သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဓါတ္ေငြ႔ရည္ ဝယ္ရမယ့္ စိမံကိန္း


Myanmar Gas Price
ဓါတ္ေငြ႔ရည္ ဝယ္ရမယ့္ စိမံကိန္း
please wait

No media source currently available

0:00 0:05:20 0:00
တိုက္႐ိုက္ လင့္ခ္

လြန္ခဲ့တဲ့ (၂) ႏွစ္က ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလမွာ သဘာဝဓါတ္ေငြ႔သံုးမယ့္ လွ်ပ္စစ္ဓါတ္အားေပးစက္ရံု (၄) ရံုေဆာက္ဖို႔ စီစဥ္ေနေၾကာင္း အစိုးရက ေၾကညာပါတယ္။ တနသၤာရီတုိင္းက ကံေဘာက္၊ ဧရာဝတီတိုင္းက မီးေလာင္ခ်ဳိင့္၊ ရန္ကုန္က အလံုၿမိဳ ႔နယ္နဲ႔ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴတို႔မွာ မဂၢါဝပ္အမ်ားႀကီး ထုတ္ႏိုင္မယ့္ လွွ်ပ္စစ္ဓါတ္အားစက္ရံုေတြ တည္ေဆာက္ၿပီး မဟာဓါတ္အားလိုင္းကို အားျဖည့္ဖို႔ ရည္ရြယ္ပါတယ္။ ဒီအထဲက စက္ရံု (၃) ရံုအတြက္ လိုအပ္တဲ့ဓါတ္ေငြ႔ကို ႏိုင္ငံျခားက တင္သြင္းမယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ (၂) ႏွစ္သာ ၾကာလာခဲ့ေပမယ့္ လုပ္ငန္းစတာေတြ မေတြ႔ရဘူးလို႔ မီဒီယာေတြမွာ ေရးၾကပါတယ္။

ျမန္မာ့ကမ္းလြန္မွာ ႏိုင္ငံျခားကုမၸဏီေတြရိွတဲ့ သဘာဝဓါတ္ေငြ႔ကို ႏိုင္ငံျခားကုမၸဏီေတြက ထိုင္းနဲ႔ တရုတ္ကို ေရာင္းခ်ေနၿပီး ဗမာအစိုးရကို ႏွစ္စဥ္ေဒၚလာသံုးေထာင္ေလာက္ ေပးပါတယ္။ ဒါေၾကာင့္ ျပည္တြင္းမွာ ဓါတ္ေငြ႔လိုသေလာက္ မရႏိုင္ပါဘူး။ ေဒၚလာသန္းေပါင္းေထာင္ခ်ီၿပီး ရင္းႏီွးျမဳပ္ႏံွထားတဲ့ ႏိုင္ငံျခားကုမၸဏီေတြဟာ သူတို႔လိုခ်င္တဲ့ ေစ်းရမွသာ သူတို႔ထုတ္ယူတဲ့ ဓါတ္ေငြ႔ကို ေရာင္းပါတယ္။ သေဘာတူညီခ်က္အရ ဓါတ္ေငြ႔တင္ပို႔ေနတာမို႔ ထိုင္းနဲ႔တရုတ္တို႔ကို ေလွ်ာ့ေရာင္းလို႔ မျဖစ္ပါဘူး။ ျပည္တြင္းသံုးအတြက ဓါတ္ေငြ႔လိုခ်င္ရင္ ကိုယ္ေရာင္းထားတဲ့ ဓါတ္ေငြ႔ကို ျပန္ဝယ္ရပါလိမ့္မယ္။

ဒါကလဲ အေျပာလြယ္သေလာက္ လက္ေတြ႕လုပ္ရတာ ခက္ခဲပါတယ္။ တ႐ုတ္နဲ႔ထိုင္းက သေဘာတူညီဖို႔လည္း လိုအပ္ပါတယ္။ ဒါေၾကာင့္ ဓါတ္ေငြ႕သုံး လွ်ပ္စစ္ဓါတ္အားေပး စက္႐ုံႀကီးေတြအတြက္ ဓါတ္ေငြ႕ရည္ကို ႏိုင္ငံျခားက တင္သြင္းမယ္လို႔ ျမန္မာအစိုးရက (၂၀၁၈) က ေၾကညာထားပါတယ္။ သဘာဝဓါတ္ေငြ႕ကို Centigrate Minus 160 အထိ အေအးခံလိုက္ရင္ အရည္ျဖစ္သြားၿပီး အဆေပါင္း (၆၀၀) က်ဳံ႕သြားတာေၾကာင့္ သယ္ယူပို႔ေဆာင္ရတာ လြယ္ကူသြားပါတယ္။ ဒါေၾကာင့္ သဘာဝဓါတ္ေငြ႕ကို အရည္အျဖစ္ အသြင္းေျပာင္းၿပီး ေရာင္းဝယ္တဲ့လုပ္ငန္း ေခတ္စားလာပါတယ္။ ဓါတ္ေငြ႕ထုတ္ယူတာနဲ႔ အရည္အျဖစ္အသြင္းေျပာင္းတဲ့ အတတ္ပညာ ျမန္မာမွာ မရွိေသးပါဘူး။ ရွင္းရွင္းေျပာရရင္ေတာ့ သဘာဝဓါတ္ေငြ႕ကိစၥမွာ ႏိုင္ငံျခားကုမၸဏီေတြ မရွိရင္ ဘာမွျဖစ္လာမွာေတာ့ မဟုတ္တာ ေသခ်ာပါတယ္။

ကံေဘာက္မွာ မဂၢဝါပ္ (၆၀၀) ေက်ာ္ရိွတဲ့ ဓါတ္ေငြ႔သံုးဓါတ္အားစက္ရံု တည္ေဆာက္ဖုိ႔ ျပင္သစ္တိုတယ္နဲ႔ ဂ်ာမဏီစီးမင္းကုမၸဏီတိုိ႔က သေဘာတူထားပါတယ္။ ေရေၾကာင္းက သယ္ေဆာင္လာတဲ့ ဓါတ္ေငြ႔ရည္ကို ကမ္းစပ္က ဓါတ္ေငြ႔ေျပာင္းစက္ FSRU (Floating Storage Regasification Unit) မွာ သိုေလွာင္ၿပီး ဓါတ္ေငြ႔အျဖစ္ ျပန္ေျပာင္းၿပီးေတာ့မွ ကုန္းေပၚက ဓါတ္အားေပးစက္ကို ပိုက္လုိင္းနဲ႔ ပို႔ေပးမွာ ျဖစ္ပါတယ္။ ဒီနည္းကို ပုသိမ္ၿမိဳ ႔နယ္ ပင္လယ္ကမ္းေျခက မီးေလာင္ခ်ဳိင့္နဲ႔ ရန္ကုန္က အလံုဓါတ္အားေပးစက္ေတြမွာလည္း သံုးပါလိမ့္မယ္။ ေက်ာက္ျဖဴဓါတ္အားစက္ရံုမွာသာ သဘာဝဓါတ္ေငြ႔ကို တိုက္ရိုက္သံုးႏိုင္မွာ ျဖစ္ပါတယ္။ ျမန္မာျပည္ထြက္ သဘာဝဓါတ္ေငြ႔ (၇၅) ရာခိုင္ႏႈန္းကို ထိုင္းနဲ႔တရုတ္တို႔ကို တင္ပို႔ေနၿပီး မၾကာမီဓါတ္ေငြ႔အထြက္ႏႈန္း က်ဆင္းလာလိမ့္မယ္လို႔ ခန္႔မွန္းပါတယ္။

ဒါေၾကာင့္ ကံေဘာက္၊ မီးေလာင္ခ်ဳိင့္နဲ႔ အလံုက ဓါတ္ေငြ႔သံုး ဓါတ္အားေပးစက္ (၃) လံုးအတြက္ ဓါတ္ေငြ႔ရည္ကို ႏိုင္ငံျခားက တင္သြင္းဖို႔ စီမံတာ ျဖစ္ပါတယ္။ သဘာဝဓါတ္ေငြ႔ထြက္ေပးမယ့္ ပိုက္လိုင္းစနစ္ မေကာင္းတဲ့အတြက္ ဓါတ္ေငြ႔ကို အျပည့္အဝ အသံုးျပဳႏုိင္ဖို႔ ခက္ခဲပါတယ္။ ပိုက္လုိင္းျပဳျပင္တာကတင္ ေဒၚလာသန္းေပါင္း (၈၀) ကုန္ႏုိင္တယ္လို႔ ‘ကိုဘယားရိွ’ တည္ျဖတ္တဲ့ ဓါတ္ေငြ႔စီမံကိန္းစာတမ္းမွာ ခန္႔မွန္းထားပါတယ္။ ဒါေၾကာင့္ ဓါတ္ေငြ႔ရည္ ဝယ္ယူတင္သြင္းၿပီး သံုးတဲ့နည္းပဲ က်န္္ေတာ့တယ္လို႔ ဆိုပါတယ္။ ႏုိင္ငံျခားကုမၸဏီ တည္ေဆာက္တဲ့ ဓါတ္အားေပးစက္ကထုတ္လုပ္တဲ့ လွ်ပ္စစ္ဓါတ္အားကို သာမန္ျပည္သူေတြက မဝယ္ႏုိင္ပါဘူး။ ဒါေၾကာင့္ အစိုးရကဝယ္ယူၿပီး ျပည္သူကို ေလွ်ာ့ေစ်းနဲ႔ ျဖန္႔ျဖဴးပါတယ္။ ျမန္မာအစိုးရဟာ ႏွစ္စဥ္က်ပ္ေငြ ဘီလီယံ (၆၀၀) ေက်ာ္ အရႈံးေပၚေနပါတယ္။

ဒါေၾကာင့္ လွ်ပ္စစ္ဓါတ္အားခကို တန္ရာတန္ေၾကး မရႏုိင္ရင္ ေရရွည္ဆက္လက္ရွင္သန္ႏိုင္ဖုိ႔ ခက္ခဲပါတယ္။ မီးေလာင္ခ်ဳိင့္ ဓါတ္အားေပးစီမံကိန္းကို တရုတ္ကုမၸဏီ (၂) ခုနဲ႔ Supreme Group တို႔က အေကာင္အထည္ေဖာ္ဖို႔ သေဘာတူထားပါတယ္။ မီးေလာင္ခ်ဳိင့္ ဓါတ္အားလိုင္းကို ပုသိမ္မွာ အမ်ဳိးသားမဟာဓါတ္အားလိုင္းနဲ႔ ခ်ိတ္ဆက္ၿပီး ရန္ကုန္ၿမိဳ ႔စြန္ လိႈင္သာယာအထိ ဓါတ္အားေပးမယ့္ အစီအစဥ္ ျဖစ္ပါတယ္။ လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္ေရးအတြက္ သဘာဝဓါတ္ေငြ႔ကို ပိုမိုသံုးစြဲလာတာ ေတြ႔ရပါတယ္။ သံုးစြဲတဲ့ ဓါတ္ေငြ႔ပမာဏရဲ ႔ (၇၅) ရာခိုင္ႏႈန္းဟာ လွ်ပ္စစ္အတြက္ ျဖစ္ေနပါတယ္။

ျမန္မာ့လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ေတာင္းခံလာတာေၾကာင့္ အာဆီယံသုေတသနဌာနက ‘ယိုရိွဟာဇု ကိုဘယားရိွ’ တည္ျဖတ္တဲ့ ျမန္မာ့သဘာဝဓါတ္ေငြ႔စီမံကိန္း Natural Gas Master Plan ကို မၾကာမီက ထုတ္ျပန္ထားပါတယ္။ ျမန္မာျပည္မွာ သဘာဝဓါတ္ေငြ႔ ထြက္ေပးမယ့္ အေျခခံအေဆာက္အအံုနဲ႔ အတတ္ပညာမွာ အားနည္းတာေၾကာင့္ ဓါတ္ေငြ႔ကို ေကာင္းေကာင္းအသံုးမျပဳႏုိ္င္ဘဲ ျဖစ္ေနပါတယ္။ ဓါတ္ေငြ႔သံုးစြဲမႈကေတာ့ မ်ားျပားလာဖုိ႔သာ ရိွပါတယ္။ ဒါေပမဲ့ ဓါတ္ေငြ႔နဲ႔ ဓါတ္ေငြ႔ရည္ဟာ ကြဲျပားတာေၾကာင့္ ဓါတ္ေငြ႔ရည္ အသိပညာနဲ႔ အတတ္ပညာတို႔ကို ကၽြမ္းက်င္ဖို႔လိုေၾကာင္း အာဆီယံသုေတသနစာတမ္းမွာ သံုးသပ္ထားပါတယ္။

={Unicode}=

လွန်ခဲ့တဲ့ (၂) နှစ်က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ သဘာဝဓါတ်ငွေ့သုံးမယ့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ (၄) ရုံဆောက်ဖို့ စီစဉ်နေကြောင်း အစိုးရက ကြေညာပါတယ်။ တနင်္သာရီတိုင်းက ကံဘောက်၊ ဧရာဝတီတိုင်းက မီးလောင်ချိုင့်၊ ရန်ကုန်က အလုံမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူတို့မှာ မဂ္ဂါဝပ်အများကြီး ထုတ်နိုင်မယ့် လျှပ်စစ်ဓါတ်အားစက်ရုံတွေ တည်ဆောက်ပြီး မဟာဓါတ်အားလိုင်းကို အားဖြည့်ဖို့ ရည်ရွယ်ပါတယ်။ ဒီအထဲက စက်ရုံ (၃) ရုံအတွက် လိုအပ်တဲ့ဓါတ်ငွေ့ကို နိုင်ငံခြားက တင်သွင်းမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ (၂) နှစ်သာ ကြာလာခဲ့ပေမယ့် လုပ်ငန်းစတာတွေ မတွေ့ရဘူးလို့ မီဒီယာတွေမှာ ရေးကြပါတယ်။

မြန်မာ့ကမ်းလွန်မှာ နိုင်ငံခြားကုမ္ပဏီတွေရှိတဲ့ သဘာဝဓါတ်ငွေ့ကို နိုင်ငံခြားကုမ္ပဏီတွေက ထိုင်းနဲ့ တရုတ်ကို ရောင်းချနေပြီး ဗမာအစိုးရကို နှစ်စဉ်ဒေါ်လာသုံးထောင်လောက် ပေးပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဓါတ်ငွေ့လိုသလောက် မရနိုင်ပါဘူး။ ဒေါ်လာသန်းပေါင်းထောင်ချီပြီး ရင်းနှီးမြုပ်နံှထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာ သူတို့လိုချင်တဲ့ ဈေးရမှသာ သူတို့ထုတ်ယူတဲ့ ဓါတ်ငွေ့ကို ရောင်းပါတယ်။ သဘောတူညီချက်အရ ဓါတ်ငွေ့တင်ပို့နေတာမို့ ထိုင်းနဲ့တရုတ်တို့ကို လျှော့ရောင်းလို့ မဖြစ်ပါဘူး။ ပြည်တွင်းသုံးအတွက ဓါတ်ငွေ့လိုချင်ရင် ကိုယ်ရောင်းထားတဲ့ ဓါတ်ငွေ့ကို ပြန်ဝယ်ရပါလိမ့်မယ်။

ဒါကလဲ အပြောလွယ်သလောက် လက်တွေ့လုပ်ရတာ ခက်ခဲပါတယ်။ တရုတ်နဲ့ထိုင်းက သဘောတူညီဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကြီးတွေအတွက် ဓါတ်ငွေ့ရည်ကို နိုင်ငံခြားက တင်သွင်းမယ်လို့ မြန်မာအစိုးရက (၂၀၁၈) က ကြေညာထားပါတယ်။ သဘာဝဓါတ်ငွေ့ကို Centigrate Minus 160 အထိ အအေးခံလိုက်ရင် အရည်ဖြစ်သွားပြီး အဆပေါင်း (၆၀၀) ကျုံ့သွားတာကြောင့် သယ်ယူပို့ဆောင်ရတာ လွယ်ကူသွားပါတယ်။ ဒါကြောင့် သဘာဝဓါတ်ငွေ့ကို အရည်အဖြစ် အသွင်းပြောင်းပြီး ရောင်းဝယ်တဲ့လုပ်ငန်း ခေတ်စားလာပါတယ်။ ဓါတ်ငွေ့ထုတ်ယူတာနဲ့ အရည်အဖြစ်အသွင်းပြောင်းတဲ့ အတတ်ပညာ မြန်မာမှာ မရှိသေးပါဘူး။ ရှင်းရှင်းေပြာရရင်တော့ သဘာဝဓါတ်ငွေ့ကိစ္စမှာ နိုင်ငံခြားကုမ္ပဏီတွေ မရှိရင် ဘာမှဖြစ်လာမှာတော့ မဟုတ်တာ သေချာပါတယ်။

ကံဘောက်မှာ မဂ္ဂဝါပ် (၆၀၀) ကျော်ရှိတဲ့ ဓါတ်ငွေ့သုံးဓါတ်အားစက်ရုံ တည်ဆောက်ဖို့ ပြင်သစ်တိုတယ်နဲ့ ဂျာမဏီစီးမင်းကုမ္ပဏီတို့က သဘောတူထားပါတယ်။ ရေကြောင်းက သယ်ဆောင်လာတဲ့ ဓါတ်ငွေ့ရည်ကို ကမ်းစပ်က ဓါတ်ငွေ့ပြောင်းစက် FSRU (Floating Storage Regasification Unit) မှာ သိုလှောင်ပြီး ဓါတ်ငွေ့အဖြစ် ပြန်ပြောင်းပြီးတော့မှ ကုန်းပေါ်က ဓါတ်အားပေးစက်ကို ပိုက်လိုင်းနဲ့ ပို့ပေးမှာ ဖြစ်ပါတယ်။ ဒီနည်းကို ပုသိမ်မြို့နယ် ပင်လယ်ကမ်းခြေက မီးလောင်ချိုင့်နဲ့ ရန်ကုန်က အလုံဓါတ်အားပေးစက်တွေမှာလည်း သုံးပါလိမ့်မယ်။ ကျောက်ဖြူဓါတ်အားစက်ရုံမှာသာ သဘာဝဓါတ်ငွေ့ကို တိုက်ရိုက်သုံးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်ထွက် သဘာဝဓါတ်ငွေ့ (၇၅) ရာခိုင်နှုန်းကို ထိုင်းနဲ့တရုတ်တို့ကို တင်ပို့နေပြီး မကြာမီဓါတ်ငွေ့အထွက်နှုန်း ကျဆင်းလာလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

ဒါကြောင့် ကံဘောက်၊ မီးလောင်ချိုင့်နဲ့ အလုံက ဓါတ်ငွေ့သုံး ဓါတ်အားပေးစက် (၃) လုံးအတွက် ဓါတ်ငွေ့ရည်ကို နိုင်ငံခြားက တင်သွင်းဖို့ စီမံတာ ဖြစ်ပါတယ်။ သဘာဝဓါတ်ငွေ့ထွက်ပေးမယ့် ပိုက်လိုင်းစနစ် မကောင်းတဲ့အတွက် ဓါတ်ငွေ့ကို အပြည့်အဝ အသုံးပြုနိုင်ဖို့ ခက်ခဲပါတယ်။ ပိုက်လိုင်းပြုပြင်တာကတင် ဒေါ်လာသန်းပေါင်း (၈၀) ကုန်နိုင်တယ်လို့ ‘ကိုဘယားရှိ’ တည်ဖြတ်တဲ့ ဓါတ်ငွေ့စီမံကိန်းစာတမ်းမှာ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဓါတ်ငွေ့ရည် ဝယ်ယူတင်သွင်းပြီး သုံးတဲ့နည်းပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ နိုင်ငံခြားကုမ္ပဏီ တည်ဆောက်တဲ့ ဓါတ်အားပေးစက်ကထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ်အားကို သာမန်ပြည်သူတွေက မဝယ်နိုင်ပါဘူး။ ဒါကြောင့် အစိုးရကဝယ်ယူပြီး ပြည်သူကို လျှော့ဈေးနဲ့ ဖြန့်ဖြူးပါတယ်။ မြန်မာအစိုးရဟာ နှစ်စဉ်ကျပ်ငွေ ဘီလီယံ (၆၀၀) ကျော် အရှုံးပေါ်နေပါတယ်။

ဒါကြောင့် လျှပ်စစ်ဓါတ်အားခကို တန်ရာတန်ကြေး မရနိုင်ရင် ရေရှည်ဆက်လက်ရှင်သန်နိုင်ဖို့ ခက်ခဲပါတယ်။ မီးလောင်ချိုင့် ဓါတ်အားပေးစီမံကိန်းကို တရုတ်ကုမ္ပဏီ (၂) ခုနဲ့ Supreme Group တို့က အကောင်အထည်ဖော်ဖို့ သဘောတူထားပါတယ်။ မီးလောင်ချိုင့် ဓါတ်အားလိုင်းကို ပုသိမ်မှာ အမျိုးသားမဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ရန်ကုန်မြို့စွန် လှိုင်သာယာအထိ ဓါတ်အားပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးအတွက် သဘာဝဓါတ်ငွေ့ကို ပိုမိုသုံးစွဲလာတာ တွေ့ရပါတယ်။ သုံးစွဲတဲ့ ဓါတ်ငွေ့ပမာဏရဲ့ (၇၅) ရာခိုင်နှုန်းဟာ လျှပ်စစ်အတွက် ဖြစ်နေပါတယ်။

မြန်မာ့လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက တောင်းခံလာတာကြောင့် အာဆီယံသုတေသနဌာနက ‘ယိုရှိဟာဇု ကိုဘယားရှိ’ တည်ဖြတ်တဲ့ မြန်မာ့သဘာဝဓါတ်ငွေ့စီမံကိန်း Natural Gas Master Plan ကို မကြာမီက ထုတ်ပြန်ထားပါတယ်။ မြန်မာပြည်မှာ သဘာဝဓါတ်ငွေ့ ထွက်ပေးမယ့် အခြေခံအဆောက်အအုံနဲ့ အတတ်ပညာမှာ အားနည်းတာကြောင့် ဓါတ်ငွေ့ကို ကောင်းကောင်းအသုံးမပြုနိုင်ဘဲ ဖြစ်နေပါတယ်။ ဓါတ်ငွေ့သုံးစွဲမှုကတော့ များပြားလာဖို့သာ ရှိပါတယ်။ ဒါပေမဲ့ ဓါတ်ငွေ့နဲ့ ဓါတ်ငွေ့ရည်ဟာ ကွဲပြားတာကြောင့် ဓါတ်ငွေ့ရည် အသိပညာနဲ့ အတတ်ပညာတို့ကို ကျွမ်းကျင်ဖို့လိုကြောင်း အာဆီယံသုတေသနစာတမ်းမှာ သုံးသပ်ထားပါတယ်။

XS
SM
MD
LG