သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သံတမန္ခင္း မ်က္ႏွာပန္းလွျခင္းႏွင့္ လက္ေတြ႔အလားအလာ


U.S. President Biden delivers remarks at the U.S.-ASEAN Special Summit, in Washington

မၾကာေသးခင္က ၿပီးဆုံးသြားခဲ့တဲ့ အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲဟာ ျမန္မာႏိုင္ငံ NUG အစိုးရအဖို႔ သံခင္းတမန္ခင္းအရ အားတက္စရာ ျဖစ္ခဲ့တယ္လို႔ အေတာ္မ်ားမ်ားက ယူဆၾကပါတယ္။ စစ္ေကာင္စီအႀကီးအကဲကို မဖိတ္ဘဲ NUG ႏိုင္ငံျခားေရးဝန္ႀကီးကို အလြတ္သေဘာ လက္ခံေတြ႔ဆုံတာေတြ ရွိခဲ့တဲ့အတြက္လည္း NUG မ်က္ႏွာပန္းလွခဲ့တယ္လို႔ ေျပာရင္မွားမယ္ မဟုတ္ပါဘူး။ ဒါေပမဲ့ ဒီလို အေရးတယူ ဆက္ဆံျခင္းခံရတာဟာ NUG ဦးတည္ႀကိဳးပမ္းေနတဲ့ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္တက္လွမ္းႏိုင္ေရးအတြက္ လက္ေတြ႕ထိေရာက္မႈ ဘယ္ေလာက္ရွိႏိုင္ပါသလဲ။ ၁၉၉၀ ေ႐ြးေကာက္ခံလႊတ္ေတာ္အမတ္၊ NCGUB ဝန္ႀကီးေဟာင္း ေဒါက္တာတင့္ေဆြနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ မၾကာေသးခင္က ၿပီးဆံုးသြားခဲ့တဲ့ US-ASEAN Summit - အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံ NUG အစိုးရရဲ ႔ အခန္းက႑ကို အားတက္စရာေတြ ျဖစ္ခဲ့ပါတယ္။ တခ်ဳိ ႔လဲပဲ အားတက္ၾကပါတယ္။ ဒီေဆြးေႏြးပြဲရလဒ္နဲ႔ ပတ္သက္လို႔ ဆရာအျမင္ကို အရင္ဆံုးအၾကမ္းမ်ဥ္းသံုးသပ္ေပးပါ။

ေျဖ ။ ။ က်ေနာ္လည္း အားတက္စရာသတင္းႀကီးတခုလို႔ သေဘာတူပါတယ္။ က်ေနာ္တို႔ ဗမာ့ဒီမိုကေရစီေရးကို ၁၉၈၈ ကတည္းကေန တြက္လို႔ရိွရင္ ႏိုင္ငံတကာစင္ျမင့္မွာ သံတမန္ေရးရာ ေဆာင္ရြက္မႈေတြမွာ ဒီတခ်ီကေတာ့ ပိုၿပီးေတာ့ သိသိသာသာ တိုးတက္လာတယ္လို႔ ျမင္ပါတယ္။ က်ေနာ္တုိ႔ အစိုးရတုန္းကလည္း George Bush နဲ႔ က်ေနာ္တို႔ဝန္ႀကီးတေယာက္နဲ႔ ေတြ႔တာဘာညာ ရိွခဲ့ေသာ္လဲ ဒီတခ်ီကေတာ့ အာဆီယံနဲ႔ ဆက္ၿပီးေတာ့၊ အေမရိကန္ႏုိင္ငံ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ တျခားလႊတ္ေတာ္ကြန္ဂရက္ ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ႏိုင္တဲ့အဆင့္ဟာ နည္းတဲ့အဆင့္ မဟုတ္ဘူး။ အျခားႀကိဳးစားမႈေတြနဲ႔စာရင္ ဒီေနာက္ဆံုး သံတမန္ေရးရာ ေအာင္ျမင္မႈဟာ ထူးျခားၿပီးေတာ့ အားတက္စရာလို႔ ျမင္ပါတယ္။

ေမး ။ ။ ဟုတ္ပါတယ္။ အားတက္စရာ ျဖစ္တယ္။ ဒါေပမဲ့ လက္ေတြ႔အက်ဳိးသက္ေရာက္မႈ ဘယ္ေလာက္ရိွမလဲ။ ဒီကအားတက္စရာေတြ၊ ဒီကၾကားခဲ့ရတဲ့ စကားေတြက ဘယ္ေလာက္ထိ လက္ေတြ႔ထိေရာက္လာႏုိင္သလဲ။ ဥပမာအားျဖင့္ သူတုိ႔က စာနာမႈအေထာက္အပံ့ေပးမယ္ ေျပာတာေတြ ၾကားရပါတယ္။ အခုကေတာ့ စစ္ေကာင္စီနဲ႔ ပတ္သက္တဲ့ ဆက္ဆံေရးမွာ သံတမန္အဆင့္ေလွ်ာ့ခ်တာေတြကို ေတြ႔ရပါတယ္။ တခ်ဳိ ႔ႏိုင္ငံႀကီးေတြက သံအမတ္ႀကီးအဆင့္ကေန သံရံုးတာဝန္ခံ Chargé d' Affaires အဆင့္ကို ေလွ်ာ့ခ်လာတာကို ေတြ႔ရပါတယ္။ အဲဒီဟာတဲ့အျပင္ ပိုၿပီးထိေရာက္တဲ့ လုပ္ေဆာင္ခ်က္ေတြမ်ား ေတြ႔လာႏိုင္ပါသလား။

ေျဖ ။ ။ ဒီေမွ်ာ္လင့္ခ်က္ကလဲ ထားသင့္တဲ့ ေမးခြန္းႀကီးတခု ျဖစ္တယ္။ ဒီေန႔ ျပည္သူလူထုက ၾကည့္လို႔ရိွရင္ေတာ့ ဒီေလာက္ေလးနဲ႔ေတာ့ အယားေျပရံုေလာက္ေပါ့ - အားမနာတမ္း ေျပာရရင္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ စစ္ေကာင္စီက လူေတြသတ္၊ ရြာေတြမီးရိွဳ ႔တဲ့ကာလေပါ့။ ေနာက္တခါ ေရြးခ်ယ္တင္ေျမွာက္ျခင္းခံရတဲ့ အရင္အစိုးရ NLD ေခါင္းေဆာင္ေတြကို မတရားသျဖင့္ ဖမ္းဆီးေထာင္ခ်ျခင္း ျဖစ္ေနေတာ့က ဒီလိုသံတမန္ေရးအရ တက္လာရံုနဲ႔ကေတာ့ စစ္အာဏာရွင္ အျမစ္ျပတ္ေရးဆုိတာ ေတာ္ေတာ္ေဝးေသးတယ္လို႔ ျမင္တယ္။ က်ေနာ္ အားမတက္စရာေတာ့ မဟုတ္ဘူး၊ က်ေနာ္ လက္ေတြ႔က်က် အဲဒီလိုျမင္ပါတယ္။ အာဆီယံအစည္းအေဝး ၿပီးေတာ့လဲ အခုတခါ ေနာက္ဆံုး QUAD အစည္းအေဝးမွာလဲ ဗမာ့အေရးဟာ - ေလးႏုိင္ငံလံုးကလည္း ဒီမိုကေရစီလမ္းေၾကာင္း ျပန္ေရာက္ေရးကို ေျပာလာေတာ့ ဒါကလဲ တိုးတက္တယ္လို႔ ေျပာလို႔ရေပမယ့္၊ က်ေနာ့္အျမင္ကေတာ့ ဒီေလာက္နဲ႔ေတာ့ မရေသးဘူးလို႔ ျမင္ပါတယ္။

ေမး ။ ။ QUAD ဆိုလို႔ က်ေနာ္လည္း QUAD နဲ႔ ပတ္သက္တာကို ၾကားပါတယ္။ ဒါေပမဲ့ QUAD ရဲ ႔ ေျပာတဲ့အထဲမွာ ေလးႏိုင္ငံထဲမွာပါတဲ့ အိႏိၵယ၊ ဂ်ပန္တို႔က ျမန္မာႏုိင္ငံေရးဟာ အေရးႀကီးတယ္။ ေဒသတြင္း လံုၿခံဳေရးကို ထိခိုက္ႏိုင္တယ္၊ ဘာညာေျပာတဲ့ေနရာမွာေတာ့ သေဘာတူၾကတယ္။ ဒါေပမဲ့ လုပ္ပံုလုပ္နည္းနဲ႔ ပတ္သက္ၿပီးေတာ့ေတာ့ အေမရိကန္၊ ၾသစေတးလ်တို႔ရဲ ႔ ခ်ဥ္းကပ္ပံုခ်ဥ္းကပ္နဲ႔နည္း မတူဘူးလို႔ က်ေနာ္ ထင္ပါတယ္။ သူတို႔ေပးတဲ့ ဖိအား Pressure မ်ဳိးကို အိႏိၵယ၊ ဂ်ပန္တို႔ဆီကေတာ့ မရႏုိင္ဘူးလို႔ က်ေနာ္ ထင္ပါတယ္။ ဆရာ အဲဒါကို ဘယ္လုိတြက္သလဲ။

ေျဖ ။ ။ အဲဒါလဲ အမွန္ပဲ။ က်ေနာ္လည္း အဲဒီလိုပဲ သေဘာေပါက္တယ္။ အိႏိၵယက ႏႈတ္အားျဖင့္ျဖစ္ေစ၊ ဒီမိုကေရစီ … ဒီမိုကေရစီဆိုၿပီး ဟိုး ၁၉၈၈ ကတည္းက ေျပာလာတာ၊ သူက အဲဒီလို။ ဂ်ပန္ကလဲ ဆာဆာကာဝါ ဝင္လာကတည္းက ဂ်ပန္ႏိုင္ငံရဲ ႔ ဗမာႏုိင္ငံအေပၚထားတဲ့ ေပၚလစီက ထင္မွတ္သေလာက္ ခိုင္မာေတာင့္တင္းျခင္း မရိွတာေတာ့ အမွန္ပဲ။ သို႔ေသာ္လဲပဲ ဒီေန႔ ႏုိင္ငံတကာအခင္းအက်င္းမွာ အခု အေမရိကန္မွာ အသစ္တက္လာတဲ့ သမၼတလက္ထက္မွာ အာရွ-ပစီၥဖိတ္၊ အင္ဒို-ပစီၥဖိတ္ အသံုးအႏႈန္းနဲ႔ ေတာ္ေတာ္ေလး ခုိင္ခိုင္မာမာ၊ က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ လုပ္လာတဲ့ အေနအထားကေတာ့ အလကားေတာ့ မျဖစ္ဘဲနဲ႔ ဒီဟာနဲ႔ တစံုတရာ ျမန္မာႏုိင္ငံရဲ ႔အေပၚ အက်ဳိးသက္ေရာက္မႈ ရိွလာႏိုင္တယ္။ ဘယ္ေလာက္အထိ ရိွမလဲဆိုတာကိုေတာ့ က်ေနာ္တို႔ နည္းနည္းေတာ့ မွန္းရခက္ေသးတယ္။ ဘာပဲျဖစ္ျဖစ္ က်ေနာ္ျမင္တာကေတာ့ ဒီေလာက္မက တိုးတက္ၿပီးေတာ့ အေမရိကန္ ဦးေဆာင္မႈ၊ အထူးသျဖင့္ တိုးတက္လာႏုိင္စရာလဲ ရိွႏိုင္တယ္လုိ႔ က်ေနာ္ ထင္ပါတယ္။

ေမး ။ ။ အခုေလာေလာဆယ္မွာေတာ့ အေမရိကန္သည္ပင္လွ်င္ အာဆီယံကို ေရွ ႔တန္းကတင္ၿပီးေတာ့ အာဆီယံတို႔ လုပ္ေနတဲ့ ဘံုသေဘာတူညီမႈ (၅) ရပ္ ေဘာင္အတြင္းကပဲ သြားေနတာ ေတြ႔ရပါတယ္။ အဲဒါကို ေက်ာ္လြန္ၿပီးေတာ့ ဘာမွ Initiative လုပ္ေနတာ မေတြ႔ရဘူးဆိုေတာ့ ဒါကိုေရာ ဆရာ့အေနနဲ႔ အာဆီယံ မူ (၅) ခ်က္ကို ေက်ာ္လႊာလာႏုိင္လိမ့္မယ္လို႔ ေမွ်ာ္မွန္းပါသလား။

ေျဖ ။ ။ အာဆီယံရဲ ႔ ခ်ဥ္းကပ္မႈလမ္းေၾကာင္းဟာ ေျပာင္းကိုေျပာင္းသင့္တယ္လို႔ က်ေနာ္ ျမင္တယ္။ ဒါေပမယ္လို႔ တၿပိဳင္တည္းမွာ ဗမာ့အေရးမွာ စစ္တပ္ကို ဦးစားေပးေနတဲ့ ႏုိင္ငံတခ်ဳိ ႔လဲ ရိွေနေလေတာ့ ေတာ္ေတာ္ေတာ့ ခက္တယ္။ ေမးခြန္းကို တုိက္ရိုက္ေျဖဆိုရရင္ အာဆီယံရဲ ႔ ဘံုသေဘာတူညီခ်က္ (၅) ခ်က္ဟာ ေခတ္ေနာက္က်သြားၿပီလုိ႔ က်ေနာ္ ျမင္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အေမရိကန္ ဦးေဆာင္ၿပီးေတာ့ အာဆီယံမူေဘာင္ထဲက ထိုးေဖာက္လုပ္လာႏုိင္တဲ့ အလားအလာေကာ တြက္မိပါလား။

ေျဖ ။ ။ ဒါကေတာ့ ျဖစ္ေစခ်င္တာပဲ ရိွၿပီး၊ ျဖစ္ဖို႔ေတာ့ ခက္တယ္။ အဓိကအတားအဆီးကေတာ့ သိတဲ့အတိုင္းပဲ တရုတ္နဲ႔ ရုရွားႏုိင္ငံေတြ ရိွတယ္။ ဒီႏိုင္ငံႀကီးေတြနဲ႔ အေမရိကန္ ခ်ိန္ထိုးရပါလိမ့္မယ္။ ခ်ိန္ထိုးၿပီးမွသာလွ်င္ ဒီအာဆီယံေဘာင္က ေခ်ာ္ၿပီးေတာ့ ျဖစ္လာစရာအေၾကာင္း ရိွတယ္။ မျဖစ္ဘူးလို႔ေတာ့ ေျပာလို႔မရဘူး။ က်ေနာ္ကေတာ့ ျဖစ္လာမယ့္ အရိပ္အေရာင္ေတာ့ မျမင္ေသးဘူး။

ေမး ။ ။ တရုတ္ဆိုလို႔ တရုတ္ႏုိင္ငံက ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ရင္ သူတုိ႔စီးပြားေရးလုပ္ဖို႔ အဆင္ေျပေစခ်င္တာပဲဆိုေတာ့ ဘယ္အစိုးရတက္တက္ဆိုတာ အဓိကလို႔ လူတိုင္းက တြက္ၾကပါတယ္။ ဒါေပမဲ့ အခုလက္ရိွ စစ္ေကာင္စီလက္ထက္မွာ ျဖစ္ေနတဲ့ အေျခအေနေတြမွာ တရုတ္တုိ႔ ေမွ်ာ္မွန္းထားတဲ့ စီးပြားေရး လုပ္ႏိုင္ေလာက္တဲ့ တည္ၿငိမ္မႈတုိ႔ ဘာတို႔ ရိွပါရဲ ႔လား။ တရုတ္က လက္ရိွအေျခအေနကို ေက်နပ္ေနသလား။ ဒီအေျခအေနကို ေျပာင္းလဲလာေအာင္ သူတုိ႔ဘက္က မစဥ္းစားေလဘူးလားဆိုတာကိုလဲ က်ေနာ္ တြက္မိတယ္။

ေျဖ ။ ။ တရုတ္ကေတာ့ ဗမာျပည္မွာ ဘယ္သူတက္တက္၊ သူကေတာ့ အပိုင္ပိုင္ၿပီသားလို႔ သူက တြက္ၿပီသား။ ဒါေၾကာင့္ သူ႔ရဲ ႔ အက်ဳိးစီးပြားကလဲ ရုတ္မသြားဘူး။ အနည္းအက်ဥ္းေတာ့ ျဖစ္မယ္။ တခ်ိန္တည္းမွာ သူ႔ရဲ ႔ မဟာဗ်ဴဟာေျမာက္တဲ့ ရည္ရြယ္ခ်က္ႀကီးေတြက တခုမွ ပစ္ပယ္ျခင္းမရိွဘဲနဲ႔ တိုးလို႔သာလာတယ္။ သူ႔ရဲ ႔ ရပ္တည္ခ်က္။ ဒါေၾကာင့္ တရုတ္ကေတာ့ ျမန္မာျပည္မွာ ဒီမိုကေရစီရတာလဲ အေရးမႀကီးဘူး။ ရတာလဲ အေရးမႀကီးဘူး၊ သူ႔အက်ဳိးစီးပြားရေနတာပဲ ျဖစ္တဲ့အတြက္ တရုတ္ကိုေတာ့ အမ်ားႀကီး ပိုဆိုးတာေကာ၊ ပိုေကာင္းတာေကာ မျမင္ဘူး။

ေမး ။ ။ ေနာက္ ရုရွား။ အေမရိကန္က ျမန္မာႏုိင္ငံ ဒီမိုကေရစီအင္အားစု NUG ကို ေငြေၾကးအားျဖင့္ ကူညီတယ္ပဲ ထားပါေတာ့၊ ဒါေပမဲ့ ရုရွား ကူညီတာက စစ္လက္နက္ ကူညီေနတာ။ အဲဒါက ပိုၿပီးေတာ့ေတာင္ ထိေရာက္ေနေသးတယ္ဆိုေတာ့ အဲဒီေနရာကို ႏိႈင္းယွဥ္မယ္ဆိုရင္လဲပဲ အေမရိကန္ရဲ ႔ ကတိစကားေတြ၊ ေငြေၾကးအကူအညီေတြက စစ္ေကာင္စီကို ရုရွားေပးေနတဲ့ အကူအညီနဲ႔စာရင္ သိပ္ၿပီးေတာ့ မယွဥ္သာဘူး ျဖစ္မေနဘူးလား။

ေျဖ ။ ။ ဒီဟာလဲ မွန္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုေနာက္ဆံုး အာဏာသိမ္းတဲ့ စစ္ေကာင္စီက လက္နက္ကို အားကိုးၿပီးေတာ့ သူက လုပ္ေနတာျဖစ္တဲ့အတြက္ သူလိုအပ္တဲ့ လက္နက္ရေနရင္ၿပီေရာ။ တရုတ္ကလဲ အရင္ေလာက္ မေပးေတာ့တဲ့အခါမွာ သူက ရုရွားကို ေတြ႔သြားတယ္။ ရုရွားကလည္း တတိတအဆင့္ေလာက္ လက္နက္ေတြ ေပးေန၊ ေရာင္းေနတဲ့ ႏုိင္ငံဆိုေတာ့ အႀကိဳက္ေတြ႔တာေပါ့။ ျပည္သူလူထုနဲ႔ တိုက္ေနတဲ့ စစ္ေရးကေတာ့ ရုရွားလက္နက္က အင္မတန္မွ အားသာတယ္။ ဆိုေတာ့ ရုရွားရဲ ႔ အကူအညီဟာ စစ္ေကာင္စီအတြက္ အင္မတန္မွ လက္တေလာ ေရတို - က်ေနာ့္အျမင္ေပါ့ - အရင္ကေတာ့ တရုတ္ကို အားကိုးခဲ့တယ္။ နဝတ၊ နအဖလက္ထက္မွာ။ အဲဒါက ေရတိုအဆင့္ေလာက္သာ စစ္ေကာင္စီအတြက္ စစ္တပ္အတြက္ အသံုးက်ၿပီးေတာ့ ေနာက္ပိုင္း သူ႔ေပၚလစီကို ျပန္လည္သံုးသပ္ review လုပ္ၿပီးေတာ့ အေမရိကန္လက္နက္ေတြ ရခ်င္လို႔ ႀကိဳးစားလာတယ္။ ဒါကေတာ့ မေအာင္ျမင္ဘူး။ ဒါေပမဲ့ ေရတိုသေဘာမ်ဳိး - ေနာက္ထပ္ေရတို ဒုတိယတဆင့္က ရုရွားဆီက ရယူၿပီး၊ ေရတိုသေဘာမ်ဳိးေတာ့ စစ္တပ္က လုပ္ေနတယ္လို႔ ျမင္ပါတယ္။ ဒါေၾကာင့္ ေမးခြန္းအရေျပာရင္ အေမရိကန္ဘက္ကေတာ့ က်ေနာ္ျမင္တာကေတာ့ ေနာက္ဆံုးအေျပာအဆို၊ အသံုးအႏႈန္းအရေတာ့ လက္နက္ေပးဖို႔ လံုးဝစိတ္ကူးမရိွဘဲနဲ႔၊ တျခားနည္းေတြသာ ကူညီမယ့္သေဘာ ရိွေနေတာ့၊ က်ေနာ္တို႔အေနနဲ႔ အေမရိကန္လည္း အမ်ားႀကီးေတာ့ အားရစရာ မျမင္ဘူးလို႔ က်ေနာ္ ဒီလိုသံုးသပ္ပါတယ္။

ေမး ။ ။ ေနာက္ဆံုး ဆရာရဲ ႔မွတ္ခ်က္ကို ၾကားခ်င္တာကေတာ့ ေတာ္ေတာ္ေလး လူတုိင္းမႀကိဳက္တဲ့ ကိစၥတရပ္ ျဖစ္ပါတယ္။ တခ်ဳိ ႔က ေျပာၾကတာက တခ်ဳိ ႔ပညာရွင္ေတြ၊ သံုးသပ္သူေတြလည္း ေျပာၾကတယ္။ ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးအတြက္ စစ္အာဏာရွင္စနစ္ကို တိုက္ဖ်က္ဖို႔အတြက္ ဖိအားေပးတယ္ pressure ေပးတယ္ဆိုေပမယ့္၊ အဲဒီဖိအားဟာ စစ္အာဏာရွင္စနစ္ က်ဆံုးေရးအတြက္ အေထာက္အပံ့ မျဖစ္ဘဲနဲ႔ ျပည္သူကိုသာ နစ္နာေစတယ္။ Backfire ျဖစ္တယ္။ အဲဒါေၾကာင့္ ဖိိအားေပးတဲ့ဝါဒကို တခ်ဳိ ႔က မႀကိဳက္ၾကပါဘူး။

ေျဖ ။ ။ ဒီလိုသံုးသပ္ခ်က္ကေတာ့ က်ေနာ္တို႔ ၂၀၀၃ ခုႏွစ္က ကလင္တန္က Burma Act ကို လက္မွတ္ထိုးေပးၿပီး Sanction ကိစၥေတြကို သီအိုရီအရ ႏုိင္ငံေရးပညာရွင္ေတြက အမ်ဳိးမ်ဳိးသံုးသပ္ၾကပါတယ္။ က်ေနာ္ကေတာ့ ျပည္သူလူထုဘက္ကပဲ ၾကည့္ေတာ့ကာ၊ ျပည္သူလူထုက Sanction ကို လိုခ်င္တာပဲ။ စစ္အာဏာရွင္ ထိမယ့္ဟာကို လိုခ်င္တာပဲ ဆိုေတာ့က က်ေနာ့္အျမင္က ျပည္သူလူထုရဲ ႔ ႏုိင္ငံေရးအျမင္ကေန ၾကည့္လို႔ရိွရင္ ႏိုင္ငံေရးပါေမာကၡေတြ သံုးသပ္သူေတြ၊ သံုးသပ္ခ်က္က စာအုပ္ေတြထဲက သီအုိရီေတြ ကိုးကားၿပီး သံုးသပ္ခ်က္ေတြျဖစ္ၿပီး၊ လက္ေတြ႔မက်ဘဲနဲ႔ ျပည္သူလူထု လိုခ်င္တဲ့ ဖိအား၊ တိုက္အား၊ တြန္းအားေတြ မပါဘဲနဲ႔ေတာ့ စစ္ေကာင္စီ ျပဳတ္မွာမဟုတ္ဘူး၊ ရပ္မွာမဟုတ္တဲ့အတြက္ ဖိအား၊ တြန္းအား၊ ဆြဲအားေရာ ျပည္သူလူထုရဲ ႔ တြန္းကန္အားေတြကို ေပါင္းမွသာလွ်င္ရမွာ ျဖစ္တယ္။ Sanction ကို အျပစ္တင္ျခင္းဟာ သီအုိရီအရသာ စကားေျပာျခင္းသာျဖစ္ၿပီး၊ လက္ေတြ႔မက်ဘူးလို႔ ျမင္ပါတယ္။

=== Unicode ===

မကြာသေးခင်က ပြီးဆုံးသွားခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲဟာ မြန်မာနိုင်ငံ NUG အစိုးရအဖို့ သံခင်းတမန်ခင်းအရ အားတက်စရာ ဖြစ်ခဲ့တယ်လို့ အတော်များများက ယူဆကြပါတယ်။ စစ်ကောင်စီအကြီးအကဲကို မဖိတ်ဘဲ NUG နိုင်ငံခြားရေးဝန်ကြီးကို အလွတ်သဘော လက်ခံတွေ့ဆုံတာတွေ ရှိခဲ့တဲ့အတွက်လည်း NUG မျက်နှာပန်းလှခဲ့တယ်လို့ ပြောရင်မှားမယ် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို အရေးတယူ ဆက်ဆံခြင်းခံရတာဟာ NUG ဦးတည်ကြိုးပမ်းနေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တက်လှမ်းနိုင်ရေးအတွက် လက်တွေ့ထိရောက်မှု ဘယ်လောက်ရှိနိုင်ပါသလဲ။ ၁၉၉၀ ရွေးကောက်ခံလွှတ်တော်အမတ်၊ NCGUB ဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မကြာသေးခင်က ပြီးဆုံးသွားခဲ့တဲ့ US-ASEAN Summit - အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ NUG အစိုးရရဲ့ အခန်းကဏ္ဍကို အားတက်စရာတွေ ဖြစ်ခဲ့ပါတယ်။ တချို့လဲပဲ အားတက်ကြပါတယ်။ ဒီဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်လို့ ဆရာအမြင်ကို အရင်ဆုံးအကြမ်းမျဉ်းသုံးသပ်ပေးပါ။

ဖြေ ။ ။ ကျနော်လည်း အားတက်စရာသတင်းကြီးတခုလို့ သဘောတူပါတယ်။ ကျနော်တို့ ဗမာ့ဒီမိုကရေစီရေးကို ၁၉၈၈ ကတည်းကနေ တွက်လို့ရှိရင် နိုင်ငံတကာစင်မြင့်မှာ သံတမန်ရေးရာ ဆောင်ရွက်မှုတွေမှာ ဒီတချီကတော့ ပိုပြီးတော့ သိသိသာသာ တိုးတက်လာတယ်လို့ မြင်ပါတယ်။ ကျနော်တို့ အစိုးရတုန်းကလည်း George Bush နဲ့ ကျနော်တို့ဝန်ကြီးတယောက်နဲ့ တွေ့တာဘာညာ ရှိခဲ့သော်လဲ ဒီတချီကတော့ အာဆီယံနဲ့ ဆက်ပြီးတော့၊ အမေရိကန်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ တခြားလွှတ်တော်ကွန်ဂရက် ခေါင်းဆောင်တွေနဲ့ တွေ့နိုင်တဲ့အဆင့်ဟာ နည်းတဲ့အဆင့် မဟုတ်ဘူး။ အခြားကြိုးစားမှုတွေနဲ့စာရင် ဒီနောက်ဆုံး သံတမန်ရေးရာ အောင်မြင်မှုဟာ ထူးခြားပြီးတော့ အားတက်စရာလို့ မြင်ပါတယ်။

မေး ။ ။ ဟုတ်ပါတယ်။ အားတက်စရာ ဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့အကျိုးသက်ရောက်မှု ဘယ်လောက်ရှိမလဲ။ ဒီကအားတက်စရာတွေ၊ ဒီကကြားခဲ့ရတဲ့ စကားတွေက ဘယ်လောက်ထိ လက်တွေ့ထိရောက်လာနိုင်သလဲ။ ဥပမာအားဖြင့် သူတို့က စာနာမှုအထောက်အပံ့ပေးမယ် ပြောတာတွေ ကြားရပါတယ်။ အခုကတော့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးမှာ သံတမန်အဆင့်လျှော့ချတာတွေကို တွေ့ရပါတယ်။ တချို့နိုင်ငံကြီးတွေက သံအမတ်ကြီးအဆင့်ကနေ သံရုံးတာဝန်ခံ Chargé d' Affaires အဆင့်ကို လျှော့ချလာတာကို တွေ့ရပါတယ်။ အဲဒီဟာတဲ့အပြင် ပိုပြီးထိရောက်တဲ့ လုပ်ဆောင်ချက်တွေများ တွေ့လာနိုင်ပါသလား။

ဖြေ ။ ။ ဒီမျှော်လင့်ချက်ကလဲ ထားသင့်တဲ့ မေးခွန်းကြီးတခု ဖြစ်တယ်။ ဒီနေ့ ပြည်သူလူထုက ကြည့်လို့ရှိရင်တော့ ဒီလောက်လေးနဲ့တော့ အယားပြေရုံလောက်ပေါ့ - အားမနာတမ်း ပြောရရင်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက လူတွေသတ်၊ ရွာတွေမီးရှို့တဲ့ကာလပေါ့။ နောက်တခါ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ အရင်အစိုးရ NLD ခေါင်းဆောင်တွေကို မတရားသဖြင့် ဖမ်းဆီးထောင်ချခြင်း ဖြစ်နေတော့က ဒီလိုသံတမန်ရေးအရ တက်လာရုံနဲ့ကတော့ စစ်အာဏာရှင် အမြစ်ပြတ်ရေးဆိုတာ တော်တော်ဝေးသေးတယ်လို့ မြင်တယ်။ ကျနော် အားမတက်စရာတော့ မဟုတ်ဘူး၊ ကျနော် လက်တွေ့ကျကျ အဲဒီလိုမြင်ပါတယ်။ အာဆီယံအစည်းအဝေး ပြီးတော့လဲ အခုတခါ နောက်ဆုံး QUAD အစည်းအဝေးမှာလဲ ဗမာ့အရေးဟာ - လေးနိုင်ငံလုံးကလည်း ဒီမိုကရေစီလမ်းကြောင်း ပြန်ရောက်ရေးကို ပြောလာတော့ ဒါကလဲ တိုးတက်တယ်လို့ ပြောလို့ရပေမယ့်၊ ကျနော့်အမြင်ကတော့ ဒီလောက်နဲ့တော့ မရသေးဘူးလို့ မြင်ပါတယ်။

မေး ။ ။ QUAD ဆိုလို့ ကျနော်လည်း QUAD နဲ့ ပတ်သက်တာကို ကြားပါတယ်။ ဒါပေမဲ့ QUAD ရဲ့ ပြောတဲ့အထဲမှာ လေးနိုင်ငံထဲမှာပါတဲ့ အိန္ဒိယ၊ ဂျပန်တို့က မြန်မာနိုင်ငံရေးဟာ အရေးကြီးတယ်။ ဒေသတွင်း လုံခြုံရေးကို ထိခိုက်နိုင်တယ်၊ ဘာညာပြောတဲ့နေရာမှာတော့ သဘောတူကြတယ်။ ဒါပေမဲ့ လုပ်ပုံလုပ်နည်းနဲ့ ပတ်သက်ပြီးတော့တော့ အမေရိကန်၊ သြစတေးလျတို့ရဲ့ ချဉ်းကပ်ပုံချဉ်းကပ်နဲ့နည်း မတူဘူးလို့ ကျနော် ထင်ပါတယ်။ သူတို့ပေးတဲ့ ဖိအား Pressure မျိုးကို အိန္ဒိယ၊ ဂျပန်တို့ဆီကတော့ မရနိုင်ဘူးလို့ ကျနော် ထင်ပါတယ်။ ဆရာ အဲဒါကို ဘယ်လိုတွက်သလဲ။

ဖြေ ။ ။ အဲဒါလဲ အမှန်ပဲ။ ကျနော်လည်း အဲဒီလိုပဲ သဘောပေါက်တယ်။ အိန္ဒိယက နှုတ်အားဖြင့်ဖြစ်စေ၊ ဒီမိုကရေစီ … ဒီမိုကရေစီဆိုပြီး ဟိုး ၁၉၈၈ ကတည်းက ပြောလာတာ၊ သူက အဲဒီလို။ ဂျပန်ကလဲ ဆာဆာကာဝါ ဝင်လာကတည်းက ဂျပန်နိုင်ငံရဲ့ ဗမာနိုင်ငံအပေါ်ထားတဲ့ ပေါ်လစီက ထင်မှတ်သလောက် ခိုင်မာတောင့်တင်းခြင်း မရှိတာတော့ အမှန်ပဲ။ သို့သော်လဲပဲ ဒီနေ့ နိုင်ငံတကာအခင်းအကျင်းမှာ အခု အမေရိကန်မှာ အသစ်တက်လာတဲ့ သမ္မတလက်ထက်မှာ အာရှ-ပစ္စီဖိတ်၊ အင်ဒို-ပစ္စီဖိတ် အသုံးအနှုန်းနဲ့ တော်တော်လေး ခိုင်ခိုင်မာမာ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်လာတဲ့ အနေအထားကတော့ အလကားတော့ မဖြစ်ဘဲနဲ့ ဒီဟာနဲ့ တစုံတရာ မြန်မာနိုင်ငံရဲ့အပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်။ ဘယ်လောက်အထိ ရှိမလဲဆိုတာကိုတော့ ကျနော်တို့ နည်းနည်းတော့ မှန်းရခက်သေးတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်မြင်တာကတော့ ဒီလောက်မက တိုးတက်ပြီးတော့ အမေရိကန် ဦးဆောင်မှု၊ အထူးသဖြင့် တိုးတက်လာနိုင်စရာလဲ ရှိနိုင်တယ်လို့ ကျနော် ထင်ပါတယ်။

မေး ။ ။ အခုလောလောဆယ်မှာတော့ အမေရိကန်သည်ပင်လျှင် အာဆီယံကို ရှေ့တန်းကတင်ပြီးတော့ အာဆီယံတို့ လုပ်နေတဲ့ ဘုံသဘောတူညီမှု (၅) ရပ် ဘောင်အတွင်းကပဲ သွားနေတာ တွေ့ရပါတယ်။ အဲဒါကို ကျော်လွန်ပြီးတော့ ဘာမှ Initiative လုပ်နေတာ မတွေ့ရဘူးဆိုတော့ ဒါကိုရော ဆရာ့အနေနဲ့ အာဆီယံ မူ (၅) ချက်ကို ကျော်လွှာလာနိုင်လိမ့်မယ်လို့ မျှော်မှန်းပါသလား။

ဖြေ ။ ။ အာဆီယံရဲ့ ချဉ်းကပ်မှုလမ်းကြောင်းဟာ ပြောင်းကိုပြောင်းသင့်တယ်လို့ ကျနော် မြင်တယ်။ ဒါပေမယ်လို့ တပြိုင်တည်းမှာ ဗမာ့အရေးမှာ စစ်တပ်ကို ဦးစားပေးနေတဲ့ နိုင်ငံတချို့လဲ ရှိနေလေတော့ တော်တော်တော့ ခက်တယ်။ မေးခွန်းကို တိုက်ရိုက်ဖြေဆိုရရင် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ဟာ ခေတ်နောက်ကျသွားပြီလို့ ကျနော် မြင်ပါတယ်။

မေး ။ ။ ဆိုတော့ အမေရိကန် ဦးဆောင်ပြီးတော့ အာဆီယံမူဘောင်ထဲက ထိုးဖောက်လုပ်လာနိုင်တဲ့ အလားအလာကော တွက်မိပါလား။

ဖြေ ။ ။ ဒါကတော့ ဖြစ်စေချင်တာပဲ ရှိပြီး၊ ဖြစ်ဖို့တော့ ခက်တယ်။ အဓိကအတားအဆီးကတော့ သိတဲ့အတိုင်းပဲ တရုတ်နဲ့ ရုရှားနိုင်ငံတွေ ရှိတယ်။ ဒီနိုင်ငံကြီးတွေနဲ့ အမေရိကန် ချိန်ထိုးရပါလိမ့်မယ်။ ချိန်ထိုးပြီးမှသာလျှင် ဒီအာဆီယံဘောင်က ချော်ပြီးတော့ ဖြစ်လာစရာအကြောင်း ရှိတယ်။ မဖြစ်ဘူးလို့တော့ ပြောလို့မရဘူး။ ကျနော်ကတော့ ဖြစ်လာမယ့် အရိပ်အရောင်တော့ မမြင်သေးဘူး။

မေး ။ ။ တရုတ်ဆိုလို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သူတို့စီးပွားရေးလုပ်ဖို့ အဆင်ပြေစေချင်တာပဲဆိုတော့ ဘယ်အစိုးရတက်တက်ဆိုတာ အဓိကလို့ လူတိုင်းက တွက်ကြပါတယ်။ ဒါပေမဲ့ အခုလက်ရှိ စစ်ကောင်စီလက်ထက်မှာ ဖြစ်နေတဲ့ အခြေအနေတွေမှာ တရုတ်တို့ မျှော်မှန်းထားတဲ့ စီးပွားရေး လုပ်နိုင်လောက်တဲ့ တည်ငြိမ်မှုတို့ ဘာတို့ ရှိပါရဲ့လား။ တရုတ်က လက်ရှိအခြေအနေကို ကျေနပ်နေသလား။ ဒီအခြေအနေကို ပြောင်းလဲလာအောင် သူတို့ဘက်က မစဉ်းစားလေဘူးလားဆိုတာကိုလဲ ကျနော် တွက်မိတယ်။

ဖြေ ။ ။ တရုတ်ကတော့ ဗမာပြည်မှာ ဘယ်သူတက်တက်၊ သူကတော့ အပိုင်ပိုင်ပြီသားလို့ သူက တွက်ပြီသား။ ဒါကြောင့် သူ့ရဲ့ အကျိုးစီးပွားကလဲ ရုတ်မသွားဘူး။ အနည်းအကျဉ်းတော့ ဖြစ်မယ်။ တချိန်တည်းမှာ သူ့ရဲ့ မဟာဗျူဟာမြောက်တဲ့ ရည်ရွယ်ချက်ကြီးတွေက တခုမှ ပစ်ပယ်ခြင်းမရှိဘဲနဲ့ တိုးလို့သာလာတယ်။ သူ့ရဲ့ ရပ်တည်ချက်။ ဒါကြောင့် တရုတ်ကတော့ မြန်မာပြည်မှာ ဒီမိုကရေစီရတာလဲ အရေးမကြီးဘူး။ ရတာလဲ အရေးမကြီးဘူး၊ သူ့အကျိုးစီးပွားရနေတာပဲ ဖြစ်တဲ့အတွက် တရုတ်ကိုတော့ အများကြီး ပိုဆိုးတာကော၊ ပိုကောင်းတာကော မမြင်ဘူး။

မေး ။ ။ နောက် ရုရှား။ အမေရိကန်က မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစု NUG ကို ငွေကြေးအားဖြင့် ကူညီတယ်ပဲ ထားပါတော့၊ ဒါပေမဲ့ ရုရှား ကူညီတာက စစ်လက်နက် ကူညီနေတာ။ အဲဒါက ပိုပြီးတော့တောင် ထိရောက်နေသေးတယ်ဆိုတော့ အဲဒီနေရာကို နှိုင်းယှဉ်မယ်ဆိုရင်လဲပဲ အမေရိကန်ရဲ့ ကတိစကားတွေ၊ ငွေကြေးအကူအညီတွေက စစ်ကောင်စီကို ရုရှားပေးနေတဲ့ အကူအညီနဲ့စာရင် သိပ်ပြီးတော့ မယှဉ်သာဘူး ဖြစ်မနေဘူးလား။

ဖြေ ။ ။ ဒီဟာလဲ မှန်တယ်။ ဘာကြောင့်လဲဆိုတော့ အခုနောက်ဆုံး အာဏာသိမ်းတဲ့ စစ်ကောင်စီက လက်နက်ကို အားကိုးပြီးတော့ သူက လုပ်နေတာဖြစ်တဲ့အတွက် သူလိုအပ်တဲ့ လက်နက်ရနေရင်ပြီရော။ တရုတ်ကလဲ အရင်လောက် မပေးတော့တဲ့အခါမှာ သူက ရုရှားကို တွေ့သွားတယ်။ ရုရှားကလည်း တတိတအဆင့်လောက် လက်နက်တွေ ပေးနေ၊ ရောင်းနေတဲ့ နိုင်ငံဆိုတော့ အကြိုက်တွေ့တာပေါ့။ ပြည်သူလူထုနဲ့ တိုက်နေတဲ့ စစ်ရေးကတော့ ရုရှားလက်နက်က အင်မတန်မှ အားသာတယ်။ ဆိုတော့ ရုရှားရဲ့ အကူအညီဟာ စစ်ကောင်စီအတွက် အင်မတန်မှ လက်တလော ရေတို - ကျနော့်အမြင်ပေါ့ - အရင်ကတော့ တရုတ်ကို အားကိုးခဲ့တယ်။ နဝတ၊ နအဖလက်ထက်မှာ။ အဲဒါက ရေတိုအဆင့်လောက်သာ စစ်ကောင်စီအတွက် စစ်တပ်အတွက် အသုံးကျပြီးတော့ နောက်ပိုင်း သူ့ပေါ်လစီကို ပြန်လည်သုံးသပ် review လုပ်ပြီးတော့ အမေရိကန်လက်နက်တွေ ရချင်လို့ ကြိုးစားလာတယ်။ ဒါကတော့ မအောင်မြင်ဘူး။ ဒါပေမဲ့ ရေတိုသဘောမျိုး - နောက်ထပ်ရေတို ဒုတိယတဆင့်က ရုရှားဆီက ရယူပြီး၊ ရေတိုသဘောမျိုးတော့ စစ်တပ်က လုပ်နေတယ်လို့ မြင်ပါတယ်။ ဒါကြောင့် မေးခွန်းအရပြောရင် အမေရိကန်ဘက်ကတော့ ကျနော်မြင်တာကတော့ နောက်ဆုံးအပြောအဆို၊ အသုံးအနှုန်းအရတော့ လက်နက်ပေးဖို့ လုံးဝစိတ်ကူးမရှိဘဲနဲ့၊ တခြားနည်းတွေသာ ကူညီမယ့်သဘော ရှိနေတော့၊ ကျနော်တို့အနေနဲ့ အမေရိကန်လည်း အများကြီးတော့ အားရစရာ မမြင်ဘူးလို့ ကျနော် ဒီလိုသုံးသပ်ပါတယ်။

မေး ။ ။ နောက်ဆုံး ဆရာရဲ့မှတ်ချက်ကို ကြားချင်တာကတော့ တော်တော်လေး လူတိုင်းမကြိုက်တဲ့ ကိစ္စတရပ် ဖြစ်ပါတယ်။ တချို့က ပြောကြတာက တချို့ပညာရှင်တွေ၊ သုံးသပ်သူတွေလည်း ပြောကြတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့အတွက် ဖိအားပေးတယ် pressure ပေးတယ်ဆိုပေမယ့်၊ အဲဒီဖိအားဟာ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် အထောက်အပံ့ မဖြစ်ဘဲနဲ့ ပြည်သူကိုသာ နစ်နာစေတယ်။ Backfire ဖြစ်တယ်။ အဲဒါကြောင့် ဖိအားပေးတဲ့ဝါဒကို တချို့က မကြိုက်ကြပါဘူး။

ဖြေ ။ ။ ဒီလိုသုံးသပ်ချက်ကတော့ ကျနော်တို့ ၂၀၀၃ ခုနှစ်က ကလင်တန်က Burma Act ကို လက်မှတ်ထိုးပေးပြီး Sanction ကိစ္စတွေကို သီအိုရီအရ နိုင်ငံရေးပညာရှင်တွေက အမျိုးမျိုးသုံးသပ်ကြပါတယ်။ ကျနော်ကတော့ ပြည်သူလူထုဘက်ကပဲ ကြည့်တော့ကာ၊ ပြည်သူလူထုက Sanction ကို လိုချင်တာပဲ။ စစ်အာဏာရှင် ထိမယ့်ဟာကို လိုချင်တာပဲ ဆိုတော့က ကျနော့်အမြင်က ပြည်သူလူထုရဲ့ နိုင်ငံရေးအမြင်ကနေ ကြည့်လို့ရှိရင် နိုင်ငံရေးပါမောက္ခတွေ သုံးသပ်သူတွေ၊ သုံးသပ်ချက်က စာအုပ်တွေထဲက သီအိုရီတွေ ကိုးကားပြီး သုံးသပ်ချက်တွေဖြစ်ပြီး၊ လက်တွေ့မကျဘဲနဲ့ ပြည်သူလူထု လိုချင်တဲ့ ဖိအား၊ တိုက်အား၊ တွန်းအားတွေ မပါဘဲနဲ့တော့ စစ်ကောင်စီ ပြုတ်မှာမဟုတ်ဘူး၊ ရပ်မှာမဟုတ်တဲ့အတွက် ဖိအား၊ တွန်းအား၊ ဆွဲအားရော ပြည်သူလူထုရဲ့ တွန်းကန်အားတွေကို ပေါင်းမှသာလျှင်ရမှာ ဖြစ်တယ်။ Sanction ကို အပြစ်တင်ခြင်းဟာ သီအိုရီအရသာ စကားပြောခြင်းသာဖြစ်ပြီး၊ လက်တွေ့မကျဘူးလို့ မြင်ပါတယ်။

XS
SM
MD
LG