သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ်မှာ စစ်ကောင်စီအကြီးအကဲနဲ့တွေ့မည်


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ ဒီသီတင်းပတ်ကုန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်ပြီး စစ်ကောင်စီ အကြီးအကဲနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှာဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့မှာ မဟုတ်ဘူးလို့ စစ်ကောင်စီတာဝန်ရှိသူ တယောက်ကပြောပါတယ်။

ဒါပေမဲ့လည်း တွေ့ဆုံမယ့် အစီအစဉ်အသေးစိတ်ကိုတော့ မပြောပါဘူး။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာလည်း ထိုင်းနိုင်ငံမှာ သြဂုတ်လ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမယ့် နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအသွား မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ ရှိကြောင်း ပြောဆိုထားပေမဲ့ အစီအစဉ် အသေးစိတ်ကို မပြောပါဘူး။

တရုတ်မြန်မာနယ်စပ် မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ပြီး စစ်ကောင်စီဘက်က အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နဲ့ စစ်စခန်းတွေ လက်လွတ်ဆုံးရှုံးနေရချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်တာပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား အပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံဘက်က တိုက်တွန်းနေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နေပြည်တော်ကို တရုတ်နိုင်ငံက စေလွှတ်ခဲ့ပါတယ်။

တချိန်တည်းမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး အဖြစ် အမျိုးသမီးတဦးဖြစ်တဲ့ မစ္စ မာကျားကို ပြောင်းလဲ ခန့်အပ်ဖို့ ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံကကြားဝင် ကမကထလုပ်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲ‌ရေး ညှိနှိုင်းဆွေးနွေးပွဲတွေမှာ စစ်ကောင်စီဘက်က မတက်ရောက်တော့ဘူးဆိုတဲ့ သတင်းတွေ မကြာခင်က ထွက်ပေါ်ခဲ့ပြီး တရုတ်နဲ့ မြန်မာ သံတမန်ရေး ဆက်ဆံမှုနဲ့ လှုပ်ရှားမှုတွေ ခပ်စိတ်စိတ် တိုးလာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG