သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒုက္ခသည် ဒေသခံ နှစ်သိန်းကျော်ကို WFP ကူညီခဲ့


မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃
မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃

မိုခါ မုန်တိုင်းဖြစ်ပြီးတဲ့နောက် ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP) နဲ့ မိတ်ဖက်ဒေသခံ အဖွဲ့အစည်းတွေ က လူပေါင်း ၂ သိန်း ၃ သောင်းကျော်ကို စားနပ်ရိက္ခာ အကူအညီပေးခဲ့တယ်လို့ WFP က သတင်းထုတ်ပြန်လိုက်ပါတယ်။ မေလ ၁၄ ရက်နေ့ မုန်တိုင်းတိုက်ခိုက်အပြီး ၇၂ နာရီ အတွင်း စစ်တွေမြို့ မှာ စားစရာသောက်စရာတွေ ကို ဖြန့်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်က ပြောပါတယ်။

ရခိုင်ပြည်နယ် နဲ့ မကွေးတိုင်းအတွင်း မုန်တိုင်ဒဏ်ခံဒေသမှာ ရှိနေပြီး ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးပြီး ဒုက္ခရောက်နေသူတွေနဲ့ ရခိုင်အလယ်ပိုင်းနဲ့ မြောက်ပိုင်းကရိုဟင်ဂျာ ဒုက္ခသည်တွေ အပါအဝင် လူပေါင်း ၂ သိန်းကျော် ကို ဖြန့်ချိခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်က မြို့နယ်တွေကို ဖော်ပြထားပေးမဲ့ မကွေးတိုင်းမြို့နယ်တွေကို သတင်းထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

“ဒါပေမဲ့ လက်ရှိ ရှိနေတဲ့ စားတပ်ရိက္ခာတွေ က တဖြည်းဖြည်းလျော့ပါးလာနေပြီး၊ နိုင်ငံတကာ အသိုက်အဝန်းကနေ အရေးပေါ်ပံ့ပိုးဖို့ လိုအပ်နေတယ်လို့ WFP ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Stephen Anderson က ပြောပါတယ်။

ရခိုင်ပြည်နယ် WFP ဂိုဒေါင်မှ လူသားချင်းစာနာမှုအကူအညီများ၊ မေ ၁၄၊ ၂၀၂၃
ရခိုင်ပြည်နယ် WFP ဂိုဒေါင်မှ လူသားချင်းစာနာမှုအကူအညီများ၊ မေ ၁၄၊ ၂၀၂၃

လူပေါင်း ၈ သိန်း ကျော်ကို ပထမသုံးလအတွင်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့နိုင်ဖို့ WFP က ရံပုံငွေ ရှာနေတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။ တစ်နိုင်ငံလုံးကစားနပ်ရိက္ခာအလိုကြီးလိုအပ်နေတဲ့ လူဦးရေ ၂.၁ သန်းအတွက် နှစ်ကုန်အထိ အမေရိကန် ဒေါ်လာသန်း ၆၀ လှူကြဖို့ WFP က မေတ္တာရပ်ခံထားပါတယ်။

ဒီ ရံပုံငွေထဲမှာ မိုခါမုန်တိုင်းဒဏ်ခံရတဲ့လူပေါင်း ၄ သိန်း ၄ သောင်းကျော်ကို ထောက်ပံ့ဖို့လိုအပ်တဲ့ ဒေါ်လာ ၂၃ သန်းလည်းပါဝင်ပါတယ်။ ဆိုးဆိုးဝါးဝါး ခံလိုက်ရတဲ့ နေရာတွေ မှာ စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ သောက်ရေနဲ့ ကျန်းမာသန့်ရှင်းရေးအတွက် အရေးပေါ်လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရံပုံငွေမရဘူးဆိုရင် WFP ရဲ့အစီအစဥ်တွေကို ဒီနှစ် သြဂုတ်လမှာ ရပ်လိုက်ရမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်က ပြောပါတယ်။

ရခိုင်ပြည်နယ်စစ်တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) (မေ ၁၈၊ ၂၀၂၃)
ရခိုင်ပြည်နယ်စစ်တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) (မေ ၁၈၊ ၂၀၂၃)
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG