သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာတလွှား ပဋိပက္ခတွေမှာ ကလေးတွေ သေဆုံးမှု ကုလအကြီးအကဲတင်ပြ


ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်အနီး Pu Phar ရွာက စစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်နေတဲ့မြင်ကွင်း။ (ဇူလိုင် ၃၊ ၂၀၂၁)
ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်အနီး Pu Phar ရွာက စစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်နေတဲ့မြင်ကွင်း။ (ဇူလိုင် ၃၊ ၂၀၂၁)

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးတွေ သေဆုံးမှုဟာ အဆိုးဆုံးအခြေအနေထိ ရောက်လာနေပြီလို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေးလိုက်ပါတယ်။ မြန်မာ၊ ပါလက်စတိုင်းနယ်မြေ၊ ဆူဒန်၊ ကွန်ဂို၊ ဆိုမာလီယားနဲ့ နိုက်ဂျီးရီးယား နိုင်ငံတွေမှာ ပြီးခဲ့တဲ့နှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား ကလေးငယ်တွေ အသတ်ခံရတဲ့အရေအတွက် အဆိုးဆုံးဖြစ်ခဲ့တာကို တွေ့ရတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မနေ့ ဇွန်လ ၁၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အစီရင်စာ တင်သွင်းခဲ့တာပါ။

ပဋိပက္ခတွေကြား ကလေးငယ်တွေအပေါ် အကြမ်းဖက်မှု‌တွေဟာ ၂၀၂၃ ခုနှစ်အတွင်း ၂၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး စိုးရိမ် ထိတ်လန့်ရတဲ့ အခြေအနေ ဖြစ်တဲ့အကြောင်း အတွင်းရေးမှုးချုပ် ဖတ်ကြားခဲ့တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ကလေးငယ်တွေကို သတ်ဖြတ်တာမျိုး၊ ကိုယ်အင်္ဂါထိခိုက်စေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမျိုးတွေ ၃၅ ရခိုင်နှုန်းအထိ တိုးလာခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

အစ္စရေး လုံခြုံရေးတပ်ဖွဲ့တွေ၊ ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့တွေနဲ့၊ အစ္စလမ်မစ် ဂျီဟတ်အဖွဲ့၊ ဆူဒန်မှာ စစ်ဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ကလေးငယ်တွေအပေါ် အကြမ်းဖက်မှု ကျုးလွန်တဲ့ စာရင်းမှာ ထည့်သွင်း ရှုတ်ချထားပါတယ်။

ကမ္ဘာတဝန်းမှာ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်က လက်နက်ကိုင်ပဋိပက္ခတွေကြား ကလေးငယ် ၅ ယောက်မှာ တယောက်နှုန်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး အကြီးအကျယ် အငတ်ဘေး ဆိုက်နေသူ ၂၅၈ သန်း ရှိတဲ့အကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ကုသလမဂ္ဂက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG