(Zawgyi/Unicode)
Venezuela ႏိုင္ငံက အတိုက္အခံေခါင္းေဆာင္ Juan Guaido ဟာ ႏိုင္ငံ့အတြက္ အေရးပါသူတဦးျဖစ္ေပမယ့္ သူ႔ကို ယာယီသမၼတအျဖစ္ ဆက္ၿပီးသတ္မွတ္ေတာ့မွာ မဟုတ္ေၾကာင္း အီးယူဥေရာပသမဂၢက တနလၤာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။
Venezuela ႏိုင္ငံမွာ ဒီဇင္ဘာလတုန္းကက်င္းပတဲ့ လႊတ္ေတာ္ေရြးေကာက္ပြဲကို အီးယူက အသိအမွတ္မျပဳေပမယ့္ ဒီေရြးေကာက္ပြဲကေန လႊတ္ေတာ္ဥကၠဌအျဖစ္ Guaido ျပန္အေရြးမခံရတဲ့ အတြက္ သူ႔ကို ယာယီသမၼတအျဖစ္ ဆက္ၿပီး တရားဝင္အသိမွတ္ မျပဳႏိုင္ေတာ့ေၾကာင္း ၂၇ ႏိုင္ငံပါ အီးယူ အဖြဲ႔က ဇန္နဝါရီလ ၆ ရက္ေန႔မွာ ေျပာၾကားခဲ့တာပါ။
သမၼတ Nicolas Maduro ျပန္အေရြးခံရတဲ့ ၂၀၁၈ အျငင္းပြါးဖြယ္ ေရြးေကာက္ပြဲေနာက္ပိုင္း လႊတ္ေတာ္ဥကၠဌ တာဝန္ယူေနတဲ့ Guaido က ယာယီသမၼတ ျဖစ္လာခဲ့ပါတယ္။ အေမရိကန္နဲ႔ ၿဗိတိန္ တို႔ကေတာ့ Guaido ကို Venezuela ရဲ႕ သမၼတအျဖစ္ အခုထိ သတ္မွတ္ထားတာပါ။
Guaido ကို Venezuela ေခါင္းေဆာင္ အျဖစ္ ဆက္ၿပီးသတ္မွတ္ဖို႔ ၿပီးခဲ့တဲ့ သီတင္းပတ္မွာ အီးယူပါလီမန္က ဆံုးျဖတ္ခ်က္ခ်ခဲ့တာ ျဖစ္ေပမယ့္ အခုသူဟာ ဒီမိုကရက္အတိုက္အခံ ေတြရဲ့ အစိတ္အပိုင္း တခုျဖစ္ေၾကာင္း အဖြဲ႕ဝင္ ၂၇ ႏိုင္ငံပါတဲ့ အီးယူ ႏိုင္ငံျခားေရးဝန္ႀကီးေတြက Brussels အစည္းအေဝး အၿပီးမွာ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။
ဒါ့အျပင္ ၂၀၁၅ ေရြးေကာက္ပြဲ အႏိုင္ရပါတီေတြနဲ႔ လူပုဂၢိဳလ္ေတြ၊ အထူးသျဖင့္ Juan Guaido နဲ႔ Venezuela က ႏိုင္ငံေရး အတိုက္အခံ အားလံုး လြတ္လပ္မႈနဲ႔ လံုၿခံဳမႈ ရွိေစဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။
............
Juan Guaido ကို ဗင်နီဇွဲလားသမ္မတ အဖြစ် EU အသိအမှတ်ပြုတော့မည် မဟုတ်
(Unicode)
Venezuela နိုင်ငံက အတိုက်အခံခေါင်းဆောင် Juan Guaido ဟာ နိုင်ငံ့အတွက် အရေးပါသူတဦးဖြစ်ပေမယ့် သူ့ကို ယာယီသမ္မတအဖြစ် ဆက်ပြီးသတ်မှတ်တော့မှာ မဟုတ်ကြောင်း အီးယူဥရောပသမဂ္ဂက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
Venezuela နိုင်ငံမှာ ဒီဇင်ဘာလတုန်းကကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲကို အီးယူက အသိအမှတ်မပြုပေမယ့် ဒီရွေးကောက်ပွဲကနေ လွှတ်တော်ဥက္ကဌအဖြစ် Guaido ပြန်အရွေးမခံရတဲ့ အတွက် သူ့ကို ယာယီသမ္မတအဖြစ် ဆက်ပြီး တရားဝင်အသိမှတ် မပြုနိုင်တော့ကြောင်း ၂၇ နိုင်ငံပါ အီးယူ အဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့မှာ ပြောကြားခဲ့တာပါ။
သမ္မတ Nicolas Maduro ပြန်အရွေးခံရတဲ့ ၂၀၁၈ အငြင်းပွါးဖွယ် ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ဥက္ကဌ တာဝန်ယူနေတဲ့ Guaido က ယာယီသမ္မတ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန် တို့ကတော့ Guaido ကို Venezuela ရဲ့ သမ္မတအဖြစ် အခုထိ သတ်မှတ်ထားတာပါ။
Guaido ကို Venezuela ခေါင်းဆောင် အဖြစ် ဆက်ပြီးသတ်မှတ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အီးယူပါလီမန်က ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပေမယ့် အခုသူဟာ ဒီမိုကရက်အတိုက်အခံ တွေရဲ့ အစိတ်အပိုင်း တခုဖြစ်ကြောင်း အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေက Brussels အစည်းအဝေး အပြီးမှာ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပါတီတွေနဲ့ လူပုဂ္ဂိုလ်တွေ၊ အထူးသဖြင့် Juan Guaido နဲ့ Venezuela က နိုင်ငံရေး အတိုက်အခံ အားလုံး လွတ်လပ်မှုနဲ့ လုံခြုံမှု ရှိစေဖို့လည်း တောင်းဆိုလိုက်ပါတယ်။