သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထြက္ေပါက္မရိွေသးတဲ့ ျမန္မာ့အက်ပ္အတည္း


စစ္အာဏာသိမ္းၿပီးေနာက္ ဖြဲ႕စည္းခဲ့တဲ့ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) KNDF တႏွစ္ျပည့္အထိမ္းအမွတ္ (ဓာတ္ပံု-Karenni Nationalities Defense Force B - 05)

စစ္ေကာင္စီနဲ႔ ဒီမိုကေရစီအင္အားစုတို႔အၾကား အားၿပိဳင္မႈဟာ (၁၈) လၾကာျမင့္လာတဲ့အခ်ိန္ထိ အရႈံးအႏိုင္ မျပတ္သားေသးသလို၊ ေရွ႕အလားအလာကိုလဲ ယတိျပတ္ မေျပာႏိုင္ေသးဘူးလို႔ ႏိုင္ငံတကာသုံးသပ္သူေတြက ေျပာေနေရးေနၾကပါတယ္။ ၁၉၉၀ တုန္းက လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္ခံခဲ့ရသူလဲျဖစ္၊ ျမန္မာ့ႏိုင္ငံေရး ေစာင့္ၾကည့္သုံးသပ္သူလည္းျဖစ္တဲ့ ေဒါက္တာတင့္ေဆြကေတာ့ လက္နက္နဲ႔ ေခ်မႈန္းျခင္းသည္လည္းေကာင္း၊ PR စနစ္နဲ႔ ျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲသည္လည္းေကာင္း စစ္ေကာင္စီအတြက္ ထြက္ေပါက္မျဖစ္ႏိုင္ဘူးလို႔ သုံးသပ္ပါတယ္။ ဆိုေတာ့ ဒီအက်ပ္အတည္းရဲ႕ ေရွ႕အလားအလာေကာ ဘယ္လိုရွိပါသလဲ။ ေဒါက္တာတင့္ေဆြနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အခု ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေတာ့ ဒီမိုကေရစီနည္းက် ေရြးေကာက္ထားတဲ့ အစိုးရကို ဖယ္ရွားခဲ့တာ (၁) ႏွစ္ခြဲေက်ာ္ခဲ့ပါၿပီ။ ဒီအေျခအေနမွာ ဒီမိုကေရစီ ျပန္လည္ေဖာ္ေဆာင္ေရး ႀကိဳးပမ္းေနတဲ့ အင္အားစုေတြနဲ႔ အာဏာထိန္းထားတဲ့ စစ္တပ္တို႔ၾကား အားၿပိဳင္မႈကို က်ေနာ္ အဓိကေဆြးေႏြးခ်င္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီအဓိက အေၾကာင္းအရာကို မသြားခင္မွာ ဒီစစ္တပ္ထိန္းခ်ဳပ္ထားတဲ့ (၁) ႏွစ္ခြဲ ကာလအတြင္းမွာ ျမန္မာျပည္သူေတြရဲ ႔ အေျခအေန၊ ျမန္မာျပည္သူေတြရဲ ႔ စီးပြားေရး၊ လူမႈေရး အေျခအေနေတြကို က်ေနာ္တုိ႔ အမ်ားႀကီးၾကားေနရပါတယ္။ က်ေနာ္ အဓိက သိခ်င္တာက ျမန္မာျပည္သူေတြက ငါတို႔မွာ ေမွ်ာ္လင့္ခ်က္ရိွတယ္၊ တခ်ိန္ခ်ိန္မွာေတာ့ ျပန္ၿပီးေတာ့ အေျခအေနေကာင္းလာလိမ့္မယ္လို႔ ထင္ေနၾကတယ္လို႔ ဆရာ ေတြးမိပါသလား။

ေျဖ ။ ။ ပထမဦးဆံုးအခ်က္က ဒီလိုဗ် - စစ္ေကာင္စီ အာဏာသိမ္းေတာ့ (၁) ႏွစ္ဆိုတဲ့ Timeline အခ်ိန္ကန္႔သတ္ခ်က္ ေပးခဲ့တယ္။ ထင္သလိုိ မျဖစ္ခဲ့တာ ပထမတခ်က္။ ျပည္သူလူထုဘက္ကလဲ စစခ်င္း အားစိုက္ခြန္စိုက္ လမ္းေပၚေတြ၊ ေနာက္က်ေတာ့ လက္နက္ကိုင္နည္းေတြ၊ နည္းေပါင္းစံုေတြ တေန႔ထက္တေန႔ ထူးျခားဆန္းျပားၿပီးေတာ့ မ်ားျပားေနဆဲ ျဖစ္တဲ့အတြက္ ျပည္သူလူထုဟာ စိတ္ဓါတ္အက်ပိုင္း မေရာက္ေသးဘူးလို႔ က်ေနာ္ယူဆတယ္။ သို႔ေသာ္လဲပဲ ေမးခြန္းထဲမွာပါသလို တိုင္းျပည္ရဲ ႔ အေျခအေန၊ ျပည္သူလူထုရဲ ႔ စားဝတ္ေနေရး၊ ဘဝအေျခအေန အားလံုးဟာကေတာ့ အေတာ္ေလးကို ဆင္းရဲျခင္းေပါင္း ေျမာက္ျမားစြာရိွၿပီးေတာ့ အဲဒီဟာေတြက သာမန္ဆင္းရဲမႈ ဒုကၡမဟုတ္ဘဲနဲ႔ အနာဂတ္တုိင္းျပည္၊ အနာဂတ္ျပည္သူလူထုအေပၚမွာ အက်ဳိးသက္ေရာက္မႈ ႀကီးႀကီးမားမားျဖစ္မယ့္ အႏုတ္သေဘာေတြ ခံေနရတယ္။ ဒီလိုခံေနရတဲ့ၾကားထဲကကို ျပည္သူလူထုဟာ ႀကိဳးစားေနၾကဆဲ၊ အသက္ေတြ ေပးေနၾကဆဲ ျဖစ္တယ္လို႔ က်ေနာ္ ပဏာမ ေျဖၾကားပါရေစ။

ေမး ။ ။ ဘက္ေပါင္းစံုကေန ဆန္႔က်င္မႈေတြက ပိုမိုိႀကီးထြားလာတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ လက္နက္ကိုင္ဆန္႔က်င္မႈေတြကိုိုလည္း က်ေနာ္တုိ႔ ၾကည့္ပါရေစ။ PDF ေတြ၊ တုိင္းရင္းသားအဖြဲ႔အစည္းေတြက တိုက္ေနၾကတယ္။ တခ်ဳိ ႔သတင္းေတြအရ က်ေနာ္တိုိ႔ ေတြ႔ရတယ္။ စစ္ေကာင္စီဘက္က စစ္တပ္ဘက္က အေရးနိမ့္တာေတြ ႀကံဳရပါတယ္။ မၾကာခဏ အဲဒီသတင္းေတြကို က်ေနာ္တို႔ ၾကားရပါတယ္။ သို႔ေသာ္လဲပဲ စစ္ေရးကၽြမ္းက်င္သူေတြ သံုးသပ္တဲ့စကား က်ေနာ္ဖတ္ရတာ ေျပာပါရေစ -အဲဒါဘာလဲဆိုေတာ့ စစ္တပ္ဟာ တျဖည္းျဖည္းအေရးနိမ့္မႈေတြ ရိွေနေပမဲ့လဲ ေလာေလာဆယ္ သူတုိ႔ကို ႏိုင္ဖုိ႔ခဲယဥ္းတယ္။ ဘာေၾကာင့္လဲဆိုေတာ့ PDF ဘက္မွာ လစ္ဟေနတဲ့ အခ်က္ႏွစ္ခုက စစ္တပ္ဘက္မွာ ရိွေနတယ္။ အဲဒီႏွစ္ခုမွာ ပထမတခုကေတာ့ Unity of Command တစုတစည္းတည္း အမိန္႔ေပးႏုိင္မႈ၊ ဗဟိုခ်ဳပ္ကိုင္မႈ၊ ဗဟိုကေန တစုတေပါင္းတည္းနဲ႔ စုစည္းတဲ့ အမိန္႔အာဏာခ်ႏိုင္မႈနဲ႔ Unity of Strategy လို႔ သူတုိ႔ သံုးပါတယ္။ မဟာဗ်ဴဟာအရ စုစည္းမႈ မရိွဘူး။ စစ္တပ္ဘက္မွာ အဲဒါရိွတယ္ဆိုေတာ့ ဆရာအေနနဲ႔ အဲဒီအခ်က္ကို ဘယ္လိုသေဘာေပါက္ပါသလဲ။

ေျဖ ။ ။ အခုတုိက္ပြဲက လက္နက္ကိုင္ႏွစ္ဘက္ တိုက္ပြဲရိုးရိုးေလး မဟုတ္တဲ့အတြက္၊ စစ္ေရးဗ်ဴဟာ သံုးသပ္ခ်က္ေတြခ်ဖို႔ရာ အေတာ္ကိုခဲယဥ္းတဲ့ အခင္းအက်င္းတခု ျဖစ္တယ္လို႔ ျမင္ပါတယ္။ ျပည္သူဘက္က တုိုင္းရင္းသားလက္နက္ကိုင္အင္အားစုေတြ၊ တိုင္းရင္းသားအမည္မခံတဲ့ အျခားအျခားေသာ အင္အားစုေတြကလည္း တတ္ႏိုင္သေလာက္ စုစည္းမႈေတာ့ ေဆာင္ရြက္ေနၾကတယ္။ အကုန္လံုး Command တခု၊ အုပ္ခ်ဳပ္သူ အမိန္႔ေပးသူတခုေအာက္ထဲဝင္ဖို႔ဆိုတဲ့ အလားအလာကို သိပ္ၿပီးေတာ့ ေမွ်ာ္လင့္မထားသင့္ဘူးလို႔ ယူဆတယ္။ အကြက္ခ်ၿပီးေတာ့ ခ်က္က်က် ေဆာင္ရြက္ႏိုင္ရင္ကို စစ္တပ္ဘက္က အထိနာလိမ့္မယ္။ အဲဒီေတာ့ စစ္တပ္ကိုယ္ႏိႈက္ကလဲ ေပ်ာက္ၾကားဗ်ဴဟာကို ဘယ္ေတာ့မွ ကုန္သြားေအာင္၊ ရွင္းသြားေအာင္ မလုပ္ႏိုင္တဲ့ ဆယ္စုႏွစ္ေတြ မ်ားေနၿပီ။ အဲဒီေတာ့ အခုဟာက ေပ်ာက္ၾကားဗ်ဴဟာထက္ မတူတဲ့ စစ္အခင္းအက်င္းကို ျပည္သူလူထုဘက္က ေဆာင္ရြက္ေနေတာ့ စစ္တပ္အတြက္လဲ အေတာ္ကို ခက္ခဲတယ္။ တနည္းအားျဖင့္ သူတုိ႔လည္း စစ္ေရးနည္းနဲ႔ တိုက္ႏုိင္လိမ့္မယ္လို႔ မယူဆဘူး။ သူတုိ႔ကိုယ္တိုင္ကလဲ ထြက္ေပါက္ကို ေရြးေကာက္ပြဲတခုနဲ႔ ထြက္ေပါက္ရွာေရး ႀကိဳးစားေနတာ ျဖစ္တဲ့အတြက္ က်ေနာ္ျမင္တာကေတာ့ စစ္ေရးသံုးသပ္ခ်က္တခုတည္းနဲ႔ေတာ့ ဗမာႏုိင္ငံရဲ ႔ အခင္းအက်င္းဟာ မလံုေလာက္ဘူးလို႔ ယူဆပါတယ္။

ေမး ။ ။ ဒီေနရာမွာ စစ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ရုရွားဆီက လက္နက္ေတြ ပိုရတယ္ ဘာညာဆိုတာေတြ မေမးေတာ့ပါဘူး။ ဆရာေျဖသြားတဲ့အေျဖအရ ဒါက ေမးစရာလဲ အႀကံဳမဝင္ေတာ့ဘူး။ က်ေနာ္ ဆက္ေမးခ်င္တာက ႏုိင္ငံတကာရဲ ႔ ဖိအား ေျပာတာဆိုတာကေတာ့ မ်ားပါတတယ္။ လူေတြ သံုးသပ္ၾကတယ္။ ဒါေပမဲ့ ထိထိေရာက္ေရာက္ေတာ့ မဟုတ္ဘူး။ ဥပမာအားျဖင့္ အာဆီယံဆိုၾကပါစို - အာဆီယံက သူတုိ႔ မူ (၅) ခ်က္အရ လုပ္ေနတယ္။ တခ်ဳိ ႔က တိုက္တြန္းၿပီး ေရးၾကပါတယ္။ အခု ဂ်ပန္သတင္းစာတခ်ဳိ ႔က အယ္ဒီတာအာေဘာ္ထဲမွာ ဖတ္ရပါတယ္။ အာဆီယံက ထိထိေရာက္ေရာက္ လုပ္ရမယ္။ ေနာက္ၿပီးေတာ့ အေမရိကန္တို႔ ဥေရာပတို႔ကလည္း သူတုိ႔ေနာက္မွာ ဖိဖိစီးစီး တုိက္တြန္းေပးရမယ္။ ေတာင္းဆိုခ်က္အတိုိင္း မလိုက္နာဘူးဆိုရင္ ထုတ္ပစ္ဖို႔အထိ ႀကိဳးစားရမယ္လို႔ အႀကံေပးေရးၾကပါတယ္။ အဲဒီလို ေျပာေနၾကတာေတြေတာ့ မ်ားတယ္။ ဒါေပမဲ့ လက္ေတြ႔မွာေကာ တကယ္တမ္း ႏိုင္ငံတကာဖိအားဟာ ထိထိေရာက္ေရာက္ အက်ဳိးသက္ေရာက္ႏုိင္တဲ့ ေျပာင္းလဲႏုိင္တဲ့ အေျခအေန ေလာေလာဆယ္မွာ ရိွပါရဲ ႔လား။

ေျဖ ။ ။ က်ေနာ္တုိ႔ ျပည္ပႏုိင္ငံေရး အေတြ႔အႀကံဳနဲ႔ ယွဥ္လိုက္လို႔ရိွရင္ ႏိုင္ငံတကာကိစၥေပါ့ - က်ေနာ္တို႔တုန္းက မရခဲ့တဲ့ အခင္းအက်င္းေတြ၊ အေထာက္အကူေတြ၊ အကူအညီေတြ၊ သိုင္းဝိုင္းမႈေတြက အခု ၂၀၂၀ ေနာက္ပိုင္း ျပည္သူလူထုႀကီးရဲ ႔ လႈပ္ရွားမႈႀကီးက ရေနပါတယ္။ က်ေနာ္တို႔တုန္းမွာေတာ့ အစပိုင္းမွာေတာ့ ႏုိင္ငံတကာကို အင္မတန္မွ ေမွ်ာ္လင့္အားကိုးခဲ့ၾကဖူးတယ္။ အဲဒီတုန္းက ျပည္တြင္းမွာေနတဲ့ ျပည္သူလူထုက ႏုိင္ငံတကာအေအပၚမွာ အားထားမႈ ႀကီးခဲ့ၾကတယ္။ ဒါေပမဲ့ အခုေနာက္ပိုင္းအေျခအေနကို သံုးသပ္ၿပီးေတာ့ ျပည္သူလူထုကိုယ္ႏိႈက္က ႏိုင္ငံတကာအေပၚမွာ အားထားမႈက အရင္တုန္းက ေမွ်ာ္လင့္အားထားမႈေလာက္ေတာင္ မဟုတ္ဘဲနဲ႔ အတိုင္းအတာ အကန္႔အသတ္ အမွန္္နဲ႔ နီးစပ္လာတယ္လို႔ က်ေနာ္ ယူဆပါတယ္။ ႏိုင္ငံတကာဆိုတာလဲ သိတဲ့အတုိင္းပဲ က်ေနာ္တုိ႔ ရုရွားကို မေမးပါဘူးေျပာလဲ က်ေနာ္သံုးသပ္တာကေတာ့ စစ္ေကာင္စီအတြက္ေတာ့ ရုရွားဆိုတဲ့ ဖဲခ်ပ္ႀကီးဟာ အေတာ္ေလး အသံုးက်တယ္လို႔ ျမင္တယ္။ အခ်ဳပ္ေျပာရင္ ရုရွားအခ်က္ဟာလဲ အေရးႀကီးတယ္။ ႏိုင္ငံတကာအခ်က္ကလဲ အေရးႀကီးေသာ္လဲပဲ သူဟာ အဆံုးအျဖတ္ေပးမဲ့ အခ်က္မဟုတ္ဘူးလို႔ က်ေနာ္ျမင္ပါတယ္။

ေမး ။ ။ ရုရွားတင္မကဘူး၊ ျမန္မာႏိုင္ငံ အိမ္နီးနားခ်င္းျဖစ္တဲ့ ထုိင္း၊ အိႏိၵယ၊ တရုတ္တို႔ကလည္း စစ္ေကာင္စီနဲ႔ ဆက္ႏႊယ္ၿပီးေတာ့ အလုပ္အကိုင္ေတြ လုပ္ေနၾကတယ္ဆိုေတာ့ စစ္ေကာင္စီအတြက္ေတာ့ ဒီဘက္မွာ အားသာမႈေတြ ရိွေနေသးတယ္။ အားကိုးစရာေတြ ရိွေနေသးတယ္လို႔ဆိုရင္ မွားမလား။

ေျဖ ။ ။ မွန္ပါတယ္။ စစ္ေကာင္စီကလည္း နည္းမ်ဳိးစံုနဲ႔ သူ႔ကိုေထာက္ခံမယ့္၊ ကာကြယ္မယ္၊ အကူအညီေပးမယ့္ ႏုိင္ငံေပါင္းစံုကို သူရွာပါတယ္။ ဒါေပမဲ့ က်ေနာ္ ပထမဦးဆံုး ေမးခြန္းမွာ ေျဖဆိုခဲ့သလို စစ္ေကာင္စီဟာ တသက္လံုး တုိင္းျပည္ကို သူတုိ႔ အုပ္ခ်ဳပ္လို႔ မရဘူး။ အုပ္ခ်ဳပ္မယ္လို႔လဲ မေျပာတဲ့အတြက္ တေန႔တခ်ိန္မွာ ထြက္ေပါက္တခုနဲ႔ ထြက္ရပါလိမ့္မယ္။ အေယာင္ေဆာင္အစိုးရတခုျဖစ္တဲ့ PR စနစ္ကို ေျပာင္းေကာင္းေျပာင္းလိမ့္မယ္။ အဲဒီအခ်ိန္မွာ အခုန သူအားကိုးခဲ့တဲ့ အခ်က္အလက္ေတြ - ႏုိင္ငံတကာကိစၥေတြ၊ ရရွားကိစၥေတြေကာ အကုန္လံုး အဲဒီကိစၥေတြဟာ တိုင္းျပည္အတြက္ေတာ့ မေကာင္းႏိုင္ဘူး။ အိမ္နီးခ်င္းေတြကလဲ သိတဲ့အတိုင္းပဲ ဘယ္အစိုးရတက္တက္ ကုန္သြယ္ေရး၊ စီးပြားေရး၊ လံုၿခံဳေရး၊ ဆက္ဆံေရး လုပ္ေနမွာပဲ။ သူတုိ႔ကို သိပ္ထည့္တြက္လို႔ရတဲ့ ႏုိင္ငံေတြ မဟုတ္ဘူး။ ဒီထက္မ်ားစြာ မေမွ်ာ္လင့္သင့္ဘူး။ ဆိုးတဲ့အက်ဳိးဆက္ေတြကိုပဲ က်ေနာ္ကေတာ့ စိုးရိမ္ပါတယ္။

ေမး ။ ။ စစ္ေကာင္စီက ေနာက္ႏွစ္ ၾသဂုတ္လမွာ ေရြးေကာက္ပြဲလုပ္ၿပီးေတာ့ ထြက္ေပါက္ရွာေနပါတယ္။ တနည္းအားျဖင့္ သူတုိ႔ကို ေထာက္ခံတဲ့ပါတီေတြကို အႏိုင္ရရိွေစၿပီးေတာ့ တရားဝင္အစိုးရျဖစ္ေအာင္ လုပ္မယ္ ဘာညာလမ္းေၾကာင္းကို သြားေနပါတယ္။ ဆိုေတာ့ အဲဒီလမ္းေၾကာင္းက စစ္ေကာင္စီက ထြက္ေပါက္ရသြားႏိုင္သလား။ အဲဒီလမ္းေၾကာင္းက မရရင္ေကာ ဘယ္နည္းနဲ႔ ထြက္ေပါက္ရွာမလဲဆိုတာလဲ စဥ္းစားစရာ ျဖစ္ေနပါတယ္။ ဆရာ အနာဂတ္ကို ဘယ္လိုခန္႔မွန္းမိပါလဲ။

ေျဖ ။ ။ အနာဂတ္ကို ခန္႔မွန္းရတာေတာ့ ခက္တယ္။ စစ္ေကာင္စီဟာ PR စနစ္နဲ႔လုပ္ဖို႔ အာဏာသိမ္းတဲ့ ပထမေန႔ေတြမွာ အရိပ္အေယာင္ျပၿပီသားျဖစ္တယ္။ ဒါကေတာ့ မဆန္းဘူး။ သို႔ေသာ္ သူ႔ရဲ ႔ PR ကို ပထမဦးဆံုး ေမးခြန္းမွာ ေျဖခဲ့သလို၊ (၁) ႏွစ္နဲ႔ ရမလားလို႔ လုပ္ခဲ့တယ္။ အခုေတာ့ မရတဲ့အျပင္၊ ေနာက္တႏွစ္ေလာက္မွာ လုပ္အံုးမွာေပါ့။ ထားပါေတာ့ ဘယ္အခ်ိိန္ျဖစ္ျဖစ္ သူ႔ရဲ ႔ထြက္ေပါက္ဟာ PR စနစ္နဲ႔ ေနာက္အစိုးရကိုေျပာင္းေရး သူႀကိဳးစားမွာပဲ။ အဖြဲ႔ကေတာ့ ထိုင္းပံုစံမ်ဳိး ႀကိဳးစားခ်င္တယ္။ အဲဒီလိုလဲ မရေတာ့ သူက PR စနစ္မွာ ဝင္ကမယ့္ ႏုိင္ငံေရးပါတီေတြကလဲ ရိွေနတယ္။ ဒီေမးခြန္းကို ေျဖရရင္ ဒီစနစ္နဲ႔ ဆက္သြားဖို႔ ႀကိဳးစားမယ္။ ဒါက စစ္ေကာင္စီက ေရြးတဲ့လမ္း။ ျပည္သူလူထုကလည္း တတ္စြမ္းသေရြ ႔ ဆန္႔က်င္မႈေတြ ရိွလာလိမ့္မယ္လို႔ က်ေနာ္က ထင္တယ္။ ဥပမာေပါ့ - PDF အုပ္စိုးတဲ့ၿမိဳ ႔ - အဲဒီတုန္းက စိတ္ကူးမထည့္ခဲ့တဲ့ ဆန္႔က်င္မႈမ်ဳိးလို PR ေရြးေကာက္ပြဲမွာ ဘယ္တုန္းကမွ မျဖစ္ဘူးတဲ့၊ မႀကံဳဘူးတဲ့ ဆန္႔က်င္မႈေတြ ျပည္သူလူထုဘက္က ရိွႏိုင္လိမ့္မယ္လို႔ က်ေနာ္က ယူဆတယ္။ တကယ္လို႔ စစ္ေကာင္စီက အဲဒီ PR စနစ္နဲ႔ ထြက္ေပါက္ကို ေကာင္းေကာင္းအသံုးခ်မယ္ဆိုရင္ ဒါကို ျပည္သူလူထုကလဲ က်က်နန ဆန္႔က်င္ၾကလိမ့္မယ္လို႔ က်ေနာ္ ယူဆပါတယ္။

ေမး ။ ။ ေနာက္ဆံုး ျပည္သူလူထုရဲ ႔ ထြက္ေပါက္ေကာ ဘယ္လို ျဖစ္မလဲ။

ေျဖ ။ ။ အဲဒါလဲ အေတာ္ကိုခက္တဲ့ ေမးခြန္းေပါ့။ က်ေနာ္ တတ္ႏိုင္ဆံုး ေျဖရရင္ ျပည္သူလူထုဟာ စစ္ေကာင္စီအာဏာသိမ္းကတည္းက ေနာက္ထပ္အာဏာသိမ္းမႈ မျဖစ္ေအာင္ကို ေဆာင္ပုဒ္နဲ႔ ေဆာင္ရြက္ေနခဲ့ၾကတာ ဒီကေန႔အထိ။ ျပည္သူလူထုဘက္ကလည္း တတ္ႏုိင္ဆံုး ဆန္႔က်င္မႈေတြထက္ ပိုၿပီးေတာ့ မစြမ္းႏုိင္ေသးတဲ့ အေနအထားတရပ္ ရိွေနတယ္။ တနည္းအားျဖင့္ သိပ္ၿပီးေတာ့ ေမွ်ာ္လင့္အားကိုးတႀကီး မရိွတာေတာ့ အမွန္ပဲ။ အဲဒီေတာ့ ဒီအေျခအေနေပၚမွာ မူတည္ၿပီးေတာ့ ျပည္သူလူထုရဲ ႔ ကံၾကမၼာဟာ ေကာင္းမယ္၊ ဆိုးမယ္ ျဖစ္လာလိမ့္မယ္လို႔ က်ေနာ္ ယူဆတယ္။ အဲဒီေတာ့ ျပည္သူလူထု ကံေကာင္းပါေစလို႔ ဆုေတာင္းပါတယ္။

=== Unicode ====

စစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတို့အကြား အားပြိုင်မှုဟာ (၁၈) လကြာမြင့်လာတဲ့အချိန်ထိ အရှုံးအနိုင် မပြတ်သားသေးသလို၊ ရှေ့အလားအလာကိုလဲ ယတိပြတ် မပြောနိုင်သေးဘူးလို့ နိုင်ငံတကာသုံးသပ်သူတွေက ပြောနေရေးနေကြပါတယ်။ ၁၉၉၀ တုန်းက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူလဲဖြစ်၊ မြန်မာ့နိုင်ငံရေး စောင့်ကြည့်သုံးသပ်သူလည်းဖြစ်တဲ့ ဒေါက်တာတင့်ဆွေကတော့ လက်နက်နဲ့ ချေမှုန်းခြင်းသည်လည်းကောင်း၊ PR စနစ်နဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲသည်လည်းကောင်း စစ်ကောင်စီအတွက် ထွက်ပေါက်မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။ ဆိုတော့ ဒီအကျပ်အတည်းရဲ့ ရှေ့အလားအလာကော ဘယ်လိုရှိပါသလဲ။ ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခု မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အစိုးရကို ဖယ်ရှားခဲ့တာ (၁) နှစ်ခွဲကျော်ခဲ့ပါပြီ။ ဒီအခြေအနေမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းနေတဲ့ အင်အားစုတွေနဲ့ အာဏာထိန်းထားတဲ့ စစ်တပ်တို့ကြား အားပြိုင်မှုကို ကျနော် အဓိကဆွေးနွေးချင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအဓိက အကြောင်းအရာကို မသွားခင်မှာ ဒီစစ်တပ်ထိန်းချုပ်ထားတဲ့ (၁) နှစ်ခွဲ ကာလအတွင်းမှာ မြန်မာပြည်သူတွေရဲ့ အခြေအနေ၊ မြန်မာပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို ကျနော်တို့ အများကြီးကြားနေရပါတယ်။ ကျနော် အဓိက သိချင်တာက မြန်မာပြည်သူတွေက ငါတို့မှာ မျှော်လင့်ချက်ရှိတယ်၊ တချိန်ချိန်မှာတော့ ပြန်ပြီးတော့ အခြေအနေကောင်းလာလိမ့်မယ်လို့ ထင်နေကြတယ်လို့ ဆရာ တွေးမိပါသလား။

ဖြေ ။ ။ ပထမဦးဆုံးအချက်က ဒီလိုဗျ - စစ်ကောင်စီ အာဏာသိမ်းတော့ (၁) နှစ်ဆိုတဲ့ Timeline အချိန်ကန့်သတ်ချက် ပေးခဲ့တယ်။ ထင်သလို မဖြစ်ခဲ့တာ ပထမတချက်။ ပြည်သူလူထုဘက်ကလဲ စစချင်း အားစိုက်ခွန်စိုက် လမ်းပေါ်တွေ၊ နောက်ကျတော့ လက်နက်ကိုင်နည်းတွေ၊ နည်းပေါင်းစုံတွေ တနေ့ထက်တနေ့ ထူးခြားဆန်းပြားပြီးတော့ များပြားနေဆဲ ဖြစ်တဲ့အတွက် ပြည်သူလူထုဟာ စိတ်ဓါတ်အကျပိုင်း မရောက်သေးဘူးလို့ ကျနော်ယူဆတယ်။ သို့သော်လဲပဲ မေးခွန်းထဲမှာပါသလို တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ ဘဝအခြေအနေ အားလုံးဟာကတော့ အတော်လေးကို ဆင်းရဲခြင်းပေါင်း မြောက်မြားစွာရှိပြီးတော့ အဲဒီဟာတွေက သာမန်ဆင်းရဲမှု ဒုက္ခမဟုတ်ဘဲနဲ့ အနာဂတ်တိုင်းပြည်၊ အနာဂတ်ပြည်သူလူထုအပေါ်မှာ အကျိုးသက်ရောက်မှု ကြီးကြီးမားမားဖြစ်မယ့် အနုတ်သဘောတွေ ခံနေရတယ်။ ဒီလိုခံနေရတဲ့ကြားထဲကကို ပြည်သူလူထုဟာ ကြိုးစားနေကြဆဲ၊ အသက်တွေ ပေးနေကြဆဲ ဖြစ်တယ်လို့ ကျနော် ပဏာမ ဖြေကြားပါရစေ။

မေး ။ ။ ဘက်ပေါင်းစုံကနေ ဆန့်ကျင်မှုတွေက ပိုမိုကြီးထွားလာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်ဆန့်ကျင်မှုတွေကိုလည်း ကျနော်တို့ ကြည့်ပါရစေ။ PDF တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေက တိုက်နေကြတယ်။ တချို့သတင်းတွေအရ ကျနော်တို့ တွေ့ရတယ်။ စစ်ကောင်စီဘက်က စစ်တပ်ဘက်က အရေးနိမ့်တာတွေ ကြုံရပါတယ်။ မကြာခဏ အဲဒီသတင်းတွေကို ကျနော်တို့ ကြားရပါတယ်။ သို့သော်လဲပဲ စစ်ရေးကျွမ်းကျင်သူတွေ သုံးသပ်တဲ့စကား ကျနော်ဖတ်ရတာ ပြောပါရစေ -အဲဒါဘာလဲဆိုတော့ စစ်တပ်ဟာ တဖြည်းဖြည်းအရေးနိမ့်မှုတွေ ရှိနေပေမဲ့လဲ လောလောဆယ် သူတို့ကို နိုင်ဖို့ခဲယဉ်းတယ်။ ဘာကြောင့်လဲဆိုတော့ PDF ဘက်မှာ လစ်ဟနေတဲ့ အချက်နှစ်ခုက စစ်တပ်ဘက်မှာ ရှိနေတယ်။ အဲဒီနှစ်ခုမှာ ပထမတခုကတော့ Unity of Command တစုတစည်းတည်း အမိန့်ပေးနိုင်မှု၊ ဗဟိုချုပ်ကိုင်မှု၊ ဗဟိုကနေ တစုတပေါင်းတည်းနဲ့ စုစည်းတဲ့ အမိန့်အာဏာချနိုင်မှုနဲ့ Unity of Strategy လို့ သူတို့ သုံးပါတယ်။ မဟာဗျူဟာအရ စုစည်းမှု မရှိဘူး။ စစ်တပ်ဘက်မှာ အဲဒါရှိတယ်ဆိုတော့ ဆရာအနေနဲ့ အဲဒီအချက်ကို ဘယ်လိုသဘောပေါက်ပါသလဲ။

ဖြေ ။ ။ အခုတိုက်ပွဲက လက်နက်ကိုင်နှစ်ဘက် တိုက်ပွဲရိုးရိုးလေး မဟုတ်တဲ့အတွက်၊ စစ်ရေးဗျူဟာ သုံးသပ်ချက်တွေချဖို့ရာ အတော်ကိုခဲယဉ်းတဲ့ အခင်းအကျင်းတခု ဖြစ်တယ်လို့ မြင်ပါတယ်။ ပြည်သူဘက်က တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ တိုင်းရင်းသားအမည်မခံတဲ့ အခြားအခြားသော အင်အားစုတွေကလည်း တတ်နိုင်သလောက် စုစည်းမှုတော့ ဆောင်ရွက်နေကြတယ်။ အကုန်လုံး Command တခု၊ အုပ်ချုပ်သူ အမိန့်ပေးသူတခုအောက်ထဲဝင်ဖို့ဆိုတဲ့ အလားအလာကို သိပ်ပြီးတော့ မျှော်လင့်မထားသင့်ဘူးလို့ ယူဆတယ်။ အကွက်ချပြီးတော့ ချက်ကျကျ ဆောင်ရွက်နိုင်ရင်ကို စစ်တပ်ဘက်က အထိနာလိမ့်မယ်။ အဲဒီတော့ စစ်တပ်ကိုယ်နှိုက်ကလဲ ပျောက်ကြားဗျူဟာကို ဘယ်တော့မှ ကုန်သွားအောင်၊ ရှင်းသွားအောင် မလုပ်နိုင်တဲ့ ဆယ်စုနှစ်တွေ များနေပြီ။ အဲဒီတော့ အခုဟာက ပျောက်ကြားဗျူဟာထက် မတူတဲ့ စစ်အခင်းအကျင်းကို ပြည်သူလူထုဘက်က ဆောင်ရွက်နေတော့ စစ်တပ်အတွက်လဲ အတော်ကို ခက်ခဲတယ်။ တနည်းအားဖြင့် သူတို့လည်း စစ်ရေးနည်းနဲ့ တိုက်နိုင်လိမ့်မယ်လို့ မယူဆဘူး။ သူတို့ကိုယ်တိုင်ကလဲ ထွက်ပေါက်ကို ရွေးကောက်ပွဲတခုနဲ့ ထွက်ပေါက်ရှာရေး ကြိုးစားနေတာ ဖြစ်တဲ့အတွက် ကျနော်မြင်တာကတော့ စစ်ရေးသုံးသပ်ချက်တခုတည်းနဲ့တော့ ဗမာနိုင်ငံရဲ့ အခင်းအကျင်းဟာ မလုံလောက်ဘူးလို့ ယူဆပါတယ်။

မေး ။ ။ ဒီနေရာမှာ စစ်ရေးနဲ့ ပတ်သက်ပြီးတော့ ရုရှားဆီက လက်နက်တွေ ပိုရတယ် ဘာညာဆိုတာတွေ မမေးတော့ပါဘူး။ ဆရာဖြေသွားတဲ့အဖြေအရ ဒါက မေးစရာလဲ အကြုံမဝင်တော့ဘူး။ ကျနော် ဆက်မေးချင်တာက နိုင်ငံတကာရဲ့ ဖိအား ပြောတာဆိုတာကတော့ များပါတတယ်။ လူတွေ သုံးသပ်ကြတယ်။ ဒါပေမဲ့ ထိထိရောက်ရောက်တော့ မဟုတ်ဘူး။ ဥပမာအားဖြင့် အာဆီယံဆိုကြပါစို - အာဆီယံက သူတို့ မူ (၅) ချက်အရ လုပ်နေတယ်။ တချို့က တိုက်တွန်းပြီး ရေးကြပါတယ်။ အခု ဂျပန်သတင်းစာတချို့က အယ်ဒီတာအာဘော်ထဲမှာ ဖတ်ရပါတယ်။ အာဆီယံက ထိထိရောက်ရောက် လုပ်ရမယ်။ နောက်ပြီးတော့ အမေရိကန်တို့ ဥရောပတို့ကလည်း သူတို့နောက်မှာ ဖိဖိစီးစီး တိုက်တွန်းပေးရမယ်။ တောင်းဆိုချက်အတိုင်း မလိုက်နာဘူးဆိုရင် ထုတ်ပစ်ဖို့အထိ ကြိုးစားရမယ်လို့ အကြံပေးရေးကြပါတယ်။ အဲဒီလို ပြောနေကြတာတွေတော့ များတယ်။ ဒါပေမဲ့ လက်တွေ့မှာကော တကယ်တမ်း နိုင်ငံတကာဖိအားဟာ ထိထိရောက်ရောက် အကျိုးသက်ရောက်နိုင်တဲ့ ပြောင်းလဲနိုင်တဲ့ အခြေအနေ လောလောဆယ်မှာ ရှိပါရဲ့လား။

ဖြေ ။ ။ ကျနော်တို့ ပြည်ပနိုင်ငံရေး အတွေ့အကြုံနဲ့ ယှဉ်လိုက်လို့ရှိရင် နိုင်ငံတကာကိစ္စပေါ့ - ကျနော်တို့တုန်းက မရခဲ့တဲ့ အခင်းအကျင်းတွေ၊ အထောက်အကူတွေ၊ အကူအညီတွေ၊ သိုင်းဝိုင်းမှုတွေက အခု ၂၀၂၀ နောက်ပိုင်း ပြည်သူလူထုကြီးရဲ့ လှုပ်ရှားမှုကြီးက ရနေပါတယ်။ ကျနော်တို့တုန်းမှာတော့ အစပိုင်းမှာတော့ နိုင်ငံတကာကို အင်မတန်မှ မျှော်လင့်အားကိုးခဲ့ကြဖူးတယ်။ အဲဒီတုန်းက ပြည်တွင်းမှာနေတဲ့ ပြည်သူလူထုက နိုင်ငံတကာအအေပါ်မှာ အားထားမှု ကြီးခဲ့ကြတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းအခြေအနေကို သုံးသပ်ပြီးတော့ ပြည်သူလူထုကိုယ်နှိုက်က နိုင်ငံတကာအပေါ်မှာ အားထားမှုက အရင်တုန်းက မျှော်လင့်အားထားမှုလောက်တောင် မဟုတ်ဘဲနဲ့ အတိုင်းအတာ အကန့်အသတ် အမှန်နဲ့ နီးစပ်လာတယ်လို့ ကျနော် ယူဆပါတယ်။ နိုင်ငံတကာဆိုတာလဲ သိတဲ့အတိုင်းပဲ ကျနော်တို့ ရုရှားကို မမေးပါဘူးပြောလဲ ကျနော်သုံးသပ်တာကတော့ စစ်ကောင်စီအတွက်တော့ ရုရှားဆိုတဲ့ ဖဲချပ်ကြီးဟာ အတော်လေး အသုံးကျတယ်လို့ မြင်တယ်။ အချုပ်ပြောရင် ရုရှားအချက်ဟာလဲ အရေးကြီးတယ်။ နိုင်ငံတကာအချက်ကလဲ အရေးကြီးသော်လဲပဲ သူဟာ အဆုံးအဖြတ်ပေးမဲ့ အချက်မဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။

မေး ။ ။ ရုရှားတင်မကဘူး၊ မြန်မာနိုင်ငံ အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ်တို့ကလည်း စစ်ကောင်စီနဲ့ ဆက်နွှယ်ပြီးတော့ အလုပ်အကိုင်တွေ လုပ်နေကြတယ်ဆိုတော့ စစ်ကောင်စီအတွက်တော့ ဒီဘက်မှာ အားသာမှုတွေ ရှိနေသေးတယ်။ အားကိုးစရာတွေ ရှိနေသေးတယ်လို့ဆိုရင် မှားမလား။

ဖြေ ။ ။ မှန်ပါတယ်။ စစ်ကောင်စီကလည်း နည်းမျိုးစုံနဲ့ သူ့ကိုထောက်ခံမယ့်၊ ကာကွယ်မယ်၊ အကူအညီပေးမယ့် နိုင်ငံပေါင်းစုံကို သူရှာပါတယ်။ ဒါပေမဲ့ ကျနော် ပထမဦးဆုံး မေးခွန်းမှာ ဖြေဆိုခဲ့သလို စစ်ကောင်စီဟာ တသက်လုံး တိုင်းပြည်ကို သူတို့ အုပ်ချုပ်လို့ မရဘူး။ အုပ်ချုပ်မယ်လို့လဲ မပြောတဲ့အတွက် တနေ့တချိန်မှာ ထွက်ပေါက်တခုနဲ့ ထွက်ရပါလိမ့်မယ်။ အယောင်ဆောင်အစိုးရတခုဖြစ်တဲ့ PR စနစ်ကို ပြောင်းကောင်းပြောင်းလိမ့်မယ်။ အဲဒီအချိန်မှာ အခုန သူအားကိုးခဲ့တဲ့ အချက်အလက်တွေ - နိုင်ငံတကာကိစ္စတွေ၊ ရရှားကိစ္စတွေကော အကုန်လုံး အဲဒီကိစ္စတွေဟာ တိုင်းပြည်အတွက်တော့ မကောင်းနိုင်ဘူး။ အိမ်နီးချင်းတွေကလဲ သိတဲ့အတိုင်းပဲ ဘယ်အစိုးရတက်တက် ကုန်သွယ်ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ဆက်ဆံရေး လုပ်နေမှာပဲ။ သူတို့ကို သိပ်ထည့်တွက်လို့ရတဲ့ နိုင်ငံတွေ မဟုတ်ဘူး။ ဒီထက်များစွာ မမျှော်လင့်သင့်ဘူး။ ဆိုးတဲ့အကျိုးဆက်တွေကိုပဲ ကျနော်ကတော့ စိုးရိမ်ပါတယ်။

မေး ။ ။ စစ်ကောင်စီက နောက်နှစ် သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်ပြီးတော့ ထွက်ပေါက်ရှာနေပါတယ်။ တနည်းအားဖြင့် သူတို့ကို ထောက်ခံတဲ့ပါတီတွေကို အနိုင်ရရှိစေပြီးတော့ တရားဝင်အစိုးရဖြစ်အောင် လုပ်မယ် ဘာညာလမ်းကြောင်းကို သွားနေပါတယ်။ ဆိုတော့ အဲဒီလမ်းကြောင်းက စစ်ကောင်စီက ထွက်ပေါက်ရသွားနိုင်သလား။ အဲဒီလမ်းကြောင်းက မရရင်ကော ဘယ်နည်းနဲ့ ထွက်ပေါက်ရှာမလဲဆိုတာလဲ စဉ်းစားစရာ ဖြစ်နေပါတယ်။ ဆရာ အနာဂတ်ကို ဘယ်လိုခန့်မှန်းမိပါလဲ။

ဖြေ ။ ။ အနာဂတ်ကို ခန့်မှန်းရတာတော့ ခက်တယ်။ စစ်ကောင်စီဟာ PR စနစ်နဲ့လုပ်ဖို့ အာဏာသိမ်းတဲ့ ပထမနေ့တွေမှာ အရိပ်အယောင်ပြပြီသားဖြစ်တယ်။ ဒါကတော့ မဆန်းဘူး။ သို့သော် သူ့ရဲ့ PR ကို ပထမဦးဆုံး မေးခွန်းမှာ ဖြေခဲ့သလို၊ (၁) နှစ်နဲ့ ရမလားလို့ လုပ်ခဲ့တယ်။ အခုတော့ မရတဲ့အပြင်၊ နောက်တနှစ်လောက်မှာ လုပ်အုံးမှာပေါ့။ ထားပါတော့ ဘယ်အချိန်ဖြစ်ဖြစ် သူ့ရဲ့ထွက်ပေါက်ဟာ PR စနစ်နဲ့ နောက်အစိုးရကိုပြောင်းရေး သူကြိုးစားမှာပဲ။ အဖွဲ့ကတော့ ထိုင်းပုံစံမျိုး ကြိုးစားချင်တယ်။ အဲဒီလိုလဲ မရတော့ သူက PR စနစ်မှာ ဝင်ကမယ့် နိုင်ငံရေးပါတီတွေကလဲ ရှိနေတယ်။ ဒီမေးခွန်းကို ဖြေရရင် ဒီစနစ်နဲ့ ဆက်သွားဖို့ ကြိုးစားမယ်။ ဒါက စစ်ကောင်စီက ရွေးတဲ့လမ်း။ ပြည်သူလူထုကလည်း တတ်စွမ်းသရွေ့ ဆန့်ကျင်မှုတွေ ရှိလာလိမ့်မယ်လို့ ကျနော်က ထင်တယ်။ ဥပမာပေါ့ - PDF အုပ်စိုးတဲ့မြို့ - အဲဒီတုန်းက စိတ်ကူးမထည့်ခဲ့တဲ့ ဆန့်ကျင်မှုမျိုးလို PR ရွေးကောက်ပွဲမှာ ဘယ်တုန်းကမှ မဖြစ်ဘူးတဲ့၊ မကြုံဘူးတဲ့ ဆန့်ကျင်မှုတွေ ပြည်သူလူထုဘက်က ရှိနိုင်လိမ့်မယ်လို့ ကျနော်က ယူဆတယ်။ တကယ်လို့ စစ်ကောင်စီက အဲဒီ PR စနစ်နဲ့ ထွက်ပေါက်ကို ကောင်းကောင်းအသုံးချမယ်ဆိုရင် ဒါကို ပြည်သူလူထုကလဲ ကျကျနန ဆန့်ကျင်ကြလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

မေး ။ ။ နောက်ဆုံး ပြည်သူလူထုရဲ့ ထွက်ပေါက်ကော ဘယ်လို ဖြစ်မလဲ။

ဖြေ ။ ။ အဲဒါလဲ အတော်ကိုခက်တဲ့ မေးခွန်းပေါ့။ ကျနော် တတ်နိုင်ဆုံး ဖြေရရင် ပြည်သူလူထုဟာ စစ်ကောင်စီအာဏာသိမ်းကတည်းက နောက်ထပ်အာဏာသိမ်းမှု မဖြစ်အောင်ကို ဆောင်ပုဒ်နဲ့ ဆောင်ရွက်နေခဲ့ကြတာ ဒီကနေ့အထိ။ ပြည်သူလူထုဘက်ကလည်း တတ်နိုင်ဆုံး ဆန့်ကျင်မှုတွေထက် ပိုပြီးတော့ မစွမ်းနိုင်သေးတဲ့ အနေအထားတရပ် ရှိနေတယ်။ တနည်းအားဖြင့် သိပ်ပြီးတော့ မျှော်လင့်အားကိုးတကြီး မရှိတာတော့ အမှန်ပဲ။ အဲဒီတော့ ဒီအခြေအနေပေါ်မှာ မူတည်ပြီးတော့ ပြည်သူလူထုရဲ့ ကံကြမ္မာဟာ ကောင်းမယ်၊ ဆိုးမယ် ဖြစ်လာလိမ့်မယ်လို့ ကျနော် ယူဆတယ်။ အဲဒီတော့ ပြည်သူလူထု ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။

XS
SM
MD
LG