သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအကြီးအကဲ Gutteres (မြန်မာနိုင်ငံဆိုင်ရာ) အထူးအကြံပေး မကြာမီခန့်အပ်မည်


ကုလအတွင်းရေးမှုးချုပ် Antonio Guterres နဲ့ VOA သီးခြားတွေ့ဆုံမေးမြန်း၊ Kuwait City, Kuwait, Feb. 14, 2018.
ကုလအတွင်းရေးမှုးချုပ် Antonio Guterres နဲ့ VOA သီးခြားတွေ့ဆုံမေးမြန်း၊ Kuwait City, Kuwait, Feb. 14, 2018.

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ Bangladesh နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်း နီးပါး နေရပ်ပြန်နိုင်ရေး ကိစ္စမှာ အဟန့်အတားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အင်္ဂါနေ့က အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filipo Grande တင်ပြခဲ့တဲ့ စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ပတ်သက်လို့ VOA သတင်းထောက် Margaret Besheer က Kuwait မှာ ရောက်ရှိစဉ် ကုလအတွင်းရေးမှုးချုပ် Antonio Guterres နဲ့ သီးခြားတွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

တွေ့ဆုံမေးမြန်းချက် အပြည့်စုံကို ဒေါ်လှလှသန်း နဲ့ ကိုကျော်ကျော်သိန်း တို့က တင်ဆက်ထားပါတယ်။

VOA: အတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ အင်္ဂါနေ့က ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က လုံခြုံရေးကောင်စီမှာ ပြောသွားတာက ရိုဟင်ဂျာဒုက္ခသည်တွေကို ဖြေရှင်းပေးနိုင်ခြင်းမရှိသေးတဲ့အတွက် သူတို့သဘောအလျောက် နေရပ်ရင်းပြန်မယ့်အခြေအနေ မကောင်းသေးဘူးဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် အတွင်းရေးမှူးချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ပြောဆိုတာ ရှိပါသလား။ စိတ်ပျက်မိပါသလား။ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာဖြစ်ပါတယ်။ သူနဲ့ မကြာသေးခင်က အတွင်းရေးမှူးချုပ် စကားပြောခဲ့ပါသေးလား။ အထူးအကြံပေးပုဂ္ဂိုလ်ကိုရော ခန့်အပ်ဖို့ အစီအစဉ်ရှိပါသေးလားဆိုတာ သိချင်ပါတယ်။

Guterres: ဟုတ်ပါတယ်။ အထူးအကြံပေးပုဂ္ဂိုလ်ကို မကြာမီခန့်အပ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Filippo Grandi အဓိက မေးခွန်းထုတ်ခဲ့ တဲ့အချက်က ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ပိုင်ခွင့်၊ သူတို့ဆန္ဒအလျောက် ဘေးကင်းစွာနဲ့ သိက္ခာရှိရှိ ပြန်ပိုင်ခွင့် ကို မဖြစ်မနေ အသိအမှတ်ပြုရမယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ သူတို့တတွေပြန်ရာမှာလည်း စခန်းတွေကိုပြန်တာမဟုတ်ဘဲ ထွက်ပြေးလာခဲ့တဲ့ နေရာရင်းကို ပြန်နိုင်ကြဖို့ လိုအပ်ပါတယ်။ ဒီအချက်ဖြစ်မြောက်နိုင်ဖို့က ရင်းနှီးမြှုပ်နှံမှု အတော်လေးလိုအပ်ပါ တယ်။ ဖျက်ဆီးခံခဲ့ရတဲ့ရွာတွေကို ပြန်တည်ဆောက်ပေးဖို့သာမက ဒုက္ခသည်တွေ ပြန်လာကြတဲ့အခါမှာ မကြောက်ရွံ့ဖို့လည်း ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သူတို့ကို နှင်ထုတ်ခဲ့တဲ့ လုံခြုံရေးတပ်တွေအနေနဲ့ လက်တုန့်မပြန်ဘူးဆို တာကိုလည်း အာမခံချက်ရရှိဖို့လိုပါတယ်။ ဒီလိမျိုး ရင်းနှီးမြှုပ်နှံမှုကို မြန်မာအစိုးရက လုပ်မပေးတာ တွေ့ရပါတယ်။ အဲဒီရင်းနှီး မြှုပ်နှံမှုကို မလုပ်ဘဲနဲ့တော့ လူတွေဖြစ်စေချင်တဲ့ ဒုက္ခသည်တွေ အစုအဝေးလိုက် ပြန်ဖို့အခြေအနေဖြစ်လာဖို့ သိပ်ကိုခဲယဉ်းပါ လိမ့်မယ်။ လုပ်ကိုင်စရာတွေက အများကြီး ကျန်နေပါသေးတယ်။ မြန်မာအစိုးရအနေနဲ့ လုပ်ကိုင်စရာတွေကို အချိန်ဆွဲမနေသင့် ဘူးဆိုတာကို နားလည်ဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်။ ဒုက္ခသည်တွေ ပြန်လာနိုင်စေတဲ့ အခြေအနေကို ဖန်တီးရာမှာ အစိုးရ က လေးလေးနက်နက်ပါဝင်ဖို့ လိုအပ်ပါတယ်။ ဝမ်းနည်းစရာက ဒီလိုလုပ်ဆောင်ရာမှာ ခံယူချက်နဲ့ သတ္တိမပြနိုင်သေးတာ တွေ့ရ ပါတယ်။ ကျနော်တို့သိကြတဲ့အတိုင်း အဲဒီမှာရှိတဲ့ လူအများစုက ရိုဟင်ဂျာတွေကို ဆန့်ကျင်ကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံ ရေးသမားတွေအနေနဲ့ ကွဲပြားတဲ့အမြင်တွေကို ကျော်လွှားနိုင်ဖို့ သတ္တိရှိဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ လုံးဝလက်ခံနိုင်စရာမရှိလို့ပါပဲ။


VOA: ဒါပေမယ်လို့ ပြန်လည်သင့်မြတ်ရေးဆွေးနွေးမှုတွေ၊ ညီညွတ်ဖို့ ဆွေးနွေးမှုတွေဟာ အစီအစဉ်ချမှတ်လုပ်ဆောင်ရတာမို့ နှစ်တွေကြာတတ်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ဒီရိုဟင်ဂျာတွေက ဒီအတောအတွင်းမှာ ဘယ်လိုနေထိုင်ကြမလဲဆိုတာ သိချင်ပါတယ်။

Guterres: နှစ်တွေကြာမှဖြစ်ပေမဲ့ ပိုပြီးမြန်မြန်ဆန်ဆန် လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် ရေး လုပ်နိုင်သလို ရိုဟင်ဂျာတွေနဲ့ ဒေသခံလူ့အဖွဲ့အစည်း နှစ်ရပ်စလုံးကို ပံ့ပိုးမယ့် ဆောင်ရွက်ချက်တွေကို လုပ်နိုင်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ဒီဖော်ဆောင်မှုမှာ သူတို့အတွက်လည်း အကျိုးတခုခုရမယ်ဆိုတာကို လူတွေက နားလည်လာနိုင်ကြပါတယ်။

ဒါ့အပြင် ပြန်လည်သင့်မြတ်ရေးမှာ နုတ်နဲ့ဲပဲ ကမ်းလှမ်းတာမျိုးမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုတွေကတဆင့် လူတွေ အတူတကွ နေထိုင် ကြခြင်းအားဖြင့် လူနေမှုဘဝလည်း တိုးတက်လာမယ်ဆိုတာကို သဘောပေါက်လာကြမှာဖြစ်ပါတယ်။

VOA: ဒါကြောင့် လက်တွေ့ကျကျပြောမယ်ဆိုရင် ရိုဟင်ဂျာတွေစပြီး ပြန်နိုင်ကြဖို့ အချိန်ဟာ ဘယ်လောက်ကြာမယ်လို့ ထင်ပါသလဲ။

Guterres: ကျနော့်အထင်တော့ မြန်မြန်နဲ့ နည်းနည်းစီလုပ်နိုင်မယ့်အရာတွေ ရှိပါတယ်။ ဒုက္ခသည်တွေ အစုအဝေးလိုက် ပြန်လာဖို့ ဖော်ဆောင်မှုမှာ - ကမ္ဘာရဲ့ နေရာအမျိုးမျိုးမှာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေ အတိုင်းအတာအမျိုးမျိုးနဲ့ လုပ်ဆောင် ခဲ့တာတွေရှိပါတယ်။ စနစ်တကျလုပ်မယ်ဆိုရင် ၂ နှစ် ၃ နှစ်အထိ တခါတလေ ကြာနိုင်ပါတယ်။ ဒါပေမဲ့ အစီအစဉ်ချ လုပ်ဆောင် ရပါမယ်၊ ရင်းနှီးမြှုပ်နှံရပါမယ်၊ အောင်မြင်နိုင်ဖို့ သိပ်ကို လေးလေးနက်နက် ကြိုးပမ်းဖို့ လိုအပ်ပါတယ်။ ဒီလိုမလုပ်ဘူးဆိုရင် နေရပ် ရင်းပြန်လာကြသူတွေ ပြန်ပြီးထွက်ပြေးသွားကြမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။

ဥပမာ - ဒီလိုမျိုးကို ဆူဒန်တောင်ပိုင်းမှာ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ UNHCR မှာ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော် ကူညီခဲ့ဖူးပါတယ်။ အရပ်ဖက် လူ့အဖွဲ့အစည်းတွေမှာ အချက်အလက်တွေ အများကြီးရှိပါတယ်။ တောင်ဆူဒန်မှာ လူူ ၅ သိန်း လောက်ပြန်ဖို့ ကျနော်တို့ ကူညီပေးခဲ့ဖူးပါတယ်။ အခု တောင်ဆူဒန်ကနေ ပြန်ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၁ သန်းကျော်ရှိနေပါ ပြီ။ ဒီလိုမျိုးအခြေအနေကို ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာတွေ ကြုံရတာမျိုး ကျနော်တို့ မလိုလားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG