သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တွင်းစစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြောင်းလဲလာ


တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်မြင်ကွင်း (ယခင်ပုံဟောင်း)
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်မြင်ကွင်း (ယခင်ပုံဟောင်း)

မြန်မာနိုင်ငံအတွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်စည် သယ်ယူပို့ဆောင်ရေးမှာ ရနောင်းဘက်ကနေ ပင်လယ်ကိုဖြတ်တဲ့ ဆိပ်ကမ်းကို ပိုပြီး အသုံးပြုလာတာကြောင့် ထိုင်းအစိုးရရဲ့ လမ်းတံတားဆောက်လုပ်ရေး စီမံချက်တွေအတွက် အကျိုးဖြစ်ထွန်းတဲ့အကြောင်း ထိုင်း သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီး Manaporn Charoensri ပြောဆိုတာကို ဒီနေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကုန်လမ်းကနေ ကုန်တွေ သယ်ယူပို့ဆောင်တာတွေ ရပ်တန့်နေတဲ့အကြောင်း ဒုဝန်ကြီး Manaporn က ပြောပါတယ်။ မဲဆောက်ခရိုင် Tak နယ်ခြား ကုန်းလမ်းအစား ရနောင်း ဆိပ်ကမ်းကနေ ကုန်တင် ရေယာဉ်တွေနဲ့ ပစ္စည်းတွေ တင်ပို့လာနေပြီး ဒီလဆန်းမှာပဲ ရန်ကုန်ကနေ ကွန်တိန်သာ ၃၉ လုံးနဲ့ ကုန်ပစ္စည်းတွေ ရောက်လာတဲ့အကြောင်း ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တချိန်ထဲမှာဘဲ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို ရှမ်းပြည့်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ကနေ ပြန်စတင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း စစ်ကောင်စီရဲ့ သတင်းရင်းမြစ်ကို အခြေခံပြီး ကုန်သည်၊ လုပ်ငန်းရှင်တွေက VOA ကို ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဒေသကို မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေ ထိန်းချုပ်အပြီး စစ်ကောင်စီဘက်က တိုက်ပွဲမဖြစ်ပွားတဲ့ တာချီလိတ်မြို့ဘက်ကနေ လမ်းကြောင်း ပြန်စဖို့ အစီအစဉ်ဆွဲလာကြတာပါ။

စစ်ကောင်စီရဲ့ စီးပွားကူးသန်းဌာန တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တာချီလိတ်မြို့ကို ရောက်လာပြီး တရုတ်နဲ့ ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြတဲ့အကြောင်းလည်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG