သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖြဲ႔စည္းပုံျပင္ဆင္ေရးႏွင့္ တိုင္းရင္းသားျပႆနာ ေျပလည္ေရး


Myanmar 2008 constitution amend protest
ဖြဲ႔စည္းပံုျပင္ဆင္ေရးနဲ႔ ျပည္တြင္းစစ္
please wait

No media source currently available

0:00 0:10:49 0:00
တိုက္႐ိုက္ လင့္ခ္

အခု ျမန္မာႏိုင္ငံမွာ ျပဳလုပ္ေနတဲ့ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးဟာ ဒီမိုကေရစီ ဖယ္ဒရယ္ျပည္ေထာင္စု ျဖစ္ထြန္းေရးအတြက္ ထိုးေဖာက္ေက်ာ္လႊား ထိေရာက္မႈ တစုံတရာ မရွိလာႏိုင္ဘူးလို႔ ယူဆသူေတြ ရွိေနပါတယ္။ ဒါျဖင့္ရင္ ဒီလိုျပင္ဆင္ဖို႔ လုပ္ေဆာင္ေနတဲ့ သူေတြအတြက္ေကာ ႏိုင္ငံေရးအက်ိဳးအျမတ္ ရွိလာႏိုင္ပါသလား၊ ပိုၿပီးအေရးႀကီးတာက ဖြဲ႔စည္းပုံကို လႊတ္ေတာ္က ျပင္ဆင္ႏိုင္သည့္တိုင္ေအာင္ ဒါဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ျဖစ္ပြါးေနတဲ့ ျပည္တြင္းစစ္ ရပ္စဲေရးအတြက္ အေထာက္အကူ ျဖစ္ႏိုင္ပါ့မလား။ ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာ ရေသ့ေတာင္ၿမိဳ႕နယ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အခု ဖြဲ႔စည္းပံုျပင္ဆင္ေရး အားထုတ္မႈဟာ ၂၀၂၀ ေရြးေကာက္ပြဲ နီးလာလို႔ အားထုတ္ျပျခင္းသာျဖစ္တယ္၊ တကယ္တမ္းရလဒ္က သူတုိ႔ေမွ်ာ္လင့္ထားသလိုပဲ ထြက္မလာႏိုင္ဘူးဆိုၿပီးေတာ့ လူေတာ္ေတာ္မ်ားမ်ားက သံုးသပ္ၾကပါတယ္။ ဒီအခ်က္ကို ေဒၚခင္ေစာေဝ သေဘာတူပါသလား။

ေျဖ ။ ။ မွန္ပါတယ္ရွင့္။ ပထမလႊတ္ေတာ္သက္တမ္းမွာလည္း ဒီဖြဲ႔စည္းပံုကို ျပင္ခဲ့ၿပီးပါၿပီ။ အဲဒီမွာပဲ ပုဒ္မ (၄၃၆) (က) (ခ) ကို မေက်ာ္လြန္ႏုိင္ခဲ့ပါဘူး။ ဒါေၾကာင့္ ဒီတေခါက္ အခုလိုေျပာဆိုတာေတြလည္း က်မအေနနဲ႔ ဒီလိုပဲ ထင္ျမင္ယူဆလို႔ရပါတယ္ရွင့္။

ေမး ။ ။ ဒီဖြဲ႔စည္းပံုက တကယ္ျပင္ႏိုင္မယ့္ အလားအလာ မရိွေပမယ့္ အခုလို လုပ္တယ္ဆိုေတာ့ ျပည္သူေတြ၊ တုိင္းရင္းသားေတြအတြက္ကေတာ့ အႀကီးအက်ယ္ပဲ ထိေရာက္မႈ အက်ဳိးဆက္ ရိွလာမယ္မဟုတ္ဘူးေပါ့။ သို႔ေသာ္လဲ ျပင္ဖုိ႔အားထုတ္ၾကတဲ့ လူေတြဘက္ကေရာ ႏုိင္ငံေရး အက်ဳိးအျမတ္ တစံုတရာထြက္လာႏိုင္မယ့္ အေျခအေန ရိွပါသလား။ သူတုိ႔ အဲဒီလို လုပ္ျပလိုက္လို႔ ျပည္သူလူထု ပိုမိုေထာက္ခံမႈ ရလာႏိုင္မယ့္ အလားအလာအေျခအေန ရိွပါသလား။ NLD အစိုးရကို။

ေျဖ ။ ။ အဲဒါကေတာ့ ျပည္သူေတြေပၚ မူတည္ပါတယ္။ နားလည္သေဘာေပါက္တဲ့ လူေတြကေတာ့ ေရွ ႔ခရီးသြားမယ့္လမ္းမွာ ဘယ္သူကို မဲေပးရမယ္၊ မေပးရဘူးဆိုတာကို ေဝခြဲဆံုးျဖတ္လုိ႔ ရပါတယ္။ အဲဒီအတြက္ေၾကာင့္ ဒီဖြဲ႔စည္းပံုကို ျပင္ဆင္သည္ျဖစ္ေစ၊ မျပင္သည္ျဖစ္ေစ ၂၀၂၀ မွာ ဘယ္သူကို မဲေပးမလဲဆိုတာကို ျပည္သူေတြ အဆံုးအျဖတ္ေပးမွာ ျဖစ္တယ္လို႔ က်မအေနနဲ႔ ေျပာလိုပါတယ္။

ေမး ။ ။ က်ေနာ္ဆက္ၿပီးေတာ့ ေမးခ်င္တာက ဒီဖြဲ႔စည္းပံုမွာ အဓိကျပင္ခ်င္တဲ့အခ်က္ (၂) ခ်က္လို႔ က်ေနာ္ထင္ပါတယ္။ အေသးစိတ္မေျပာဘဲနဲ႔ အဓိက ျပင္ဆင္ခ်င္တဲ့အခ်က္ကေတာ့ တပ္မေတာ္ရဲ ႔ အခန္းက႑ကို ေလွ်ာ့ေပးေစခ်င္တယ္။ တိုင္းရင္းသားေတြကို အခြင့္အေရး ပိုေပးေစခ်င္တယ္။ ဒီႏွစ္ခ်က္က အဓိကျပင္ဆင္ဖို႔ လိုအပ္တယ္ဆိုတာကို သေဘာတူပါသလား။

ေျဖ ။ ။ တပ္မေတာ္ကို ေလွ်ာ့ခ်ဖို႔ဆိုတာကိုေတာ့ သူတို႔တင္ထားတာေတြ ရိွပါတယ္။ က်မတို႔အေနနဲ႔ လက္ခံႏုိင္ပါတယ္။ ေနာက္တခ်က္က က်မတုိ႔ တိုင္းရင္းသားအေရးကို လႊတ္ေတာ္တြင္းမွာ ဖယ္ဒရယ္ဒီမုိကေရစီစနစ္ကို သြားမယ္လို႔ ပါးစပ္က ေျပာေပမယ့္ လက္ေတြ႔အေကာင္အထည္ေဖာ္မႈ အားနည္းေနတာကို ေတြ႔ရပါတယ္။ အစပ်ဳိတဲ့အေနနဲ႔ ပုဒ္မ (၂၆၁) ကို ျပင္ဖို႔ ႀကိဳးစားတာ ျဖစ္ပါတယ္။ ေနာက္ၿပီး ပုဒ္မ (၂) (၃) (၅) တုိ႔ကိုလည္း ျပဳျပင္ေျပာင္းလဲဖို႔ လိုပါတယ္။ အဲဒီအခ်က္ေတြကိုလည္း သူတို႔ လံုးဝျဖည့္ဆည္းေပးတာလဲ မရိွဘူး။ ပထမလႊတ္ေတာ္သက္တမ္းမွာတုန္းက NLD ပုဒ္မ (၂၆၁) ကို ေထာက္ခံေဆြးေႏြးခဲ့တယ္။ ဒါေပမဲ့ အခုကေတာ့ သူတို႔က ပုဒ္မ (၂၆၁) ကို ကန္႔ကြက္ေနတဲ့အတြက္ က်မေဒသ ရခိုင္ျပည္နယ္မွာဆိုရင္ ကိုယ္စားလွယ္အမ်ားဆံုးႏိုင္တဲ့ ပါတီကေန ဝန္ႀကီးခ်ဳပ္ ျဖစ္လာႏုိင္တယ္။ အဲဒီပုဒ္မ (၂၆၁) ကို တိုင္းရင္းသားအေရး၊ ဖယ္ဒရယ္အေရးကို လိုလားေနတဲ့ အစိုးရအေနနဲ႔ မျပင္ဘူးဆိုတာေတာ့ ဖယ္ဒရယ္စနစ္ကို သြားမယ္ဆိုတာကို က်မတုိ႔ ယူဆလို႔မရဘူး။

ေမး ။ ။ အဲဒီေတာ့ (၂၆၁) က ျပည္နယ္ေတြမွာ အမ်ားစုအႏုိင္ရတဲ့ တုိင္းရင္းသားပါတီေတြက ေရြးခ်ယ္တဲ့ ဝန္ႀကီးခ်ဳပ္ကို ခန္႔ထားမယ္ဆိုတဲ့ကိစၥ။ အဲဒီကိစၥနဲ႔ ပတ္သက္လို႔ ကန္႔ကြက္လာရတဲ့ အေၾကာင္းရင္းက က်ေနာ္ တခုၾကားရတာကေတာ့ အဲဒီလို လုပ္လိုက္ေပမယ့္လဲ တပ္မေတာ္ေတြရဲ ႔ ကိုယ္စားလွယ္ေတြက (၂၅) ရာခိုင္ႏႈန္း ရိွေနတဲ့အတြက္ေၾကာင့္ တပ္မေတာ္က ႀကီးစိုးေနတဲ့အတြက္ တိုင္းရင္းသားေတြ လက္ထဲကို အာဏာအစစ္အမွန္ ေရာက္မွာမဟုတ္ဘူး။ အဲဒါကို ေထာက္ျပၿပီးေတာ့ သူတုိ႔ ကန္႔ကြက္လာတာဆိုတဲ့ သေဘာမ်ဳိးေျပာတာကို ၾကားရပါတယ္။ အဲဒါကို ဘယ္ေလာက္အထိ လက္ခံႏုိင္ပါသလဲ။ ဘယ္ေလာက္ Convincing ျဖစ္သလဲ။

ေျဖ ။ ။ တခ်ဳိ ႔ရွမ္းျပည္နယ္ဘက္မွာေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ အနည္းစုရတဲ့ဘက္ေတြမွာေတာ့ ဒါကေတာ့ လက္ခံလို႔ရပါတယ္။ ဒါေပမဲ့လဲ ပုဒ္မ (၂၆၁) ကို ျပင္မယ္ဆိုရင္ ေရြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္လို႔ ေရွ ႔မွာ (၂၆၇) ဆိုတဲ့ ကိုယ္စားလွယ္တလံုးကို ျဖည့္လိုက္လို႔ရိွရင္ တပ္မေတာ္သားေတြက ေရြးေကာက္ခံ မဟုတ္တဲ့အတြက္ သူတုိိ႔ပါဝင္မႈ မရိွေတာ့တဲ့ အေျခအေနကို ျပတယ္။ အဲဒီအတြက္ေၾကာင့္ သူတုိ႔အေနနဲ႔ ဒီပုဒ္မကို အဲဒီလိုဖ်က္ေပးလိုက္တယ္ဆိုရင္ က်မတို႔ တုိင္းရင္းသားေတြဘက္က ေက်နပ္ေလာက္ေတာ့ အေျခအေနတခုကို ရႏိုင္ပါတယ္။ တခ်ိန္မွာ သူတုိ႔ တက္လာတုန္းက သူတုိ႔အစိုးရ မျဖစ္ခင္ၾကားထဲမွာေတာ့ ပုဒ္မႀကီး (၆) ခု ေပးဖို႔အတြက္ သူတုိ႔ပါတီကပဲ လိုလိုလားလားနဲ႔ ေဆြးေႏြးခဲ့တာေတြ ရိွပါတယ္။ အခု အစိုးရျဖစ္တဲ့အခ်ိန္မွာေတာ့ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို သမၼတက တိုက္ရိုက္ခန္႔တဲ့ ဒီပုဒ္မကို မျပင္လိုတာက တုိင္းရင္းသားအခြင့္အေရးကို မေပးခ်င္လို႔ဆိုတဲ့ အဓိပၸါယ္ကို ေပးလိုက္တယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ ေနာက္တခုက တခ်ဳိ ႔ျပည္နယ္ေတြမွာ လက္နက္ကိုင္ တိုက္ခို္က္မႈေတြ၊ လက္နက္ကိုင္ တုိက္ပြဲေတြက အျပင္းအထန္ ျဖစ္ေနပါတယ္။ တုိင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြက သူတုိ႔ရဲ ႔ ႏုိင္ငံေရးလိုအပ္ခ်က္ေတြနဲ႔ သူတုိ႔ေတာင္းဆုိေနၾကတယ္။ တုိက္ပြဲဝင္ေနၾကတယ္။ ဆိုေတာ့ ဖြဲ႔စည္းပံုကို လႊတ္ေတာ္က ျပင္ေပးျခင္းသည္ ဒီတုိင္းရင္းသားေတြနဲ႔ ျဖစ္ပြားေနတဲ့ စစ္ပြဲေတြ၊ တုိက္ပြဲေတြ ေလ်ာ့ပါးသြားဖုိ႔အတြက္ အေထာက္အကူ ျပဳႏုိင္မယ္ ထင္ပါသလား။

ေျဖ ။ ။ က်မတို႔ကေတာ့ လႊတ္ေတာ္အတြင္းမွာ ဖယ္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကိုသြားဖို႔အတြက္ ဖြဲ႔စည္းပံုကို ျပင္တယ္ဆိုတဲ့အခါ အဓိက အေရးႀကီးဆံုးက ဗဟိုခ်ဳပ္ကိုင္မႈ အရမ္းမ်ားေနတယ္။ အဲဒီေတာ့ က်မတုိ႔ တုိင္းရင္းသားေတြ လိုခ်င္တာကေတာ့ ကိုယ္ပိုင္ျပဌာန္းခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ တန္းတူေရး။ လက္နက္ကိုင္ေနရတဲ့ ကိုယ္ပိုင္ျပဌာန္းခြင့္ေတြ၊ ကိုယ့္ၾကမၼာကို ကိုယ္ဖန္တီးခြင့္ေတြ လိုခ်င္ၾကတယ္။ ဥပမာ က်မတို႔ ရခိုင္ျပည္နယ္မွာဆိုရင္လဲ လက္ရိွ သယံဇာတေတြလည္း အမ်ားႀကီးထြက္တယ္။ ေရနက္ဆိပ္ကမ္းေတြ လုပ္ေတာ့မယ္။ ဒါေပမဲ့ က်မတို႔ ရခိုင္ျပည္နယ္အက်ဳိးအတြက္ ဘာမွအေထာက္အကူလည္း မျဖစ္ဘူး။ ရာခိုင္ႏႈန္းအလိုက္လည္း က်မတုိ႔ ရရိွတာ မရိွဘူး။ ဝေဒသမွာဆိုရင္ သူတုိ႔က ျပည္နယ္ပိုင္ခြင့္ ရိွတဲ့အတြက္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရတဲ့အတြက္ တိုးတက္လာတာေတြ အမ်ားႀကီးရိွတယ္။ အဲဒီေတာ့ က်မတုိ႔ျပည္နယ္မွာက ကိုယ့္မွာသယံဇာတေတြ အမ်ားႀကီးရိွရဲ ႔သာနဲ႔ ကိုယ္ပိုင္စီမံပိုင္ခြင့္လည္း မရိွဘူး။ ကိုယ္ပိုင္အုပ္ခ်ဳပ္ပိုင္ခြင့္လည္း မရိွတဲ့အတြက္ ဒီအေျခအေနကို ေရာက္ေနတဲ့အခါ လက္နက္ကိုင္ဆိုတာ ေပၚလာပါတယ္။ အဲဒီေတာ့ ဖယ္ဒရယ္ကို သြားတဲ့အခါ ဖယ္ဒရယ္စနစ္ဆိုတာ အမ်ဳိးမ်ဳိး ရိွပါတယ္။ အဲဒီေတာ့ တုိင္းရင္းသားေတြ လိုခ်င္တဲ့ ဖယ္ဒရယ္စနစ္ ျဖစ္ဖို႔လည္း လုိအပ္ပါတယ္။ အဲဒီအတြက္ေၾကာင့္ က်မတုိ႔က ဖြဲ႔စည္းပံုတခုကို ျပင္လုိက္တာနဲ႔ တုိင္းရင္းသားလက္နက္ကိုင္ေတြ ေလ်ာ့ပါးသြားမယ္ဆုိတာကေတာ့ နည္းနည္းေတာ့ အလွမ္းေဝးေနအံုးမယ္ ထင္ပါတယ္။

သူတုိ႔အေနနဲ႔ ဘာကိုလုိခ်င္ေနၾကလဲ။ ဒီဖယ္ဒရယ္က ဘယ္လိုပံုစံမ်ဳိးနဲ႔ သြားမလဲဆုိတာက ပိုၿပီးအေရးႀကီးပါတယ္။ အဲဒီအတြက္ေၾကာင့္ ဒီတုိင္းရင္းသား လက္နက္ကိုင္ေတြ လိုခ်င္တဲ့ ဖယ္ဒရယ္ကိုလည္း အစိုးရနဲ႔ တပ္မေတာ္နဲ႔ ညိွႏိႈင္းၿပီးေတာ့ သူတုိ႔လိုခ်င္တဲ့ ပံုစံနဲ႔ ဒီဘက္က ေလွ်ာ့ေပးႏုိင္တဲ့ ပံုစံမ်ဳိးနဲ႔ ညိွႏိႈင္းၿပီးမွ လက္နက္ကိုင္ေတြ တျဖည္းျဖည္း ေလွ်ာ့နည္းသြားမယ္လို႔ ေျပာခ်င္ပါတယ္။

ေမး ။ ။ အဲဒါကို ျပန္ၿပီးအႏွစ္ခ်ဳပ္ ေျပာရမယ္ဆိုရင္ ဖြဲ႔စည္းပံုကို တိုင္းရင္းသားေတြအလုိက် ျပင္လိုက္ျခင္းအားျဖင့္ တုိင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္ဟာ ခ်ဳပ္ၿငိမ္းမသြားႏုိင္ဘူးဆိုတဲ့ သေဘာေပါ့။ အက်ဥ္းရုံးေျပာမယ္ဆိုရင္။

ေျဖ ။ ။ အဲဒါက ဟုတ္ပါတယ္။ အခု က်မတို႔ ဖယ္ဒရယ္ပံုစံမ်ဳိးလည္း ေျပာတယ္။ ဖြဲ႔စည္းပံုမွာလည္း ဖယ္ဒရယ္ပံုစံမ်ဳိးလည္း ေရးဆြဲေပးတယ္။ တိုင္းေဒသႀကီးလႊတ္ေတာ္တို႔၊ ျပည္နယ္လႊတ္ေတာ္တို႔ကို ဖြဲ႔စည္းေပးတယ္။ ဒါေပမဲ့ တုိင္းေဒသႀကီး၊ ျပည္နယ္လႊတ္ေတာ္တုိ႔က ဘာမွလုပ္ပိုင္ခြင့္လည္း မရိွဘူး။ ဥပေဒျပဳခြင့္ေတြလည္း ေလာေလာဆယ္မွာ မရိွဘူး။ အဲဒီေတာ့ လႊတ္ေတာ္မွာဆိုရင္လဲ အဆိုတခု တင္မယ္ဆိုရင္လဲ လက္ေတြ႔အေကာင္အထည္ေဖာ္မႈလည္း အရမ္းအားနည္းတယ္။ အဲဒီေတာ့ တိုင္းနဲ႔ျပည္နယ္လႊတ္ေတာ္က ဘာမွလုပ္လို႔မရတဲ့ အေျခအေန ျဖစ္ေနပါတယ္။ အဲဒီေတာ့ အႏွစ္သာရရိွတဲ့ ဖယ္ဒရယ္ဒီမိုကေရစီကို သြားမွသာလွ်င္ လက္နက္ကိုင္ေတြ၊ အဖြဲ႔အစည္းေတြက ၿငိမ္းခ်မ္းေရးဘက္ကို အားသန္လာမွာ ျဖစ္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ တိုင္းနဲ႔ျပည္နယ္ လႊတ္ေတာ္ေတြကို အာဏာအျပည့္အစံု သူတုိ႔ေဒသတြင္း စီမံခန္႔ခြဲခြင့္ အျပည့္အစံု ေပးရမယ္။ ဥပမာ ျပည္ေထာင္စုဖြဲ႔စည္းပံုထဲမွာ ဇယားေတြ ခြဲၿပီးေတာ့ power sharing အာဏာခြဲေဝတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ သူတုိ႔ရသင့္္ရထိုက္တဲ့ အခြင့္အေရးေတြကို အျပည့္အဝေပးမယ္။ ေနာက္ၿပီးေတာ့ အခုန အုပ္ခ်ဳပ္ေရး အႀကီးအကဲကိုလည္း ေဒသတြင္းလႊတ္ေတာ္မွာ အႏုိင္ရခဲ့တဲ့လူကိုသာ ေပးမယ္ဆိုတဲ့ သေဘာမ်ဳိး အျပည့္အဝလုပ္ႏိုင္ရင္ေကာ ဒီလက္နက္ကိုင္ပဋိပကၡ ခ်ဳပ္ၿငိမ္းေရးကို အေထာက္အကူျဖစ္ဖို႔ အလားအလာ ေကာင္းမယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ ထင္ပါတယ္။ အဲဒါမ်ဳိးဆိုရင္ေတာ့ လက္နက္ကိုင္ခ်ဳပ္ၿငိမ္းဖို႔ အလားအလာ အမ်ားႀကီးရိွပါတယ္။ ကိုယ့္ေဒသကထြက္တဲ့ သယံဇာတေတြကို သူတို႔လုပ္ပိုင္ခြင့္ ရိွလာမယ္ဆိုရင္ ကိုယ့္ေဒသလည္း အင္မတန္ ဖြံ႔ၿဖိဳးတိုးတက္လာမွာ ျဖစ္ပါတယ္။ အဲဒီေတာ့ အခုလက္နက္ ဘာလို႔ကိုင္ေနရတာလဲ ဆိုတာကိုလဲ ျဖည့္ၿပီးေတာ့ စဥ္းစားလိုက္ရင္ ကိုယ့္ေဒသဖြံ႔ၿဖိဳးတိုးတက္မႈ ေနာက္က်ေနတာရယ္။ ေနာက္တခု သူတုိ႔ေဒသကထြက္တဲ့ သယံဇာတေတြကို လံုးဝမရရိွမႈအေပၚမွာလဲ အေျခခံတယ္။ ေနာက္တခါ ဗဟိုခ်ဳပ္ကိုင္မႈလည္း အရမ္းမ်ားေနၿပီးေတာ့ ကိုယ့္ျပည္နယ္အတြင္း လုပ္ပိုင္ခြင့္ မရိွေသးတာေတြက အဓိကက်ပါတယ္။ အဲဒါေၾကာင့္ ဒါေတြကို အနစ္သာရရိွတဲ့ ဖယ္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကိုသာ တည္ေထာင္ႏုိင္မယ္ဆိုရင္ တိုုင္းရင္းသားလက္နက္ကိုင္ေတြ လိုခ်င္ေနတဲ့ ပံုစံမ်ဳိးကိုသာ လုပ္ေပးမယ္ဆိုရင္ေတာ့ လက္နက္ကိုင္အဖြဲ႔အစည္းေတြရဲ ႔ အလားအလာ အမ်ားႀကီးေလ်ာ့က်သြားႏုိင္ပါတယ္။

ေမး ။ ။ က်ေနာ္က AA ရယ္လုိ႔ ေျပာလိုတာ မဟုတ္ပါဘူး။ တခ်ဳိ ႔လက္နက္ကိုင္အဖြဲ႔အစည္းေတြက လူေတြဟာ လက္နက္ကိုင္လုပ္ခဲ့ၿပီးေတာ့ သိပ္ခ်မ္းသာၾကြယ္ဝတဲ့ သူတုိ႔ ပုဂၢိဳလ္ေရးအက်ဳိးစီးပြား၊ သူတုိ႔ရဲ ႔ စီးပြားေရးလုပ္ငန္းေတြနဲ႔လည္း ဆက္ႏႊယ္မႈ ရိွေနတယ္။ အဲဒီအတြက္ေၾကာင့္ ဒီလက္နက္ကိုင္ပဋိပကၡ ဆက္လက္ရိွေနျခင္းဟာ သူတုိ႔အတြက္ အက်ဳိးရိွတယ္ဆိုတဲ့ သေဘာမ်ဳိးနဲ႔ သံုးသပ္တဲ့ လူတခ်ဳိ ႔လည္း ရိွေနလို႔ အဲဒါကို ေမးရတာပါ။ အဲဒီကိစၥေတြကို သူတုိိ႔စြန္႔လႊတ္ႏိုင္မယ္လို႔ ထင္ပါသလား။ သူတုိ႔ လြယ္လြယ္မရရင္ေတာ့ လက္နက္ကိုင္ထားတဲ့လူေတြ၊ ထိပ္တန္းေခါင္းေဆာင္ပိုင္းေတြက လက္နက္နဲ႔ ဒီမိုကေရစီကို တကယ္ပဲ လွဲၾကလိမ့္မယ္ ထင္ပါသလား။ သူတို႔ရဲ ႔ ပုဂၢိဳလ္အက်ဳိးစီးပြားကို ထိခိုက္ခဲ့ၾကမယ္ဆိုရင္။

ေျဖ ။ ။ အဲဒါကေတာ့ ၿငိမ္းခ်မ္းေရးကို တကယ္လိုခ်င္ၾကတယ္။ လက္နက္ကို တကယ္စြန္႔လႊတ္မယ္ဆိုတာေတာ့ သူတုိ႔အေပၚမွာ မူတည္ပါတယ္။ အျပင္မွာ ေဝဖန္သံေတြလည္း အမ်ားႀကီးရိွပါတယ္။ ဒီအတိုင္း ရိွေနတာ သူတုိ႔အတြက္ ေကာင္းေနတယ္၊ သူတုိ႔အတြက္ အက်ဳိးရိွေနတယ္ဆိုတဲ့ ေဝဖန္ခ်က္ေတြ ရိွေနပါတယ္။ ဒါေပမဲ့ က်မတို႔ရဲ ႔ ျမန္မာႏိုင္ငံႀကီးက ႏွစ္ေပါင္း (၇၀) လံုးလံုးက ျပည္တြင္းစစ္နဲ႔ ေတာ္ေတာ္ေလး တုိင္းျပည္လည္း ဆင္းရဲေနပါၿပီ။ အဲဒီအတြက္ေၾကာင့္ ျပည္သူရဲ ႔အက်ဳိးကို လိုလားတယ္။ တကယ့္ကို ျမန္မာႏုိင္ငံကို ေကာင္းေစခ်င္တယ္ဆိုရင္ေတာ့ သူတုိ႔ရဲ ႔ အတၱေတြကို စြန္႔လႊတ္ရမယ္။ သူတုိ႔ပိုင္ဆိုင္ရိွသမွ်ေတြကိုလည္း စြန္႔လႊတ္ရမယ္လို႔ ျမင္ပါတယ္။ က်မတို႔ ျမန္မာႏို္င္ငံႀကီး ေကာင္းက်ဳိးအတြက္ တိုင္းရင္းသားေဒသေတြ အကုန္လံုး ၿငိမ္းခ်မ္းဖို႔အတြက္ဆိုရင္ေတာ့ ကိုယ့္အတၱေတြကို စြန္႔ရမယ္။ သူတုိ႔ပိုင္ဆိုင္မႈေတြကိုလည္း ေလာဘမရိွ စြန္႔ရမယ္လို႔ ေျပာလိုပါတယ္။


===Unicode===

အခု မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးအတွက် ထိုးဖောက်ကျော်လွှား ထိရောက်မှု တစုံတရာ မရှိလာနိုင်ဘူးလို့ ယူဆသူတွေ ရှိနေပါတယ်။ ဒါဖြင့်ရင် ဒီလိုပြင်ဆင်ဖို့ လုပ်ဆောင်နေတဲ့ သူတွေအတွက်ကော နိုင်ငံရေးအကျိုးအမြတ် ရှိလာနိုင်ပါသလား၊ ပိုပြီးအရေးကြီးတာက ဖွဲ့စည်းပုံကို လွှတ်တော်က ပြင်ဆင်နိုင်သည့်တိုင်အောင် ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် အထောက်အကူ ဖြစ်နိုင်ပါ့မလား။ ပြည်သူ့လွှတ်တော်ဆိုင်ရာ ရသေ့တောင်မြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခု ဖွဲ့စည်းပုံပြင်ဆင်ရေး အားထုတ်မှုဟာ ၂၀၂၀ ရွေးကောက်ပွဲ နီးလာလို့ အားထုတ်ပြခြင်းသာဖြစ်တယ်၊ တကယ်တမ်းရလဒ်က သူတို့မျှော်လင့်ထားသလိုပဲ ထွက်မလာနိုင်ဘူးဆိုပြီးတော့ လူတော်တော်များများက သုံးသပ်ကြပါတယ်။ ဒီအချက်ကို ဒေါ်ခင်စောဝေ သဘောတူပါသလား။

ဖြေ ။ ။ မှန်ပါတယ်ရှင့်။ ပထမလွှတ်တော်သက်တမ်းမှာလည်း ဒီဖွဲ့စည်းပုံကို ပြင်ခဲ့ပြီးပါပြီ။ အဲဒီမှာပဲ ပုဒ်မ (၄၃၆) (က) (ခ) ကို မကျော်လွန်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီတခေါက် အခုလိုပြောဆိုတာတွေလည်း ကျမအနေနဲ့ ဒီလိုပဲ ထင်မြင်ယူဆလို့ရပါတယ်ရှင့်။

မေး ။ ။ ဒီဖွဲ့စည်းပုံက တကယ်ပြင်နိုင်မယ့် အလားအလာ မရှိပေမယ့် အခုလို လုပ်တယ်ဆိုတော့ ပြည်သူတွေ၊ တိုင်းရင်းသားတွေအတွက်ကတော့ အကြီးအကျယ်ပဲ ထိရောက်မှု အကျိုးဆက် ရှိလာမယ်မဟုတ်ဘူးပေါ့။ သို့သော်လဲ ပြင်ဖို့အားထုတ်ကြတဲ့ လူတွေဘက်ကရော နိုင်ငံရေး အကျိုးအမြတ် တစုံတရာထွက်လာနိုင်မယ့် အခြေအနေ ရှိပါသလား။ သူတို့ အဲဒီလို လုပ်ပြလိုက်လို့ ပြည်သူလူထု ပိုမိုထောက်ခံမှု ရလာနိုင်မယ့် အလားအလာအခြေအနေ ရှိပါသလား။ NLD အစိုးရကို။

ဖြေ ။ ။ အဲဒါကတော့ ပြည်သူတွေပေါ် မူတည်ပါတယ်။ နားလည်သဘောပေါက်တဲ့ လူတွေကတော့ ရှေ့ခရီးသွားမယ့်လမ်းမှာ ဘယ်သူကို မဲပေးရမယ်၊ မပေးရဘူးဆိုတာကို ဝေခွဲဆုံးဖြတ်လို့ ရပါတယ်။ အဲဒီအတွက်ကြောင့် ဒီဖွဲ့စည်းပုံကို ပြင်ဆင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ၂၀၂၀ မှာ ဘယ်သူကို မဲပေးမလဲဆိုတာကို ပြည်သူတွေ အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်လို့ ကျမအနေနဲ့ ပြောလိုပါတယ်။

မေး ။ ။ ကျနော်ဆက်ပြီးတော့ မေးချင်တာက ဒီဖွဲ့စည်းပုံမှာ အဓိကပြင်ချင်တဲ့အချက် (၂) ချက်လို့ ကျနော်ထင်ပါတယ်။ အသေးစိတ်မပြောဘဲနဲ့ အဓိက ပြင်ဆင်ချင်တဲ့အချက်ကတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ပေးစေချင်တယ်။ တိုင်းရင်းသားတွေကို အခွင့်အရေး ပိုပေးစေချင်တယ်။ ဒီနှစ်ချက်က အဓိကပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတာကို သဘောတူပါသလား။

ဖြေ ။ ။ တပ်မတော်ကို လျှော့ချဖို့ဆိုတာကိုတော့ သူတို့တင်ထားတာတွေ ရှိပါတယ်။ ကျမတို့အနေနဲ့ လက်ခံနိုင်ပါတယ်။ နောက်တချက်က ကျမတို့ တိုင်းရင်းသားအရေးကို လွှတ်တော်တွင်းမှာ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်လို့ ပါးစပ်က ပြောပေမယ့် လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေတာကို တွေ့ရပါတယ်။ အစပျိုတဲ့အနေနဲ့ ပုဒ်မ (၂၆၁) ကို ပြင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ နောက်ပြီး ပုဒ်မ (၂) (၃) (၅) တို့ကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ အဲဒီအချက်တွေကိုလည်း သူတို့ လုံးဝဖြည့်ဆည်းပေးတာလဲ မရှိဘူး။ ပထမလွှတ်တော်သက်တမ်းမှာတုန်းက NLD ပုဒ်မ (၂၆၁) ကို ထောက်ခံဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ အခုကတော့ သူတို့က ပုဒ်မ (၂၆၁) ကို ကန့်ကွက်နေတဲ့အတွက် ကျမဒေသ ရခိုင်ပြည်နယ်မှာဆိုရင် ကိုယ်စားလှယ်အများဆုံးနိုင်တဲ့ ပါတီကနေ ဝန်ကြီးချုပ် ဖြစ်လာနိုင်တယ်။ အဲဒီပုဒ်မ (၂၆၁) ကို တိုင်းရင်းသားအရေး၊ ဖယ်ဒရယ်အရေးကို လိုလားနေတဲ့ အစိုးရအနေနဲ့ မပြင်ဘူးဆိုတာတော့ ဖယ်ဒရယ်စနစ်ကို သွားမယ်ဆိုတာကို ကျမတို့ ယူဆလို့မရဘူး။

မေး ။ ။ အဲဒီတော့ (၂၆၁) က ပြည်နယ်တွေမှာ အများစုအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေက ရွေးချယ်တဲ့ ဝန်ကြီးချုပ်ကို ခန့်ထားမယ်ဆိုတဲ့ကိစ္စ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကန့်ကွက်လာရတဲ့ အကြောင်းရင်းက ကျနော် တခုကြားရတာကတော့ အဲဒီလို လုပ်လိုက်ပေမယ့်လဲ တပ်မတော်တွေရဲ့ ကိုယ်စားလှယ်တွေက (၂၅) ရာခိုင်နှုန်း ရှိနေတဲ့အတွက်ကြောင့် တပ်မတော်က ကြီးစိုးနေတဲ့အတွက် တိုင်းရင်းသားတွေ လက်ထဲကို အာဏာအစစ်အမှန် ရောက်မှာမဟုတ်ဘူး။ အဲဒါကို ထောက်ပြပြီးတော့ သူတို့ ကန့်ကွက်လာတာဆိုတဲ့ သဘောမျိုးပြောတာကို ကြားရပါတယ်။ အဲဒါကို ဘယ်လောက်အထိ လက်ခံနိုင်ပါသလဲ။ ဘယ်လောက် Convincing ဖြစ်သလဲ။

ဖြေ ။ ။ တချို့ရှမ်းပြည်နယ်ဘက်မှာတော့ လွှတ်တော်ကိုယ်စားလှယ် အနည်းစုရတဲ့ဘက်တွေမှာတော့ ဒါကတော့ လက်ခံလို့ရပါတယ်။ ဒါပေမဲ့လဲ ပုဒ်မ (၂၆၁) ကို ပြင်မယ်ဆိုရင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လို့ ရှေ့မှာ (၂၆၇) ဆိုတဲ့ ကိုယ်စားလှယ်တလုံးကို ဖြည့်လိုက်လို့ရှိရင် တပ်မတော်သားတွေက ရွေးကောက်ခံ မဟုတ်တဲ့အတွက် သူတို့ပါဝင်မှု မရှိတော့တဲ့ အခြေအနေကို ပြတယ်။ အဲဒီအတွက်ကြောင့် သူတို့အနေနဲ့ ဒီပုဒ်မကို အဲဒီလိုဖျက်ပေးလိုက်တယ်ဆိုရင် ကျမတို့ တိုင်းရင်းသားတွေဘက်က ကျေနပ်လောက်တော့ အခြေအနေတခုကို ရနိုင်ပါတယ်။ တချိန်မှာ သူတို့ တက်လာတုန်းက သူတို့အစိုးရ မဖြစ်ခင်ကြားထဲမှာတော့ ပုဒ်မကြီး (၆) ခု ပေးဖို့အတွက် သူတို့ပါတီကပဲ လိုလိုလားလားနဲ့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ အခု အစိုးရဖြစ်တဲ့အချိန်မှာတော့ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်တဲ့ ဒီပုဒ်မကို မပြင်လိုတာက တိုင်းရင်းသားအခွင့်အရေးကို မပေးချင်လို့ဆိုတဲ့ အဓိပ္ပါယ်ကို ပေးလိုက်တယ်လို့ မြင်ပါတယ်။

မေး ။ ။ နောက်တခုက တချို့ပြည်နယ်တွေမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေက အပြင်းအထန် ဖြစ်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက သူတို့ရဲ့ နိုင်ငံရေးလိုအပ်ချက်တွေနဲ့ သူတို့တောင်းဆိုနေကြတယ်။ တိုက်ပွဲဝင်နေကြတယ်။ ဆိုတော့ ဖွဲ့စည်းပုံကို လွှတ်တော်က ပြင်ပေးခြင်းသည် ဒီတိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ တိုက်ပွဲတွေ လျော့ပါးသွားဖို့အတွက် အထောက်အကူ ပြုနိုင်မယ် ထင်ပါသလား။

ဖြေ ။ ။ ကျမတို့ကတော့ လွှတ်တော်အတွင်းမှာ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုသွားဖို့အတွက် ဖွဲ့စည်းပုံကို ပြင်တယ်ဆိုတဲ့အခါ အဓိက အရေးကြီးဆုံးက ဗဟိုချုပ်ကိုင်မှု အရမ်းများနေတယ်။ အဲဒီတော့ ကျမတို့ တိုင်းရင်းသားတွေ လိုချင်တာကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရေး။ လက်နက်ကိုင်နေရတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့်တွေ လိုချင်ကြတယ်။ ဥပမာ ကျမတို့ ရခိုင်ပြည်နယ်မှာဆိုရင်လဲ လက်ရှိ သယံဇာတတွေလည်း အများကြီးထွက်တယ်။ ရေနက်ဆိပ်ကမ်းတွေ လုပ်တော့မယ်။ ဒါပေမဲ့ ကျမတို့ ရခိုင်ပြည်နယ်အကျိုးအတွက် ဘာမှအထောက်အကူလည်း မဖြစ်ဘူး။ ရာခိုင်နှုန်းအလိုက်လည်း ကျမတို့ ရရှိတာ မရှိဘူး။ ဝဒေသမှာဆိုရင် သူတို့က ပြည်နယ်ပိုင်ခွင့် ရှိတဲ့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတဲ့အတွက် တိုးတက်လာတာတွေ အများကြီးရှိတယ်။ အဲဒီတော့ ကျမတို့ပြည်နယ်မှာက ကိုယ့်မှာသယံဇာတတွေ အများကြီးရှိရဲ့သာနဲ့ ကိုယ်ပိုင်စီမံပိုင်ခွင့်လည်း မရှိဘူး။ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်လည်း မရှိတဲ့အတွက် ဒီအခြေအနေကို ရောက်နေတဲ့အခါ လက်နက်ကိုင်ဆိုတာ ပေါ်လာပါတယ်။ အဲဒီတော့ ဖယ်ဒရယ်ကို သွားတဲ့အခါ ဖယ်ဒရယ်စနစ်ဆိုတာ အမျိုးမျိုး ရှိပါတယ်။ အဲဒီတော့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖယ်ဒရယ်စနစ် ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျမတို့က ဖွဲ့စည်းပုံတခုကို ပြင်လိုက်တာနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ လျော့ပါးသွားမယ်ဆိုတာကတော့ နည်းနည်းတော့ အလှမ်းဝေးနေအုံးမယ် ထင်ပါတယ်။

သူတို့အနေနဲ့ ဘာကိုလိုချင်နေကြလဲ။ ဒီဖယ်ဒရယ်က ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။ အဲဒီအတွက်ကြောင့် ဒီတိုင်းရင်းသား လက်နက်ကိုင်တွေ လိုချင်တဲ့ ဖယ်ဒရယ်ကိုလည်း အစိုးရနဲ့ တပ်မတော်နဲ့ ညှိနှိုင်းပြီးတော့ သူတို့လိုချင်တဲ့ ပုံစံနဲ့ ဒီဘက်က လျှော့ပေးနိုင်တဲ့ ပုံစံမျိုးနဲ့ ညှိနှိုင်းပြီးမှ လက်နက်ကိုင်တွေ တဖြည်းဖြည်း လျှော့နည်းသွားမယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ အဲဒါကို ပြန်ပြီးအနှစ်ချုပ် ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေအလိုကျ ပြင်လိုက်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ ချုပ်ငြိမ်းမသွားနိုင်ဘူးဆိုတဲ့ သဘောပေါ့။ အကျဉ်းရုံးပြောမယ်ဆိုရင်။

ဖြေ ။ ။ အဲဒါက ဟုတ်ပါတယ်။ အခု ကျမတို့ ဖယ်ဒရယ်ပုံစံမျိုးလည်း ပြောတယ်။ ဖွဲ့စည်းပုံမှာလည်း ဖယ်ဒရယ်ပုံစံမျိုးလည်း ရေးဆွဲပေးတယ်။ တိုင်းဒေသကြီးလွှတ်တော်တို့၊ ပြည်နယ်လွှတ်တော်တို့ကို ဖွဲ့စည်းပေးတယ်။ ဒါပေမဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့က ဘာမှလုပ်ပိုင်ခွင့်လည်း မရှိဘူး။ ဥပဒေပြုခွင့်တွေလည်း လောလောဆယ်မှာ မရှိဘူး။ အဲဒီတော့ လွှတ်တော်မှာဆိုရင်လဲ အဆိုတခု တင်မယ်ဆိုရင်လဲ လက်တွေ့အကောင်အထည်ဖော်မှုလည်း အရမ်းအားနည်းတယ်။ အဲဒီတော့ တိုင်းနဲ့ပြည်နယ်လွှတ်တော်က ဘာမှလုပ်လို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ အဲဒီတော့ အနှစ်သာရရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို သွားမှသာလျှင် လက်နက်ကိုင်တွေ၊ အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးဘက်ကို အားသန်လာမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေကို အာဏာအပြည့်အစုံ သူတို့ဒေသတွင်း စီမံခန့်ခွဲခွင့် အပြည့်အစုံ ပေးရမယ်။ ဥပမာ ပြည်ထောင်စုဖွဲ့စည်းပုံထဲမှာ ဇယားတွေ ခွဲပြီးတော့ power sharing အာဏာခွဲဝေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အဝပေးမယ်။ နောက်ပြီးတော့ အခုန အုပ်ချုပ်ရေး အကြီးအကဲကိုလည်း ဒေသတွင်းလွှတ်တော်မှာ အနိုင်ရခဲ့တဲ့လူကိုသာ ပေးမယ်ဆိုတဲ့ သဘောမျိုး အပြည့်အဝလုပ်နိုင်ရင်ကော ဒီလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို အထောက်အကူဖြစ်ဖို့ အလားအလာ ကောင်းမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ထင်ပါတယ်။ အဲဒါမျိုးဆိုရင်တော့ လက်နက်ကိုင်ချုပ်ငြိမ်းဖို့ အလားအလာ အများကြီးရှိပါတယ်။ ကိုယ့်ဒေသကထွက်တဲ့ သယံဇာတတွေကို သူတို့လုပ်ပိုင်ခွင့် ရှိလာမယ်ဆိုရင် ကိုယ့်ဒေသလည်း အင်မတန် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ အဲဒီတော့ အခုလက်နက် ဘာလို့ကိုင်နေရတာလဲ ဆိုတာကိုလဲ ဖြည့်ပြီးတော့ စဉ်းစားလိုက်ရင် ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာရယ်။ နောက်တခု သူတို့ဒေသကထွက်တဲ့ သယံဇာတတွေကို လုံးဝမရရှိမှုအပေါ်မှာလဲ အခြေခံတယ်။ နောက်တခါ ဗဟိုချုပ်ကိုင်မှုလည်း အရမ်းများနေပြီးတော့ ကိုယ့်ပြည်နယ်အတွင်း လုပ်ပိုင်ခွင့် မရှိသေးတာတွေက အဓိကကျပါတယ်။ အဲဒါကြောင့် ဒါတွေကို အနစ်သာရရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုသာ တည်ထောင်နိုင်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေ လိုချင်နေတဲ့ ပုံစံမျိုးကိုသာ လုပ်ပေးမယ်ဆိုရင်တော့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အလားအလာ အများကြီးလျော့ကျသွားနိုင်ပါတယ်။

မေး ။ ။ ကျနော်က AA ရယ်လို့ ပြောလိုတာ မဟုတ်ပါဘူး။ တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေက လူတွေဟာ လက်နက်ကိုင်လုပ်ခဲ့ပြီးတော့ သိပ်ချမ်းသာကြွယ်ဝတဲ့ သူတို့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့လည်း ဆက်နွှယ်မှု ရှိနေတယ်။ အဲဒီအတွက်ကြောင့် ဒီလက်နက်ကိုင်ပဋိပက္ခ ဆက်လက်ရှိနေခြင်းဟာ သူတို့အတွက် အကျိုးရှိတယ်ဆိုတဲ့ သဘောမျိုးနဲ့ သုံးသပ်တဲ့ လူတချို့လည်း ရှိနေလို့ အဲဒါကို မေးရတာပါ။ အဲဒီကိစ္စတွေကို သူတို့စွန့်လွှတ်နိုင်မယ်လို့ ထင်ပါသလား။ သူတို့ လွယ်လွယ်မရရင်တော့ လက်နက်ကိုင်ထားတဲ့လူတွေ၊ ထိပ်တန်းခေါင်းဆောင်ပိုင်းတွေက လက်နက်နဲ့ ဒီမိုကရေစီကို တကယ်ပဲ လှဲကြလိမ့်မယ် ထင်ပါသလား။ သူတို့ရဲ့ ပုဂ္ဂိုလ်အကျိုးစီးပွားကို ထိခိုက်ခဲ့ကြမယ်ဆိုရင်။

ဖြေ ။ ။ အဲဒါကတော့ ငြိမ်းချမ်းရေးကို တကယ်လိုချင်ကြတယ်။ လက်နက်ကို တကယ်စွန့်လွှတ်မယ်ဆိုတာတော့ သူတို့အပေါ်မှာ မူတည်ပါတယ်။ အပြင်မှာ ဝေဖန်သံတွေလည်း အများကြီးရှိပါတယ်။ ဒီအတိုင်း ရှိနေတာ သူတို့အတွက် ကောင်းနေတယ်၊ သူတို့အတွက် အကျိုးရှိနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျမတို့ရဲ့ မြန်မာနိုင်ငံကြီးက နှစ်ပေါင်း (၇၀) လုံးလုံးက ပြည်တွင်းစစ်နဲ့ တော်တော်လေး တိုင်းပြည်လည်း ဆင်းရဲနေပါပြီ။ အဲဒီအတွက်ကြောင့် ပြည်သူရဲ့အကျိုးကို လိုလားတယ်။ တကယ့်ကို မြန်မာနိုင်ငံကို ကောင်းစေချင်တယ်ဆိုရင်တော့ သူတို့ရဲ့ အတ္တတွေကို စွန့်လွှတ်ရမယ်။ သူတို့ပိုင်ဆိုင်ရှိသမျှတွေကိုလည်း စွန့်လွှတ်ရမယ်လို့ မြင်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံကြီး ကောင်းကျိုးအတွက် တိုင်းရင်းသားဒေသတွေ အကုန်လုံး ငြိမ်းချမ်းဖို့အတွက်ဆိုရင်တော့ ကိုယ့်အတ္တတွေကို စွန့်ရမယ်။ သူတို့ပိုင်ဆိုင်မှုတွေကိုလည်း လောဘမရှိ စွန့်ရမယ်လို့ ပြောလိုပါတယ်။

XS
SM
MD
LG