သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားသမ္မတ Maduro စစ်တပ်အများစု ထောက်ခံဆဲ


ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Juan Guaido က စစ်တပ်ခေါင်းဆောင်တွေ သူ့ဘက်ပါအောင် မလုပ်နိုင်ခဲ့တဲ့နောက် အာဏာသိမ်းဖို့ ဘယ်ကြိုစားမှုမျိုးကို မဆိုဆန့်ကျင်ကြဖို့ ဗင်နီဇွဲလားစစ်တပ်ကို သမ္မတ Nicolas Maduro က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဗင်နီဇွဲလားလမ်းတွေပေါ်မှာ အစိုးရဆန့်ကျင်တဲ့ လူထုဆန္ဒပြမှုတွေ ၂ ရက်ကြာ ဖြစ်ပွါးခဲ့ပြီးတဲ့ နောက်ပိုင်း သမ္မတ Maduro က စစ်တပ်အကြီးအကဲနဲ့ အတူ ရုပ်သံကနေ အခုလို တောင်းဆိုလိုက်တာပါ။ ဗင်နီဇွဲလားမှာ တိုက်ပွဲတွေ ဖြစ်နေပြီး သစ္စာဖောက်သူ၊ အာဏာသိမ်းဖို့ ကြံစည်သူ ဘယ်သူ့ကိုမဆို လက်နက်ချလာအောင် တိုက်ရမှာ ဖြစ်ကြောင်း သမ္မတက ပြောပါတယ်။

သမ္မတ Maduro ကို အကြီးအကျယ် ဆန့်ကျင်ကြဖို့ Guaido က ဒီသီတင်းပတ် အစောပိုင်းတုန်းက ပန်ကြားခဲ့ပေမယ့် ဘက်ပြောင်းလာတဲ့ တပ်သားအရေအတွက်က နည်းနည်းပဲရှိနေတာပါ။

အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ မြို့တော် Caracas ရဲ့ လမ်းတွေပေါ်မှာ ထောင်နဲ့ချီတဲ့ လူတွေ ဆန္ဒပြခဲ့ကြပြီး တချို့က လုံခြုံရေးတပ်သားတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို ရဲတွေဘက်ကလည်း တခါတလေ ကျည်ဆံအစစ်တွေ၊ ရာဘာကျည်ဆံတွေနဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာပါ။ ဒီဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၄ ဦးရှိခဲ့သလို ဒါဇင်နဲ့ချီပြီးဒဏ်ရာ ရခဲ့ကြပါတယ်။

Guaido ဘက်ကို စစ်တပ်ခေါင်းဆောင် အများအပြား ထွက်ပြေးလာတာ မတွေ့ရပါဘူး။ ဒါပေမယ့် လွှတ်တော်ဥက္ကဌ ဖြစ်တဲ့ အတိုက်အခံ ခေါင်းဆောင် Guaido က ဇန်နဝါရီလတုန်းက သူ့ကိုယ်သူ ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီ သမ္မတအဖြစ် ကြေညာခဲ့တာ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ တခြားနိုင်ငံပေါင်း ၅၀ လောက်ကလည်း သူ့ကို ဗင်နီဇွဲလားခေါင်းဆောင် အဖြစ် အသိမှတ် ပြုထားကြတာပါ။

ဗင်နီဇွဲလားသမ္မတ Maduro စစ်တပ်အများစု ထောက်ခံဆဲ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG