သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငှားယာဉ် ကားပျံ ပြင်သစ်မှာ စတင်မိတ်ဆက်

Volocopter ပြပွဲ စက်တင်ဘာ ၃၀ ရက်နေ့ ၂၀၂၀။

(Zawgyi/Unicode)

ဝေဟင်မှာ ဝဲပျံပြီး ခရီးသည်တွေကို လိုရာရောက်အောင် ပို့ဆောင်ပေးမယ့် အငှားယာဉ်ပျံတစ်မျိုးကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ၂၀၂၄ ခုနှစ် အရောက် စတင် အသုံပြုနိုင်လိမ့် မယ်လို့ ဂျာမနီနည်းပညာ ကုမ္ပဏီ တစ်ခုက ပြောပါတယ်။ Volocopter ကုမ္ပဏီက တီထွင် ထားတဲ့ VoloCity air taxiလို့ခေါ်တဲ့ အငှားယာဉ်ကားပျံ Prototype ကနဦးပုံစံကို ပါရီမြို့အနောက်ပိုင်းက လေဆိပ်တစ်ခုမှာ ဗုဒ္ဓဟူးနေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး မိတ်ဆက် ပြသခဲ့တာပါ။

လေထဲကို တည့်တည့်ပျံပြီး တည့်တည့်ဆင်းနိုင်တဲ့ အဲဒီယာဉ်ပျံကို ရှေ့နှစ် ဇွန်လမှာ စပြီး စမ်းသပ်မယ်လို့လည်း Volocopter ကုမ္ပဏီက ပြော ပါတယ်။

ဘက်ထရီ ၉ လုံးတပ် VoloCity ယာဉ်ပျံက ယာဉ်မောင်း ပိုင်းလော့နဲ့ ခရီးသည် တစ်ယောက်ကို တင်ဆောင်နိုင်မှာ ဖြစ်သလို တစ်နာရီ မိုင် ၂၀ ကျော်ကနေ တစ်နာရီ ၆၈ မိုင်အထိ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်

ဒီ ယာဉ်ပျံကို ပါရီမြို့ ဒေသခံ အာဏာပိုင်တွေက မျှော်မှန်းထားတဲ့အတိုင်း ပျံသန်းခွင့် ပေးမယ်ဆိုရင် ၂၀၂၄ ခုနှစ် ပါရီမြို့ အိုလံပစ်ပွဲတော်မှာအသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်း Volocopter ကုမ္ပဏီရဲ့ CEOဖြစ်တဲ့ Florian Reuter က ပြောပါတယ်။

ဒါပေမဲ့အငှားယာဉ်ကားပျံ အသုံးပြုခွင့်ရဖို့က နှစ်နှစ်အတွင်းလည်း ဖြစ်နိုင်တာမို့ ၂၀၂၂ ခုနှစ်လောက်မှာ အငှားယာဉ်ကားပျံကို စီးပွားဖြစ် လူတွေကို သယ်ယူပို့ဆောင်ပေးနိုင်ဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

ပါရီမြို့ ဒေသဆိုင်ရာ သယ်ယူပို့ဆောင်ရေး အရာရှိချုပ် Catherine Guillouard ကတော့ အငှားကားပျံ အသုံးပြုမယ့်လမ်းကြောင်း၊ ရပ်နားရာဂိတ်တွေနဲ့ လေကြောင်းစည်းကမ်းတွေကို ချမှတ်ဖို့ လိုမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါရီမြို့ ဒေသဆိုင်ရာ အာဏာပိုင်တစ်ဦးကတော့ အားလုံး အဆင်ပြေ ချော့မွေ့မယ်ဆိုရင် ၂၀၃၀ ခုနှစ်အရောက်မှာ ဒီအငှားယာဉ်ပျံကိုစီးပွားဖြစ် ထုတ်လုပ် ရောင်းချနိုင်မယ်လို့ ပြောပါတယ်။

Volocopter ကုမ္ပဏီက ဒီ အငှားယာဉ်ပျံကို ကမ္ဘာ့ နေရာ အသီးသီးမှာ စမ်းသပ်နေရာမှာ မနှစ် အောက်တိုဘာလက စင်္ကာပူမြို့လယ် ခေါင်တည့်တည့်မှာ စမ်းသပ်ခဲ့ပါတယ်။

ဒီလို ဝေဟင်သွား taxi ယာဉ်ပျံတွေ ထုတ်လုပ်နိုင်ဖို့ တခြားကုမ္ပဏီတွေလည်း ကြိုးပမ်းနေရာမှာ Boeing၊ Airbus၊ Toyota နဲ့ Hyundai ကုမ္ပဏီတွေ ပါပါတယ်။ ပြီးခဲ့တဲ့ လကပဲ ဂျပန် တိုယိုတာ ကုမ္ပဏီ အထောက်အပံ့ ရရှိထားတဲ့ SkyDrive ကုမ္ပဏီက ပန်ကာ ၈ ခုပါ ကားပျံတစ်စီးကို စမ်းသပ် မောင်းနှင် ပြသခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

..............

အငှားယာဉ် ကားပျံ ပြင်သစ်မှာ စတင်မိတ်ဆက်

(Unicode)

ဝေဟင်မှာ ဝဲပျံပြီး ခရီးသည်တွေကို လိုရာရောက်အောင် ပို့ဆောင်ပေးမယ့် အငှားယာဉ်ပျံတစ်မျိုးကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ၂၀၂၄ ခုနှစ် အရောက် စတင် အသုံပြုနိုင်လိမ့် မယ်လို့ ဂျာမနီနည်းပညာ ကုမ္ပဏီ တစ်ခုက ပြောပါတယ်။ Volocopter ကုမ္ပဏီက တီထွင် ထားတဲ့ VoloCity air taxiလို့ခေါ်တဲ့ အငှားယာဉ်ကားပျံ Prototype ကနဦးပုံစံကို ပါရီမြို့အနောက်ပိုင်းက လေဆိပ်တစ်ခုမှာ ဗုဒ္ဓဟူးနေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး မိတ်ဆက် ပြသခဲ့တာပါ။

လေထဲကို တည့်တည့်ပျံပြီး တည့်တည့်ဆင်းနိုင်တဲ့ အဲဒီယာဉ်ပျံကို ရှေ့နှစ် ဇွန်လမှာ စပြီး စမ်းသပ်မယ်လို့လည်း Volocopter ကုမ္ပဏီက ပြော ပါတယ်။

ဘက်ထရီ ၉ လုံးတပ် VoloCity ယာဉ်ပျံက ယာဉ်မောင်း ပိုင်းလော့နဲ့ ခရီးသည် တစ်ယောက်ကို တင်ဆောင်နိုင်မှာ ဖြစ်သလို တစ်နာရီ မိုင် ၂၀ ကျော်ကနေ တစ်နာရီ ၆၈ မိုင်အထိ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်

ဒီ ယာဉ်ပျံကို ပါရီမြို့ ဒေသခံ အာဏာပိုင်တွေက မျှော်မှန်းထားတဲ့အတိုင်း ပျံသန်းခွင့် ပေးမယ်ဆိုရင် ၂၀၂၄ ခုနှစ် ပါရီမြို့ အိုလံပစ်ပွဲတော်မှာအသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်း Volocopter ကုမ္ပဏီရဲ့ CEOဖြစ်တဲ့ Florian Reuter က ပြောပါတယ်။

ဒါပေမဲ့အငှားယာဉ်ကားပျံ အသုံးပြုခွင့်ရဖို့က နှစ်နှစ်အတွင်းလည်း ဖြစ်နိုင်တာမို့ ၂၀၂၂ ခုနှစ်လောက်မှာ အငှားယာဉ်ကားပျံကို စီးပွားဖြစ် လူတွေကို သယ်ယူပို့ဆောင်ပေးနိုင်ဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

ပါရီမြို့ ဒေသဆိုင်ရာ သယ်ယူပို့ဆောင်ရေး အရာရှိချုပ် Catherine Guillouard ကတော့ အငှားကားပျံ အသုံးပြုမယ့်လမ်းကြောင်း၊ ရပ်နားရာဂိတ်တွေနဲ့ လေကြောင်းစည်းကမ်းတွေကို ချမှတ်ဖို့ လိုမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါရီမြို့ ဒေသဆိုင်ရာ အာဏာပိုင်တစ်ဦးကတော့ အားလုံး အဆင်ပြေ ချော့မွေ့မယ်ဆိုရင် ၂၀၃၀ ခုနှစ်အရောက်မှာ ဒီအငှားယာဉ်ပျံကိုစီးပွားဖြစ် ထုတ်လုပ် ရောင်းချနိုင်မယ်လို့ ပြောပါတယ်။

Volocopter ကုမ္ပဏီက ဒီ အငှားယာဉ်ပျံကို ကမ္ဘာ့ နေရာ အသီးသီးမှာ စမ်းသပ်နေရာမှာ မနှစ် အောက်တိုဘာလက စင်္ကာပူမြို့လယ် ခေါင်တည့်တည့်မှာ စမ်းသပ်ခဲ့ပါတယ်။

ဒီလို ဝေဟင်သွား taxi ယာဉ်ပျံတွေ ထုတ်လုပ်နိုင်ဖို့ တခြားကုမ္ပဏီတွေလည်း ကြိုးပမ်းနေရာမှာ Boeing၊ Airbus၊ Toyota နဲ့ Hyundai.ကုမ္ပဏီတွေ ပါပါတယ်။ ပြီးခဲ့တဲ့ လကပဲ ဂျပန် တိုယိုတာ ကုမ္ပဏီ အထောက်အပံ့ ရရှိထားတဲ့ SkyDrive ကုမ္ပဏီက ပန်ကာ ၈ ခုပါ ကားပျံတစ်စီးကို စမ်းသပ် မောင်းနှင် ပြသခဲ့ပါတယ်။

XS
SM
MD
LG