သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ခေါင်းဆောင်တွေ ကန်နိုင်ငံခြားရေး အရာရှိကြီးတချို့ နဲ့ တွေ့ဆုံဆွေးနွေး


NUG ခေါင်းဆောင်တွေ ကန်နိုင်ငံခြားရေး အရာရှိကြီးတချို့ နဲ့ တွေ့ဆုံဆွေးနွေး
NUG ခေါင်းဆောင်တွေ ကန်နိုင်ငံခြားရေး အရာရှိကြီးတချို့ နဲ့ တွေ့ဆုံဆွေးနွေး

NUG ခေါင်းဆောင်တွေ ကန်နိုင်ငံခြားရေး အရာရှိကြီးတချို့ နဲ့ တွေ့ဆုံဆွေးနွေး

{{Zawgyi/Unicode}}
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့ဟာ ဇန်နဝါရီလ ၂၇ ရက် ကြာသပတေးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဗျူရို ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kin Moy တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဌာန ဖေ့ဘုတ်မှာဖေါ်ပြထားပါတယ်။

ဆွေးနွေးမှု ဓါတ်ပုံနဲ့တကွ ဖေါ်ပြထားတဲ့ ကြေညာချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရဘက်က လက်ရှိ မြန်မာနိုင်ငံတွင်း အခြေနေ စိန်ခေါ်မှုတွေ၊ လူသားချင်းစာနာမှု ဆိုင်ရာတွေအပြင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်နေမှုတွေ၊ အာဆီယံနဲ့ ကုလအထူးကိုယ်စားးလှယ်တွေရဲ့ လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်ပြီး သဘောထား အမြင်တွ တင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်တာဝန်ရှိသူတွေ ဘက်ကလည်း မြန်မာ့အရေး ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ မဟာမိတ်နိုင်ငံတွေနဲ့လက်တွဲဆောင်ရွက်နေကြောင်း ပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၆ ရက် ဗုဒ္ဓဟူးနေ့မှာလည်း့ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ စစ်တပ်ရဲ့ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအတွက် ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေကို အကြံပြုချက် ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး တနှစ်ပြည့်တော့မယ့်အချိန် ထုတ်ပြန်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့အကြံပြုချက်ထဲမှာ- အထူးသဖြင့် စစ်ခေါင်းဆောင်တွေ၊ စစ်တပ်အသိုင်းအဝိုင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံတာ၊ စီးပွားရေးလုပ်မယ်ဆိုရင် ကြုံတွေ့ရမယ့် အန္တရာယ်တွေ များပြားလာနေကြောင်းဖေါ်ပြထားပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်


{{Unicode}}




XS
SM
MD
LG