သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စာသင္ေက်ာင္းေတြ ပိတ္ထားရလို႔ အာရွတိုက္မွာ ကေလး သန္း ၈၀၀ ေက်ာ္ထိခိုက္ 


(Zawgyi / Unicode)

Covid-19 ကပ္ေဘးေရာဂါနဲ႔ ဆက္စပ္ၿပီး ေက်ာင္းေတြ ပိတ္ထားတာေၾကာင့္ အာရွ ကေလးငယ္ သန္း ၈၀၀ ေက်ာ္ ထိခိုက္ရေၾကာင္း ကုလသမဂၢ ကေလး သူငယ္ ရန္ပံုေငြ အဖြဲ႔ UNICEF နဲ႔ ကုလသမဂၢ ပညာေရး သိပၸံနဲ႔ ယဥ္ေက်းမႈ အဖြဲ႔ UNESCO တို႔က ေျပာပါတယ္။

ပညာေရး ၀န္ေဆာင္မႈ မေခ်ာေမြ႕တာေၾကာင့္ ကေလးငယ္ေတြ အေပၚ သက္ေရာက္ ႐ိုက္ခတ္မႈကို လစ္လ်ဴရႈလို႔ မရေၾကာင္း၊ ေက်ာင္းေတြ ဆက္ၿပီး ပိတ္ထားတာေၾကာင့္ သူတို႔ စြမ္းရည္ျပည့္ေအာင္ ျဖည့္ဆည္း သင္ယူေရး အႀကီးဆံုး အခြင့္အလမ္းနဲ႔ လြဲေခ်ာ္ရတယ္လို႔ UNICEF ရဲ႕ အေရွ႕အာရွနဲ႔ ပစိတ္ေဒသဆိုင္ရာ ၫႊန္ၾကားေရးမွဴး Marcoluigi Corsi က ေျပာပါတယ္။

မ်ိဳးဆက္တခုလံုးရဲ႕ အနာဂတ္မွာ အႏၲရာယ္ ရွိေနေၾကာင္း၊ ဒါေၾကာင့္ အျမန္ဆံုး ေက်ာင္းေတြကို ေဘးအႏၲရာယ္ ကင္းကင္းနဲ႔ ဖြင့္လွစ္ႏိုင္ေရး ႀကိဳးစားဖို႔ လိုေၾကာင္း၊ ဒီလိုမွ မဟုတ္ရင္ေတာ့ သင္ယူခြင့္ ဆံုးရံႈးမႈကို ေျဖရွင္းႏိုင္ေရး ခက္ခဲမယ္လို႔လည္း ေျပာပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ အတြင္း ကပ္ေဘးေရာဂါ ပ်ံ႔ႏွံ႔ ျဖစ္ပြားတာနဲ႔ အတူဘဲ ေဒသတြင္းက ေက်ာင္းေတြမွာ စာသင္ၾကားတဲ႔ ရက္ရဲ႕ ၅၀ ရာခိုင္ႏႈန္းကို လံုး၀ ပိတ္ခဲ႔ရတယ္လို႔လည္း UNICEF နဲ႔ UNESCO တို႔က ေျပာပါတယ္။

ဖိလစ္ပိုင္ ႏိုင္ငံမွာဆိုရင္ ေက်ာင္းေတြ တခ်ိန္လံုးပိတ္ခဲ႔ၿပီး ေက်ာင္းသား ၂၇ သန္းနီးပါး လူကိုယ္တိုင္ ေက်ာင္းတက္ သင္ၾကားခြင့္ မရ ျဖစ္ေစပါတယ္။ ဘဂၤလားေဒရွ္႕မွာေတာ့ စက္တင္ဘာလ မတိုင္ခင္ထိ ေက်ာင္းေတြ ပိတ္ခဲ႔တာပါ။ အခုလို ေက်ာင္းေတြ ပိတ္ထားရတာနဲ႔ ဆက္ႏြယ္ၿပီး ျဖစ္လာတဲ႔ အက်ိဳးဆက္ေတြက မ်ားလွေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဒီထဲမွာ သင္ၾကားမႈ ဆံုးရံႈးျခင္း၊ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈ၊ ေက်ာင္းက ေကြ်းတဲ႔ အစားအေသာက္ မရတဲ႔အခ်က္နဲ႔ ပံုမွန္ ကာကြယ္ေဆးထိုးႏွံမႈ ပ်က္ကြက္မႈ၊ ေက်ာင္းထြက္ႏႈန္း မ်ားႏိုင္တဲ႔ အႏၲရာယ္နဲ႔ ကေလးလုပ္သား၊ ကေလး အရြယ္ လက္ထပ္မႈေတြ တိုးလာႏိုင္ေၾကာင္းလည္း UNICEF နဲ႔ UNESCO တို႔ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စာသင်ကျောင်းတွေ ပိတ်ထားရလို့ အာရှတိုက်မှာ ကလေးသန်း ၈၀၀ ကျော်ထိခိုက်

Covid-19 ကပ်ဘေးရောဂါနဲ့ ဆက်စပ်ပြီး ကျောင်းတွေ ပိတ်ထားတာကြောင့် အာရှ ကလေးငယ် သန်း ၈၀၀ ကျော် ထိခိုက်ရကြောင်း ကုလသမဂ္ဂ ကလေး သူငယ် ရန်ပုံငွေ အဖွဲ့ UNICEF နဲ့ ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO တို့က ပြောပါတယ်။

ပညာရေး ဝန်ဆောင်မှု မချောမွေ့တာကြောင့် ကလေးငယ်တွေ အပေါ် သက်ရောက် ရိုက်ခတ်မှုကို လစ်လျူရှုလို့ မရကြောင်း၊ ကျောင်းတွေ ဆက်ပြီး ပိတ်ထားတာကြောင့် သူတို့ စွမ်းရည်ပြည့်အောင် ဖြည့်ဆည်း သင်ယူရေး အကြီးဆုံး အခွင့်အလမ်းနဲ့ လွဲချော်ရတယ်လို့ UNICEF ရဲ့ အရှေ့အာရှနဲ့ ပစိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Marcoluigi Corsi က ပြောပါတယ်။

မျိုးဆက်တခုလုံးရဲ့ အနာဂတ်မှာ အန္တရာယ် ရှိနေကြောင်း၊ ဒါကြောင့် အမြန်ဆုံး ကျောင်းတွေကို ဘေးအန္တရာယ် ကင်းကင်းနဲ့ ဖွင့်လှစ်နိုင်ရေး ကြိုးစားဖို့ လိုကြောင်း၊ ဒီလိုမှ မဟုတ်ရင်တော့ သင်ယူခွင့် ဆုံးရှုံးမှုကို ဖြေရှင်းနိုင်ရေး ခက်ခဲမယ်လို့လည်း ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် အတွင်း ကပ်ဘေးရောဂါ ပျံ့နှံ့ ဖြစ်ပွားတာနဲ့ အတူဘဲ ဒေသတွင်းက ကျောင်းတွေမှာ စာသင်ကြားတဲ့ ရက်ရဲ့ ၅၀ ရာခိုင်နှုန်းကို လုံး၀ ပိတ်ခဲ့ရတယ်လို့လည်း UNICEF နဲ့ UNESCO တို့က ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာဆိုရင် ကျောင်းတွေ တချိန်လုံးပိတ်ခဲ့ပြီး ကျောင်းသား ၂၇ သန်းနီးပါး လူကိုယ်တိုင် ကျောင်းတက် သင်ကြားခွင့် မရ ဖြစ်စေပါတယ်။ ဘင်္ဂလားဒေရှ့်မှာတော့ စက်တင်ဘာလ မတိုင်ခင်ထိ ကျောင်းတွေ ပိတ်ခဲ့တာပါ။ အခုလို ကျောင်းတွေ ပိတ်ထားရတာနဲ့ ဆက်နွယ်ပြီး ဖြစ်လာတဲ့ အကျိုးဆက်တွေက များလှကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီထဲမှာ သင်ကြားမှု ဆုံးရှုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ကျောင်းက ကျွေးတဲ့ အစားအသောက် မရတဲ့အချက်နဲ့ ပုံမှန် ကာကွယ်ဆေးထိုးနှံမှု ပျက်ကွက်မှု၊ ကျောင်းထွက်နှုန်း များနိုင်တဲ့ အန္တရာယ်နဲ့ ကလေးလုပ်သား၊ ကလေး အရွယ် လက်ထပ်မှုတွေ တိုးလာနိုင်ကြောင်းလည်း UNICEF နဲ့ UNESCO တို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG