကယ္၍ Maduro ကသာ သိသာတိုးတက္ၿပီး လြတ္လပ္မွ်တတဲ့ ေ႐ြးေကာက္ပြဲကို ဦးတည္ေစမယ့္ အတိုက္အခံေတြနဲ႔ ေတြ႕ဆုံေဆြးမႈမ်ိဳး လုပ္မယ္ဆိုရင္ Maduro အစိုးရေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ျပန္႐ုပ္သိမ္းေရး စဥ္းစား သြားမယ္လို႔ အေမရိကန္၊ ဘယ္လ္ဂ်ီယံနဲ႔ ကေနဒါ ႏိုင္ငံျခားေရးဝန္ႀကီးေတြက ဇြန္လထဲမွာ ေျပာၾကားခဲ့ပါတယ္။

[ Unicode ]

ဗင်နီဇွဲလား အစိုးရနဲ့ အတိုက်အခံ စေ့စပ်ဆွေးနွေးမည်

နော်ဝေနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ နိုင်ငံရေး အတိုက်အခံတွေနဲ့ ရှေ့လထဲ မက္ကဆီကိုနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှု စလုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဗင်နီဇွဲလားသမ္မတ Nicolas Maduro ကပြောကြား လိုက်ပါတယ်။ ဒီလုပ်ရပ်ကို အမေရိကန်ပြည်ထောင်စုကလည်း သဘောတူ ကြိုဆိုလိမ့်မယ်လို့ သူက မျှော်လင့်နေပါတယ်။

ရေနံထုတ်လုပ် ရောင်းချနေတဲ့ OPEC နိုင်ငံများအဖွဲ့ဝင် ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံရေး အကြပ်အတည်းကို ကျော်လွှား နိုင်ရေးအတွက် အတိုက်အခံတွေဖက်က ပြီးခဲ့တဲ့ မေလထဲမှာ နည်းဗျူဟာ ပြောင်းလဲခဲ့ပြီး ၊ တွေ့ဆုံညှိနှိုင်းလိုကြောင်း ကမ်းလှမ်းလာခဲ့တာပါ။

တချိန်က ကြွယ်ဝချမ်းသာခဲ့တဲ့ ဗင်နီဇွဲလားမှာ သမ္မတ Maduro အာဏာရလာတဲ့ ၂၀၁၃ ကစပြီး စီးပွားရေး ကျဆင်း လာခဲ့တာကြောင့် ပြည်တွင်းအတိုက်အခံတွေရော ၊ အမေရိကန်နဲ့ EU ဥရောပသမဂ္ဂတို့ကပါ သူ့ရဲ့လူ့အခွင့်အရေး ချိုးဖေါက်မှု ၊ အဂတိလိုက်စားမှုနဲ့ ၂၀၁၈ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ - အနိုင်ယူခဲ့တဲ့ လှည့်ဖျားမှုတွေအပေါ် စွပ်စွဲ ပြစ်တင်လာကြပါတယ်။ ဒီစွပ်စွဲ ချက်တွေကိုတော့ Maduro က ငြင်းဆိုထားပါတယ်။

အကယ်၍ Maduro ကသာ သိသာတိုးတက်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ဦးတည်စေမယ့် အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးမှုမျိုး လုပ်မယ်ဆိုရင် Maduro အစိုးရပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းရေး စဉ်းစား သွားမယ်လို့ အမေရိကန်၊ ဘယ်လ်ဂျီယံနဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးတွေက ဇွန်လထဲမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG