သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႈခင္းရဲအရာရွိ သံုးဦးကို တရားစဲြဖို႔ ဗစ္တိုးရီးယားေရွ႕ေနေတြ ျပင္ဆင္


ဗစ္တုိးရီးယားအမႈ ရဲသတင္းစာရွင္းလင္းပဲြ (မွတ္တမ္းဓာတ္ပံု)

(Zawgyi/Unicode)

ဗစ္တိုးရီးယားလို႔ ထင္ရွားတဲ့ ကေလးငယ္ေလးရဲ့ အမႈနဲ႔ ပတ္သက္ၿပီး ဥပေဒနဲ႔ မညီတဲ့ လုပ္ရပ္ေတြ လုပ္ခဲ့တဲ့ မႈခင္းရဲတပ္ဖြဲ႔ အရာရွိ ၃ ဦးကို လိုအပ္သလို အေရးယူ ေဆာင္ရြက္ႏုိင္ဖုိ႔ သမၼတရဲ့ ခြင့္ျပဳခ်က္ ရၿပီမို႔ အခု မတ္လ ပထမပတ္ အတြင္းမွာပဲ တရားစြဲဆိုမႈကို စတင္‌ေတာ့မယ္လို႔ ကေလးငယ္ဘက္က လိုက္ပါ ေဆာင္ရြက္ေန သူတဲ့ ေရွ႕ေနေတြက ေျပာပါတယ္။ သတင္းအျပည့္အစုံကို ဗြီအိုေအ သတင္းေထာက္ အိမ့္သႏၲာထြန္းက ေျပာျပေပးပါမယ္။

ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၉ ရက္ေန႔ကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကေလးငယ္ရဲ႕ အမည္အရင္းနဲ႔ မိသားစုအခ်က္အလက္ေတြကို ထုတ္ေဖာ္ ေျပာဆိုၿပီး ဥပေဒကို ခ်ိဳးေဖါက္ခဲ့တဲ့ ရဲတပ္ဖြဲ႔ တာဝန္ရွိသူ ေတြကို လိုအပ္သလို အေရးယူ ေဆာင္႐ြက္ႏိုင္ဖို႔ သမၼတက ၫႊန္ၾကားလိုက္တဲ့အေၾကာင္း သမၼတရံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေဖေဖၚဝါရီ ၂၁ ရက္မွာ ေျပာၾကားခဲ့တာပါ။

ဒီလို သမၼတ႐ုံးက ခြင့္ျပဳလိုက္ၿပီျဖစ္တဲ့အတြက္ တရားစြဲဆိုဖို႔ ကိစၥကို မတ္လရဲ႕ ပထမပတ္ မွာပဲ စတင္ေတာ့မွာျဖစ္တယ္လို႔ ကေလးငယ္အတြက္ လုိက္ပါေဆာင္ရြက္ ေပးေနတဲ့ ျမန္မာႏုိင္ငံ လြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း ILAM အဖြဲ႔က တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာပါတယ္။

“မတ္လ ပထမပတ္မွာ ပစ္မႈ‌ေၾကာင္းအ‌ရ တရားစြဲဖို႔ ျပင္ဆင္ထားပါတယ္။ ရက္အတိအက်ကေတာ့ မသိေသးဘူး ကိုထင္လင္းဦးက မိသားစုရဲ႕ ကိုယ္စားလွယ္ ပါဝါ ယူထားတာေလ သူတို႔ ေကာ္မတီနဲ႔ ညႇိႏိႈင္းရတာေလးေတြ က်ေနာ္တို႔မွာရွိတယ္။ ဘယ္သူက တရားလို လုပ္မလဲ ဘာနဲ႔ စြဲမလဲ ။ အဲ့ဒါေလးေတြ အၿပီးသတ္လုပ္ၿပီးရင္ က်ေနာ္တို႔ စြဲျဖစ္မွာပါ။ စြဲဖို႔ ျပင္ေနပါၿပီ။ သမၼတက ဒီလူေတြကို တရားစြဲဖို႔ ခြင့္ျပဳလိုက္ၿပီလို႔ သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံးက ေျပာေရးဆိုခြင့္ရွိသူ ေျပာတဲ့ အေပၚမွာ က်ေနာ္တို႔က အဲ့ဒါကို ဆက္တိုးမွာ။ က်ေနာ္တို႔ဆီကို အင္ဒါ႐ိုက္ခြင့္ျပဳတာက်ၿပီဆိုၿပီးေတာ့ သြားမွာ။ သမၼတႀကီးရဲ႕ ၫႊန္ၾကားခ်က္အရ ဆိုၿပီးေတာ့ ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ မရဘူးဆိုရင္ က်ေနာ္တို႔ ေနာက္တဆင့္ ဆက္သြားမယ္။”

ကေလးငယ္ရဲ့ မိဘကိုယ္စားလွယ္ အျဖစ္လိုက္ပါ ေဆာင္ရြက္ ေနတဲ့ စာေရးဆရာ ထင္လင္းဦးကလည္း ဒီရဲတပ္ဖြဲ႕အရာရွိေတြရဲ့ လုပ္ရပ္ဟာ ကေလးသူငယ္ အခြင့္အေရးဥပေဒနဲ႔ ၿငိစြန္းေနတဲ့အတြက္ တရားစြဲဆိုႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ သြားေနတဲ့ လမ္းေၾကာင္းက ဗစ္တိုးရီးယားအတြက္ ရဲတပ္ဖြဲ႔ အႀကီးအကဲ တစ္ခ်ိဳ႕ ကေနၿပီးေတာ့ သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာၾကားသြားတဲ့ အတြက္ ခေလးနစ္နာတယ္။ ဒါဟာ ကေလးသူငယ္ အခြင့္ အေရး ဥပေဒအရလည္းပဲ ၿငိစြန္းေနတယ္။ အဲ့ဒီအတြက္ က်ေနာ္က တရားစြဲမယ္။ အဲ့ဒီအရာကို ပထမဆုံး သမၼတဆီက ခြင့္ျပဳခ်က္ေတာင္းခဲ့တယ္။ ခု သမၼတက သက္ဆိုင္ရာဝန္ႀကိးေတြ နဲ႔ တာဝန္ရွိတဲ့သူေတြကို အေရးယူေဆာင္႐ြက္မႈေတြ ျပဳလုပ္ဖို႔အတြက္ ခြင့္ျပဳလိုက္ၿပီလို႔ သိရတယ္။ အဲ့ဒါေၾကာင့္ အရပ္ဘက္တရား႐ုံးကေနၿပီးေတာ့ တရားစြဲဖို႔ က်ေနာ္တို႔ လုပ္ေနပါၿပီ။”

လက္ရွိ ဗစ္တိုးရီးယားရဲ႕ အမႈနဲ႔ ပတ္သက္ၿပီး ေက်ာ္ေဇာသတင္းထြက္ေနသူ ႏွစ္ေယာက္ကို အမႈအသစ္ ျပန္ဖြင့္ဖို႔ အႀကံေပးၾကေပမဲ့ မဖြင့္ခ်င္ဘူးလို႔ ကေလးငယ္ အတြက္ လိုက္ပါ ေဆာင္ရြက္ေနသူ ဦးသကၠမိုးညိဳက ‌ေျပာပါတယ္။ ဒါ့အျပင္ သံသယတရားခံ ေအာင္ႀကီးကိုလည္း သက္ေသ အေျခအျမစ္ မခိုင္လုံဘူးဆိုၿပီး ျပန္လႊတ္ေပးလိုက္ၿပီး ျဖစ္တာေၾကာင့္ အမႈတခုကို ႏွစ္ႀကိမ္ တရားစြဲတာမ်ိဳး မျဖစ္ေအာင္ အမႈထပ္မဖြင့္ခ်င္ဘူးလို႔လည္း ေျပာပါတယ္။

ဒါေပမဲ့ လက္ရွိ ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြကို တရားစြဲဆိုမယ့္ ကိစၥကိုေတာ့ ဘယ္လို တာဝန္ယူမႈ တာဝန္ခံမႈ ရွိမလဲဆိုတာ ေစာင့္ၾကည့္ေနတယ္ လို႔ ဦးသကၠမိုးညိဳက ‌ေျပာပါတယ္။

“ဒီအမႈနဲ႔ပတ္သက္လို႔က ဘယ္လိုမ်ား တာဝန္ယူမႈ တာဝန္ခံမႈရွိမလဲဆိုတာပဲ ေစာင့္ၾကည့္ေနပါတယ္ က်ေနာ္တို႔ ဟိုလိုမ်ိဳးႀကီး အေရးယူဖို႔ ဆိုတာမ်ိဳးေတာ့ တိုင္ပင္ေဆြးေႏြးထားတာမရွိပါဘူးခင္ဗ်။ တကယ္လို႔ သူတို႔ဘက္ကမ်ား လုံေလာက္ေသာ တာဝန္ယူမႈ တာဝန္ခံမႈနဲ႔ အေရးယူမႈေတြရွိလို႔ရွိရင္ က်ေနာ္တို႔ Double Punishment မျဖစ္ေစခ်င္ဘူးေလ။ အဲ့ဒါေၾကာင့္ က်ေနာ္တို႔က သူတို႔ရဲ႕ အေျခအေနကိုပဲ ဦးဆုံးေစာင့္ၾကည့္ေနတာပါ။”

ေနျပည္ေတာ္ Wisdom Hill ပုဂၢလိက မူႀကိဳေက်ာင္းက သုံးႏွစ္အ႐ြယ္ ဗစ္တိုးရီးယားေလး လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံရတဲ့ အမႈမွာ သံသယတရားခံအျဖစ္ အစြပ္စြဲခံထားရသူ ေအာင္ႀကီးဟာ တရားရွင္လြတ္ေျမာက္ၿပီး ျဖစ္သလို အမႈျပင္ဆင္မႈ တင္သြင္းခ်က္ကိုလည္း တိုင္းဥပေဒ႐ုံးက ပယ္ခ်ခဲ့ၿပီး ျဖစ္ေပမဲ့ အခုအခ်ိန္အထိေတာ့ တရားခံ အစစ္ကို မထုတ္ေဖၚ ႏုိင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မှုခင်းရဲအရာရှိ သုံးဦးကို တရားစွဲဖို့ ဗစ်တိုးရီးယားရှေ့နေတွေ ပြင်ဆင်

ဗစ်တိုးရီးယားလို့ ထင်ရှားတဲ့ ကလေးငယ်လေးရဲ့ အမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တဲ့ မှုခင်းရဲတပ်ဖွဲ့ အရာရှိ ၃ ဦးကို လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ဖို့ သမ္မတရဲ့ ခွင့်ပြုချက် ရပြီမို့ အခု မတ်လ ပထမပတ် အတွင်းမှာပဲ တရားစွဲဆိုမှုကို စတင်‌တော့မယ်လို့ ကလေးငယ်ဘက်က လိုက်ပါ ဆောင်ရွက်နေ သူတဲ့ ရှေ့နေတွေက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် အိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလေးငယ်ရဲ့ အမည်အရင်းနဲ့ မိသားစုအချက်အလက်တွေကို ထုတ်ဖော် ပြောဆိုပြီး ဥပဒေကို ချိုးဖေါက်ခဲ့တဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တွေကို လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ဖို့ သမ္မတက ညွှန်ကြားလိုက်တဲ့အကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖေဖေါ်ဝါရီ ၂၁ ရက်မှာ ပြောကြားခဲ့တာပါ။

ဒီလို သမ္မတရုံးက ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် တရားစွဲဆိုဖို့ ကိစ္စကို မတ်လရဲ့ ပထမပတ် မှာပဲ စတင်တော့မှာဖြစ်တယ်လို့ ကလေးငယ်အတွက် လိုက်ပါဆောင်ရွက် ပေးနေတဲ့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ILAM အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“မတ်လ ပထမပတ်မှာ ပစ်မှု‌ကြောင်းအ‌ရ တရားစွဲဖို့ ပြင်ဆင်ထားပါတယ်။ ရက်အတိအကျကတော့ မသိသေးဘူး ကိုထင်လင်းဦးက မိသားစုရဲ့ ကိုယ်စားလှယ် ပါဝါ ယူထားတာလေ သူတို့ ကော်မတီနဲ့ ညှိနှိုင်းရတာလေးတွေ ကျနော်တို့မှာရှိတယ်။ ဘယ်သူက တရားလို လုပ်မလဲ ဘာနဲ့ စွဲမလဲ ။ အဲ့ဒါလေးတွေ အပြီးသတ်လုပ်ပြီးရင် ကျနော်တို့ စွဲဖြစ်မှာပါ။ စွဲဖို့ ပြင်နေပါပြီ။ သမ္မတက ဒီလူတွေကို တရားစွဲဖို့ ခွင့်ပြုလိုက်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ပြောတဲ့ အပေါ်မှာ ကျနော်တို့က အဲ့ဒါကို ဆက်တိုးမှာ။ ကျနော်တို့ဆီကို အင်ဒါရိုက်ခွင့်ပြုတာကျပြီဆိုပြီးတော့ သွားမှာ။ သမ္မတကြီးရဲ့ ညွှန်ကြားချက်အရ ဆိုပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မရဘူးဆိုရင် ကျနော်တို့ နောက်တဆင့် ဆက်သွားမယ်။”

ကလေးငယ်ရဲ့ မိဘကိုယ်စားလှယ် အဖြစ်လိုက်ပါ ဆောင်ရွက် နေတဲ့ စာရေးဆရာ ထင်လင်းဦးကလည်း ဒီရဲတပ်ဖွဲ့အရာရှိတွေရဲ့ လုပ်ရပ်ဟာ ကလေးသူငယ် အခွင့်အရေးဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် တရားစွဲဆိုနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းက ဗစ်တိုးရီးယားအတွက် ရဲတပ်ဖွဲ့ အကြီးအကဲ တစ်ချို့ ကနေပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားသွားတဲ့ အတွက် ခလေးနစ်နာတယ်။ ဒါဟာ ကလေးသူငယ် အခွင့် အရေး ဥပဒေအရလည်းပဲ ငြိစွန်းနေတယ်။ အဲ့ဒီအတွက် ကျနော်က တရားစွဲမယ်။ အဲ့ဒီအရာကို ပထမဆုံး သမ္မတဆီက ခွင့်ပြုချက်တောင်းခဲ့တယ်။ ခု သမ္မတက သက်ဆိုင်ရာဝန်ကြိးတွေ နဲ့ တာဝန်ရှိတဲ့သူတွေကို အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့အတွက် ခွင့်ပြုလိုက်ပြီလို့ သိရတယ်။ အဲ့ဒါကြောင့် အရပ်ဘက်တရားရုံးကနေပြီးတော့ တရားစွဲဖို့ ကျနော်တို့ လုပ်နေပါပြီ။”

လက်ရှိ ဗစ်တိုးရီးယားရဲ့ အမှုနဲ့ ပတ်သက်ပြီး ကျော်ဇောသတင်းထွက်နေသူ နှစ်ယောက်ကို အမှုအသစ် ပြန်ဖွင့်ဖို့ အကြံပေးကြပေမဲ့ မဖွင့်ချင်ဘူးလို့ ကလေးငယ် အတွက် လိုက်ပါ ဆောင်ရွက်နေသူ ဦးသက္ကမိုးညိုက ‌ပြောပါတယ်။ ဒါ့အပြင် သံသယတရားခံ အောင်ကြီးကိုလည်း သက်သေ အခြေအမြစ် မခိုင်လုံဘူးဆိုပြီး ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်တာကြောင့် အမှုတခုကို နှစ်ကြိမ် တရားစွဲတာမျိုး မဖြစ်အောင် အမှုထပ်မဖွင့်ချင်ဘူးလို့လည်း ပြောပါတယ်။

ဒါပေမဲ့ လက်ရှိ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို တရားစွဲဆိုမယ့် ကိစ္စကိုတော့ ဘယ်လို တာဝန်ယူမှု တာဝန်ခံမှု ရှိမလဲဆိုတာ စောင့်ကြည့်နေတယ် လို့ ဦးသက္ကမိုးညိုက ‌ပြောပါတယ်။

“ဒီအမှုနဲ့ပတ်သက်လို့က ဘယ်လိုများ တာဝန်ယူမှု တာဝန်ခံမှုရှိမလဲဆိုတာပဲ စောင့်ကြည့်နေပါတယ် ကျနော်တို့ ဟိုလိုမျိုးကြီး အရေးယူဖို့ ဆိုတာမျိုးတော့ တိုင်ပင်ဆွေးနွေးထားတာမရှိပါဘူးခင်ဗျ။ တကယ်လို့ သူတို့ဘက်ကများ လုံလောက်သော တာဝန်ယူမှု တာဝန်ခံမှုနဲ့ အရေးယူမှုတွေရှိလို့ရှိရင် ကျနော်တို့ Double Punishment မဖြစ်စေချင်ဘူးလေ။ အဲ့ဒါကြောင့် ကျနော်တို့က သူတို့ရဲ့ အခြေအနေကိုပဲ ဦးဆုံးစောင့်ကြည့်နေတာပါ။”

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက သုံးနှစ်အရွယ် ဗစ်တိုးရီးယားလေး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ အမှုမှာ သံသယတရားခံအဖြစ် အစွပ်စွဲခံထားရသူ အောင်ကြီးဟာ တရားရှင်လွတ်မြောက်ပြီး ဖြစ်သလို အမှုပြင်ဆင်မှု တင်သွင်းချက်ကိုလည်း တိုင်းဥပဒေရုံးက ပယ်ချခဲ့ပြီး ဖြစ်ပေမဲ့ အခုအချိန်အထိတော့ တရားခံ အစစ်ကို မထုတ်ဖေါ် နိုင်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG