သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA နဲ့ BBC ကို Burundi နိုင်ငံပိတ်ပင်


အာဖရိကတိုက်ထဲက Burundi နိုင်ငံက VOA နဲ့ BBC ထုတ်လွှင့်ချက်တွေကို ၆ လ ပိတ်ပင်တယ်လို့ ကြေညာခဲ့ပါတယ်။ သမ္မတသက်တမ်းပြောင်းလဲချက် အပါအဝင် အဆိုပြုထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆန္ဒခံယူပွဲလုပ်ဖို့ သီတင်း ၂ ပါတ်ပဲလိုတော့ချိန်မှာ ခုလို နိုင်ငံတကာသတင်းဌာန ၂ ခုရဲ့ ထုတ်လွှင့်ချက်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။

VOA နဲ့ BBC အသံလွှင့်ဌာနတွေဟာ သတင်းမီဒီယာဥပဒေကို ဖေါက်ဖျက်သလို။ ကျင့်ဝတ်နဲ့မညီတဲ့ ဆောင်ရွက်ချက်တွေလုပ်နေတယ်လို့ Burundi အမျိုးသားဆက်သွယ်ရေးကောင်စီက သောကြာနေ့က ကြေညာခဲ့တာပါ။ ထုတ်လွှင့်ချက် ပိတ်ပင်မှုတွေကို တနင်္လာနေ့မှာ စတင်မှာဖြစ်ပါတယ်။

Burundi အမျိုးသားဆက်သွယ်ရေးကောင်စီရဲ့ လုပ်ရပ်ကို အပေါ် မယုံနိုင်အောင်ဖြစ်ရတယ်လို့ VOA ကတုံ့ပြန်ခဲ့ပါတယ်။ လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေအပေါ် VOA ရဲ့ အချက်အလက်မှန်၊ ဘက်မလိုက်၊ ဓမ္မဓိဌာန်ကျတဲ့သတင်းတွေ VOA ပရိတ်သတ်တွေက အားထားနေကြတာဖြစ်တဲ့အတွက် ခုလို ထုတ်လွှင့်ချက်တွေကို ပိတ်ပင်လိုက်တာဟာ နိုင်ငံအတွက် အရေးကြီးတဲ့ အချိန်မှာ Burundi ပြည်သူတွေအတွက် ယုံကြည်စိတ်ချရတဲ့ သတင်းတွေ မရအောင်လုပ်လိုက်တာပဲလို့ VOA ညွှန်ကြားရေးမှူး Amanda Bennett ကကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Burundi သမ္မတသက်တမ်းကို ၅ နှစ်ကနေ ၇ နှစ်အထိတိုးမြှင့်မှုပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက်အတွက် ဆန္ဒခံယူပွဲကို မေလ ၁၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဆန္ဒခံယူပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံမဲ မပေးဖို့ ဆော်သြနေသူတွေအပေါ် အရေးယူနိုင်ခြေရှိတယ်ဆိုပြီး ပြင်သစ်သတင်းဌာန RFI က မမှန်သတင်းတွေထုတ်လွှင့်နေတယ်လို့ စွပ်စွဲပြီး RFI ကိုလည်း အမျိုးသားဆက်သွယ်ရေးကောင်စီက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

VOA နဲ့ BBC ကို Burundi နိုင်ငံပိတ်ပင်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG