သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပါဘလစ်ကန်ပါတီညီလာခံ တတိယနေ့မှာ ဒုသမ္မတလောင်း J.D. Vance မိန့်ခွန်းပြော


Milwaukee မြို့မှာ ကျင်းပတဲ့ ရီပါဘလစ်ကန် နိုင်ငံလုံးဆိုင်ရာ ညီလာခံအတွင်းတွေ့ရတဲ့ ရီပါဘလစ်ကန် ဒု-သမ္မတလောင်း J.D. Vance (ဇူလိုင် ၁၇၊ ၂၀၂၄)
Milwaukee မြို့မှာ ကျင်းပတဲ့ ရီပါဘလစ်ကန် နိုင်ငံလုံးဆိုင်ရာ ညီလာခံအတွင်းတွေ့ရတဲ့ ရီပါဘလစ်ကန် ဒု-သမ္မတလောင်း J.D. Vance (ဇူလိုင် ၁၇၊ ၂၀၂၄)

ရီပါဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump က ဒုတိယ သမ္မတလောင်းအဖြစ် ရွေးချယ်ထားတဲ့ Ohio ပြည်နယ်က အထက်လွှတ်တော်အမတ် J.D. Vance ဟာ မနေ့ ဗုဒ္ဓဟူးနေ့က ပါတီညီလာခံမှာ ဒုသမ္မတလောင်းအဖြစ်နဲ့ တနိုင်ငံလုံးကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

"ပြည်ပက လုပ်အားတွေ ပြည်တွင်းကို တင်သွင်းတာတွေ တော်လောက်ပါပြီ။ အမေရိကန်နိုင်ငံသားတွေ အလုပ်ကောင်းကောင်းရပြီး လုပ်ခလစာကောင်းကောင်းရဖို့ ကျနော်တို့ လုပ်ဆောင်သွားမှာပါ" လို့ ရီပါဘလစ်ကန်ပါတီ ဒုသမ္မတလောင်း J.D.Vance က ပြောသွားတာပါ။

သူဟာ Yale ဥပဒေကျောင်းဆင်းတဦး ဖြစ်သလို၊ အမေရိကန်စစ်တပ် မရိန်းတပ်ဖွဲ့မှာလည်း ၆ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။​ သူဟာ အထက်လွှတ်တော်အမတ်အဖြစ်နဲ့ ရွေးကောက် တင်မြှောက်ခံရပြီး တာဝန်ထမ်းဆောင်နေတာ တနှစ်ခွဲသာ ရှိပါသေးတယ်။​

အမေရိကန်ပြည်ထောင်စု ပြန်လည်ခိုင်မာအားကောင်းအောင် လုပ်ဆောင်မယ်ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်စွဲပြီး ရီပတ်ဘလီပါတီ ကန်ညီလာခံ တတိယမြောက်နေ့အဖြစ် မနေ့တုန်းက ကျင်းပခဲ့တာပါ။

ဒီကနေ့ ကြာသပတေးနေ့ ညနေမှာ ရီပါဘလစ်ကန်ပါတီ ညီလာခံ အဆုံးသတ်မှာဖြစ်ပြီးတော့ သမ္မတဟောင်း Donald Trump သေနတ်နဲ့ ပစ်ခတ်ပြီး သူ့ကို သေကြောင်းကြံစည်မှုကနေ လွတ်မြောက်ပြီးနောက် အများပြည်သူကို ဒီညီလာခံမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG