လာမယ့္ (၁၀) ႏွစ္အတြင္း တျပည္လံုးမွာ လွ်ပ္စစ္ဓါတ္အား ရရိွႏိုင္ဖို႔အတြက္ ေက်ာက္မီးေသြး ဓါတ္အားေပးစက္ရံုေတြကို တည္ေဆာက္ရမယ္လို႔ လက္ရိွအစိုးရက ဆိုပါတယ္။ လိုအပ္တဲ့လွ်ပ္စစ္စြမ္းအင္ရဲ ႔ (၃၃) ရာခိုင္ႏႈန္းကို ေက်ာက္မီးေသြးသံုး ဓါတ္အားေပးစက္ရံုေတြက ထုတ္လုပ္ႏိုင္မွသာ တျပည္လံုးလွ်ပ္စစ္မီးရမယ့္သေဘာ ျဖစ္ပါတယ္။ လက္ရိွစြမ္းအင္မွာ ေရအားလွ်ပ္စစ္က (၃၈) ရာခိုင္ႏႈန္း၊ ဓါတ္ေငြ႔သံုးလွ်ပ္စစ္က (၂၀) ရာခိုင္ႏႈန္း၊ က်န္တဲ့ (၉) ရာခိုင္ႏႈန္းက ေနေရာင္ျခည္နဲ႔ အျခားစြမ္းအင္ ျဖစ္ပါတယ္။ စြမ္းအင္သံုးစြဲမႈရဲ ႔ (၁) ရာခိုင္ႏႈန္းကသာ ေက်ာက္မီးေသြးျဖစ္ၿပီး (၂၀၃၀) မွာ ေက်ာက္မီးေသြးပါဝင္တဲ့က႑ဟာ (၃၃) ရာခိုင္ႏႈန္းအထိ တိုးပြားလာဖြယ္ ရိွပါတယ္။
အရင္ကေတာ့ ေက်ာက္မီးေသြးကို ဘိလပ္ေျမစက္နဲ႔ သံမဏီစက္ရံုေတြေလာက္မွာပဲ အသံုးျပဳတဲ့အတြက္ က်န္းမာေရးအႏၱရာယ္ေပးႏုိင္တယ္ဆိုတာကို သတိမထားၾကပါဘူး။ လြန္ခဲ့တဲ့ ေမလ (၂၈) ရက္ေန႔ထုတ္ Myanmar Now စာေစာင္ပါ "ၿဖိဳးသီဟခ်ဳိ" ရဲ ႔ ေလ့လာခ်က္အရ ရန္ကုန္ပတ္ဝန္းက်င္က စက္ရံုေပါင္း (၃၄၇၄) ရံုမွာ (၁၀) ရာခိုင္ႏႈန္းဟာ ဘိြဳင္လာသံုးစက္ရံုေတြျဖစ္ေၾကာင္း သိရပါတယ္။ ဒီစက္ရံုေတြဟာ ေစ်းသက္သာတဲ့ ထင္း၊ စပါးခြံနဲ႔ ေက်ာက္မီးေသြးတို႔ကို ေလာင္စာအျဖစ္ သံုးၾကပါတယ္။
စက္မႈဇုန္ရဲ ႔ ေလထုအေျခအေနကို ၿမိဳ ႔ေတာ္စည္ပင္သာယာေရးေကာ္မီက စစ္ေဆးတဲ့အခါမွာ ေလထုထဲမွာ ကန္႔ဓါတ္နဲ႔ ႏိုက္ထရိုဂ်င္ေအာက္ဆိုဒ္ပါဝင္မႈ ျမင့္မားေနၿပီး အမႈန္အမႊားပါဝင္မႈဟာ စံခ်ိန္စံညႊန္းကို ေက်ာ္လႊာေနတယ္လို႔ ဆုိပါတယ္။ ဒါေပမဲ့ လိႈင္သာယာမွာေတာ့ စက္ရံုကစြန္႔ပစ္တဲ့ ေက်ာက္မီးေသြးျပာကို လမ္းခင္းတဲ့ေနရာမွာသံုးသလို အုတ္ဖုတ္သူေတြကလည္း သံုးၾကပါတယ္။ ေက်ာက္မီးေသြးျပာဟာ က်န္းမာေရးကို တျဖည္းျဖည္း အႏၱရာယ္ေပးတာကို မသိၾကတာ ထင္ရွားပါတယ္။ ဘားအံ့ၿမိဳ ႔နယ္က စစ္တပ္ပိုင္ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းရဲ ႔ ၿမိဳင္ကေလးဘိလပ္ေျမစက္ရံု အနီးတဝို္က္က ေက်းရြာအခ်ဳိ ႔မွာ ေရတြင္း၊ ေရကန္ေတြ အမည္းေရာင္သန္းလာတဲ့အတြက္ စက္ရံုကစြန္႔ပစ္တဲ့ ေက်ာက္မီးေသြးေရကို သံသယျဖစ္ေနၾကေၾကာင္း ေအာက္တိုဘာ (၁၃) ရက္ေန႔က DVB သတင္းမွာ ေဖာ္ျပပါတယ္။
ေက်ာက္မီးေသြး (၄) မ်ဳိး ရိွပါတယ္။ သက္ႏုအေပ်ာ့စား (၂) မ်ဳိး၊ သက္ရင့္အမာစား (၂) မ်ဳိးတို႔ ျဖစ္ပါတယ္။ ျမန္မာျပည္က ေက်ာက္မီးေသြးဟာ အေပ်ာ့စား Lignite နဲ႔ sub-Bituminous အမ်ဳိးအစားေတြ ျဖစ္ပါတယ္။ အေပ်ာ့စား Lignite ေက်ာက္မီးေသြးဟာ ဘူမိသက္တမ္း အႏုဆံုးျဖစ္လို႔ Tertiary Coal လို႔ ေခၚပါတယ္။ သူ႔ထက္သက္တမ္းရင့္တဲ့ sub-Bituminous ကိုေတာ့ Jurassic Coal လို႔ ေခၚပါတယ္။ တီက်စ္စက္ရံုမွာ သက္တမ္းႏုအေပ်ာ့စား Lignite ကို သံုးပါတယ္။ ေက်ာက္မီးေသြးအမာစား Bituminous က မီးခိုးအထြက္နည္းၿပီး အမာဆံုး Anthracite ကေတာ့ မီးခိုး လံုးဝမထြက္ပါဘူး။ ျမန္မာ့ေက်ာက္မီးေသြးဟာ အေပ်ာ့စားျဖစ္လို႔ ပတ္ဝန္းက်င္ကို အမ်ားဆံုးညစ္ညမ္းေစတာမို႔ အလြန္ဂရုစိုက္ဖို႔ လိုပါတယ္။
ျမန္မာျပည္မွာ ေက်ာက္မီးေသြးရိွတဲ့ေနရာ (၅၀၀) နီးပါး ရိွပါတယ္။ ဒီအထဲမွာ ကေလးဝနဲ႔ လားရိႈးခရိုင္ထြက္ ေက်ာက္မီးေသြးကို လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္ရာမွာ သံုးႏိုင္လိမ့္မယ္လို႔ JICA ဂ်ပန္ေအဂ်င္စီရဲ ႔ ၂၀၁၃ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ႏုိင္ငံျခားကတင္သြင္းတဲ့ ေက်ာက္မီးေသြးအမာစားနဲ႔ ေရာေႏွာၿပီး ဓါတ္အားစက္ရံုမွာသံုးဖို႔ အႀကံေပးထားပါတယ္။ ျမန္မာျပည္ထြက္ ေက်ာက္မီးေသြးအေပ်ာ့စားဟာ လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ရာမွာသံုးဖို႔ မသင့္ေတာ္ဘူးလို႔ ဆိုပါတယ္။ ျမန္မာ့ေက်ာက္မီးေသြးမွာ ေရဓါတ္နဲ႔ကန္႔ဓါတ္မ်ားၿပီး မီးေလာင္မႈစြမ္းအင္နည္းတာမုိ႔ လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ရာမွာသံုးရင္ ပတ္ဝန္းက်င္တခုလံုးကို အႏၱရာယ္ေပးႏုိင္တယ္လုိ႔ ဆိုပါတယ္။ ၂၀၀၅ မွာ ၿပီးစီးတဲ့ တီက်စ္စက္ရံုေၾကာင့္ ပတ္ဝန္းက်င္ပ်က္စီးရပံုကို ပအို႔ဝ္လူငယ္အဖြဲ႔က (၂၀၁၁) မွာ အစီရင္ခံစာ ထုတ္ခဲ့ဖူးပါတယ္။ ဒီလိုေက်ာက္မီးေသြးစက္ရံုမွာ အညစ္အေၾကးသန္႔စင္ေအာင္လုပ္တဲ့စရိတ္ အလြန္ႀကီးမားပါတယ္။
တီက်စ္ဓါတ္အားစက္ရံုကို ရပ္ဆိုင္းဖို႔ ေဒသခံနဲ႔ အရပ္သားအဖြဲ႔အစည္းေတြက အခုထိ ေတာင္းဆိုေနတုန္း ျဖစ္ပါတယ္။ ေက်ာက္မီးေသြးစက္ရံုကထြက္တဲ့ မီးခိုးနဲ႔အမႈန္ေတြဟာ ေလေရထုကို ညစ္ညမ္းေစတာမုိ႔ လူထုက်န္းမာေရးကို အႏၱရာယ္ေပးပါတယ္။ အေပ်ာ့စားေက်ာက္မီးေသြးပံုေတြ အလိုလိုမီးေလာင္လို႔ ထြက္လာတဲ့ အနံဆိုးဟာ အေတာ္ေလးဒုကၡေပးပါတယ္။ ေက်ာက္မီးေသြးစက္ရံုကထြက္တဲ့ မီးခိုးမွာပါလာတဲ့ အဆိပ္ဓါတ္ဟာ သဘာဝပတ္ဝန္းက်င္ကို ပ်က္စီးေစပါတယ္။ ထိုင္းႏုိင္ငံေျမာက္ပိုင္းက အေပ်ာ့စားေက်ာက္မီိးေသြးသံုး မဲေမာ့လွ်ပ္စစ္ဓါတ္အားစက္ရံုက ထုတ္လႊင့္လိုက္တဲ့ အဆိပ္ေငြ႔ကို ရႈရိႈက္မိလို႔ ေရာဂါခံစားရသူေပါင္း ေထာင္ေသာင္းခ်ီေနၿပီးျဖစ္ေၾကာင္း သိရပါတယ္။
၂၀၃၀ မွာ တျပည္လံုးလွ်ပ္စစ္မီးသံုးႏိုင္ဖို႔အတြက္ ေက်ာက္မီးေသြးသံုး လွ်ပ္စစ္ဓါတ္အားေပးစက္ရံုေပါင္း (၁၀) ရံုေလာက္ တည္ေဆာက္ဖို႔ လက္ရိွအစိုးရက စီမံေနပါတယ္။ ေက်ာက္မီးေသြးကို ျပည္သူေတြကန္႔ကြက္လို႔ ႏုိင္ငံနစ္နာတာမ်ဳိး မျဖစ္သင့္ဘူးလို႔ လႊတ္ေတာ္ေကာ္မတီဥကၠ႒ ဦးဝင္းသန္႔ေဇာ္က ၂၀၁၈ ဒီဇင္ဘာလမွာ ျပည္သူ႔လႊတ္ေတာ္မွာ ေျပာၾကားသြားပါတယ္။ ဒါေပမဲ့ ျပည္သူ႔က်န္းမာေရးနဲ႔ သဘာဝပတ္ဝန္းက်င္တို႔ကို အႏၱရာယ္မေပးႏိုင္ဖို႔ကလည္း အလြန္အေရးႀကီးပါတယ္။
==Unicode==
လာမယ့် (၁၀) နှစ်အတွင်း တပြည်လုံးမှာ လျှပ်စစ်ဓါတ်အား ရရှိနိုင်ဖို့အတွက် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတွေကို တည်ဆောက်ရမယ်လို့ လက်ရှိအစိုးရက ဆိုပါတယ်။ လိုအပ်တဲ့လျှပ်စစ်စွမ်းအင်ရဲ့ (၃၃) ရာခိုင်နှုန်းကို ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေက ထုတ်လုပ်နိုင်မှသာ တပြည်လုံးလျှပ်စစ်မီးရမယ့်သဘော ဖြစ်ပါတယ်။ လက်ရှိစွမ်းအင်မှာ ရေအားလျှပ်စစ်က (၃၈) ရာခိုင်နှုန်း၊ ဓါတ်ငွေ့သုံးလျှပ်စစ်က (၂၀) ရာခိုင်နှုန်း၊ ကျန်တဲ့ (၉) ရာခိုင်နှုန်းက နေရောင်ခြည်နဲ့ အခြားစွမ်းအင် ဖြစ်ပါတယ်။ စွမ်းအင်သုံးစွဲမှုရဲ့ (၁) ရာခိုင်နှုန်းကသာ ကျောက်မီးသွေးဖြစ်ပြီး (၂၀၃၀) မှာ ကျောက်မီးသွေးပါဝင်တဲ့ကဏ္ဍဟာ (၃၃) ရာခိုင်နှုန်းအထိ တိုးပွားလာဖွယ် ရှိပါတယ်။
အရင်ကတော့ ကျောက်မီးသွေးကို ဘိလပ်မြေစက်နဲ့ သံမဏီစက်ရုံတွေလောက်မှာပဲ အသုံးပြုတဲ့အတွက် ကျန်းမာရေးအန္တရာယ်ပေးနိုင်တယ်ဆိုတာကို သတိမထားကြပါဘူး။ လွန်ခဲ့တဲ့ မေလ (၂၈) ရက်နေ့ထုတ် Myanmar Now စာစောင်ပါ "ဖြိုးသီဟချို" ရဲ့ လေ့လာချက်အရ ရန်ကုန်ပတ်ဝန်းကျင်က စက်ရုံပေါင်း (၃၄၇၄) ရုံမှာ (၁၀) ရာခိုင်နှုန်းဟာ ဘွိုင်လာသုံးစက်ရုံတွေဖြစ်ကြောင်း သိရပါတယ်။ ဒီစက်ရုံတွေဟာ ဈေးသက်သာတဲ့ ထင်း၊ စပါးခွံနဲ့ ကျောက်မီးသွေးတို့ကို လောင်စာအဖြစ် သုံးကြပါတယ်။
စက်မှုဇုန်ရဲ့ လေထုအခြေအနေကို မြို့တော်စည်ပင်သာယာရေးကော်မီက စစ်ဆေးတဲ့အခါမှာ လေထုထဲမှာ ကန့်ဓါတ်နဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်ပါဝင်မှု မြင့်မားနေပြီး အမှုန်အမွှားပါဝင်မှုဟာ စံချိန်စံညွှန်းကို ကျော်လွှာနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လှိုင်သာယာမှာတော့ စက်ရုံကစွန့်ပစ်တဲ့ ကျောက်မီးသွေးပြာကို လမ်းခင်းတဲ့နေရာမှာသုံးသလို အုတ်ဖုတ်သူတွေကလည်း သုံးကြပါတယ်။ ကျောက်မီးသွေးပြာဟာ ကျန်းမာရေးကို တဖြည်းဖြည်း အန္တရာယ်ပေးတာကို မသိကြတာ ထင်ရှားပါတယ်။ ဘားအံ့မြို့နယ်က စစ်တပ်ပိုင်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းရဲ့ မြိုင်ကလေးဘိလပ်မြေစက်ရုံ အနီးတဝိုက်က ကျေးရွာအချို့မှာ ရေတွင်း၊ ရေကန်တွေ အမည်းရောင်သန်းလာတဲ့အတွက် စက်ရုံကစွန့်ပစ်တဲ့ ကျောက်မီးသွေးရေကို သံသယဖြစ်နေကြကြောင်း အောက်တိုဘာ (၁၃) ရက်နေ့က DVB သတင်းမှာ ဖော်ပြပါတယ်။
ကျောက်မီးသွေး (၄) မျိုး ရှိပါတယ်။ သက်နုအပျော့စား (၂) မျိုး၊ သက်ရင့်အမာစား (၂) မျိုးတို့ ဖြစ်ပါတယ်။ မြန်မာပြည်က ကျောက်မီးသွေးဟာ အပျော့စား Lignite နဲ့ sub-Bituminous အမျိုးအစားတွေ ဖြစ်ပါတယ်။ အပျော့စား Lignite ကျောက်မီးသွေးဟာ ဘူမိသက်တမ်း အနုဆုံးဖြစ်လို့ Tertiary Coal လို့ ခေါ်ပါတယ်။ သူ့ထက်သက်တမ်းရင့်တဲ့ sub-Bituminous ကိုတော့ Jurassic Coal လို့ ခေါ်ပါတယ်။ တီကျစ်စက်ရုံမှာ သက်တမ်းနုအပျော့စား Lignite ကို သုံးပါတယ်။ ကျောက်မီးသွေးအမာစား Bituminous က မီးခိုးအထွက်နည်းပြီး အမာဆုံး Anthracite ကတော့ မီးခိုး လုံးဝမထွက်ပါဘူး။ မြန်မာ့ကျောက်မီးသွေးဟာ အပျော့စားဖြစ်လို့ ပတ်ဝန်းကျင်ကို အများဆုံးညစ်ညမ်းစေတာမို့ အလွန်ဂရုစိုက်ဖို့ လိုပါတယ်။
မြန်မာပြည်မှာ ကျောက်မီးသွေးရှိတဲ့နေရာ (၅၀၀) နီးပါး ရှိပါတယ်။ ဒီအထဲမှာ ကလေးဝနဲ့ လားရှိုးခရိုင်ထွက် ကျောက်မီးသွေးကို လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရာမှာ သုံးနိုင်လိမ့်မယ်လို့ JICA ဂျပန်အေဂျင်စီရဲ့ ၂၀၁၃ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံခြားကတင်သွင်းတဲ့ ကျောက်မီးသွေးအမာစားနဲ့ ရောနှောပြီး ဓါတ်အားစက်ရုံမှာသုံးဖို့ အကြံပေးထားပါတယ်။ မြန်မာပြည်ထွက် ကျောက်မီးသွေးအပျော့စားဟာ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာမှာသုံးဖို့ မသင့်တော်ဘူးလို့ ဆိုပါတယ်။ မြန်မာ့ကျောက်မီးသွေးမှာ ရေဓါတ်နဲ့ကန့်ဓါတ်များပြီး မီးလောင်မှုစွမ်းအင်နည်းတာမို့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာမှာသုံးရင် ပတ်ဝန်းကျင်တခုလုံးကို အန္တရာယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၀၅ မှာ ပြီးစီးတဲ့ တီကျစ်စက်ရုံကြောင့် ပတ်ဝန်းကျင်ပျက်စီးရပုံကို ပအို့ဝ်လူငယ်အဖွဲ့က (၂၀၁၁) မှာ အစီရင်ခံစာ ထုတ်ခဲ့ဖူးပါတယ်။ ဒီလိုကျောက်မီးသွေးစက်ရုံမှာ အညစ်အကြေးသန့်စင်အောင်လုပ်တဲ့စရိတ် အလွန်ကြီးမားပါတယ်။
တီကျစ်ဓါတ်အားစက်ရုံကို ရပ်ဆိုင်းဖို့ ဒေသခံနဲ့ အရပ်သားအဖွဲ့အစည်းတွေက အခုထိ တောင်းဆိုနေတုန်း ဖြစ်ပါတယ်။ ကျောက်မီးသွေးစက်ရုံကထွက်တဲ့ မီးခိုးနဲ့အမှုန်တွေဟာ လေရေထုကို ညစ်ညမ်းစေတာမို့ လူထုကျန်းမာရေးကို အန္တရာယ်ပေးပါတယ်။ အပျော့စားကျောက်မီးသွေးပုံတွေ အလိုလိုမီးလောင်လို့ ထွက်လာတဲ့ အနံဆိုးဟာ အတော်လေးဒုက္ခပေးပါတယ်။
ကျောက်မီးသွေးစက်ရုံကထွက်တဲ့ မီးခိုးမှာပါလာတဲ့ အဆိပ်ဓါတ်ဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းက အပျော့စားကျောက်မီးသွေးသုံး မဲမော့လျှပ်စစ်ဓါတ်အားစက်ရုံက ထုတ်လွှင့်လိုက်တဲ့ အဆိပ်ငွေ့ကို ရှုရှိုက်မိလို့ ရောဂါခံစားရသူပေါင်း ထောင်သောင်းချီနေပြီးဖြစ်ကြောင်း သိရပါတယ်။
၂၀၃၀ မှာ တပြည်လုံးလျှပ်စစ်မီးသုံးနိုင်ဖို့အတွက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံပေါင်း (၁၀) ရုံလောက် တည်ဆောက်ဖို့ လက်ရှိအစိုးရက စီမံနေပါတယ်။ ကျောက်မီးသွေးကို ပြည်သူတွေကန့်ကွက်လို့ နိုင်ငံနစ်နာတာမျိုး မဖြစ်သင့်ဘူးလို့ လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသန့်ဇော်က ၂၀၁၈ ဒီဇင်ဘာလမှာ ပြည်သူ့လွှတ်တော်မှာ ပြောကြားသွားပါတယ်။ ဒါပေမဲ့ ပြည်သူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်တို့ကို အန္တရာယ်မပေးနိုင်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။