သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အဖ်ားရႈးသြားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ နဲ႔ ဖက္ဒရယ္အလားအလာ


Myanmar Union Day

မၾကာေသးမီက ျမန္မာႏိုင္ငံမွာ ဖက္ဒရယ္ျပည္ေထာင္စု ဖြဲစည္းေရးကို ဦးတည္တယ္ဆိုတဲ့ ေဆြးေႏြးပြဲေတြကို စစ္ေကာင္စီဘက္ကေရာ၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ဘက္ကပါ ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို ျပဳလုပ္ခဲ့ၾကတာေတြ႔ရပါတယ္။ ျပည္ေထာင္စုသားေတြ လိုခ်င္ေတာင့္တေနၾကတဲ့၊ လိုလည္းလိုလားအပ္တဲ့ ဒီကိစၥမွာ ဘယ္ဘက္က ပိုၿပီး လက္ေတြ႔ ခရီးေပါက္ႏိုင္ပါသလဲ။ ျမန္မာ့ေအရးသုံးသပ္သူ ဦးရဲထြန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ (၇၅) ႀကိမ္ေျမာက္ ျပည္ေထာင္စုေန႔မွာ စစ္ေကာင္စီက ထာဝရၿငိမ္းခ်မ္းေရး ပဏမေဆြးေႏြးပြဲၿပီးေတာ့ စီစဥ္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီအစည္းအေဝး အဖ်ားရွဴးသြားတယ္လို႔ စၿပီးေတာ့ ေျပာရရင္ မွန္မလား။

ေျဖ ။ ။ အဲဒီလိုပဲေျပာရမွာေပါ့။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ျပည္ေထာင္စုေန႔ အခမ္းအနားမွာ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းအားလံုးကို ဖိတ္ၾကားၿပီးတဲ့အခါ ႀကိဳတင္ၿပီးေတာ့ သတ္မွတ္ခ်က္မပါဘဲနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးၾကမယ္လို႔ ဖိတ္ေခၚလိုက္တဲ့အခါ တက္တက္ၾကြၾကြနဲ႔ လာတဲ့ EAO တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔က သိပ္ၿပီးေတာ့ မရိွသေလာက္ ျဖစ္တာေပါ့။ လႊတ္လိုက္တဲ့ ပုဂၢိဳလ္မ်ားကလည္း ဒုတိယအဆင့္၊ တတိယအဆင့္ အဲဒီလို ပုဂၢိဳလ္ေတြပဲျဖစ္ေတာ့ ျပည္ေထာင္စုေန႔အခမ္းအနားၿပီးေတာ့ ေဆြးေႏြးတဲ့ ေဆြးေႏြးပြဲမွာလည္း ေဆြးေႏြးပဲြဲျဖစ္တယ္ဆိုတဲ့ အျဖစ္သေဘာေလာက္ပဲ ေတြ႔ရတယ္။ ဆိုေတာ့ ဒီဟာက ေမွ်ာ္မွန္းသေလာက္၊ ထင္ထားသေလာက္ မေအာင္ျမင္ဘူးလို႔၊ အဖ်ားရွဴးသြားတယ္လို႔ ေျပာမယ္ဆုိရင္ ေျပာႏုိင္ပါတယ္။

ေမး ။ ။ တကယ္ေတာ့ စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု ေပၚထြန္းေရးဆိုတာ ျမန္မာႏုိင္ငံအတြက္ သိပ္အေရးႀကီးတဲ့ကိစၥပါ။ ဒီကိစၥ မျဖစ္ႏုိင္သမွ်၊ ဒီမိုကေရစီ ထြန္းကားေရးဆိုတာလဲျဖစ္ဖို႔ လြယ္လိမ့္မယ္ မဟုတ္ပါဘူး။ ဆိုေတာ့ စစ္ေကာင္စီကလည္း စစ္ေကာင္စီလို႔ေခၚေခၚ၊ စစ္အာဏာမသိမ္းခင္တုန္းကေတာ့ စစ္တပ္၊ တပ္မေတာ္လို႔ေခၚေခၚ သူတုိ႔ကလည္း ဒီကိစၥကို တကယ္ျဖစ္ေအာင္ လုပ္သြားမယ္လို႔ အရင္ကတည္းက ေျပာလာခဲ့ပါတယ္။ တဘက္မွာလဲ အရပ္သားအစိုးရ၊ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ တုိင္းရင္းသားေတြကလည္း ဒီဟာကိုပဲ အဓိကေျပာေနေတာ့ ဒီအေၾကာင္းအရာဟာ အင္မတန္ လူႀကိဳက္မ်ားတဲ့၊ လူတုိင္းလိုခ်င္ၾကတဲ့ကိစၥ ျဖစ္ပါတယ္။ ဆုိေတာ့ အခုစစ္ေကာင္စီက ေခၚယူလိုက္တဲ့ကိစၥမွာ အဖ်ားရွဴးသြားတာ ဘာေၾကာင့္လဲ။ သူတို႔ေခၚယူခဲ့တာ အခ်ိန္အခါ မွားေနသလား။ သူတုိ႔ရဲ ႔ တကယ္စစ္မွန္တဲ့ ေစတနာ၊ ဆႏၵေကာ ရိွရဲ ႔လား။ ဒါေတြကို သေဘာမေပါက္ၾကတာလား။ ဘယ္လိုေၾကာင့္လို႔ သံုးသပ္ၾကမလဲ။

ေျဖ ။ ။ အဓိကအားျဖင့္ေတာ့ လက္ေတြ႔ ျမန္မာႏုိင္ငံမွာ ျဖစ္ေပၚေနတဲ့ ႏုိင္ငံေရးအေျခအေနေၾကာင့္လို႔ ထင္ပါတယ္။ အခုအေျခအေနက ျပည္သူလူထုက ေရြးေကာက္တင္ေျမွာက္လုိက္တဲ့ အစိုးရတရပ္ကေခၚတဲ့ အစည္းအေဝးမ်ဳိး မဟုတ္ဘူး။ ေခတၱယာယီအာဏာထိန္းထားတဲ့ စစ္ေကာင္စီကေခၚတဲ့ အစည္းအေဝး ျဖစ္ေနတယ္။ ေနာက္တခုက အရင္ ဒီကာလမတုိင္မီ ဦးသိန္းစိန္အစိုးရလက္ထက္၊ NLD အစိုးရလက္ထက္ - အစိုးရလက္ထက္ ႏွစ္ခုစလံုးမွာလည္း ထာဝရၿငိမ္းခ်မ္းေရး ရဖို႔အတြက္ဆိုၿပီးေတာ့ အစည္းအေဝးေတြ လုပ္ခဲ့တာရိွတယ္။ အဲဒါေတြမွာ သူတုိ႔တက္ေရာက္ၿပီး ေဆြးေႏြးၾကတဲ့အခါမွာ NCA လမ္းေၾကာင္းအတိုင္း သြားဖို႔ဆိုၿပီးေတာ့ အေျခခံအားျဖင့္ေတာ့ Frame ရိွၿပီး၊ ထားၿပီသာ၊ လမ္းေၾကာင္းရိွၿပီသား။ ဆိုေတာ့ စစ္ေကာင္စီက ဒီတေခါက္ေခၚလိုက္တဲ့အခါမွာ ဘာမွႀကိဳတင္သတ္မွတ္ခ်က္ မထားဘဲနဲ႔ ေဆြးေႏြးႏုိင္ၾကပါတယ္လို႔ ေျပာေပမယ့္၊ တကယ္ သူတုိ႔ ေဆြးေႏြးတဲ့အခါမွာ NCA လက္မွတ္ထိုးထားၿပီး၊ NCA လမ္းေၾကာင္းအတိုင္း ဘယ္လိုဆက္ေလွ်ာက္ၾကမလဲဆိုတာကိုပဲ ေျပာတာကို သတိထားမိလိုက္တယ္။ အဲဒီလိုျဖစ္တဲ့အတြက္ေၾကာင့္မို႔ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြဘက္ကေတာ့ နည္းနည္းေတာ့ စိတ္ပ်က္သြားၾကလိမ့္မယ္လို႔ ထင္တယ္။

ေမး ။ ။ တိုင္းရင္းသားအဖြဲ႔အစည္းေတြဘက္က NCA လမ္းေၾကာင္းကို ဘဝင္မက်တာပါတယ္။ တခ်ိန္တည္းမွာ စစ္ေကာင္စီဘက္ရဲ ႔ ရပ္တည္မႈ၊ စစ္ေကာင္စီကိုလည္း ဘဝင္မက်တာလည္းပါတယ္။ အဲဒီႏွစ္ခ်က္လို႔ ေျပာရမွာေပါ့။

ေျဖ ။ ။ မွန္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ က်ေနာ္တုိ႔ အျခားတဘက္ကို ျပန္ၿပီးေတာ့ စဥ္းစားၾကရေအာင္။ တကယ္ေတာ့ ဒီကိစၥဟာ လူတုိင္းလိုခ်င္ေပမယ့္ အင္မတန္ ခက္ခဲတဲ့ကိစၥ ျဖစ္ေနပါတယ္။ ျမန္မာ့ႏုိင္ငံေရးမွာဆိုေတာ့။ တျခားတဘက္မွာလဲ လူေတြက သံုးသပ္ၾကတယ္။ အာဏာသိမ္းတာကို ဖီဆန္ၾကတဲ့ PDF အရပ္ဘက္ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြနဲ႔ တုိင္းရင္းသားအင္အားစုေတြဟာ ပိုမုိစည္းလံုးညီညႊတ္သြားတယ္လို႔ သံုးသပ္ၾကပါတယ္။ ျပည္မကထြက္လာတဲ့ လူငယ္ေတြ၊ မ်ဳိးဆက္သစ္ေတြကလည္း တုိင္းရင္းသားအဖြဲ႔ေတြကို အားကိုးၿပီးေတာ့ လက္နက္ကိုင္ဖီဆန္ေရး၊ ေတာ္လွန္ေရးကို လုပ္ေနၾကတယ္ဆိုေတာ့ ပထမဦးဆံုး သူတုိ႔ဘက္က လုပ္ေနတဲ့ ျပည္ေထာင္စုညီညႊတ္ေရးကို မေျပာခင္၊ အခုလက္ရိွအေျခအေနမွာ တိုင္းရင္းသားေတြနဲ႔ ျပည္မက မ်ဳိးဆက္သစ္ေတြနဲ႔ စည္းလံုးညီညႊတ္မႈ ပိုမိုခိုင္မာလာတယ္ဆိုတဲ့ အျမင္ကို ဦးရဲထြန္း လက္ခံလား။ မွန္သလား။

ေျဖ ။ ။ မွန္ပါတယ္။ အတိုင္းအတာတခုထိေတာ့ ျပည္မက ဗမာလူငယ္မ်ဳိးဆက္ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြၾကားမွာ တိုင္းရင္းသားေတြရဲ ႔ ခံစားခ်က္နဲ႔ ပတ္သက္လို႔ရိွရင္ အရင္တေလွ်ာက္လံုးက သိပ္ၿပီးေတာ့ နားမလည္ျဖစ္ခဲ့ရကေန အခုကေတာ့ ပိုၿပီးေတာ့ ကို္ယ့္လက္ေတြ႔ ရင္ဆိုင္ရတဲ့ အခက္အခဲေတြ၊ ဖိႏိွပ္ခံရမႈေတြေၾကာင့္ ပိုၿပီးေတာ့ နားလည္မႈေတြ ရိွသြားတယ္။ ေနာက္ၿပီးေတာ့ အျပန္အလွန္ ကူညီၿပီးတဲ့အခါၾကေတာ့ အတူတကြ ဆန္႔က်င္တိုက္ခိုက္ၾကတယ္ဆိုတဲ့ အဆင့္ေတြအထိကို ေရာက္လာၾကတာကို ေတြ႔ရတယ္။ သို႔ေသာ္လဲ တခ်ဳိ ႔ေသာ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြနဲ႔ ၾကားထဲမွာေတာ့ အဲဒီေလာက္အထိ ျဖစ္မလာတာကိုလည္း ေတြ႔ရတယ္။ ေျပာခ်င္တာကေတာ့ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းအားလံုးနဲ႔ ျပည္မက လူငယ္မ်ဳိးဆက္သစ္ေတြၾကားထဲက ႏိုင္ငံေရးအျမင္က အားလံုးသြားၿပီးေတာ့ စည္းလံုးညီညႊတ္တူညီၾကတာေတာ့ မဟုတ္ဘူး။ တခ်ဳိ ႔ေနရာေတြ - အထူးသျဖင့္ေတာ့ လက္နက္ကိုင္ပဋိပကၡ ျပင္းထန္ေနတဲ့ KNU နယ္ေျမ၊ ကရင္နီကယားျပည္နယ္တို႔၊ KIA နဲ႔ ဆက္စပ္တဲ့နယ္ေျမေတြ၊ ခ်င္းျပည္နယ္ေတြမွာ၊ စစ္ကိုင္း၊ မေကြးနယ္ေျမေတြမွာဆိုရင္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြရဲ ႔ ကူညီမႈနဲ႔ ျပည္မရဲ ႔ လူငယ္ေတြရဲ ႔ PDF ေတြရဲ ႔ ေတာ္လွန္တိုက္ခိုက္မႈေတြက ရွင္သန္ေနရတာ ျဖစ္တယ္။ သူတုိ႔နဲ႔ ခ်ိတ္ဆက္ထားႏုိင္္တဲ့ ေနရာေတြက နည္းနည္းပိုၿပီးေတာ့ လႈပ္ရွားမႈေတြက အားေကာင္းတယ္ဆိုတာကို ေတြ႔ရပါတယ္။

ေမး ။ ။ ေနာက္ က်ေနာ္တခ်က္ေမးခ်င္တာက NUCC ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီက ဖြဲ႔စည္းထားတဲ့ အဖြဲ႔အစည္းေပါ့။ အဲဒီအဖြဲ႔အစည္းကလဲ ဖက္ဒရယ္ပဋိညာဥ္ ဘာညာေရးဆြဲမယ္ စသည္ျဖင့္ ေျပာခဲ့ၿပီး၊ သူတုိ႔ဘက္ကလဲ ဒီကိစၥမွာ တက္တက္ၾကြၾကြ လႈပ္ရွားေနၾကပါတယ္။ အေသးအစိတ္ကိုေတာ့ထားပါ။ အဲဒီေတာ့ သူတုိ႔ရဲ ႔ လႈပ္ရွားမႈထဲမွာ တိုင္းရင္းသားအင္အားစု ေတာ္ေတာ္မ်ားမ်ားလည္း တက္ေရာက္ၾကတယ္ဆိုၿပီးေတာ့ သူတုိ႔ေျပာၾကပါတယ္။ သူတုိ႔ဘက္က လႈပ္ရွားမႈကိုေရာ စစ္ေကာင္စီဘက္ရဲ ႔ လႈပ္ရွားမႈနဲ႔စာရင္ ဘယ္လိုေတြ႔ရပါသလဲ။ ပိုၿပီးေတာ့ ေရွ ႔တန္းေရာက္ေနသလား။ ပိုၿပီးေတာ့ အလားအလာေကာင္းတယ္လုိ႔ ေျပာမလား။

ေျဖ ။ ။ NUCC အမ်ဳိးသားညီညႊတ္ေရးအတုိင္ပင္ခံေကာ္မတီလား၊ ေကာင္စီလား မသိဘူး၊ ဒီအဖြဲ႔ကေတာ့ ဖြဲ႔စည္းတဲ့အခါမွာ အဖြဲ႔ေပါင္း (၃၃) ဖြဲ႔နဲ႔ ဖြဲ႔စည္းခဲ့တယ္လို႔ ေျပာတယ္။ အမ်ဳိးအစားအေနနဲ႔ေတာ့ (၅) မ်ဳိးေပါ့။ အဲဒီအထဲမွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြ၊ CRPH လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ႏုိင္ငံေရးပါတီေတြ၊ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြက CSO ေတြ၊ CDM လုပ္ထားတဲ့ ဝန္ထမ္းေတြ စသည္ျဖင့္ အမ်ဳိးအစား (၅) မ်ဳိးနဲ႔ ဖြဲ႔စည္းထားတယ္လို႔ ဆုိတယ္။ အဲဒီအထဲမွာ အေရးႀကီးတဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြ ပါဝင္မႈကို သတင္းေထာက္က ေမးလိုက္တဲ့အခါမွာ ရွစ္ဖြဲ႔ေလာက္ ပါတယ္ဆိုေပမယ့္၊ နာမည္အတိအက်နဲ႔ ပါတာကေတာ့ (၃) ဖြဲ႔ပဲ ရိွတယ္။ KNU, ကရင္နီနဲ႔ CNF တို႔ ျဖစ္တယ္။ က်န္တဲ့အဖြဲ႔အစည္းေတြကေတာ့ ျပည္နယ္ညီညႊတ္ေရး အတုိင္ပင္ခံေကာင္စီအေနနဲ႔ တက္ၾကတာမ်ဳိးေတြလဲ ေတြ႔ရတယ္။ နယ္ေျမေဒသအေျခအေန၊ ပထဝီအေနအထားေၾကာင့္မို႔ ဒီကိစၥကို ပြင့္ပြင့္လင္းလင္း ေျပာျပလို႔ မရဘူးလို႔ ေျပာတာလည္းရိွတယ္။ ဆိုေတာ့ ခန္႔မွန္းၾကည့္ရတာက ပြင့္ပြင့္လင္းလင္း ပူးေပါင္းပါဝင္ၾကတာမ်ဳိး မေၾကညာၾကဘဲနဲ႔ လူပုဂၢိဳလ္ေတြ လႊတ္ၾကတဲ့အခါမွာလဲ အခုနေျပာသလို၊ ဒုတိယတန္း၊ တတိယတန္းအဆင့္ ပုဂၢိဳလ္ေတြနဲ႔ ေဆြးေႏြးပြဲကို တက္တယ္လို႔ က်ေနာ္ ယူဆတယ္။ အဲဒီအေျခအေနကို ခန္႔မွန္္းၾကည့္လိုက္ေတာ့ NUCC မွာေကာ နစကလုပ္တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာေကာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းေတြက တက္တက္ၾကြၾကြနဲ႔ ျပတ္ျပတ္သားသား ပူးေပါင္းပါဝင္တာေတာ့ မေတြ႔ရဘူး။ ဆိုလိုတာက ႏုိင္ငံေရးအေျခအေနကို ေစာင့္ၾကည့္ေနတယ္လို႔ ယူဆတယ္။

ေမး ။ ။ စစ္အာဏာရွင္နဲ႔ ေဆြးေႏြးရတာထက္ ျပည္သူလူထု ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရနဲ႔ ေဆြးေႏြးရတာ ပိုေကာင္းတာေပါ့။ ဒါကေတာ့ ပိုၿပီးထိေရာက္မႈ ရိွမယ္ဆိုတာကို သူတုိ႔လဲ သိၾကမွာပါ။ ဒါေပမဲ့ NLD က ပုဂၢိဳလ္တခ်ဳိ ႔က တုိင္းရင္းသားပါတီေတြကို တုိင္းရင္းသားပါတီေတြလို႔ အသိအမွတ္မျပဳႏုိင္ဘူး၊ သူတုိ႔ေဒသတြင္း ပါတီလို႔ပဲ ေခၚမယ္၊ က်ေနာ္တို႔ဆီမွာလဲ တိုင္းရင္းသားေတြ ပါတာပဲဆုိၿပီးေတာ့ ေျပာခဲ့တာကို ဦးရဲထြန္းလည္း မွတ္မိမယ္ ထင္ပါတယ္။ ဆိုေတာ့ အဲဒီလို သေဘာထားမ်ဳိးေၾကာင့္ တုိင္းရင္းသားေတြတခ်ဳိ ႔က အျမင္မၾကည္လင္ခဲ့ၾကတာေတြလဲ ေတြ႔ရတယ္။ ဆိုေတာ့ အခု NUCC ရဲ ႔ လုပ္ရပ္ဟာ NLD ရဲ ႔ သေဘာထားထက္ တိုင္းရင္းသားေတြ လက္ခံႏုိင္တဲ့ အေျခအေနကို ပိုေရာက္လာမယ္လို႔ ထင္ပါသလား။ ပိုေရာက္ေနၿပီလား။

ေျဖ ။ ။ ဦးေက်ာ္ဇံသာေျပာတဲ့ဟာကို က်ေနာ္ သတိထားမိပါတယ္။ ဒီျပႆနာကေတာ့ ရိွတယ္။ အဲဒီေတာ့ အခုေဆြးေႏြးပြဲမွာလဲ တုိင္းရင္းသားလက္နက္အဖြဲ႔အစည္းက တက္တဲ့ကိုယ္စားလွယ္ကလဲ အဲဒီကိစၥကို တစြန္းတစ ေျပာသြားတာ ရိွတယ္။ ဒီတုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြ အေနနဲ႔ကလဲ သံသယေတာ့ ရိွတယ္။ ဘယ္ေလာက္အထိ ဖက္ဒရယ္စနစ္ကို က်ေနာ္တို႔ လုပ္ႏုိင္မလဲဆုိတဲ့ဟာမ်ဳိးေပါ့။ အဲဒါကိုေတာ့ က်ေနာ့္အေနနဲ႔ အခုန ဦးေက်ာ္ဇံသာေျပာတဲ့ အခ်က္အလက္နဲ႔ ဆက္စပ္ၿပီးေတာ့ ဒါကလဲ အခ်က္တခ်က္လို႔ ျမင္ပါတယ္။ မလုပ္ႏုိင္ေသးတာက သူတုိ႔လုပ္ေနတဲ့ ေတာ္လွန္ေရးရဲ ႔ အလားအလာ၊ ေအာင္ပြဲရႏိုင္ဖို႔ ေသခ်ာရဲ ႔လားဆိုတဲ့အေပၚမွာ အဓိကတည္လိမ့္မယ္လို႔ ထင္တယ္။ အဲဒီေတာ့ ေအာင္ပြဲရဖို႔ ေသခ်ာေလေလ၊ သူတုိ႔ေပါင္းစပ္မႈ၊ ပူးေပါင္းမႈက ပိုၿပီးေတာ့ ျပတ္ျပတ္သားသား ျဖစ္လာေလေလ ျဖစ္လာလိမ့္မယ္လို႔ ယူဆပါတယ္။

== Unicode ==

မကြာသေးမီက မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲစည်းရေးကို ဦးတည်တယ်ဆိုတဲ့ ဆွေးနွေးပွဲတွေကို စစ်ကောင်စီဘက်ကရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကပါ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။ ပြည်ထောင်စုသားတွေ လိုချင်တောင့်တနေကြတဲ့၊ လိုလည်းလိုလားအပ်တဲ့ ဒီကိစ္စမှာ ဘယ်ဘက်က ပိုပြီး လက်တွေ့ ခရီးပေါက်နိုင်ပါသလဲ။ မြန်မာ့အေရးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ (၇၅) ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ စစ်ကောင်စီက ထာဝရငြိမ်းချမ်းရေး ပဏမဆွေးနွေးပွဲပြီးတော့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအစည်းအဝေး အဖျားရှူးသွားတယ်လို့ စပြီးတော့ ပြောရရင် မှန်မလား။

ဖြေ ။ ။ အဲဒီလိုပဲပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားပြီးတဲ့အခါ ကြိုတင်ပြီးတော့ သတ်မှတ်ချက်မပါဘဲနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြမယ်လို့ ဖိတ်ခေါ်လိုက်တဲ့အခါ တက်တက်ကြွကြွနဲ့ လာတဲ့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က သိပ်ပြီးတော့ မရှိသလောက် ဖြစ်တာပေါ့။ လွှတ်လိုက်တဲ့ ပုဂ္ဂိုလ်များကလည်း ဒုတိယအဆင့်၊ တတိယအဆင့် အဲဒီလို ပုဂ္ဂိုလ်တွေပဲဖြစ်တော့ ပြည်ထောင်စုနေ့အခမ်းအနားပြီးတော့ ဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာလည်း ဆွေးနွေးပွဲဖြစ်တယ်ဆိုတဲ့ အဖြစ်သဘောလောက်ပဲ တွေ့ရတယ်။ ဆိုတော့ ဒီဟာက မျှော်မှန်းသလောက်၊ ထင်ထားသလောက် မအောင်မြင်ဘူးလို့၊ အဖျားရှူးသွားတယ်လို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။

မေး ။ ။ တကယ်တော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတာ မြန်မာနိုင်ငံအတွက် သိပ်အရေးကြီးတဲ့ကိစ္စပါ။ ဒီကိစ္စ မဖြစ်နိုင်သမျှ၊ ဒီမိုကရေစီ ထွန်းကားရေးဆိုတာလဲဖြစ်ဖို့ လွယ်လိမ့်မယ် မဟုတ်ပါဘူး။ ဆိုတော့ စစ်ကောင်စီကလည်း စစ်ကောင်စီလို့ခေါ်ခေါ်၊ စစ်အာဏာမသိမ်းခင်တုန်းကတော့ စစ်တပ်၊ တပ်မတော်လို့ခေါ်ခေါ် သူတို့ကလည်း ဒီကိစ္စကို တကယ်ဖြစ်အောင် လုပ်သွားမယ်လို့ အရင်ကတည်းက ပြောလာခဲ့ပါတယ်။ တဘက်မှာလဲ အရပ်သားအစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားတွေကလည်း ဒီဟာကိုပဲ အဓိကပြောနေတော့ ဒီအကြောင်းအရာဟာ အင်မတန် လူကြိုက်များတဲ့၊ လူတိုင်းလိုချင်ကြတဲ့ကိစ္စ ဖြစ်ပါတယ်။ ဆိုတော့ အခုစစ်ကောင်စီက ခေါ်ယူလိုက်တဲ့ကိစ္စမှာ အဖျားရှူးသွားတာ ဘာကြောင့်လဲ။ သူတို့ခေါ်ယူခဲ့တာ အချိန်အခါ မှားနေသလား။ သူတို့ရဲ့ တကယ်စစ်မှန်တဲ့ စေတနာ၊ ဆန္ဒကော ရှိရဲ့လား။ ဒါတွေကို သဘောမပေါက်ကြတာလား။ ဘယ်လိုကြောင့်လို့ သုံးသပ်ကြမလဲ။

ဖြေ ။ ။ အဓိကအားဖြင့်တော့ လက်တွေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့်လို့ ထင်ပါတယ်။ အခုအခြေအနေက ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရတရပ်ကခေါ်တဲ့ အစည်းအဝေးမျိုး မဟုတ်ဘူး။ ခေတ္တယာယီအာဏာထိန်းထားတဲ့ စစ်ကောင်စီကခေါ်တဲ့ အစည်းအဝေး ဖြစ်နေတယ်။ နောက်တခုက အရင် ဒီကာလမတိုင်မီ ဦးသိန်းစိန်အစိုးရလက်ထက်၊ NLD အစိုးရလက်ထက် - အစိုးရလက်ထက် နှစ်ခုစလုံးမှာလည်း ထာဝရငြိမ်းချမ်းရေး ရဖို့အတွက်ဆိုပြီးတော့ အစည်းအဝေးတွေ လုပ်ခဲ့တာရှိတယ်။ အဲဒါတွေမှာ သူတို့တက်ရောက်ပြီး ဆွေးနွေးကြတဲ့အခါမှာ NCA လမ်းကြောင်းအတိုင်း သွားဖို့ဆိုပြီးတော့ အခြေခံအားဖြင့်တော့ Frame ရှိပြီး၊ ထားပြီသာ၊ လမ်းကြောင်းရှိပြီသား။ ဆိုတော့ စစ်ကောင်စီက ဒီတခေါက်ခေါ်လိုက်တဲ့အခါမှာ ဘာမှကြိုတင်သတ်မှတ်ချက် မထားဘဲနဲ့ ဆွေးနွေးနိုင်ကြပါတယ်လို့ ပြောပေမယ့်၊ တကယ် သူတို့ ဆွေးနွေးတဲ့အခါမှာ NCA လက်မှတ်ထိုးထားပြီး၊ NCA လမ်းကြောင်းအတိုင်း ဘယ်လိုဆက်လျှောက်ကြမလဲဆိုတာကိုပဲ ပြောတာကို သတိထားမိလိုက်တယ်။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်ကတော့ နည်းနည်းတော့ စိတ်ပျက်သွားကြလိမ့်မယ်လို့ ထင်တယ်။

မေး ။ ။ တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်က NCA လမ်းကြောင်းကို ဘဝင်မကျတာပါတယ်။ တချိန်တည်းမှာ စစ်ကောင်စီဘက်ရဲ့ ရပ်တည်မှု၊ စစ်ကောင်စီကိုလည်း ဘဝင်မကျတာလည်းပါတယ်။ အဲဒီနှစ်ချက်လို့ ပြောရမှာပေါ့။

ဖြေ ။ ။ မှန်ပါတယ်။

မေး ။ ။ အဲဒီတော့ ကျနော်တို့ အခြားတဘက်ကို ပြန်ပြီးတော့ စဉ်းစားကြရအောင်။ တကယ်တော့ ဒီကိစ္စဟာ လူတိုင်းလိုချင်ပေမယ့် အင်မတန် ခက်ခဲတဲ့ကိစ္စ ဖြစ်နေပါတယ်။ မြန်မာ့နိုင်ငံရေးမှာဆိုတော့။ တခြားတဘက်မှာလဲ လူတွေက သုံးသပ်ကြတယ်။ အာဏာသိမ်းတာကို ဖီဆန်ကြတဲ့ PDF အရပ်ဘက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားအင်အားစုတွေဟာ ပိုမိုစည်းလုံးညီညွှတ်သွားတယ်လို့ သုံးသပ်ကြပါတယ်။ ပြည်မကထွက်လာတဲ့ လူငယ်တွေ၊ မျိုးဆက်သစ်တွေကလည်း တိုင်းရင်းသားအဖွဲ့တွေကို အားကိုးပြီးတော့ လက်နက်ကိုင်ဖီဆန်ရေး၊ တော်လှန်ရေးကို လုပ်နေကြတယ်ဆိုတော့ ပထမဦးဆုံး သူတို့ဘက်က လုပ်နေတဲ့ ပြည်ထောင်စုညီညွှတ်ရေးကို မပြောခင်၊ အခုလက်ရှိအခြေအနေမှာ တိုင်းရင်းသားတွေနဲ့ ပြည်မက မျိုးဆက်သစ်တွေနဲ့ စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မာလာတယ်ဆိုတဲ့ အမြင်ကို ဦးရဲထွန်း လက်ခံလား။ မှန်သလား။

ဖြေ ။ ။ မှန်ပါတယ်။ အတိုင်းအတာတခုထိတော့ ပြည်မက ဗမာလူငယ်မျိုးဆက်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ ပတ်သက်လို့ရှိရင် အရင်တလျှောက်လုံးက သိပ်ပြီးတော့ နားမလည်ဖြစ်ခဲ့ရကနေ အခုကတော့ ပိုပြီးတော့ ကိုယ့်လက်တွေ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ ဖိနှိပ်ခံရမှုတွေကြောင့် ပိုပြီးတော့ နားလည်မှုတွေ ရှိသွားတယ်။ နောက်ပြီးတော့ အပြန်အလှန် ကူညီပြီးတဲ့အခါကြတော့ အတူတကွ ဆန့်ကျင်တိုက်ခိုက်ကြတယ်ဆိုတဲ့ အဆင့်တွေအထိကို ရောက်လာကြတာကို တွေ့ရတယ်။ သို့သော်လဲ တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကြားထဲမှာတော့ အဲဒီလောက်အထိ ဖြစ်မလာတာကိုလည်း တွေ့ရတယ်။ ပြောချင်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ ပြည်မက လူငယ်မျိုးဆက်သစ်တွေကြားထဲက နိုင်ငံရေးအမြင်က အားလုံးသွားပြီးတော့ စည်းလုံးညီညွှတ်တူညီကြတာတော့ မဟုတ်ဘူး။ တချို့နေရာတွေ - အထူးသဖြင့်တော့ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေတဲ့ KNU နယ်မြေ၊ ကရင်နီကယားပြည်နယ်တို့၊ KIA နဲ့ ဆက်စပ်တဲ့နယ်မြေတွေ၊ ချင်းပြည်နယ်တွေမှာ၊ စစ်ကိုင်း၊ မကွေးနယ်မြေတွေမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကူညီမှုနဲ့ ပြည်မရဲ့ လူငယ်တွေရဲ့ PDF တွေရဲ့ တော်လှန်တိုက်ခိုက်မှုတွေက ရှင်သန်နေရတာ ဖြစ်တယ်။ သူတို့နဲ့ ချိတ်ဆက်ထားနိုင်တဲ့ နေရာတွေက နည်းနည်းပိုပြီးတော့ လှုပ်ရှားမှုတွေက အားကောင်းတယ်ဆိုတာကို တွေ့ရပါတယ်။

မေး ။ ။ နောက် ကျနော်တချက်မေးချင်တာက NUCC ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပေါ့။ အဲဒီအဖွဲ့အစည်းကလဲ ဖက်ဒရယ်ပဋိညာဉ် ဘာညာရေးဆွဲမယ် စသည်ဖြင့် ပြောခဲ့ပြီး၊ သူတို့ဘက်ကလဲ ဒီကိစ္စမှာ တက်တက်ကြွကြွ လှုပ်ရှားနေကြပါတယ်။ အသေးအစိတ်ကိုတော့ထားပါ။ အဲဒီတော့ သူတို့ရဲ့ လှုပ်ရှားမှုထဲမှာ တိုင်းရင်းသားအင်အားစု တော်တော်များများလည်း တက်ရောက်ကြတယ်ဆိုပြီးတော့ သူတို့ပြောကြပါတယ်။ သူတို့ဘက်က လှုပ်ရှားမှုကိုရော စစ်ကောင်စီဘက်ရဲ့ လှုပ်ရှားမှုနဲ့စာရင် ဘယ်လိုတွေ့ရပါသလဲ။ ပိုပြီးတော့ ရှေ့တန်းရောက်နေသလား။ ပိုပြီးတော့ အလားအလာကောင်းတယ်လို့ ပြောမလား။

ဖြေ ။ ။ NUCC အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကော်မတီလား၊ ကောင်စီလား မသိဘူး၊ ဒီအဖွဲ့ကတော့ ဖွဲ့စည်းတဲ့အခါမှာ အဖွဲ့ပေါင်း (၃၃) ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တယ်လို့ ပြောတယ်။ အမျိုးအစားအနေနဲ့တော့ (၅) မျိုးပေါ့။ အဲဒီအထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ CRPH လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက CSO တွေ၊ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေ စသည်ဖြင့် အမျိုးအစား (၅) မျိုးနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုတယ်။ အဲဒီအထဲမှာ အရေးကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်မှုကို သတင်းထောက်က မေးလိုက်တဲ့အခါမှာ ရှစ်ဖွဲ့လောက် ပါတယ်ဆိုပေမယ့်၊ နာမည်အတိအကျနဲ့ ပါတာကတော့ (၃) ဖွဲ့ပဲ ရှိတယ်။ KNU, ကရင်နီနဲ့ CNF တို့ ဖြစ်တယ်။ ကျန်တဲ့အဖွဲ့အစည်းတွေကတော့ ပြည်နယ်ညီညွှတ်ရေး အတိုင်ပင်ခံကောင်စီအနေနဲ့ တက်ကြတာမျိုးတွေလဲ တွေ့ရတယ်။ နယ်မြေဒေသအခြေအနေ၊ ပထဝီအနေအထားကြောင့်မို့ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောပြလို့ မရဘူးလို့ ပြောတာလည်းရှိတယ်။ ဆိုတော့ ခန့်မှန်းကြည့်ရတာက ပွင့်ပွင့်လင်းလင်း ပူးပေါင်းပါဝင်ကြတာမျိုး မကြေညာကြဘဲနဲ့ လူပုဂ္ဂိုလ်တွေ လွှတ်ကြတဲ့အခါမှာလဲ အခုနပြောသလို၊ ဒုတိယတန်း၊ တတိယတန်းအဆင့် ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပွဲကို တက်တယ်လို့ ကျနော် ယူဆတယ်။ အဲဒီအခြေအနေကို ခန့်မှန်းကြည့်လိုက်တော့ NUCC မှာကော နစကလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာကော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တက်တက်ကြွကြွနဲ့ ပြတ်ပြတ်သားသား ပူးပေါင်းပါဝင်တာတော့ မတွေ့ရဘူး။ ဆိုလိုတာက နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေတယ်လို့ ယူဆတယ်။

မေး ။ ။ စစ်အာဏာရှင်နဲ့ ဆွေးနွေးရတာထက် ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရနဲ့ ဆွေးနွေးရတာ ပိုကောင်းတာပေါ့။ ဒါကတော့ ပိုပြီးထိရောက်မှု ရှိမယ်ဆိုတာကို သူတို့လဲ သိကြမှာပါ။ ဒါပေမဲ့ NLD က ပုဂ္ဂိုလ်တချို့က တိုင်းရင်းသားပါတီတွေကို တိုင်းရင်းသားပါတီတွေလို့ အသိအမှတ်မပြုနိုင်ဘူး၊ သူတို့ဒေသတွင်း ပါတီလို့ပဲ ခေါ်မယ်၊ ကျနော်တို့ဆီမှာလဲ တိုင်းရင်းသားတွေ ပါတာပဲဆိုပြီးတော့ ပြောခဲ့တာကို ဦးရဲထွန်းလည်း မှတ်မိမယ် ထင်ပါတယ်။ ဆိုတော့ အဲဒီလို သဘောထားမျိုးကြောင့် တိုင်းရင်းသားတွေတချို့က အမြင်မကြည်လင်ခဲ့ကြတာတွေလဲ တွေ့ရတယ်။ ဆိုတော့ အခု NUCC ရဲ့ လုပ်ရပ်ဟာ NLD ရဲ့ သဘောထားထက် တိုင်းရင်းသားတွေ လက်ခံနိုင်တဲ့ အခြေအနေကို ပိုရောက်လာမယ်လို့ ထင်ပါသလား။ ပိုရောက်နေပြီလား။

ဖြေ ။ ။ ဦးကျော်ဇံသာပြောတဲ့ဟာကို ကျနော် သတိထားမိပါတယ်။ ဒီပြဿနာကတော့ ရှိတယ်။ အဲဒီတော့ အခုဆွေးနွေးပွဲမှာလဲ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းက တက်တဲ့ကိုယ်စားလှယ်ကလဲ အဲဒီကိစ္စကို တစွန်းတစ ပြောသွားတာ ရှိတယ်။ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ကလဲ သံသယတော့ ရှိတယ်။ ဘယ်လောက်အထိ ဖက်ဒရယ်စနစ်ကို ကျနော်တို့ လုပ်နိုင်မလဲဆိုတဲ့ဟာမျိုးပေါ့။ အဲဒါကိုတော့ ကျနော့်အနေနဲ့ အခုန ဦးကျော်ဇံသာပြောတဲ့ အချက်အလက်နဲ့ ဆက်စပ်ပြီးတော့ ဒါကလဲ အချက်တချက်လို့ မြင်ပါတယ်။ မလုပ်နိုင်သေးတာက သူတို့လုပ်နေတဲ့ တော်လှန်ရေးရဲ့ အလားအလာ၊ အောင်ပွဲရနိုင်ဖို့ သေချာရဲ့လားဆိုတဲ့အပေါ်မှာ အဓိကတည်လိမ့်မယ်လို့ ထင်တယ်။ အဲဒီတော့ အောင်ပွဲရဖို့ သေချာလေလေ၊ သူတို့ပေါင်းစပ်မှု၊ ပူးပေါင်းမှုက ပိုပြီးတော့ ပြတ်ပြတ်သားသား ဖြစ်လာလေလေ ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။

XS
SM
MD
LG