သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျပည္တြင္းစစ္ အကဲခတ္ခ်က္


APTOPIX Myanmar Ethnic Wars

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ျမန္မာျပည္မွာ စစ္အာဏာသိမ္းထားတာ တႏွစ္ ရိွလာၿပီျဖစ္ၿပီး ျပည္သူေတြရဲ ႔ ခုခံေတာ္လွန္မႈဟာလည္း တႏွစ္နီးပါး ရိွလာပါၿပီ။ ဒီလို ေရရွည္ပဋိပကၡ ရိွေနလို႔၊ အာဏာသိမ္းစစ္တပ္ဟာ တိုင္းျပည္ကို ခ်ဳပ္ကိုင္ေနတဲ့ အေနအထားမွာ မရိွဘူးလို႔ သံုးသပ္ၾကပါတယ္။ ျပည္တြင္းစစ္အေျခအေနနဲ႔ ပတ္သက္ၿပီး အျမင္အမ်ဳိးမ်ဳိးရိွတဲ့အနက္ ထိုင္းအေျခစိုက္ လံုၿခံဳေရးရာဝါရင့္သုေတသီ Anthony Davis ရဲ ႔ အကဲခတ္ခ်က္ကို အက်ဥ္းရံုး တင္ျပလိုပါတယ္။ ဒီႏွစ္ထဲမွာ စစ္ေကာင္စီနဲ႔ PDF တပ္ဖြဲ႔ေတြရဲ ႔ တိုက္ပြဲကို ပီပီျပင္ျပင္ ျမင္ရမယ္လို႔ လြန္ခဲ့တဲ့ ဒီဇင္ဘာလ ေႏွာင္းပိုင္းထုတ္ Asia Times သတင္းစာမွာ ခန္႔မွန္းထားပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေအာက္က လြတ္ေျမာက္ဖို႔ ရည္ရြယ္တဲ့ ၂၀၂၁ ေႏြဦးေတာ္လွန္ေရးဟာ လြတ္လပ္ေရးရတဲ့ ၁၉၄၈ လိုပဲ အက်ဳိးဆက္ႀကီးမားတယ္လို႔ ဆိုပါတယ္။ တႏွစ္နီးပါး ရိွလာေပမယ့္ လက္နက္ကိုင္ပဋိပကၡဟာ ေသာင္မတင္ေရမက် ျဖစ္ေနပါတယ္။ ဒါေပမဲ့ အဓိကတိုက္ပြဲဝင္ေနသူေတြရဲ ႔ အားသာခ်က္နဲ႔ အားနည္းခ်က္ကေတာ့ သိသာေနပါၿပီတဲ့။ ဒီတုိက္ပြဲမွာ ဘယ္ဘက္က အသာရဖြယ္ရိွမယ္ဆိုတာကို ဒီႏွစ္ထဲမွာ ရွင္းရွင္းလင္းလင္း သိႏိုင္လိမ့္မယ္လို႔ ဆိုပါတယ္။ ျမန္မာျပည္အလယ္ပိုင္းနဲ႔ ျပည္နယ္မွာ ၿမိဳ ႔နယ္တိုင္းလိုလို PDF တပ္ဖြဲ႔ေတြ ရိွေနၿပီး၊ လက္လုပ္မိုင္းဗံုးေတြကို သံုးေနၾကပါတယ္။

လက္နက္ကိုင္ေတာ္လွန္ေရးရဲ ႔ ဗဟိုအခ်က္အခ်ာဟာ စစ္ကိုင္းနဲ႔ မေကြးတိုင္းေတြ ျဖစ္ေနတာကို စစ္ေကာင္စီ လန္႔ဖ်တ္သြားပံု ရပါတယ္။ ‘အေလာင္းမင္းတရား’ စစ္ဆင္ေရးဆိုၿပီး ရဟတ္ယာဥ္နဲ႔ စစ္ေလယာဥ္ေတြသံုးၿပီး၊ အႀကီးအက်ယ္ ထိုးစစ္ဆင္ေပမယ့္ ျပည္သူ႔ေတာ္လွန္ေရးဟာ အရိွန္ေသ မသြားပါဘူး။ ဒါေပမဲ့ PDF တပ္ဖြဲ႔ေတြ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈႏွစ္ခု ရိွပါတယ္။ ေခတ္မီလက္နက္ ရရိွေရးဟာ ပထမ စိန္ေခၚမႈ ျဖစ္ပါတယ္။ အခုေတာ့ ကခ်င္၊ ကရင္နဲ႔ ကရင္နီတပ္ဖြဲ႔ေတြဆီကရတဲ့ ေမာင္းျပန္ေသနတ္ေတြကိုလည္း သံုးလာပါတယ္။ ဒါေပမဲ့ စက္ေသနတ္၊ RPG ေလာင္ခ်ာ၊ ေမာ္တာ စတာေတြကိုေတာ့ မသံုးႏိုင္ေသးတဲ့အတြက္ မိုင္းေထာင္ၿပီး ပစ္ခတ္ဆုတ္ခြာတာေလာက္သာ လုပ္ႏိုင္ပါတယ္။ PDF ေတြက လက္နက္ႀကီးေတြကို စမ္းသပ္ထုတ္လုပ္ေနရတာဟာ ဒီလိုအပ္ခ်က္ကို မီးေမာင္းထိုးျပသလို ျဖစ္ေနပါတယ္။

အခု PDF ေတြ သံုးေနတဲ့ လက္လုပ္ဗံုးမွာ Potassium Nitrate နဲ႔ Sulfer ယမ္းမႈန္႔ သံုးေနတာေၾကာင့္ ေပါက္ကြဲမႈ အားနည္းေနပါတယ္။ Ammonium Nitrate – Fuel Oil ကို သံုးတဲ့ ထိုင္းႏိုင္ငံက မြတ္စလင္ေျပာက္က်ားရဲ ႔ လက္လုပ္ဗံုးကပိုၿပီး ျပင္းထန္တယ္လို႔ ဆုိပါတယ္။ ညိွႏိႈင္းေဆာင္ရြက္မႈနဲ႔ လမ္းညႊန္မႈ မဟာဗ်ဴဟာ မရိွေသးတာဟာ PDF ရဲ ႔ ဒုတိယ လိုအပ္ခ်က္ ျဖစ္ပါတယ္။ နီးစပ္ရာ PDF ေတြစုၿပီး ၿမိဳ ႔နယ္အဆင့္မွာ မဟာမိတ္ေတြ လုပ္ထားေပမယ့္ တိုင္းေဒသႀကီးအဆင့္မွာ မရိွသေလာက္ ျဖစ္ေနပါတယ္။ ေတာ္လွန္ေရးကို ေထာက္ပံ့ၿပီး အဆင့္ျမွင့္ေပးဖို႔ NUG အမ်ဳိးသား ညီညႊတ္ေရးအစိုးရမွာ တာဝန္ရိွတယ္လို႔ ဆိုပါတယ္။ ဒီလို မလုပ္ေဆာင္ႏိုင္ရင္ PDF ေတြ လံုးပါးပါးလာမယ့္ အႏၱရာယ္ ရိွေနပါတယ္။ NUG က ေထာက္ပံ့တဲ့ PDF လႈပ္ရွားမႈေတြ ရိွေနေပမယ့္၊ စစ္တပ္ရဲ ႔ ထိုးစစ္ကို ခုခံႏိုင္မလားဆိုတာကိုေတာ့ မသိႏိုင္ေသးပါဘူး။

တပ္မေတာ္ဟာ အလြန္ႀကီးမားတဲ့ အဖြဲ႔အစည္းျဖစ္လို႔ မပ်က္စီးႏုိင္ဘူးလို႔ ျမင္သူေတြ အမ်ားႀကီး ရိွပါတယ္။ တပ္မေတာ္ မရိွတဲ့ ျမန္မာျပည္ဆိုတာကို စဥ္းစားၾကည့္လို႔ေတာင္ မရဘူးလို႔ ေျပာၾကပါတယ္။ ဒါေပမဲ့ တိုင္းျပည္ကို ႀကီးစိုးဖို႔ စစ္ျပင္ဆင္တဲ့အခါမွာ တပ္မေတာ္ဟာ အားနည္းခ်က္နဲ႔ ေပ်ာ့ကြက္ေတြကို ရင္ဆိုင္လာရတဲ့အတြက္ ကြဲၿပဲပ်က္စီးသြားႏိုင္ပါတယ္။ ပထမအားနည္းခ်က္က စစ္သည္အင္အား အက်ပ္အတည္း ျဖစ္ပါတယ္။ ေနရာတုိင္းမွာပါေနတဲ့ စစ္တပ္မွာ တိုက္ခိုက္ေရးအင္အား တသိန္းေတာင္ မရိွပါဘူး။ အရံတပ္အင္အားက ရွစ္ေသာင္းေလာက္ ရိွပါတယ္။ ဒုတိယအားနည္းခ်က္က စိတ္ဓါတ္က်ဆင္းမႈ ျဖစ္ပါတယ္။ လက္လုပ္မိုင္းဒဏ္ ေနစဥ္ခံေနရတဲ့ စစ္သားေတြဟာ ရန္သူေတြ ဝိုင္းေနၿပီလိုျမင္ၿပီး စိတ္ဓါတ္က်ဆင္းေနတဲ့အတြက္ ေလေၾကာင္းတိုက္ခိုက္မႈကို အားကိုးလာရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

စစ္အာဏာသိမ္းမႈေၾကာင့္ တပ္မေတာ္ရဲ ႔ အမ်ဳိးသားေရးရာ အသြင္လကၡဏာ ကြယ္ေပ်ာက္သြားရတာဟာလည္း စစ္သည္ေတြအတြက္ စိတ္ဓါတ္က်စရာ ျဖစ္ေနပါတယ္။ ျပည္သူလူထုရဲ ႔ ရြံရွားမုန္းတီးမႈ တုိးပြားလာၿပီး ႏုိင္ငံေရး တရားဝင္မႈ ေပ်ာက္ကြယ္တာဟာလည္း စစ္ေကာင္စီ ေျပာစကားကို သံသယ ျဖစ္ေစပါတယ္။ ေလာေလာဆယ္ေတာ့ စစ္ေကာင္စီမွာ လုပ္ႏုိင္ကိုင္ႏုိင္မယ့္ အလားအလာ ရိွေပမယ့္ ႏွစ္ကုန္ပိုင္းေလာက္ ေရာက္လာရင္ေတာ့ မလံုၿခံဳေတာ့တဲ့ အေနအထားကို ေရာက္သြားႏုိင္ပါတယ္။ ဒီလိုျဖစ္ဖို႔ကလည္း PDF ေတြ ေအာင္ပြဲခံၿပီး မႏိုင္မနင္း ျဖစ္လာတဲ့ စစ္တပ္ကို အမွည့္ေၾကြ ေျခြႏိုင္ဖို႔ လိုပါတယ္။

ဒီအခ်ိန္မွာ ကိုးကန္႔ေဒသနဲ႔ ထိုင္း-ျမန္မာနယ္စပ္ေတြမွာ တိုင္းရင္းသားတပ္နဲ႔ ျဖစ္ပြားေနတဲ့ စစ္ပြဲဟာ စစ္ေကာင္စီကို အမ်ားဆံုးအႏၱရာယ္ ေပးႏုိင္ပါတယ္။ ရခိုင္ျပည္နယ္ အေျခအေနကလည္း စိတ္ခ်ရတာ မဟုတ္တဲ့အတြက္ စစ္ေကာင္စီဟာ ရသမွ် အခြင့္အလမ္းကိုသံုးၿပီး ေမလအထိရိွမယ့္ ေျခာက္ေသြ႔ရာသီအတြင္းမွာ ခုခံစစ္အားေကာင္းတဲ့ စစ္ကိုင္းတုိင္းကို ဦးတည္ၿပီး၊ အႀကီးအက်ယ္ ထုိးစစ္ဆင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီရည္မွန္းခ်က္ မေအာင္ျမင္ရင္ေတာ့ စစ္တပ္ရဲ ႔ အားနည္းခ်က္နဲ႔ ေပ်ာ့ကြက္ေတြ ပိုဆိုးလာဖြယ္ ရိွပါတယ္။ ျပည္တြင္းစစ္မွာ အေပၚစည္း မရေတာ့လို႔ ျဖစ္ေပၚလာမယ့္ အက်ဳိးဆက္ေတြကိုေတာ့ ခန္႔မွန္းဖို႔ ခက္ခဲေၾကာင္း လံုၿခံဳေရးရာဝါရင့္သုေတသီ Anthony Davis က သံုးသပ္ထားပါတယ္။

==Unicode ==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မြန်မာပြည်မှာ စစ်အာဏာသိမ်းထားတာ တနှစ် ရှိလာပြီဖြစ်ပြီး ပြည်သူတွေရဲ့ ခုခံတော်လှန်မှုဟာလည်း တနှစ်နီးပါး ရှိလာပါပြီ။ ဒီလို ရေရှည်ပဋိပက္ခ ရှိနေလို့၊ အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်ကို ချုပ်ကိုင်နေတဲ့ အနေအထားမှာ မရှိဘူးလို့ သုံးသပ်ကြပါတယ်။ ပြည်တွင်းစစ်အခြေအနေနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိတဲ့အနက် ထိုင်းအခြေစိုက် လုံခြုံရေးရာဝါရင့်သုတေသီ Anthony Davis ရဲ့ အကဲခတ်ချက်ကို အကျဉ်းရုံး တင်ပြလိုပါတယ်။ ဒီနှစ်ထဲမှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့တွေရဲ့ တိုက်ပွဲကို ပီပီပြင်ပြင် မြင်ရမယ်လို့ လွန်ခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းထုတ် Asia Times သတင်းစာမှာ ခန့်မှန်းထားပါတယ်။

စစ်အုပ်ချုပ်ရေးအောက်က လွတ်မြောက်ဖို့ ရည်ရွယ်တဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးဟာ လွတ်လပ်ရေးရတဲ့ ၁၉၄၈ လိုပဲ အကျိုးဆက်ကြီးမားတယ်လို့ ဆိုပါတယ်။ တနှစ်နီးပါး ရှိလာပေမယ့် လက်နက်ကိုင်ပဋိပက္ခဟာ သောင်မတင်ရေမကျ ဖြစ်နေပါတယ်။ ဒါပေမဲ့ အဓိကတိုက်ပွဲဝင်နေသူတွေရဲ့ အားသာချက်နဲ့ အားနည်းချက်ကတော့ သိသာနေပါပြီတဲ့။ ဒီတိုက်ပွဲမှာ ဘယ်ဘက်က အသာရဖွယ်ရှိမယ်ဆိုတာကို ဒီနှစ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ မြန်မာပြည်အလယ်ပိုင်းနဲ့ ပြည်နယ်မှာ မြို့နယ်တိုင်းလိုလို PDF တပ်ဖွဲ့တွေ ရှိနေပြီး၊ လက်လုပ်မိုင်းဗုံးတွေကို သုံးနေကြပါတယ်။

လက်နက်ကိုင်တော်လှန်ရေးရဲ့ ဗဟိုအချက်အချာဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေ ဖြစ်နေတာကို စစ်ကောင်စီ လန့်ဖျတ်သွားပုံ ရပါတယ်။ ‘အလောင်းမင်းတရား’ စစ်ဆင်ရေးဆိုပြီး ရဟတ်ယာဉ်နဲ့ စစ်လေယာဉ်တွေသုံးပြီး၊ အကြီးအကျယ် ထိုးစစ်ဆင်ပေမယ့် ပြည်သူ့တော်လှန်ရေးဟာ အရှိန်သေ မသွားပါဘူး။ ဒါပေမဲ့ PDF တပ်ဖွဲ့တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုနှစ်ခု ရှိပါတယ်။ ခေတ်မီလက်နက် ရရှိရေးဟာ ပထမ စိန်ခေါ်မှု ဖြစ်ပါတယ်။ အခုတော့ ကချင်၊ ကရင်နဲ့ ကရင်နီတပ်ဖွဲ့တွေဆီကရတဲ့ မောင်းပြန်သေနတ်တွေကိုလည်း သုံးလာပါတယ်။ ဒါပေမဲ့ စက်သေနတ်၊ RPG လောင်ချာ၊ မော်တာ စတာတွေကိုတော့ မသုံးနိုင်သေးတဲ့အတွက် မိုင်းထောင်ပြီး ပစ်ခတ်ဆုတ်ခွာတာလောက်သာ လုပ်နိုင်ပါတယ်။ PDF တွေက လက်နက်ကြီးတွေကို စမ်းသပ်ထုတ်လုပ်နေရတာဟာ ဒီလိုအပ်ချက်ကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။

အခု PDF တွေ သုံးနေတဲ့ လက်လုပ်ဗုံးမှာ Potassium Nitrate နဲ့ Sulfer ယမ်းမှုန့် သုံးနေတာကြောင့် ပေါက်ကွဲမှု အားနည်းနေပါတယ်။ Ammonium Nitrate – Fuel Oil ကို သုံးတဲ့ ထိုင်းနိုင်ငံက မွတ်စလင်ပြောက်ကျားရဲ့ လက်လုပ်ဗုံးကပိုပြီး ပြင်းထန်တယ်လို့ ဆိုပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုနဲ့ လမ်းညွှန်မှု မဟာဗျူဟာ မရှိသေးတာဟာ PDF ရဲ့ ဒုတိယ လိုအပ်ချက် ဖြစ်ပါတယ်။ နီးစပ်ရာ PDF တွေစုပြီး မြို့နယ်အဆင့်မှာ မဟာမိတ်တွေ လုပ်ထားပေမယ့် တိုင်းဒေသကြီးအဆင့်မှာ မရှိသလောက် ဖြစ်နေပါတယ်။ တော်လှန်ရေးကို ထောက်ပံ့ပြီး အဆင့်မြှင့်ပေးဖို့ NUG အမျိုးသား ညီညွှတ်ရေးအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ဒီလို မလုပ်ဆောင်နိုင်ရင် PDF တွေ လုံးပါးပါးလာမယ့် အန္တရာယ် ရှိနေပါတယ်။ NUG က ထောက်ပံ့တဲ့ PDF လှုပ်ရှားမှုတွေ ရှိနေပေမယ့်၊ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံနိုင်မလားဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

တပ်မတော်ဟာ အလွန်ကြီးမားတဲ့ အဖွဲ့အစည်းဖြစ်လို့ မပျက်စီးနိုင်ဘူးလို့ မြင်သူတွေ အများကြီး ရှိပါတယ်။ တပ်မတော် မရှိတဲ့ မြန်မာပြည်ဆိုတာကို စဉ်းစားကြည့်လို့တောင် မရဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကို ကြီးစိုးဖို့ စစ်ပြင်ဆင်တဲ့အခါမှာ တပ်မတော်ဟာ အားနည်းချက်နဲ့ ပျော့ကွက်တွေကို ရင်ဆိုင်လာရတဲ့အတွက် ကွဲပြဲပျက်စီးသွားနိုင်ပါတယ်။ ပထမအားနည်းချက်က စစ်သည်အင်အား အကျပ်အတည်း ဖြစ်ပါတယ်။ နေရာတိုင်းမှာပါနေတဲ့ စစ်တပ်မှာ တိုက်ခိုက်ရေးအင်အား တသိန်းတောင် မရှိပါဘူး။ အရံတပ်အင်အားက ရှစ်သောင်းလောက် ရှိပါတယ်။ ဒုတိယအားနည်းချက်က စိတ်ဓါတ်ကျဆင်းမှု ဖြစ်ပါတယ်။ လက်လုပ်မိုင်းဒဏ် နေစဉ်ခံနေရတဲ့ စစ်သားတွေဟာ ရန်သူတွေ ဝိုင်းနေပြီလိုမြင်ပြီး စိတ်ဓါတ်ကျဆင်းနေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုကို အားကိုးလာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် တပ်မတော်ရဲ့ အမျိုးသားရေးရာ အသွင်လက္ခဏာ ကွယ်ပျောက်သွားရတာဟာလည်း စစ်သည်တွေအတွက် စိတ်ဓါတ်ကျစရာ ဖြစ်နေပါတယ်။ ပြည်သူလူထုရဲ့ ရွံရှားမုန်းတီးမှု တိုးပွားလာပြီး နိုင်ငံရေး တရားဝင်မှု ပျောက်ကွယ်တာဟာလည်း စစ်ကောင်စီ ပြောစကားကို သံသယ ဖြစ်စေပါတယ်။ လောလောဆယ်တော့ စစ်ကောင်စီမှာ လုပ်နိုင်ကိုင်နိုင်မယ့် အလားအလာ ရှိပေမယ့် နှစ်ကုန်ပိုင်းလောက် ရောက်လာရင်တော့ မလုံခြုံတော့တဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ဖို့ကလည်း PDF တွေ အောင်ပွဲခံပြီး မနိုင်မနင်း ဖြစ်လာတဲ့ စစ်တပ်ကို အမှည့်ကြွေ ခြွေနိုင်ဖို့ လိုပါတယ်။

ဒီအချိန်မှာ ကိုးကန့်ဒေသနဲ့ ထိုင်း-မြန်မာနယ်စပ်တွေမှာ တိုင်းရင်းသားတပ်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ စစ်ကောင်စီကို အများဆုံးအန္တရာယ် ပေးနိုင်ပါတယ်။ ရခိုင်ပြည်နယ် အခြေအနေကလည်း စိတ်ချရတာ မဟုတ်တဲ့အတွက် စစ်ကောင်စီဟာ ရသမျှ အခွင့်အလမ်းကိုသုံးပြီး မေလအထိရှိမယ့် ခြောက်သွေ့ရာသီအတွင်းမှာ ခုခံစစ်အားကောင်းတဲ့ စစ်ကိုင်းတိုင်းကို ဦးတည်ပြီး၊ အကြီးအကျယ် ထိုးစစ်ဆင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီရည်မှန်းချက် မအောင်မြင်ရင်တော့ စစ်တပ်ရဲ့ အားနည်းချက်နဲ့ ပျော့ကွက်တွေ ပိုဆိုးလာဖွယ် ရှိပါတယ်။ ပြည်တွင်းစစ်မှာ အပေါ်စည်း မရတော့လို့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုတော့ ခန့်မှန်းဖို့ ခက်ခဲကြောင်း လုံခြုံရေးရာဝါရင့်သုတေသီ Anthony Davis က သုံးသပ်ထားပါတယ်။

XS
SM
MD
LG