သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥကၠာပ်ံတလုံး ဘမၻာေျမနား ၾကာသပေတးေန႔က ျဖတ္သြားခဲ့


(Zawgyi/Unicode)

ဘတ္စကား အရြယ္ ဥကၠာပ်ံတလံုး ဟာ ၾကာသပေတးေန႔က ကမာၻနားမွာ ကပ္ၿပီး ျဖတ္သြားခဲ့တယ္လုိ႔ အေမရိကန္အာကာသစူးစမ္းေရးဌာန NASA က ေျပာပါတယ္။ ဒီဥကၠာပ်ံဟာ ကမာၻကေန မိုင္ တေသာင္း သံုးေထာင္ေက်ာ္အကြာကေန ျဖတ္သြားတာ ျဖစ္ၿပီး ကမာၻကိုပတ္ေနတဲ့ လူလႊတ္တင္တဲ့ ၿဂိဳဟ္တု (geostationary satellites) ေတြ ပတ္ရာ လမ္းေၾကာင္းထဲမွာ ျဖတ္သြားတာ ျဖစ္ပါတယ္။

ဒီလို ကမာၻနားကို ကပ္လာတဲ့ အတြက္ အႏၱရာယ္ရွိႏိုင္တယ္လို႔ ကယ္လီဖိုးနီးယားက NASA ရဲ့ Jet Propulsion Laboratory (JPL) စခန္းက သိပၸြံပညာရွင္ေတြက ေျပာပါတယ္။ တကယ္လို႔ ဒီဥကၠာပ်ံဟာ ကမာၻ႔ေလထုထဲကို ဝင္လာရင္ေတာ့ ေၾကမြသြားႏုိင္ပါတယ္။

2020 SW လို႔နာမည္ေပးထားတဲ့ အခ်င္း ေပ ၃၀ ေက်ာ္ရွိတဲ့ ဒီဥကၠာပ်ံ ကမာၻနားကပ္လာတာကို စက္တင္ဘာလ ၁၈ ရက္ေန႔က စၿပီး သတိျပဳမိခဲ့ၾကတာပါ။ ဒီေလာက္ ပမာဏရွိတဲ့ ဥကၠာပ်ံ ကမာၻနားကပ္လာတာဟာ ႀကံဳရခဲတဲ့ ျဖစ္ရပ္တခု ျဖစ္ပါတယ္။

ကမာၻေဘးကေနျဖတ္သြားတဲ့ ဒီဥကၠာပ်ံဟာ ေနကို ပတ္ေနတာ ျဖစ္ၿပီး ၂၀၄၁ ခုႏွစ္မွာ ကမာၻနားကို တေက်ာ့ျပန္ေရာက္လာႏုိင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ဥက္ကာပျံတလုံး ဘမ္ဘာမြေနား ကြာသပတေးနေ့က ဖြတ်သွားခဲ့

(Unicode)

ဘတ်စကား အရွယ် ဥက္ကာပျံတလုံး ဟာ ကြာသပတေးနေ့က ကမ္ဘာနားမှာ ကပ်ပြီး ဖြတ်သွားခဲ့တယ်လို့ အမေရိကန်အာကာသစူးစမ်းရေးဌာန NASA က ပြောပါတယ်။ ဒီဥက္ကာပျံဟာ ကမ္ဘာကနေ မိုင် တသောင်း သုံးထောင်ကျော်အကွာကနေ ဖြတ်သွားတာ ဖြစ်ပြီး ကမ္ဘာကိုပတ်နေတဲ့ လူလွှတ်တင်တဲ့ ဂြိုဟ်တု (geostationary satellites) တွေ ပတ်ရာ လမ်းကြောင်းထဲမှာ ဖြတ်သွားတာ ဖြစ်ပါတယ်။

ဒီလို ကမ္ဘာနားကို ကပ်လာတဲ့ အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ကယ်လီဖိုးနီးယားက NASA ရဲ့ Jet Propulsion Laboratory (JPL) စခန်းက သိပ္ပွံပညာရှင်တွေက ပြောပါတယ်။ တကယ်လို့ ဒီဥက္ကာပျံဟာ ကမ္ဘာ့လေထုထဲကို ဝင်လာရင်တော့ ကြေမွသွားနိုင်ပါတယ်။

2020 SW လို့နာမည်ပေးထားတဲ့ အချင်း ပေ ၃၀ ကျော်ရှိတဲ့ ဒီဥက္ကာပျံ ကမ္ဘာနားကပ်လာတာကို စက်တင်ဘာလ ၁၈ ရက်နေ့က စပြီး သတိပြုမိခဲ့ကြတာပါ။ ဒီလောက် ပမာဏရှိတဲ့ ဥက္ကာပျံ ကမ္ဘာနားကပ်လာတာဟာ ကြုံရခဲတဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။

ကမ္ဘာဘေးကနေဖြတ်သွားတဲ့ ဒီဥက္ကာပျံဟာ နေကို ပတ်နေတာ ဖြစ်ပြီး ၂၀၄၁ ခုနှစ်မှာ ကမ္ဘာနားကို တကျော့ပြန်ရောက်လာနိုင်ပါတယ်။

XS
SM
MD
LG