သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗစ္တိုးရီးယားအမႈ လြဲမွားသံသယရိွခံရသူ ကိုေအာင္ႀကီးနဲ႔ ရဲတပ္ဖြဲ႔တို႔ အမႈဆိုင္ၾကေတာ့မယ္


ေနျပည္ေတာ္ရွိ ဒကၡိဏ ခရိုင္တရားရံုး။ (ဇူလိုင္ ၁၅၊ ၂၀၁၉)

[Zawgyi/Unicode]

ဗစ္တိုးရီးယားအမႈအျဖစ္ လူသိမ်ားခဲ့တဲ့ အရြယ္မေရာက္ေသးသူ မိန္းကေလးငယ္တဦး အဓမၼျပဳက်င့္ခံရမႈမွာ သံသယရွိသူအျဖစ္ မွားယြင္းဖမ္းဆီးခံခဲ့ရတဲ့ ကုိေအာင္ႀကီးဟာ ရဲတပ္ဖဲြ႔ထံက နစ္နာေၾကးရဖုိ႔ တရား႐ုံးမွာ ရင္ဆုိင္မယ့္အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

ေနျပည္ေတာ္က ပုဂၢလိက စာသင္ေက်ာင္းမွာ အဓမၼျပဳက်င့္မႈအတြက္ သံသယရွိသူအျဖစ္ ရဲတပ္ဖဲြ႔က ၆ လေလာက္ ဖမ္းဆီးခ်ဳပ္ေႏွာင္တာ ခံခဲ့ရတဲ့ ကိုေအာင္ႀကီးဟာ နစ္နာေၾကး သိန္း ၅,၀၀၀ ရယူလိုမႈနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ အႀကီးအကဲကို ဒကၡိဏ ခရိုင္တရားရံုးမွာ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ ဒီကေန႔ ဒုတိယ ရံုးခ်ိန္းရက္မွာေတာ့ ရဲခ်ဳပ္ကိုယ္စား ရဲတပ္ဖြဲ႔ ဥပေဒဌာနက ဒုတိယရဲမွဴးႀကီး ၀င္းျမင့္ လာေရာက္ခဲ့ၿပီး တရား႐ုံး ဖ်န္ေျဖေရးအရာရွိ ေရွ႕ေမွာက္မွာ ညွိႏိႈင္းဖို႔ ေမးျမန္းခဲ့ေပမဲ့ ႏွစ္ ဘက္စလုံုးက အမႈကို ရင္ဆိုင္ဖုိ႔ ဆုံးျဖတ္ခဲ့ၾကတာလုိ႔လည္း တရားလိုျဖစ္သူ ကိုေအာင္ႀကီးရဲ႕ အက်ိဳးေဆာင္ေရွ႕ေန ဦးခင္ေမာင္ႀကီးက ေျပာပါတယ္။

“ဖ်န္ေျဖေရး အရာရွိဆိုတာ ရွိပါတယ္။ တရားမ မႈေတြမွာ ဖ်န္ေျဖေရး အရာရွိဆီကို သြားၿပီးေတာ့ ၂ ဘက္ တရားလိုနဲ႔ တရားၿပိဳင္ ညွိႏႈိင္းဖို႔အတြက္ ဖ်န္ေျဖခံ မခံေမးတဲ့အခါက်ေတာ့ ၂ ဘက္စလုံးက ေစ့စပ္ဖို႔ သေဘာထား မရွိဘူး သေဘာထားေပးတဲ့အတြက္ေၾကာင့္ ျပန္ေခၚၿပီးေတာ့ ရံုးကပဲ ရံုးခ်ိန္းထပ္ေပးလိုက္ပါတယ္။”

တရားလိုျဖစ္တဲ့ ကိုေအာင္ႀကီးကေတာ့ အမႈကို အဆံုးထိသြားမွာျဖစ္ၿပီးေတာ့ အခုလိုတရားစြဲတာဟာ ေငြေၾကးေၾကာင့္ မဟုတ္ဘဲ ဂုဏ္သိကၡာအတြက္ တရားစြဲတာလို႔လည္း ဒီကေန႔ တရားခြင္ကုိ လာေရာက္ရာမွာ သတင္းမီဒီယာေတြကို ေျပာပါတယ္။

“က်ေနာ့္ဘက္က မညွိႏိႈင္းခ်င္ဘူး။ မညွိႏႈိင္းခ်င္ဘူးဆိုတာ အဆံုးထိပဲ သြားခ်င္တယ္ေပါ့ေနာ္။ အဓိကက ေငြေၾကးေၾကာင့္ မဟုတ္ဘူးေပါ့။ က်ေနာ့္ ကိုယ့္က်င့္တရား က်ေနာ့္ ဂုဏ္သိကၡာ က်ေနာ့္ မိသားစု အသိုင္းအ၀ိုင္း အရာအားလံုးေပါ့။ အရာအားလံုးကို ၿခံဳၿပီး တရားစြဲတာေပါ့။ ေငြေရး၊ ေၾကးေရးေၾကာင့္ အဓိက မဟုတ္ပါဘူး။”

ကိုေအာင္ႀကီးဟာ ေနျပည္ေတာ္ သေျပကုန္းရပ္ကြပ္က Wisdom Hill မူႀကိဳေက်ာင္းမွာ အသက္ ၃ ႏွစ္ အရြယ္ ေက်ာင္းသူေလး အဓမၼျပဳက်င့္ခံရမႈမွာ မသကၤာသူအျဖစ္ စြပ္စြဲဖမ္းဆီးခံခဲ့ရၿပီး အမႈရင္ဆုိင္ခဲ့ရေပမဲ့ တရားရံုးက စစ္ေဆးေမးျမန္းၿပီး တရားရွင္ ျပန္လႊတ္ေပးခဲ့တာပါ။

မသကၤာသူအျဖစ္ မွားယြင္း ဖမ္းဆီးခံခဲ့ရတဲ့အတြက္ ေနာက္ပုိင္းမွာ ကုိေအာင္ႀကီးက နစ္နာေၾကး ရယူလိုမႈနဲ႔ ရဲတပ္ဖြဲ႔အႀကီးအကဲကို တရားစြဲခဲ့ရာမွာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပုိင္းမွာပဲ တရားရံုးက အမႈကို လက္ခံခဲ့တာျဖစ္ပါတယ္။ အမႈကိုေတာ့ ရက္ေပါင္း ၅၄၀ အတြင္း အၿပီး စစ္ေဆးမယ့္အမႈအျဖစ္ တရား႐ုံးက သတ္မွတ္ထားၿပီး ေနာက္တႀကိမ္ ႐ုံးခ်ိန္းရက္ကုိေတာ့ ေရွ႕လ ေဖာ္ေဖာ္၀ါရီ ၁၁ ရက္ေန႔မွာ ျပန္လည္ခ်ိန္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဗစ်တိုးရီးယားအမှု လွဲမှားသံသယရှိခံရသူ ကိုအောင်ကြီးနဲ့ ရဲတပ်ဖွဲ့တို့ အမှုဆိုင်ကြတော့မယ်

ဗစ်တိုးရီးယားအမှုအဖြစ် လူသိများခဲ့တဲ့ အရွယ်မရောက်သေးသူ မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရမှုမှာ သံသယရှိသူအဖြစ် မှားယွင်းဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်ကြီးဟာ ရဲတပ်ဖွဲ့ထံက နစ်နာကြေးရဖို့ တရားရုံးမှာ ရင်ဆိုင်မယ့်အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

နေပြည်တော်က ပုဂ္ဂလိက စာသင်ကျောင်းမှာ အဓမ္မပြုကျင့်မှုအတွက် သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့က ၆ လလောက် ဖမ်းဆီးချုပ်နှောင်တာ ခံခဲ့ရတဲ့ ကိုအောင်ကြီးဟာ နစ်နာကြေး သိန်း ၅,၀၀၀ ရယူလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲကို ဒက္ခိဏ ခရိုင်တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီကနေ့ ဒုတိယ ရုံးချိန်းရက်မှာတော့ ရဲချုပ်ကိုယ်စား ရဲတပ်ဖွဲ့ ဥပဒေဌာနက ဒုတိယရဲမှူးကြီး ဝင်းမြင့် လာရောက်ခဲ့ပြီး တရားရုံး ဖျန်ဖြေရေးအရာရှိ ရှေ့မှောက်မှာ ညှိနှိုင်းဖို့ မေးမြန်းခဲ့ပေမဲ့ နှစ် ဘက်စလုံးက အမှုကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့လည်း တရားလိုဖြစ်သူ ကိုအောင်ကြီးရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ကြီးက ပြောပါတယ်။

“ဖျန်ဖြေရေး အရာရှိဆိုတာ ရှိပါတယ်။ တရားမ မှုတွေမှာ ဖျန်ဖြေရေး အရာရှိဆီကို သွားပြီးတော့ ၂ ဘက် တရားလိုနဲ့ တရားပြိုင် ညှိနှိုင်းဖို့အတွက် ဖျန်ဖြေခံ မခံမေးတဲ့အခါကျတော့ ၂ ဘက်စလုံးက စေ့စပ်ဖို့ သဘောထား မရှိဘူး သဘောထားပေးတဲ့အတွက်ကြောင့် ပြန်ခေါ်ပြီးတော့ ရုံးကပဲ ရုံးချိန်းထပ်ပေးလိုက်ပါတယ်။”

တရားလိုဖြစ်တဲ့ ကိုအောင်ကြီးကတော့ အမှုကို အဆုံးထိသွားမှာဖြစ်ပြီးတော့ အခုလိုတရားစွဲတာဟာ ငွေကြေးကြောင့် မဟုတ်ဘဲ ဂုဏ်သိက္ခာအတွက် တရားစွဲတာလို့လည်း ဒီကနေ့ တရားခွင်ကို လာရောက်ရာမှာ သတင်းမီဒီယာတွေကို ပြောပါတယ်။

“ကျနော့်ဘက်က မညှိနှိုင်းချင်ဘူး။ မညှိနှိုင်းချင်ဘူးဆိုတာ အဆုံးထိပဲ သွားချင်တယ်ပေါ့နော်။ အဓိကက ငွေကြေးကြောင့် မဟုတ်ဘူးပေါ့။ ကျနော့် ကိုယ့်ကျင့်တရား ကျနော့် ဂုဏ်သိက္ခာ ကျနော့် မိသားစု အသိုင်းအဝိုင်း အရာအားလုံးပေါ့။ အရာအားလုံးကို ခြုံပြီး တရားစွဲတာပေါ့။ ငွေရေး၊ ကြေးရေးကြောင့် အဓိက မဟုတ်ပါဘူး။”

ကိုအောင်ကြီးဟာ နေပြည်တော် သပြေကုန်းရပ်ကွပ်က Wisdom Hill မူကြိုကျောင်းမှာ အသက် ၃ နှစ် အရွယ် ကျောင်းသူလေး အဓမ္မပြုကျင့်ခံရမှုမှာ မသင်္ကာသူအဖြစ် စွပ်စွဲဖမ်းဆီးခံခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရပေမဲ့ တရားရုံးက စစ်ဆေးမေးမြန်းပြီး တရားရှင် ပြန်လွှတ်ပေးခဲ့တာပါ။

မသင်္ကာသူအဖြစ် မှားယွင်း ဖမ်းဆီးခံခဲ့ရတဲ့အတွက် နောက်ပိုင်းမှာ ကိုအောင်ကြီးက နစ်နာကြေး ရယူလိုမှုနဲ့ ရဲတပ်ဖွဲ့အကြီးအကဲကို တရားစွဲခဲ့ရာမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာပဲ တရားရုံးက အမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။ အမှုကိုတော့ ရက်ပေါင်း ၅၄၀ အတွင်း အပြီး စစ်ဆေးမယ့်အမှုအဖြစ် တရားရုံးက သတ်မှတ်ထားပြီး နောက်တကြိမ် ရုံးချိန်းရက်ကိုတော့ ရှေ့လ ဖော်ဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြန်လည်ချိန်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG