{{Zawgyi/Unicode}}
အေမရိကန္ျပည္ေထာင္စုမွာ အသက္ ၅ ႏွစ္ကေန ၁၁ ႏွစ္အတြင္းမွာရွိတဲ့ ကေလးေတြကုိ လာမယ့္ ရက္သတၱပတ္အနည္းအတြင္း ကုိဗစ္ ကာကြယ္ေဆးထုိးေပးဖုိ့ စီစဥ္ေနေၿပီး၊ Pfizer ကာကြယ္ေဆးကုိ အသုံးျပဳဖုိ့ တရား၀င္ အတည္ျပဳခ်က္ကို ေစာင့္ဆိုင္းေနေၾကာင္း အိမ္ျဖူေတာ္တာ၀န္ရွိသူေတြကေျပာဆုိပါတယ္။
ကေလးေတြကုိကာကြယ္ေဆးထုိးေပးတဲ့ေနရမွာ ေဘးကင္းေစဖို႔ နဲ့ အဆင္သင့္ျဖစ္ဖုိ့အတြက္ လြန္ခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္းကတည္းက သမတ ဘုိင္ဒင္ အစိုးရအေနနဲ့ ျပည္နယ္ နဲ့ ေဒသဆုိင္ ရာတာ၀န္ရွိသူေတြနဲ့ ပူးတဲြလုပ္ေဆာင္ေနခဲ့ တယ္လုိ႔ အိမ္ျဖူေတာ္ ကုိဗစ္ညွိႏုိင္းေဆာင္ရြက္ေရးမွုး Jeff Zients ကသတင္းေထာက္ေတြကုိေျပာဆုိခဲ့ပါတယ္။
ကေလးေတြကုိ ကာကြယ္ေဆးထုိးေပးတဲ့ေနရာမွာ လြယ္ကူေစဖုိ့၊ အပ္ေသးေသးေလေတြအသုံးျပဖုိ့က အစလုိအပ္တာေတြကုိ Pfizer ကာကြယ္ေဆးတာ၀န္ရွိသူေတြ၊ ကေလးဆရာ၀န္ေတြနဲ့ အျခား မိသားစုဆရာ၀န္ေတြနဲ့ ညွိႏုိင္းတုိင္ပင္ခဲ့တယ္လုိ့ေျပာပါတယ္။ ဒါ့အျပင္ ကာကြယ္ေဆးထုိးဖုိ့အတြက္ ကေလးဆရာ၀န္ေတြ၊ မိသားစုဆရာ၀န္ေတြ၊ ခေလးေဆးရုံေတြ၊ ေဆး၀ါးဌာနေတြ၊ ရပ္ရြာနဲ့ ေက်းလက္ က်န္းမာေရးဌာန တာ၀န္ရွိသူေတြ စသည္ျဖင့္ေဆး၀န္ထမ္း စုစုေပါင္း ၂ ေသာင္း ၅ ေထာင္ေက်ာ္ ျပင္ဆင္ထားေၾကာင္း အေမရိကန္သမတ အိမ္ျဖူေတာ္ ကုိဗစ္တာ၀န္ရွိသူတဦးျဖစ္တဲ့ Jeff Zient ကေျပာ ဆုိခဲ့ပါတယ္။
ကေလးေတြအတြက္ ကာကြယ္ေဆးအသုံးျပုတာကုိ အေရးေပၚအတည္ျပုဖုိ့ လာမယ့္ ေအာက္တုိ ဘာလ ၂၆ ရက္ေန့မွာ FDA အစားအေသာက္နဲ့ေဆး၀ါးဌာနအႀကံေပးအဖဲြ့၀င္ေတြစည္းေ၀းတုိင္ ပင္ၾကမွာျဖစ္ၿပီး၊ ႏုိ၀င္ဘာ ၂ ရက္ကေန ၃ ရက္မွာေတာ့ ကူးဆက္ေရာဂါကာကြယ္ေရးနဲ့ထိန္းခ်ဳပ္ တာ၀န္ေတြရွိသူေတြေဆြးေႏြၾကမွာျဖစ္ပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ ၁၉၃ သန္းကုိဗစ္ကာကြယ္ေဆးထုိးထားၿပီးျဖစ္ေၾကာင္းနဲ့၊ အသက္ ၁၂ နဲ့အထက္ ခေလး ၃ ေယာက္မွာ ၂ ေယာက္ကာကြယ္ေဆးထုိးထားၿပီလုိ့လည္းအိမ္ျဖူေတာ္တာ၀န္ရွိ သူေတြက ေျပာဆုိခဲ့ပါတယ္။
.....................................
၅ နှစ်နဲ့အထက် ကလေးတွေ ကာကွယ်ဆေးထိုးဖို့ အမေရိကန်ပြင်ဆင်
{{Unicode}}
အမေရိကန်ပြည်ထောင်စုမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်အတွင်းမှာရှိတဲ့ ကလေးတွေကို လာမယ့် ရက်သတ္တပတ်အနည်းအတွင်း ကိုဗစ် ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေပြေီး၊ Pfizer ကာကွယ်ဆေးကို အသုံးပြုဖို့ တရားဝင် အတည်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း အိမ်ဖြူတော်တာဝန်ရှိသူတွေကပြောဆိုပါတယ်။
ကလေးတွေကိုကာကွယ်ဆေးထိုးပေးတဲ့နေရမှာ ဘေးကင်းစေဖို့ နဲ့ အဆင်သင့်ဖြစ်ဖို့အတွက် လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းကတည်းက သမတ ဘိုင်ဒင် အစိုးရအနေနဲ့ ပြည်နယ် နဲ့ ဒေသဆိုင် ရာတာဝန်ရှိသူတွေနဲ့ ပူးတွဲလုပ်ဆောင်နေခဲ့ တယ်လို့ အိမ်ဖြူတော် ကိုဗစ်ညှိနိုင်းဆောင်ရွက်ရေးမှုး Jeff Zients ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။
ကလေးတွေကို ကာကွယ်ဆေးထိုးပေးတဲ့နေရာမှာ လွယ်ကူစေဖို့၊ အပ်သေးသေးလေတွေအသုံးပြဖို့က အစလိုအပ်တာတွေကို Pfizer ကာကွယ်ဆေးတာဝန်ရှိသူတွေ၊ ကလေးဆရာဝန်တွေနဲ့ အခြား မိသားစုဆရာဝန်တွေနဲ့ ညှိနိုင်းတိုင်ပင်ခဲ့တယ်လို့ပြောပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးဖို့အတွက် ကလေးဆရာဝန်တွေ၊ မိသားစုဆရာဝန်တွေ၊ ခလေးဆေးရုံတွေ၊ ဆေးဝါးဌာနတွေ၊ ရပ်ရွာနဲ့ ကျေးလက် ကျန်းမာရေးဌာန တာဝန်ရှိသူတွေ စသည်ဖြင့်ဆေးဝန်ထမ်း စုစုပေါင်း ၂ သောင်း ၅ ထောင်ကျော် ပြင်ဆင်ထားကြောင်း အမေရိကန်သမတ အိမ်ဖြူတော် ကိုဗစ်တာဝန်ရှိသူတဦးဖြစ်တဲ့ Jeff Zient ကပြော ဆိုခဲ့ပါတယ်။
ကလေးတွေအတွက် ကာကွယ်ဆေးအသုံးပြုတာကို အရေးပေါ်အတည်ပြုဖို့ လာမယ့် အောက်တို ဘာလ ၂၆ ရက်နေ့မှာ FDA အစားအသောက်နဲ့ဆေးဝါးဌာနအကြံပေးအဖွဲ့ဝင်တွေစည်းဝေးတိုင် ပင်ကြမှာဖြစ်ပြီး၊ နိုဝင်ဘာ ၂ ရက်ကနေ ၃ ရက်မှာတော့ ကူးဆက်ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ် တာဝန်တွေရှိသူတွေဆွေးနွေကြမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၁၉၃ သန်းကိုဗစ်ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်းနဲ့၊ အသက် ၁၂ နဲ့အထက် ခလေး ၃ ယောက်မှာ ၂ ယောက်ကာကွယ်ဆေးထိုးထားပြီလို့လည်းအိမ်ဖြူတော်တာဝန်ရှိ သူတွေက ပြောဆိုခဲ့ပါတယ်။