သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ျမန္မာ႔အေရး မ႑ိဳင္ ၄ ရပ္နဲ႔ ကန္လုပ္ေဆာင္ (ႏိုင္ငံျခားေရးအတိုင္ပင္ခံ Derek Chollet)


ျမန္မာ႔အေရး မ႑ိဳင္ ၄ ရပ္နဲ႔ ကန္လုပ္ေဆာင္ (ႏိုင္ငံျခားေရးအတိုင္ပင္ခံ Derek Chollet)

ျမန္မာ႔အေရး မ႑ိဳင္ ၄ ရပ္နဲ႔ ကန္လုပ္ေဆာင္ (ႏိုင္ငံျခားေရးအတိုင္ပင္ခံ Derek Chollet)

{{Zawgyi/Unicode}}

အေမရိကန္ျပည္ေထာင္စုက စစ္ေကာင္စီကို ဖိအားေပးရင္း ျမန္မာျပည္သူေတြနဲ႔ NUG အစိုးရေထာက္ခံဖို႔ အပါအဝင္ မ႑ိဳင္ ၄ ရပ္နဲ႔ ျမန္မာ့အေရးကို ခ်ဥ္းကပ္လုပ္ေဆာင္ေနပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံ Derek Chollet က ေျပာဆိုလိုက္ပါတယ္။ ႐ိုဟင္ဂ်ာအေရး၊ ျမန္မာ့အေရး အာဆီယံရဲ႕က႑ နဲ႔ ပတ္သက္လို႔ ျမန္မာ့အေရးကြၽမ္းက်င္သူေတြနဲ႔အတူ Derek Chollet က သုံးသပ္ေဆြးေႏြးခဲ့ပါတယ္။ ဝါရွင္တန္အေျခစိုက္ ဗဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးဌာန CSIS ဦးစီးက်င္းပတဲ့ အြန္လိုင္းေဆြးေႏြးပြဲတက္ေရာက္ခဲ့တဲ့ မအိသန႔္စင္က တင္ဆက္ထားပါတယ္။

၂၀၂၁ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈျဖစ္ေပၚျပီး တႏွစ္အၾကာ အၾကမ္းဖက္မႈတိုးလာမႈနဲ႔ စီးပြားေရး က်ဆင္းလာမႈ အေျခအေနေတြအေၾကာင္းကို ၀ါရွင္တန္ဒီစီအေျခစိုက္ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးဌာန CSIS ဦးစီးတဲ့ အြန္လိုင္းေဆြးေႏြးပြဲတခုကို ေဖေဖာ္၀ါရီလ ၂ ရက္ေန႕မွာ က်င္းပခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လက္ရွိႏိုင္ငံေရး အေျခအေနနဲ႔ မူ၀ါဒေရးရာပိုင္းဆိုင္ရာ ကိစၥရပ္ေတြမွာ အေမရိကန္နဲ႕ တျခားႏိုင္ငံအစိုးရေတြရဲ႕ ပါ၀င္မႈေတြကို ျပန္လည္သံုးသပ္ခဲ့ၾကပါတယ္။ စစ္အာဏာသိမ္းျပီး တႏွစ္တာကာလတေလွ်ာက္ အေမရိကန္ျပည္ေထာင္စုဖက္က ခ်မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ အပါအ၀င္ ျမန္မာႏိုင္ငံ ဒီမုိကေရစီလမ္းေၾကာင္းေပၚကို ျပန္ေရာက္ေအာင္ ေထာက္ပံ့လုပ္ေဆာင္ေနမႈေတြကို အေမရိကန္ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံ Derek Chollet က အဖြင့္အမွာစကားမွာ ထည့္ေျပာခဲ့ပါတယ္။

“အေမရိကန္ျပည္ေထာင္စုအေနနဲ႔ မ႑ိဳင္ ၄ ခုနဲ႔ ျမန္မာ့အေရးကို ေဆာင္ရြက္ေနပါတယ္။ စစ္ေကာင္စီကုိ ဖိအားေပးဖို႔က နံပတ္ တစ္ အခ်က္ပါ။ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚကို ေရာက္ေအာင္လုပ္ေဆာင္ေနတဲ့ အတိုက္အခံဖက္ကို ေထာက္ခံအားေပးဖို႔က နံပတ္ ၂အခ်က္ပါ။ ျမန္မာျပည္သူေတြအတြက္ လူသားခ်င္းစာနာမႈအကူအညီေပးဖို႔က နံပတ္ ၃ အခ်က္ပါ။ ေနာက္ဆံုး နံပတ္ ၄ အခ်က္ကေတာ့ မိတ္ဖက္ႏိုင္ငံေတြနဲ႔ ပူးေပါင္းျပီး သံတမန္ေရးနည္းလမ္းနဲ႔ တိုက္တြန္းလုပ္ေဆာင္သြားဖို႔ျဖစ္ပါတယ္။”

ျမန္မာစစ္ေကာင္စီလိုက္နာရမယ့္ အာဆီယံသေဘာတူညီခ်က္ ၅ ခ်က္ ခ်မွတ္တဲ့အေပၚ အေမရိကန္က ေထာက္ခံအားေပးေၾကာင္းလည္း သူက ေျပာသြားခဲ့တာပါ။ အေမရိကန္ႏိုင္ငံျခားေရးအၾကံေပး Chollet က မၾကာေသးခင္တုံးကပဲ ၾကားကာလအမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ေခါင္းေဆာင္မႈပိုင္းနဲ႔လည္း ေတြ႕ဆံုခဲ့ပါတယ္။

လက္ရွိဒဏ္ခတ္ပိတ္ဆို႔မႈေတြအျပင္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာ့ေရနံနဲ႕သဘာ၀ဓာတ္ေငြ႕လုပ္ငန္း MOGE အပါအ၀င္ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ထပ္လုပ္ရမွာျဖစ္တယ္လို႔ Women’s Peace Network in Myanmar က မေ၀ေ၀ႏုက တိုက္တြန္းေျပာဆိုသြားပါတယ္။

“ တိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္ က်ဴးလြန္တဲ့ လုပ္ရပ္ေတြအေပၚမွာ ႏိုင္ငံတကာအသိုင္းအ၀ိုင္းက ႏွစ္ရွည္လမ်ား လက္ပိုက္ၾကည့္ေနတဲ့အတြက္ ျမန္မာႏုိင္ငံမွာ ဒီေန႕လို စစ္အာဏာသိမ္းျပီး ပဋိပကအေျခအေနထိ ေရာက္ေနရတာပါ။ ေပ်ာ့ေျပာင္း တိတ္ဆိတ္တဲ့ သံတမန္ေရးနည္းလမ္းနဲ႔ ဆက္သြားရင္ ရလဒ္ေကာင္းရမွာ မဟုတ္ပါဘူး။ ႏိုင္ငံတကာအသိုင္းအ၀ိုင္းဟာ တႏွစ္တာ အခ်ိန္ျဖဳန္းျပီးပါျပီ။ အခု မူ၀ါဒနည္းလမ္းေျပာင္းဖို႔ စဥ္းစားရပါေတာ့မယ္။”

ျမန္မာႏိုင္ငံတြင္းက ႏိုင္ငံေရးအေျခအေနကို မေျဖရွင္းႏိုင္သေရြ႕ ဘဂၤလားေဒ့ရွ္ေရာက္ ရိုဟင္ဂ်ာေတြ ေနရပ္ျပန္ႏိုင္ေရးလည္း မျဖစ္ႏိုင္ဘူးလို႔ မေ၀ေ၀ႏုက ေထာက္ျပေျပာဆိုခဲ့ပါတယ္။ ျမန္မာ့အေရးမွာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံရဲ႕ ပါ၀င္မႈနဲ႔ပတ္သက္ျပီး မမိုးသူဇာက အခုလို ေထာက္ျပေျပာဆိုခဲ့ပါတယ္။

“၂၀၂၁ ခုႏွစ္မွာ ျမန္မာႏိုင္ငံဖက္က လိုက္နာလာေအာင္ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ ခ်မွတ္ဖို႔ အာဆီယံက ႀကိဳးစားခဲ့တဲ့ သင္ခန္းစာကို အေျခခံၿပီး စစ္ေကာင္စီအေပၚ အာဆီယံႏိုင္ငံေတြစုစည္းထားတဲ့အဖြဲ႕တခုအေနနဲ႔ ၂၀၂၂ ခုႏွစ္မွာ ဘယ္လို ကြပ္ကဲႏိုင္မလဲ စဥ္းစားရမွာပါ။ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာကစၿပီး သံတမန္ေရးဖိအားေတြ ေတြ႕ေနရတာပါ။ အာဆီယံထိပ္သီးအစည္းအေဝးမွာ ျမန္မာစစ္ေခါင္းေဆာင္ကို မဖိတ္တာကေနစခဲ့ၿပီး အခုေတာ့ ႏွစ္စဥ္က်င္းပရတဲ့ အာဆီယံဝန္ႀကီးအဆင့္ အစည္းအေဝးပြဲေတာင္ ေ႐ႊ႕ဆိုင္းရတဲ့ အဆင့္အထိ ျဖစ္လာပါတယ္။ ျမန္မာပဋိပကၡဟာ အာဆီယံအတြင္း ဦးစားေပးရမွာျဖစ္သလို အဓိကက်တဲ့ စိန္ေခၚမႈအျဖစ္ ၂၀၂၂ မွာလည္း ဆက္ရွိေနဦးမွာပဲ ျဖစ္ပါတယ္။”

ကေမာၻဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕မွာ ေဖေဖာ္၀ါရီလလယ္မွာ က်င္းပမယ့္ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးပြဲကို ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီ ကိုယ္စားျပဳ စစ္ေကာင္စီႏိုင္ငံျခားေရး၀န္ၾကီး ဦး၀ဏၰေမာင္လြင္ကို ဖိတ္ၾကားမွာမဟုတ္ဘူးလို႔ ကေမာၻဒီးယားႏိုင္ငံက ေၾကညာထားတာပါ။

CSIS က ဦးစီးက်င္းပတဲ့ စစ္အာဏာသိမ္းျပီးတႏွစ္ၾကာ ျမန္မာအေျခအေနအေၾကာင္း အြန္လိုင္းေဆြးေႏြးပဲြမွာ CSIS ရဲ႕ အေရွ႕ေတာင္အာရွဌာနက Michael Martin က ပါ၀င္ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္ရွင္။

.................................................

တိုက္႐ိုက္ လင့္ခ္

မြန်မာ့အရေး မဏ္ဍိုင် ၄ ရပ်နဲ့ ကန်လုပ်ဆောင် (နိုင်ငံခြားရေးအတင်ပင်ခံ Derek Chollet)

{{Unicode}}

အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီကို ဖိအားပေးရင်း မြန်မာပြည်သူတွေနဲ့ NUG အစိုးရထောက်ခံဖို့ အပါအဝင် မဏ္ဍိုင် ၄ ရပ်နဲ့ မြန်မာ့အရေးကို ချဉ်းကပ်လုပ်ဆောင်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာအရေး၊ မြန်မာ့အရေး အာဆီယံရဲ့ကဏ္ဍ နဲ့ ပတ်သက်လို့ မြန်မာ့အရေးကျွမ်းကျင်သူတွေနဲ့အတူ Derek Chollet က သုံးသပ်ဆွေးနွေးခဲ့ပါတယ်။ ဝါရှင်တန်အခြေစိုက် ဗဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန CSIS ဦးစီးကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မအိသန့်စင်က တင်ဆက်ထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီး တနှစ်အကြာ အကြမ်းဖက်မှုတိုးလာမှုနဲ့ စီးပွားရေး ကျဆင်းလာမှု အခြေအနေတွေအကြောင်းကို ဝါရှင်တန်ဒီစီအခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန CSIS ဦးစီးတဲ့ အွန်လိုင်းဆွေးနွေးပွဲတခုကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ မူဝါဒရေးရာပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ အမေရိကန်နဲ့ တခြားနိုင်ငံအစိုးရတွေရဲ့ ပါဝင်မှုတွေကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီး တနှစ်တာကာလတလျှောက် အမေရိကန်ပြည်ထောင်စုဖက်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်ရောက်အောင် ထောက်ပံ့လုပ်ဆောင်နေမှုတွေကို အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က အဖွင့်အမှာစကားမှာ ထည့်ပြောခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မဏ္ဍိုင် ၄ ခုနဲ့ မြန်မာ့အရေးကို ဆောင်ရွက်နေပါတယ်။ စစ်ကောင်စီကို ဖိအားပေးဖို့က နံပတ် တစ် အချက်ပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်လုပ်ဆောင်နေတဲ့ အတိုက်အခံဖက်ကို ထောက်ခံအားပေးဖို့က နံပတ် ၂အချက်ပါ။ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီပေးဖို့က နံပတ် ၃ အချက်ပါ။ နောက်ဆုံး နံပတ် ၄ အချက်ကတော့ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး သံတမန်ရေးနည်းလမ်းနဲ့ တိုက်တွန်းလုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။”

မြန်မာစစ်ကောင်စီလိုက်နာရမယ့် အာဆီယံသဘောတူညီချက် ၅ ချက် ချမှတ်တဲ့အပေါ် အမေရိကန်က ထောက်ခံအားပေးကြောင်းလည်း သူက ပြောသွားခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးအကြံပေး Chollet က မကြာသေးခင်တုံးကပဲ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်မှုပိုင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်လုပ်ရမှာဖြစ်တယ်လို့ Women’s Peace Network in Myanmar က မဝေေ၀နုက တိုက်တွန်းပြောဆိုသွားပါတယ်။

“ တိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ် ကျူးလွန်တဲ့ လုပ်ရပ်တွေအပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက နှစ်ရှည်လများ လက်ပိုက်ကြည့်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ဒီနေ့လို စစ်အာဏာသိမ်းပြီး ပဋိပကအခြေအနေထိ ရောက်နေရတာပါ။ ပျော့ပြောင်း တိတ်ဆိတ်တဲ့ သံတမန်ရေးနည်းလမ်းနဲ့ ဆက်သွားရင် ရလဒ်ကောင်းရမှာ မဟုတ်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ တနှစ်တာ အချိန်ဖြုန်းပြီးပါပြီ။ အခု မူဝါဒနည်းလမ်းပြောင်းဖို့ စဉ်းစားရပါတော့မယ်။”

မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအခြေအနေကို မဖြေရှင်းနိုင်သရွေ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးလည်း မဖြစ်နိုင်ဘူးလို့ မဝေေ၀နုက ထောက်ပြပြောဆိုခဲ့ပါတယ်။ မြန်မာ့အရေးမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ပါဝင်မှုနဲ့ပတ်သက်ပြီး မမိုးသူဇာက အခုလို ထောက်ပြပြောဆိုခဲ့ပါတယ်။

“၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံဖက်က လိုက်နာလာအောင် အာဆီယံဘုံသဘောတူညီချက် ၅ ချက် ချမှတ်ဖို့ အာဆီယံက ကြိုးစားခဲ့တဲ့ သင်ခန်းစာကို အခြေခံပြီး စစ်ကောင်စီအပေါ် အာဆီယံနိုင်ငံတွေစုစည်းထားတဲ့အဖွဲ့တခုအနေနဲ့ ၂၀၂၂ ခုနှစ်မှာ ဘယ်လို ကွပ်ကဲနိုင်မလဲ စဉ်းစားရမှာပါ။ ၂၀၂၁ ခုနှစ် အောက်တိုဘာကစပြီး သံတမန်ရေးဖိအားတွေ တွေ့နေရတာပါ။ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်တာကနေစခဲ့ပြီး အခုတော့ နှစ်စဉ်ကျင်းပရတဲ့ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးပွဲတောင် ရွှေ့ဆိုင်းရတဲ့ အဆင့်အထိ ဖြစ်လာပါတယ်။ မြန်မာပဋိပက္ခဟာ အာဆီယံအတွင်း ဦးစားပေးရမှာဖြစ်သလို အဓိကကျတဲ့ စိန်ခေါ်မှုအဖြစ် ၂၀၂၂ မှာလည်း ဆက်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။”

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ဖေဖော်ဝါရီလလယ်မှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲကို မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ ကိုယ်စားပြု စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံက ကြေညာထားတာပါ။

CSIS က ဦးစီးကျင်းပတဲ့ စစ်အာဏာသိမ်းပြီးတနှစ်ကြာ မြန်မာအခြေအနေအကြောင်း အွန်လိုင်းဆွေးနွေးပွဲမှာ CSIS ရဲ့ အရှေ့တောင်အာရှဌာနက Michael Martin က ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG