သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ျပႆနာ ျမန္မာကိုင္တြယ္မႈ


အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာေက်ာ္စြာဦး

Coronavirus ကို ကမာၻတဝွမ္းလုံးက စိုးရိမ္ထိတ္လန႔္ၿပီး တားဆီးကာကြယ္ေရး အားထုတ္မႈေတြ အျပင္းအထန္ ျပဳလုပ္ေနၾကခ်ိန္မွာ ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံတခ်ိဳ႕ရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ အားရဖြယ္မရွိဘူးလို႔ သုံသပ္သူတခ်ဳိ ႔ ရွိေနပါတယ္။ ဒါဘယ္ေလာက္ မွန္ကန္ပါသလဲ။ ျမန္မာႏိုင္ငံက အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာေက်ာ္စြာဦး နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီေန႔ ေဒါက္တာေက်ာ္စြာဦးကို ဆက္သြယ္ရတဲ့အေၾကာင္းရင္းကေတာ့ တကမာၻလံုးက ထိတ္ထိတ္ျပာျပာ ျဖစ္ေနၾကတဲ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ ႔ႏံွ႔မႈနဲ႔ ပတ္သက္ပါတယ္။ ပထမဦးဆံုးတခု ေမးခ်င္တာကေတာ့ ဒီအေမရိကန္ျပည္ေထာင္စုတို႔လို ႏုိင္ငံမ်ဳိးမွာေတာင္မွ ဒီေရာဂါကို အာရံုစူးစိုက္တာဟာ ေနာက္က်လြန္တယ္ဆိုၿပီး Donald Trump အစိုးရကို ေဝဖန္္မႈေတြ ရိွပါတယ္။ ဆုိေတာ့ ျမန္မာႏိုင္ငံဟာ တရုတ္ႏုိင္ငံနဲ႔ နယ္စပ္ခ်င္း မိုင္အမ်ားဆံုး ထိေတြ႔ေနတဲ့ႏုိင္ငံ ျဖစ္ပါတယ္။ ဒီေရာဂါနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲ ႔ အေရးတယူေဆာင္ရြက္မႈဟာ လံုေလာက္မႈ ရိွပါရဲ ႔လား ဆရာ။

ေျဖ ။ ။ က်ေနာ့္ရဲ ႔ တဦးခ်င္းအျမင္ကို ေျပာရမယ္ဆိုရင္ လံုေလာက္ျပည့္စံုမႈ ရိွတယ္လို႔ေတာ့ အျပည့္အဝ ေျပာလို႔ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တရုတ္ႏုိင္ငံဟူေဘးျပည္နယ္၊ ဝူဟန္မွာ စျဖစ္တယ္။ ၿပီးေတာ့ ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာ WHO ကို အေၾကာင္းၾကားလိုက္ၿပီးေနာက္ က်ေနာ္တို႔က ဇန္နဝါရီလ (၄) ရက္ေလာက္မွာ ထင္ပါတယ္ - အဲဒီမွာ က်ေနာ္တို႔ႏုိင္ငံမွာ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက စၿပီးေတာ့ စစ္ေဆးမႈေတြ၊ သတိေပးႏိႈးေဆာ္ခ်က္ေတြကို စၿပီးလုပ္ကိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ က်ေနာ္ကေတာ့ က်ေနာ္တို႔ေဆာင္ရြက္မႈေတြက ေစာတယ္၊ ျပည့္စံုတယ္လို႔ ယူဆပါတယ္။

ေမး ။ ။ ဒါေပမဲ့ တခ်ဳိ ႔ကေတာ့ ျမန္မာႏိုင္ငံ အေရွ ႔ေတာင္အာရွႏုိင္ငံေတြထဲမွာ အထူးသျဖင့္ ျမန္မာနဲ႔ လားအိုတို႔လို႔ ႏုိင္ငံေတြက ကိုရိုနာဗိုင္းရပ္စ္ အႏၱရာယ္ကို ေလွ်ာ့တြက္လြန္တယ္လို႔ သံုးသပ္ၾကပါတယ္။

ေျဖ ။ ။ ဒီဟာက က်ေနာ္ထင္ပါတယ္။ က်ေနာ္တုိ႔ ႏုိင္ငံရဲ ႔ လူမႈ႔စီးပြားအေျခအေနေတြရယ္၊ က်န္းမာေရးေစာင့္ေရွာက္မႈ ေခတ္ကာလအဆက္ဆက္က ျဖစ္ခဲ့တဲ့ေပၚ မူတည္ၿပီးေတာ့ တခ်ဳိ ႔က အဲဒီလိုသံုးသပ္တယ္လို႔ပဲ က်ေနာ္အေနနဲ႔ ယူဆပါတယ္။ အမွန္က ျမန္မာႏိုင္ငံမွာ ၂၀၂၀ ႏွစ္ဆန္းထဲက က်ေနာ္တို႔က ဒါကိုလုပ္ေနတာပါ။ သို႔ေသာ္လဲပဲ တခုေတာ့ရိွတယ္။ က်ေနာ္တို႔ႏုိင္ငံမွာ တခ်ဳိ ႔ေသာလူေတြက က်န္းမာေရးအရ အင္မတန္မွ ဗဟုသုတ အားနည္းတဲ့အပိုင္းေတြ ရိွတယ္။ တခ်ဳိ ႔ေဒသေတြၾကေတာ့လဲ က်ေနာ္တို႔ရဲ ႔ သတင္းအခ်က္အလက္ေတြ ေရာက္ရိွဖို႔အတြက္ အားနည္းေနေသးတဲ့ ေနရာေတြ ရိွတယ္။ အဲဒီေပၚမွာလဲ မူတည္ၿပီးေတာ့ တခ်ဳိ ႔ေတြက ဒီလုိသံုးသပ္တယ္လုိ႔ပဲ က်ေနာ့္အေနနဲ႔ ျမင္တယ္။ ဒါက ျမန္မာႏုိင္ငံကို ေျပာတာပါ။

ေမး ။ ။ ဆိုေတာ့ ျမန္မာႏုိင္ငံ က်န္းမာေရးဝန္ႀကီးဌာနက တာဝန္ရိွတဲ့ ပုဂၢိဳလ္ေတြ ေျပာတာက သံသယရိွၿပီးေတာ့၊ ေစာင့္ၾကည့္ခဲ့တဲ့ လူနာေတြ ရိွတယ္။ အဲဒီအထဲက တခ်ဳိ ႔ေသဆံုးသြားေပမယ့္ ဒီေရာဂါေၾကာင့္ မဟုတ္ဘူးလုိ႔ ေျပာတယ္။ တခ်ဳိ ႔ကိုေတာ့ စစ္ေဆးေနဆဲလို႔ ဆုိပါတယ္။ ဆိုေတာ့ ဒီလိုေဆးရံုကို က်န္းမာေရးဌာနရဲ ႔ အာရံုစူးစိုက္မႈေအာက္ကို မေရာက္လာဘဲနဲ႔ ေသဆံုးသြားတဲ့လူေတြေကာ ဘယ္ေလာက္ရိွႏိုင္မလဲ။ က်ေနာ္ စဥ္းစားမိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ျမန္မာႏိုင္ငံ က်န္းမာေရးေစာင့္ေရွာက္မႈက ေနရာတုိင္းေထာင့္တုိင္းကို ေရာက္ရိွေနၿပီလို႔ မေျပာႏုိင္ဘူးလို႔ ထင္ပါတယ္။

ေျဖ ။ ။ အဓိကေတာ့ က်ေနာ္တုိ႔ အခုလက္ရိွမွာေတာ့ ကိုဗစ္-၁၉ (Covid 19) က တကမာၻလံုး၊ က်ေနာ္တို႔ျမန္မာႏုိင္ငံအပါအဝင္ အကုန္လံုးက အာရံုစိုက္ေနတာေၾကာင့္ အခုအခ်ိန္မွာ က်ေနာ္တုိ႔က ဖ်ားၿပီးေမာတာကိုပဲ ဒီဟာကိုပဲ ဦးစားေပးစဥ္းစားၾကတာေပါ့။ သို႔ေသာ္လဲပဲ အျခားေသာေရာဂါ အေျခအေနေတြကလဲ က်ေနာ္တို႔ႏုိင္ငံမွာ ျဖစ္ပြားၿပီးေသဆံုးႏႈန္းေတြကလည္း ရိွပါတယ္။ ဥပမာ ဒီေရာဂါနဲ႔ ေသဆံုးတဲ့ႏႈန္္းကလည္း က်ေနာ္တို႔ႏုိင္ငံမွာ အခုအခ်ိန္အထိ ရိွတုန္းပါပဲ။ ဘယ္ေလာက္ပဲ ကုသမႈေတြေပးေပး၊ ပညာေတြေပးေပး - ဒါက ဥပမာတခုေပါ့။

ေနာက္တခုက က်ေနာ္တို႔က ေသြးတိုး၊ ဆီးခ်ဳိ၊ ႏွလံုးေရာဂါ ျဖစ္ပြားမႈႏႈန္းက က်ေနာ္တို႔ႏုိင္ငံမွာ ေနာက္ပိုင္းျဖစ္ပြားမႈေတြက မ်ားလာတယ္။ မ်ားလာတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က အေျခခံအေၾကာင္းတရာ ေရာဂါေတြ ေသြးတိုး၊ ဆီးခ်ဳိ၊ ႏွလံုး၊ အဆုပ္၊ နာတာရွည္အဆုပ္၊ ကင္ဆာ စတဲ့ ဒါေတြနဲ႔ ပတ္သက္ၿပီး ေသဆံုးႏႈန္းေတြက မ်ားလာတဲ့အတြက္ေၾကာင့္ ဒီအခ်ိန္မွာ ေသတယ္ဆိုရင္ လူေတြက ကိုဗစ္-၁၉ ကို သံသယျဖစ္ေပမယ့္ တကယ့္တကယ္ၾကေတာ့ သူတုိ႔က သူ႔ရဲ ႔အေျခခံ အေၾကာင္းတရားေရာဂါေတြနဲ႔ ေသဆံုးတာေတြလည္း ရိွပါတယ္။

အခုေသဆံုးသြားတဲ့ လူနာေတြကလည္း ကုသခဲ့တဲ့ ဆရာေတြကိုယ္တိုင္က အေျခခံအေၾကာင္းတရားေရာဂါနဲ႔ ေသဆံုးတယ္ဆိုတာကို ဆရာေတြက မွတ္ခ်က္ျပဳပါတယ္။ အဲဒါေၾကာင့္မို႔ က်ေနာ္တို႔က အခုအခ်ိန္က ဒီေရာဂါက အားလံုးက အာရံုစိုက္ေနတာေၾကာင့္ က်ေနာ္တုိ႔က ဒါကို အကုန္လံုးက Highlight အဓိကထားၿပီးေတာ့ ေျပာေနတယ္လို႔ ယူဆပါတယ္။ အကယ္၍ တခ်ဳိ ႔ေတြေျပာသလို Negative - အေျဖမရိွဘူးဆိုတာကို လက္မခံဘူးဆိုရင္ က်ေနာ္ တခုပဲျမင္ၾကည့္တာက အကယ္၍ ဒီအေျဖက မွားခဲ့တယ္ဆိုရင္ေတာင္ အဲဒီလူနာကို၊ ဒါမွမဟုတ္ ေသဆံုးသြားတဲ့ လူနာပဲျဖစ္ျဖစ္၊ အခုလက္ရိွ ရွင္လိုိ႔ပဲ ျပန္ၿပီးေဆးရံုက ဆင္းသြားတဲ့ လူနာပဲျဖစ္ျဖစ္၊ အကယ္၍ ဒီအေျဖသာ မွားခဲ့မယ္ဆိုရင္ သူ႔ေဘးနားမွာ သူကိုျပဳစုတဲ့လူပဲျဖစ္ျဖစ္၊ က်န္းမာေရးေစာင့္ေရွာက္ခဲ့တဲ့ ဆရာဝန္ေတြ၊ ဆရာမေတြကိုယ္တိုင္ ကူးစက္ခံရမွာပဲ။

ဒီကိစၥႀကီးက ဒီအတိုင္း ရပ္သြားတာ မဟုတ္ဘူးလို႔ က်ေနာ္က ျမင္တယ္။ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့လဲ ၿမိဳ ႔နယ္တိုင္းမွာ အစုလိုက္အၿပံဳးလိုက္ ေသတယ္၊ ဖ်ားတယ္ဆိုတာ သိပ္မေတြ႔ရတာေၾကာင့္ မရိွတာကိုေတာ့ တခ်ဳိ ႔က ေထာက္ျပေနတာကိုေတာ့ က်ေနာ္အေနနဲ႔ ေျပာခ်င္တာက သူတို႔အျမင္လည္း မွားေတာ့မမွားဘူး။ သို႔ေသာ္လဲပဲ ဖံုးဖိထားလို႔ မရဘူးဆိုတာကိုေတာ့ က်ေနာ္ ေထာက္ျပခ်င္ပါတယ္။

ေမး ။ ။ တဆက္တည္း ေမးသင့္တယ္ထင္တဲ့ ေမးခြန္းက ဒီေရာဂါကို စမ္းသပ္စစ္ေဆးႏုိင္တဲ့ စြမ္းရည္၊ ျမန္မာႏုိင္ငံမွာ ဘယ္ေလာက္ရိွပါၿပီလဲ။ ဒီႏိုင္ငံေတြမွာေတာင္မွ သိပ္ကိုသံသယရိွတဲ့ ေရာဂါလကၡဏာျပတဲ့ဟာေတြကိုမွသာ ဒီဟာကို စမ္းသပ္ႏုိင္တယ္။ ျမန္မာႏိုင္ငံမွာေကာ လူဘယ္ႏွစ္ေယာက္ေလာက္ကို စမ္းသပ္ႏိုင္မယ့္ အင္အားရိွပါသလဲ။

ေျဖ ။ ။ အခုေလာေလာဆယ္ သိထားသေလာက္ဆိုရင္ ေရာဂါလကၡဏာျပတယ္ ေနာက္တခ်ဳိ ႔ကလဲ ဒီေရာဂါျဖစ္တဲ့ ႏုိင္ငံေတြက ျပန္လာတယ္။ တခ်ဳိ ႔ၾကေတာ့လဲ ေရာဂါျဖစ္တဲ့လူနဲ႔ ထိေတြ႔ထားတဲ့လူေတြ။ ၿပီးေတာ့ အခုနေျပာတဲ့ ကိုဗစ္-၁၉ နဲ႔ ဆင္တူတဲ့လကၡဏာေတြျပတဲ့ လူေတြကိုပဲ က်ေနာ္တို႔က အဓိကထားၿပီးေတာ့ သံသယလူနာ၊ ေစာင့္ၾကည့္ၿပီးေတာ့ ေရာဂါကို ရွာေဖြပါတယ္။ ဒီေရာဂါရွာေဖြတဲ့ စက္ကလည္း WHO အသိအမွတ္ျပဳထားတဲ့ ရလဒ္ေတြပါ။ ဒီ PCR စက္ကလည္း က်ေနာ္တို႔ႏုိင္ငံမွာ ဒါေတြမျဖစ္ကတည္းက ရိွၿပီးသား ျဖစ္ပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး လိုအပ္တဲ့ ဓါတ္ပစၥည္းေတြကိုလည္း အေမရိကန္တုိ႔ ဘာတို႔ကေန လွဳထားတာေတြ ရိွပါတယ္။ ဆိုေတာ့ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ဓါတ္ခြဲခန္းမွာရိွတဲ့ ပညာရွင္ေတြ၊ ဝန္ထမ္းေတြ အကုန္လံုး ႀကိဳးႀကိဳးစားစားနဲ႔ အကုန္လံုး အပင္ပန္းခံၿပီးေတာ့ ေသခ်ာစစ္ေဆးေနျခင္း ျဖစ္ပါတယ္။

ေမး ။ ။ တခ်ိန္တုန္းက HIV/AIDS ျဖစ္တုန္းကဆိုရင္ ျမန္မာအာဏာပိုင္ေတြက ျငင္းတယ္ “ငါတို႔ ျမန္မာႏိုင္ငံမွာ လံုးဝမရိွဘူး” Denial stage - ေနာက္မွ တျဖည္းျဖည္းလက္ခံလာတဲ့အခါ ေရာဂါက ရာခိုင္ႏႈန္း ေတာ္ေတာ္မ်ားမ်ား ကူးစက္ေနတာကို ေတြ႔ရတာေတြ ျဖစ္လာတယ္။ အခု ကိုရိုနာဗိုင္းရပ္စ္ (Covid 19) နဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏုိင္ငံဟာ လံုးဝမရိွႏိုင္ဘူးဆိုၿပီး ျငင္းဆန္တဲ့အဆင့္ Denial Stage ကို ေရာက္ခဲ့ပါေသးလား။ မဟုတ္ဘဲနဲ႔ ခ်က္ခ်င္းတံု႔ျပန္ေဆာင္ရြက္တယ္လို႔ ဆရာ ျမင္ပါသလား။

ေျဖ ။ ။ ဒီေန႔ သတင္းအခ်က္အလက္ နည္းပညာေခတ္ Digital ေခတ္မွာ သတင္းေတြ ဒီေလာက္ျမန္ေနတဲ့ေခတ္မွာ က်ေနာ္တို႔က ဖံုးကြယ္ထားဖုိ႔ဆိုတာက ဘယ္လိုမွ မျဖစ္ႏုိင္ဘူးလို႔ ယူဆတယ္။ ေနာက္တပိုင္းက က်ေနာ္တို႔ႏုိင္ငံက ၂၀၁၀ ေနာက္ပိုင္းမွာ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ျဖစ္လာၿပီး ၂၀၁၅ မွာ ျပည္သူအမ်ားစု ေထာက္ခံထားတဲ့ ျပည္သူ႔အစိုးရ တက္လာၿပီးေနာက္ပိုင္းမွာဆိုရင္ ပိုၿပီးေတာ့ေတာင္ သတင္းေတြက ထိန္းခ်န္လို႔ မရပါဘူး။ ပြင့္လင္းျမင္သာမႈနဲ႔ တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည့္နဲ႔ က်ေနာ္တို႔က သြားေနရတဲ့ ေခတ္စနစ္ႀကီးမွာ အရင္လိုမ်ဳိး မရိွပါဘူးဆိုၿပီး ျငင္းဆန္လို႔လဲ မရပါဘူး။ ဘာပဲေျပာေျပာ တခ်ဳိ ႔ကေတာ့ သတင္းအေမွာင္ခ်တာလုိ႔ ျမင္တယ္။ ဒါေပမဲ့ လက္ရိွ အစိုးရကေတာ့ သတင္းအေမွာင္ခ်ဖို႔လဲ မရိွသလို၊ ဒီေခတ္ကလည္း သတင္းအေမွာင္ခ်လို႔ရတဲ့ ေခတ္မဟုတ္တဲ့အတြက္ေၾကာင့္မို႔ က်ေနာ္အေနနဲ႔ တခ်ဳိ ႔ေဝဖန္တာေတြကေတာ့ နည္းနည္းျပင္းထန္သလားလို႔ပါ။

ေမး ။ ။ က်ေနာ္ ေနာက္တခုေမးခ်င္တာက ဆရာဝန္တေယာက္အေနနဲ႔ ဆရာရဲ ႔ အျမင္ကို ေမးခ်င္တာပါ။ ျမန္မာႏိုင္ငံနဲ႔ေတာ့ မဆိုင္ပါဘူး။ ဒီေရာဂါ စတင္ျဖစ္ပြားတဲ့ တရုတ္ႏိုင္ငံ ဟူေဘးနယ္၊ ဝူဟန္ၿမိဳ ႔ေတြမွာ အခုေနာက္ပိုင္းမွာ ကူးစက္ပ်ံ ႔ႏံွ႔မႈ မရိွေတာ့ဘူး။ တေလာတုန္းကဆိုရင္ ႏိုင္ငံျခားက ျပန္လာတဲ့ လူ (၂၀ - ၃၀) ေလာက္မွာပဲ ဒီေရာဂါပိုး ေတြ႔ရေတာ့တယ္ဆိုၿပီးေတာ့ တရုတ္ဘက္က ေၾကညာပါတယ္။ တခ်ဳိ ႔ႏိုင္ငံတကာ ဆရာဝန္ေတြက မျဖစ္ႏုိင္ဘူးလို႔လဲ သံသယ ရိွၾကပါတယ္။ တခ်ဳိ ႔ကလည္း လက္ခံၾကတယ္။ ဆရာ ျမန္မာႏိုင္ငံထဲမွာ ေနထိုင္ေနတဲ့ ဆရာဝန္တေယာက္အေနနဲ႔ ဒီသတင္းကို ဘယ္လိုယူဆပါသလဲ။

ေျဖ ။ ။ အဓိကေတာ့ ဘယ္လိုျဖစ္ခဲ့သလဲဆိုေတာ့ တရုတ္ျပည္ကလည္း သတင္းအေမွာင္ခ်တဲ့ ႏိုင္ငံ ျဖစ္ခဲ့တယ္။ လက္ရိွေတာ့ သတင္းအေမွာင္ခ်တယ္။ စျဖစ္တုန္းက ဒါကို သတိထားမိတဲ့ ဆရာဝန္ေျပာခဲ့တာကိုလည္း သတင္းအေမွာင္ခ်ဖို႔ ႀကိဳးစားခဲ့တယ္။ ေနာက္ဆံုး မႏုိင္ေတာ့တဲ့ အေျခအေနမွ သူတုိ႔က ေၾကညာတဲ့အဆင့္ ျဖစ္ခဲ့တာေၾကာင့္ အခုလက္ရိွ သူတုိ႔ႏုိင္ငံက ထြက္လာတဲ့ စာရင္းဇယားေတြကိုလည္း တခ်ဳိ ႔ႏုိင္ငံေတြက လက္မခံႏိုင္တာလည္း ရိွတယ္။ က်ေနာ့္တဦးတည္းအျမင္ ေျပာရရင္ တခ်ဳိ ႔က ႏုိင္ငံေရးအရလည္း ပါပါတယ္။ အင္အားႀကီးႏိုင္ငံအခ်င္းခ်င္း အားၿပိဳင္တဲ့အခါမွာ တရုတ္ႏုိင္ငံက တင္ျပလာတဲ့ စာရင္းေတြသည္ မမွန္ကန္ႏိုင္ဘူးလို႔ တခ်ဳိ ႔က ဒီဟာကို ေဝဖန္တာေတြလည္း ရိွတာေပါ့။

ဒါေပမဲ့ က်ေနာ့္အေနနဲ႔ ဘာျမင္သလဲဆိုေတာ့ အခုလက္ရိွ ထြက္လာတဲ့ သတင္းေတြ မွန္တယ္ဆိုလို႔ရိွရင္ တရုတ္ႏုိင္ငံဟာ ဒီေရာဂါကို သူတုိ႔က ဘာပဲျဖစ္ျဖစ္ မီးေတာက္က်ဳိးေအာင္၊ မီးၿငိမ္းလိုက္ႏုိင္တဲ့ အေျခအေန တျဖည္းျဖည္း ေရာက္လာၿပီဆုိေတာ့ သူတုိ႔ ဘယ္လိုမ်ား ဒါကို ႀကိဳးစားပမ္းစား ႏိွမ္ႏွင္းခဲ့သလဲဆိုတာကို က်ေနာ္တုိ႔ နည္းနာနိႆယေတာ့ ယူဖို႔ေတာ့ လိုလာၿပီ။ ဒါေပမဲ့ ဒီဟာသည္ သတင္းအခ်က္အလက္ မမွန္ကန္ႏိုင္ဘူးလို႔ ေျပာေတာ့လဲ၊ ဒီလိုထိန္းခ်ဳပ္ႏိုင္တဲ့အတြက္ က်ေနာ့္အေနနဲ႔ေတာ့ ဦးေဆာင္ခဲ့တဲ့ လူေတြနဲ႔ ပါဝင္ခဲ့တဲ့ တကယ္ကိုလႈပ္ရွားခဲ့တဲ့ က်န္းမာေရးဝန္ထမ္းေတြ အကုန္လံုးကိုေတာ့ က်ေနာ့္အေနနဲ႔ ခ်ီးက်ဴးပါတယ္။

ေမး ။ ။ ေနာက္ဆံုးေမးခ်င္တာကေတာ့ တခ်ဳိ ႔ႏိုင္ငံေတြမွာ ဒီေရာဂါကို ကာကြယ္ဖို႔ ႀကိဳးပမ္းတာဟာ သိပ္ၿပီးေတာ့ ၾကမ္းတမ္းတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ drastic action ထုတ္တယ္ဆိုၿပီးေတာ့ ေျပာၾကတယ္။ ဘယ္မွမထြက္နဲ႔ အျပင္ထြက္တဲ့လူေတြကို ရဲေတြက စစ္ေဆးၿပီး၊ အိမ္ထဲျပန္သြား အတင္းသြင္းၾကတယ္။ အဲဒီလိုမ်ဳိး လုပ္ရပ္ေတြေကာ လိုအပ္ပါသလား။ တကယ္ေတာ့ ျမန္မာႏိုင္ငံမွာေကာ အဲဒီေလာက္ တင္းၾကပ္ဖို႔ လိုပါသလား။ အဲဒါကို ေနာက္ဆံုးေျဖေပးပါ။

ေျဖ ။ ။ က်ေနာ္ ေလ့လာဖတ္ရႈရသေလာက္ဆိုရင္ေတာ့ တရုတ္ႏုိင္ငံဟာ စံနမူနာတခု ယူရမွာေပါ့။ အဲဒီလိုေျပာလို႔ တရုတ္ကို ဦးစားေပးေျပာတယ္လို႔ ထင္ေနအံုးမယ္။ က်ေနာ္က ေလ့လာသံုးသပ္ခ်က္အရဆုိရင္ တရုတ္က တကယ္လဲျဖစ္ေတာ့ ဟူေဘးျပည္နယ္၊ ဝူဟန္မွာ အကုန္လံုးကို Lock-down လုပ္ခ်လိုက္တာဟာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္။ သူတို႔လဲ အဲဒီအခ်ိန္မွာ ေတာ္ေတာ္ေလး ေဝဖန္ခံရပါတယ္။ လူ႔အခြင့္အေရးအရ တရုတ္ေခါင္းေဆာင္ေတြ ေဝဖန္ခံရတယ္။ သို႔ေသာ္လဲ အဲဒီလို Lock-down လုပ္လိုက္ျခင္းအားျဖင့္ သူတုိ႔ႏိုင္ငံအတြင္းမွာ ကူးစက္ပ်ံ ႔ႏံွ႔ႏႈန္းက ျပန္ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္ဆိုေတာ့ က်ေနာ့္အေနနဲ႔ လိုအပ္ရင္ေတာ့ တခ်ဳိ ႔ေသာ ဆံုးျဖတ္ခ်က္ေတြက ခိုင္ခိုင္မာမာနဲ႔ ျပတ္ျပတ္သားသားေတာ့ လုပ္ဖို႔လိုတယ္။ မွန္ပါတယ္။ Lock-down လုပ္တဲ့အခါမွာ လူမႈစီးပြားဘဝေတြ ထိခိုက္တယ္။ စိတ္ပိုင္းဆိုင္ရာေတြ ထိခိုက္တယ္။ ရုပ္ပိုင္းဆိုင္ရာေတြ ထိခိုက္တယ္။ အားလံုးေသာ အခန္းက႑အားလံုးအေပၚ သက္ေရာက္မႈေတြ ရိွတယ္ဆိုတာေတာ့ မွန္တယ္။ သို႔ေသာ္လဲ က်ေနာ္တုိ႔က ဘယ္ဟာကို ဦးစားေပး စဥ္းစားမလဲဆိုတာကိုေတာ့ စဥ္းစားဖို႔လိုတယ္။ Lock-down လုပ္တာရဲ ႔ ေကာင္းက်ဳိး-ဆိုးက်ဳိးကေတာ့ ဒြန္းတြဲေနမယ္။ သို႔ေသာ္လဲပဲ က်ေနာ္တို႔ လုပ္ရမယ့္ အေျခအေနဆိုရင္ေတာ့ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံမွာလည္း လုပ္မယ္လို႔ က်ေနာ့္အေနနဲ႔ ထင္ျမင္ယူဆပါတယ္။

==Unicode==

Coronavirus ကို ကမ္ဘာတဝှမ်းလုံးက စိုးရိမ်ထိတ်လန့်ပြီး တားဆီးကာကွယ်ရေး အားထုတ်မှုတွေ အပြင်းအထန် ပြုလုပ်နေကြချိန်မှာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့ရဲ့ လုပ်ဆောင်ချက်တွေဟာ အားရဖွယ်မရှိဘူးလို့ သုံသပ်သူတချို့ ရှိနေပါတယ်။ ဒါဘယ်လောက် မှန်ကန်ပါသလဲ။ မြန်မာနိုင်ငံက အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦး နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့ ဒေါက်တာကျော်စွာဦးကို ဆက်သွယ်ရတဲ့အကြောင်းရင်းကတော့ တကမ္ဘာလုံးက ထိတ်ထိတ်ပြာပြာ ဖြစ်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နံှ့မှုနဲ့ ပတ်သက်ပါတယ်။ ပထမဦးဆုံးတခု မေးချင်တာကတော့ ဒီအမေရိကန်ပြည်ထောင်စုတို့လို နိုင်ငံမျိုးမှာတောင်မှ ဒီရောဂါကို အာရုံစူးစိုက်တာဟာ နောက်ကျလွန်တယ်ဆိုပြီး Donald Trump အစိုးရကို ဝေဖန်မှုတွေ ရှိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်း မိုင်အများဆုံး ထိတွေ့နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အရေးတယူဆောင်ရွက်မှုဟာ လုံလောက်မှု ရှိပါရဲ့လား ဆရာ။

ဖြေ ။ ။ ကျနော့်ရဲ့ တဦးချင်းအမြင်ကို ပြောရမယ်ဆိုရင် လုံလောက်ပြည့်စုံမှု ရှိတယ်လို့တော့ အပြည့်အဝ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံဟူဘေးပြည်နယ်၊ ဝူဟန်မှာ စဖြစ်တယ်။ ပြီးတော့ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ WHO ကို အကြောင်းကြားလိုက်ပြီးနောက် ကျနော်တို့က ဇန်နဝါရီလ (၄) ရက်လောက်မှာ ထင်ပါတယ် - အဲဒီမှာ ကျနော်တို့နိုင်ငံမှာ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စပြီးတော့ စစ်ဆေးမှုတွေ၊ သတိပေးနှိုးဆော်ချက်တွေကို စပြီးလုပ်ကိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ကျနော်ကတော့ ကျနော်တို့ဆောင်ရွက်မှုတွေက စောတယ်၊ ပြည့်စုံတယ်လို့ ယူဆပါတယ်။

မေး ။ ။ ဒါပေမဲ့ တချို့ကတော့ မြန်မာနိုင်ငံ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အထူးသဖြင့် မြန်မာနဲ့ လားအိုတို့လို့ နိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို လျှော့တွက်လွန်တယ်လို့ သုံးသပ်ကြပါတယ်။

ဖြေ ။ ။ ဒီဟာက ကျနော်ထင်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ လူမှု့စီးပွားအခြေအနေတွေရယ်၊ ကျန်းမာရေးစောင့်ရှောက်မှု ခေတ်ကာလအဆက်ဆက်က ဖြစ်ခဲ့တဲ့ပေါ် မူတည်ပြီးတော့ တချို့က အဲဒီလိုသုံးသပ်တယ်လို့ပဲ ကျနော်အနေနဲ့ ယူဆပါတယ်။ အမှန်က မြန်မာနိုင်ငံမှာ ၂၀၂၀ နှစ်ဆန်းထဲက ကျနော်တို့က ဒါကိုလုပ်နေတာပါ။ သို့သော်လဲပဲ တခုတော့ရှိတယ်။ ကျနော်တို့နိုင်ငံမှာ တချို့သောလူတွေက ကျန်းမာရေးအရ အင်မတန်မှ ဗဟုသုတ အားနည်းတဲ့အပိုင်းတွေ ရှိတယ်။ တချို့ဒေသတွေကြတော့လဲ ကျနော်တို့ရဲ့ သတင်းအချက်အလက်တွေ ရောက်ရှိဖို့အတွက် အားနည်းနေသေးတဲ့ နေရာတွေ ရှိတယ်။ အဲဒီပေါ်မှာလဲ မူတည်ပြီးတော့ တချို့တွေက ဒီလိုသုံးသပ်တယ်လို့ပဲ ကျနော့်အနေနဲ့ မြင်တယ်။ ဒါက မြန်မာနိုင်ငံကို ပြောတာပါ။

မေး ။ ။ ဆိုတော့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ပြောတာက သံသယရှိပြီးတော့၊ စောင့်ကြည့်ခဲ့တဲ့ လူနာတွေ ရှိတယ်။ အဲဒီအထဲက တချို့သေဆုံးသွားပေမယ့် ဒီရောဂါကြောင့် မဟုတ်ဘူးလို့ ပြောတယ်။ တချို့ကိုတော့ စစ်ဆေးနေဆဲလို့ ဆိုပါတယ်။ ဆိုတော့ ဒီလိုဆေးရုံကို ကျန်းမာရေးဌာနရဲ့ အာရုံစူးစိုက်မှုအောက်ကို မရောက်လာဘဲနဲ့ သေဆုံးသွားတဲ့လူတွေကော ဘယ်လောက်ရှိနိုင်မလဲ။ ကျနော် စဉ်းစားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုက နေရာတိုင်းထောင့်တိုင်းကို ရောက်ရှိနေပြီလို့ မပြောနိုင်ဘူးလို့ ထင်ပါတယ်။

ဖြေ ။ ။ အဓိကတော့ ကျနော်တို့ အခုလက်ရှိမှာတော့ ကိုဗစ်-၁၉ (Covid 19) က တကမ္ဘာလုံး၊ ကျနော်တို့မြန်မာနိုင်ငံအပါအဝင် အကုန်လုံးက အာရုံစိုက်နေတာကြောင့် အခုအချိန်မှာ ကျနော်တို့က ဖျားပြီးမောတာကိုပဲ ဒီဟာကိုပဲ ဦးစားပေးစဉ်းစားကြတာပေါ့။ သို့သော်လဲပဲ အခြားသောရောဂါ အခြေအနေတွေကလဲ ကျနော်တို့နိုင်ငံမှာ ဖြစ်ပွားပြီးသေဆုံးနှုန်းတွေကလည်း ရှိပါတယ်။ ဥပမာ ဒီရောဂါနဲ့ သေဆုံးတဲ့နှုန်းကလည်း ကျနော်တို့နိုင်ငံမှာ အခုအချိန်အထိ ရှိတုန်းပါပဲ။ ဘယ်လောက်ပဲ ကုသမှုတွေပေးပေး၊ ပညာတွေပေးပေး - ဒါက ဥပမာတခုပေါ့။

နောက်တခုက ကျနော်တို့က သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းက ကျနော်တို့နိုင်ငံမှာ နောက်ပိုင်းဖြစ်ပွားမှုတွေက များလာတယ်။ များလာတဲ့အတွက်ကြောင့် ကျနော်တို့က အခြေခံအကြောင်းတရာ ရောဂါတွေ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အဆုပ်၊ နာတာရှည်အဆုပ်၊ ကင်ဆာ စတဲ့ ဒါတွေနဲ့ ပတ်သက်ပြီး သေဆုံးနှုန်းတွေက များလာတဲ့အတွက်ကြောင့် ဒီအချိန်မှာ သေတယ်ဆိုရင် လူတွေက ကိုဗစ်-၁၉ ကို သံသယဖြစ်ပေမယ့် တကယ့်တကယ်ကြတော့ သူတို့က သူ့ရဲ့အခြေခံ အကြောင်းတရားရောဂါတွေနဲ့ သေဆုံးတာတွေလည်း ရှိပါတယ်။

အခုသေဆုံးသွားတဲ့ လူနာတွေကလည်း ကုသခဲ့တဲ့ ဆရာတွေကိုယ်တိုင်က အခြေခံအကြောင်းတရားရောဂါနဲ့ သေဆုံးတယ်ဆိုတာကို ဆရာတွေက မှတ်ချက်ပြုပါတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က အခုအချိန်က ဒီရောဂါက အားလုံးက အာရုံစိုက်နေတာကြောင့် ကျနော်တို့က ဒါကို အကုန်လုံးက Highlight အဓိကထားပြီးတော့ ပြောနေတယ်လို့ ယူဆပါတယ်။ အကယ်၍ တချို့တွေပြောသလို Negative - အဖြေမရှိဘူးဆိုတာကို လက်မခံဘူးဆိုရင် ကျနော် တခုပဲမြင်ကြည့်တာက အကယ်၍ ဒီအဖြေက မှားခဲ့တယ်ဆိုရင်တောင် အဲဒီလူနာကို၊ ဒါမှမဟုတ် သေဆုံးသွားတဲ့ လူနာပဲဖြစ်ဖြစ်၊ အခုလက်ရှိ ရှင်လို့ပဲ ပြန်ပြီးဆေးရုံက ဆင်းသွားတဲ့ လူနာပဲဖြစ်ဖြစ်၊ အကယ်၍ ဒီအဖြေသာ မှားခဲ့မယ်ဆိုရင် သူ့ဘေးနားမှာ သူကိုပြုစုတဲ့လူပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်ခဲ့တဲ့ ဆရာဝန်တွေ၊ ဆရာမတွေကိုယ်တိုင် ကူးစက်ခံရမှာပဲ။

ဒီကိစ္စကြီးက ဒီအတိုင်း ရပ်သွားတာ မဟုတ်ဘူးလို့ ကျနော်က မြင်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့လဲ မြို့နယ်တိုင်းမှာ အစုလိုက်အပြုံးလိုက် သေတယ်၊ ဖျားတယ်ဆိုတာ သိပ်မတွေ့ရတာကြောင့် မရှိတာကိုတော့ တချို့က ထောက်ပြနေတာကိုတော့ ကျနော်အနေနဲ့ ပြောချင်တာက သူတို့အမြင်လည်း မှားတော့မမှားဘူး။ သို့သော်လဲပဲ ဖုံးဖိထားလို့ မရဘူးဆိုတာကိုတော့ ကျနော် ထောက်ပြချင်ပါတယ်။

မေး ။ ။ တဆက်တည်း မေးသင့်တယ်ထင်တဲ့ မေးခွန်းက ဒီရောဂါကို စမ်းသပ်စစ်ဆေးနိုင်တဲ့ စွမ်းရည်၊ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိပါပြီလဲ။ ဒီနိုင်ငံတွေမှာတောင်မှ သိပ်ကိုသံသယရှိတဲ့ ရောဂါလက္ခဏာပြတဲ့ဟာတွေကိုမှသာ ဒီဟာကို စမ်းသပ်နိုင်တယ်။ မြန်မာနိုင်ငံမှာကော လူဘယ်နှစ်ယောက်လောက်ကို စမ်းသပ်နိုင်မယ့် အင်အားရှိပါသလဲ။

ဖြေ ။ ။ အခုလောလောဆယ် သိထားသလောက်ဆိုရင် ရောဂါလက္ခဏာပြတယ် နောက်တချို့ကလဲ ဒီရောဂါဖြစ်တဲ့ နိုင်ငံတွေက ပြန်လာတယ်။ တချို့ကြတော့လဲ ရောဂါဖြစ်တဲ့လူနဲ့ ထိတွေ့ထားတဲ့လူတွေ။ ပြီးတော့ အခုနပြောတဲ့ ကိုဗစ်-၁၉ နဲ့ ဆင်တူတဲ့လက္ခဏာတွေပြတဲ့ လူတွေကိုပဲ ကျနော်တို့က အဓိကထားပြီးတော့ သံသယလူနာ၊ စောင့်ကြည့်ပြီးတော့ ရောဂါကို ရှာဖွေပါတယ်။ ဒီရောဂါရှာဖွေတဲ့ စက်ကလည်း WHO အသိအမှတ်ပြုထားတဲ့ ရလဒ်တွေပါ။ ဒီ PCR စက်ကလည်း ကျနော်တို့နိုင်ငံမှာ ဒါတွေမဖြစ်ကတည်းက ရှိပြီးသား ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဓါတ်ပစ္စည်းတွေကိုလည်း အမေရိကန်တို့ ဘာတို့ကနေ လှုထားတာတွေ ရှိပါတယ်။ ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဓါတ်ခွဲခန်းမှာရှိတဲ့ ပညာရှင်တွေ၊ ဝန်ထမ်းတွေ အကုန်လုံး ကြိုးကြိုးစားစားနဲ့ အကုန်လုံး အပင်ပန်းခံပြီးတော့ သေချာစစ်ဆေးနေခြင်း ဖြစ်ပါတယ်။

မေး ။ ။ တချိန်တုန်းက HIV/AIDS ဖြစ်တုန်းကဆိုရင် မြန်မာအာဏာပိုင်တွေက ငြင်းတယ် “ငါတို့ မြန်မာနိုင်ငံမှာ လုံးဝမရှိဘူး” Denial stage - နောက်မှ တဖြည်းဖြည်းလက်ခံလာတဲ့အခါ ရောဂါက ရာခိုင်နှုန်း တော်တော်များများ ကူးစက်နေတာကို တွေ့ရတာတွေ ဖြစ်လာတယ်။ အခု ကိုရိုနာဗိုင်းရပ်စ် (Covid 19) နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဟာ လုံးဝမရှိနိုင်ဘူးဆိုပြီး ငြင်းဆန်တဲ့အဆင့် Denial Stage ကို ရောက်ခဲ့ပါသေးလား။ မဟုတ်ဘဲနဲ့ ချက်ချင်းတုံ့ပြန်ဆောင်ရွက်တယ်လို့ ဆရာ မြင်ပါသလား။

ဖြေ ။ ။ ဒီနေ့ သတင်းအချက်အလက် နည်းပညာခေတ် Digital ခေတ်မှာ သတင်းတွေ ဒီလောက်မြန်နေတဲ့ခေတ်မှာ ကျနော်တို့က ဖုံးကွယ်ထားဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ နောက်တပိုင်းက ကျနော်တို့နိုင်ငံက ၂၀၁၀ နောက်ပိုင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်လာပြီး ၂၀၁၅ မှာ ပြည်သူအများစု ထောက်ခံထားတဲ့ ပြည်သူ့အစိုးရ တက်လာပြီးနောက်ပိုင်းမှာဆိုရင် ပိုပြီးတော့တောင် သတင်းတွေက ထိန်းချန်လို့ မရပါဘူး။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ကျနော်တို့က သွားနေရတဲ့ ခေတ်စနစ်ကြီးမှာ အရင်လိုမျိုး မရှိပါဘူးဆိုပြီး ငြင်းဆန်လို့လဲ မရပါဘူး။ ဘာပဲပြောပြော တချို့ကတော့ သတင်းအမှောင်ချတာလို့ မြင်တယ်။ ဒါပေမဲ့ လက်ရှိ အစိုးရကတော့ သတင်းအမှောင်ချဖို့လဲ မရှိသလို၊ ဒီခေတ်ကလည်း သတင်းအမှောင်ချလို့ရတဲ့ ခေတ်မဟုတ်တဲ့အတွက်ကြောင့်မို့ ကျနော်အနေနဲ့ တချို့ဝေဖန်တာတွေကတော့ နည်းနည်းပြင်းထန်သလားလို့ပါ။

မေး ။ ။ ကျနော် နောက်တခုမေးချင်တာက ဆရာဝန်တယောက်အနေနဲ့ ဆရာရဲ့ အမြင်ကို မေးချင်တာပါ။ မြန်မာနိုင်ငံနဲ့တော့ မဆိုင်ပါဘူး။ ဒီရောဂါ စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဟူဘေးနယ်၊ ဝူဟန်မြို့တွေမှာ အခုနောက်ပိုင်းမှာ ကူးစက်ပျံ့နံှ့မှု မရှိတော့ဘူး။ တလောတုန်းကဆိုရင် နိုင်ငံခြားက ပြန်လာတဲ့ လူ (၂၀ - ၃၀) လောက်မှာပဲ ဒီရောဂါပိုး တွေ့ရတော့တယ်ဆိုပြီးတော့ တရုတ်ဘက်က ကြေညာပါတယ်။ တချို့နိုင်ငံတကာ ဆရာဝန်တွေက မဖြစ်နိုင်ဘူးလို့လဲ သံသယ ရှိကြပါတယ်။ တချို့ကလည်း လက်ခံကြတယ်။ ဆရာ မြန်မာနိုင်ငံထဲမှာ နေထိုင်နေတဲ့ ဆရာဝန်တယောက်အနေနဲ့ ဒီသတင်းကို ဘယ်လိုယူဆပါသလဲ။

ဖြေ ။ ။ အဓိကတော့ ဘယ်လိုဖြစ်ခဲ့သလဲဆိုတော့ တရုတ်ပြည်ကလည်း သတင်းအမှောင်ချတဲ့ နိုင်ငံ ဖြစ်ခဲ့တယ်။ လက်ရှိတော့ သတင်းအမှောင်ချတယ်။ စဖြစ်တုန်းက ဒါကို သတိထားမိတဲ့ ဆရာဝန်ပြောခဲ့တာကိုလည်း သတင်းအမှောင်ချဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံး မနိုင်တော့တဲ့ အခြေအနေမှ သူတို့က ကြေညာတဲ့အဆင့် ဖြစ်ခဲ့တာကြောင့် အခုလက်ရှိ သူတို့နိုင်ငံက ထွက်လာတဲ့ စာရင်းဇယားတွေကိုလည်း တချို့နိုင်ငံတွေက လက်မခံနိုင်တာလည်း ရှိတယ်။ ကျနော့်တဦးတည်းအမြင် ပြောရရင် တချို့က နိုင်ငံရေးအရလည်း ပါပါတယ်။ အင်အားကြီးနိုင်ငံအချင်းချင်း အားပြိုင်တဲ့အခါမှာ တရုတ်နိုင်ငံက တင်ပြလာတဲ့ စာရင်းတွေသည် မမှန်ကန်နိုင်ဘူးလို့ တချို့က ဒီဟာကို ဝေဖန်တာတွေလည်း ရှိတာပေါ့။

ဒါပေမဲ့ ကျနော့်အနေနဲ့ ဘာမြင်သလဲဆိုတော့ အခုလက်ရှိ ထွက်လာတဲ့ သတင်းတွေ မှန်တယ်ဆိုလို့ရှိရင် တရုတ်နိုင်ငံဟာ ဒီရောဂါကို သူတို့က ဘာပဲဖြစ်ဖြစ် မီးတောက်ကျိုးအောင်၊ မီးငြိမ်းလိုက်နိုင်တဲ့ အခြေအနေ တဖြည်းဖြည်း ရောက်လာပြီဆိုတော့ သူတို့ ဘယ်လိုများ ဒါကို ကြိုးစားပမ်းစား နှိမ်နှင်းခဲ့သလဲဆိုတာကို ကျနော်တို့ နည်းနာနိဿယတော့ ယူဖို့တော့ လိုလာပြီ။ ဒါပေမဲ့ ဒီဟာသည် သတင်းအချက်အလက် မမှန်ကန်နိုင်ဘူးလို့ ပြောတော့လဲ၊ ဒီလိုထိန်းချုပ်နိုင်တဲ့အတွက် ကျနော့်အနေနဲ့တော့ ဦးဆောင်ခဲ့တဲ့ လူတွေနဲ့ ပါဝင်ခဲ့တဲ့ တကယ်ကိုလှုပ်ရှားခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ အကုန်လုံးကိုတော့ ကျနော့်အနေနဲ့ ချီးကျူးပါတယ်။

မေး ။ ။ နောက်ဆုံးမေးချင်တာကတော့ တချို့နိုင်ငံတွေမှာ ဒီရောဂါကို ကာကွယ်ဖို့ ကြိုးပမ်းတာဟာ သိပ်ပြီးတော့ ကြမ်းတမ်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ drastic action ထုတ်တယ်ဆိုပြီးတော့ ပြောကြတယ်။ ဘယ်မှမထွက်နဲ့ အပြင်ထွက်တဲ့လူတွေကို ရဲတွေက စစ်ဆေးပြီး၊ အိမ်ထဲပြန်သွား အတင်းသွင်းကြတယ်။ အဲဒီလိုမျိုး လုပ်ရပ်တွေကော လိုအပ်ပါသလား။ တကယ်တော့ မြန်မာနိုင်ငံမှာကော အဲဒီလောက် တင်းကြပ်ဖို့ လိုပါသလား။ အဲဒါကို နောက်ဆုံးဖြေပေးပါ။

ဖြေ ။ ။ ကျနော် လေ့လာဖတ်ရှုရသလောက်ဆိုရင်တော့ တရုတ်နိုင်ငံဟာ စံနမူနာတခု ယူရမှာပေါ့။ အဲဒီလိုပြောလို့ တရုတ်ကို ဦးစားပေးပြောတယ်လို့ ထင်နေအုံးမယ်။ ကျနော်က လေ့လာသုံးသပ်ချက်အရဆိုရင် တရုတ်က တကယ်လဲဖြစ်တော့ ဟူဘေးပြည်နယ်၊ ဝူဟန်မှာ အကုန်လုံးကို Lock-down လုပ်ချလိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်။ သူတို့လဲ အဲဒီအချိန်မှာ တော်တော်လေး ဝေဖန်ခံရပါတယ်။ လူ့အခွင့်အရေးအရ တရုတ်ခေါင်းဆောင်တွေ ဝေဖန်ခံရတယ်။ သို့သော်လဲ အဲဒီလို Lock-down လုပ်လိုက်ခြင်းအားဖြင့် သူတို့နိုင်ငံအတွင်းမှာ ကူးစက်ပျံ့နံှ့နှုန်းက ပြန်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတော့ ကျနော့်အနေနဲ့ လိုအပ်ရင်တော့ တချို့သော ဆုံးဖြတ်ချက်တွေက ခိုင်ခိုင်မာမာနဲ့ ပြတ်ပြတ်သားသားတော့ လုပ်ဖို့လိုတယ်။ မှန်ပါတယ်။ Lock-down လုပ်တဲ့အခါမှာ လူမှုစီးပွားဘဝတွေ ထိခိုက်တယ်။ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်တယ်။ ရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်တယ်။ အားလုံးသော အခန်းကဏ္ဍအားလုံးအပေါ် သက်ရောက်မှုတွေ ရှိတယ်ဆိုတာတော့ မှန်တယ်။ သို့သော်လဲ ကျနော်တို့က ဘယ်ဟာကို ဦးစားပေး စဉ်းစားမလဲဆိုတာကိုတော့ စဉ်းစားဖို့လိုတယ်။ Lock-down လုပ်တာရဲ့ ကောင်းကျိုး-ဆိုးကျိုးကတော့ ဒွန်းတွဲနေမယ်။ သို့သော်လဲပဲ ကျနော်တို့ လုပ်ရမယ့် အခြေအနေဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း လုပ်မယ်လို့ ကျနော့်အနေနဲ့ ထင်မြင်ယူဆပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG