သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wang Yi ဒေသတွင်းခရီးစဉ် မဟာဗျူဟာမြောက်ဆက်ဆံရေး အလေးပေး


မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (သြဂုတ် ၁၁၊ ၂၀၂၃)
မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (သြဂုတ် ၁၁၊ ၂၀၂၃)

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း မလေးရှားနိုင်ငံကို ဒီကနေ့ရောက်ရှိလာပါတယ်။ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ ပီနန်မြို့မှာ တွေ့ဆုံရာမှာ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ပညာရေးစတဲ့ နယ်ပယ်အသီးသီးမှာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန် တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ အာဆီယံ ဒေသတွင်း နိုင်ငံတွေဆီ အခုလို ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေတာပါ။ ကြာသပတေးနေ့က စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ တွေ့ဆုံခဲ့ပါတယ်။

အရင်တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ကို တာဝန်ကနေရပ်ဆိုင်းလိုက်ပြီး၊ ဝါရင့် သံတမန် Wang Yi ကိုပြန်ပြီး နိုင်ငံခြားရေးဝန်ကြီးတာဝန်ခန့်အပ်ပြီးနောက်ပိုင်း သွား
ရောက်တဲ့ သုံးရက်ကြာ အာဆီယံခရီးစဉ်မှာ စင်္ကာပူ၊ မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ပါဝင်ပါတယ်။

“ဒီခရီးစဉ်ကတဆင့် အရှေ့တောင်အာရှသုံးနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို အားကောင်းအောင်လုပ်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ထားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ခရီးစဉ်ကြေညာချိန်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ကမ္ဘောဒီးယားနိုင်ငံကို စနေနေ့ (သြဂုတ် ၁၂ ရက်) မှာ သွားရောက်မှာဖြစ်ပြီး ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ ကမ္ဘောဒီးယား မီဒီယာက ဖော်ပြထားပါတယ်။

Wang Yi ဒေသတွင်းခရီးစဉ် မဟာဗျူဟာမြောက်ဆက်ဆံရေး အလေးပေး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG