သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းသင့်ပြည်သူ ၁ သိန်းကျော်ကို WFP ကူညီ


WFP Myanmar and Bangladesh Situation Report, Cyclone Mocha (26 May 2023)
WFP Myanmar and Bangladesh Situation Report, Cyclone Mocha (26 May 2023)

မိုခါမုန်တိုင်းသင့်ပြည်သူ ၁ သိန်းကျော်ကို WFP ကူညီ


မိုခါ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက ပြည်သူ (၁၁၆,၀၀၀)နီးပါးကို ပြီးခဲ့တဲ့ (၁၀)ရက်အတွင်း WFP ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်အဖွဲ့က အရေးပေါ် အစားအစာနဲ့ ငွေကြေးတချို့ ပေးအပ်ခဲ့တယ်လို့ WFP က မေလ(၂၆)ရက် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သောင်းခွဲလောက် အတွက်လည်း ဘီစကွတ်နဲ့ ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ အစားသောက်တွေ ဖြန့်ေ၀ ပေးခဲ့သလို ဒုက္ခသည်တွေအတွက် အကူညီပေးနေတဲ့ တခြားအဖွဲ့တွေ အတွက်ပါ ယာဉ်နဲ့ တခြားလိုအပ်တာတွေ ပံ့ပိုးပေးခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံတွင်း မိုခါ မုန်တိုင်းဒဏ် အဆိုးဆုံးခဲခဲ့ရတဲ့ ဒေသနေ လူပေါင်း ၃ သန်းခွဲလောက်ထဲက အရေးပေါ်အကူညီလိုအပ်သူက ၁ သန်းခွဲ ကျော်ရှိနေပြီး ၊ လက်ရှိမှာ မုန်တိုင်းသင့်ပြည်သူ (၈)သိန်းအတွက် ဆန် မက်ထရစ်တန်ချိန် ၉၀၀၀ နီးပါးနဲ့ ရံပုံငွေ ဒေါ်လာ ၁ သန်းခွဲလောက် လိုအပ်မယ်လို့ ခန့်မှန်းထားကြောင်း WFP ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

OCHA အဖွဲ့ကြီးကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့ ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရ်နိုင်ငံကနေ မြန်မာနိုင်ငံဖက်ကို ပို့ပေးဖို့ စီစဉ်နေပြီး ဒီ အစီအစဉ်တွေအတွက် WFP က ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်တွေ ရဖို့လည်း စောင်းဆိုင်းနေရကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG