သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

UNICEF ထုတ္ျပန္မႈမ်ား က်င့္ဝတ္နဲ႔မညီဟု ျမန္မာစစ္ေကာင္စီ ေဝဖန္


စစ္ေကာင္စီ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း။ (မတ္ ၂၃၊ ၂၀၂၁)

(Zawgyi / Unicode)

စာသင္ေက်ာင္းေတြမွာ တပ္စဲြထားတဲ့ကိစၥအေပၚ UNICEF ကုလသမဂၢ ကေလးမ်ားရန္ပံုေငြအဖဲြ႔ရဲ႕ ထုတ္ျပန္ခ်က္ဟာ မွ်တမႈမရွိသလို က်င့္ဝတ္နဲ႔ မညီဘူးလို႔ ျမန္မာစစ္ေကာင္စီက ေဝဖန္အျပစ္တင္လိုက္ပါတယ္။ စာသင္ေက်ာင္းေတြကို မီး႐ႈိ႕တာ၊ ဗံုးခဲြတိုက္ခိုက္တာေတြေၾကာင့္ စစ္တပ္က လံုၿခံဳေရး ယူေပးေနရတဲ့သေဘာ ျဖစ္တယ္လို႔လည္း စစ္ေကာင္စီ ေျပာခြင့္ရသူက ဒီေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာလုိက္တာပါ။ အျပည့္အစုံကုိ ကုိသားၫြန္႔ဦး တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ စာသင္ေက်ာင္းေတြ တိုက္ခိုက္ခံရတဲ့ကိစၥ UNICEF ကုလသမဂၢ ကေလးမ်ားရန္ပံုေငြအဖြဲ႔ ထုတ္ျပန္ခ်က္မွာ စာသင္ေက်ာင္းေတြကို စစ္တပ္က တပ္စဲြထားတဲ့ကိစၥ အေလးေပး ေျပာဆိုတာဟာ မွ်တမႈမရွိဘူးလို႔ စစ္ေကာင္စီ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာသြားတာပါ။ တပ္စဲြတဲ့ကိစၥကိုပဲ ရည္ၫႊန္းေျပာဆိုၿပီး က်ဴးလြန္တဲ့သူကို ကဲြကဲြျပားျပား ေဖာ္ျပတာမ်ိဳး မရွိဘူးလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသြားပါတယ္။

“UNICEF ျမန္မာ႐ုံးရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ စာသင္ေက်ာင္း ပညာေရး အေဆာက္အအုံေတြမွာ တုိက္ခုိက္ခံရတာေတြနဲ႔ ပညာေရး အေဆာက္အအုံေတြကို တပ္မေတာ္က အသုံးျပဳတယ္ဆုိတဲ့ ပုံစံမ်ဳိး ထင္ေယာင္ထင္မွားျဖစ္ေအာင္ ကိန္းဂဏန္းတခ်ဳိ႕နဲ႔ ေရးသားေဖာ္ျပထားတာ ေတြ႔ရပါတယ္။ NLD, NUG, PDF တုိ႔ကို ေထာက္ခံသူအခ်ဳိ႕ဟာ ပညာေရးဝန္ထမ္းေတြ အပါအဝင္ ႏုိင္ငံ့ဝန္ထမ္းေတြ အလုပ္မလုပ္ေရးနဲ႔ အစြန္းေရာက္ကိစၥတခ်ဳိ႕မွာ အခုလို စာသင္ေက်ာင္းေတြ၊ ပညာေရး အေဆာက္အအုံေတြ၊ ႐ုံးေတြကုိ ဗုံးခြဲတာ၊ မီး႐ႈိ႕တာ၊ လူသတ္တာအထိ က်ဴးလြန္ လႈံ႔ေဆာ္ အားေပးေနတာ သိသာထင္ရွားပါတယ္။ ခုန က်ေနာ္ ဗြီဒီယုိဖိုင္ေတြနဲ႔ ျပၿပီးပါၿပီ။ လက္ေတြ႔လုပ္ခဲ့တဲ့လူေတြလည္း ျပၿပီးၿပီ။ ဒီဘက္မွာ ထပ္ၿပီးေတာ့ ဇယားနဲ႔ NLD ပါတီဝင္ေတြရဲ႕ လႈံ႔ေဆာ္မႈေတြ၊ သူတုိ႔ရဲ႕ အၾကမ္းဖက္မႈေတြ၊ သူတုိ႔ရဲ႕ လႈံ႔ေဆာ္မႈေတြေၾကာင့္ ဘာေတြလုပ္ခဲ့တယ္ ဆုိတာလည္း ျပထားပါတယ္။ အဲဒီ အၾကမ္းဖက္လုပ္ရပ္ေတြကေန ကာကြယ္ဖုိ႔အတြက္ တပ္ဖြဲ႔ဝင္တခ်ဳိ႕ လုံၿခဳံေရး ဝင္ေရာက္ ေဆာင္ရြက္ေပးေနရတာ ရွိပါတယ္။ UNICEF ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ က်ဴးလြန္တဲ့သူကို ကြဲကြဲျပားျပား ေဖာ္ျပမထားတာေၾကာင့္ အထင္အျမင္ လြဲမွားေစႏုိင္ပါတယ္။”

စာသင္ေက်ာင္းေတြ အပါအဝင္ အုပ္ခ်ဳပ္ေရး႐ုံးေတြနဲ႔ ၿမိဳ႕ေပၚေနရာ အေတာ္မ်ားမ်ားမွာ ျဖစ္ေနတဲ့ ဗံုးခဲြမႈေတြ၊ မီး႐ႈိ႕မႈေတြကို NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ ဆက္စပ္အဖဲြ႔ေတြက လုပ္ေနတယ္လို႔ ျမန္မာစစ္ေကာင္စီက ဒီကေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာပါတယ္။ ဒါေပမယ့္လည္း တဖက္ NUG နဲ႔ သူ႔ကိုေထာက္ခံသူေတြဘက္ကလည္း ဒါဟာ စစ္ေကာင္စီကို လိုလားတဲ့ ပ်ဴေစာထီးအဖဲြ႔ေတြက လုပ္ေနတာဆိုၿပီး စြပ္စဲြေျပာဆိုတာေတြ ရွိျပန္ပါတယ္။

သူတို႔အေနနဲ႔ ဥပေဒမဲ့ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို လုပ္မွာမဟုတ္သလို အားေပးအားေျမႇာက္ ကူညီလံႈ႔ေဆာ္တာလည္း မလုပ္ဘူးလို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရဘက္က တရားဝင္သေဘာထား ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ကန္႔ကြက္ဆႏၵျပမႈေတြ ႏိုင္ငံအဝန္း ရွိခဲ့သလို ဒါကို စစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းတာေၾကာင့္ အရပ္သား ၈၀၀ ေက်ာ္ ေသဆံုးခဲ့ရၿပီလို႔ AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက ထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ဒီကိန္းဂဏန္းဟာ ခ်ဲ႕ကားတယ္ဆိုၿပီး လက္မခံထားပါဘူး။

အဲဒီေနာက္ စစ္ေကာင္စီဘက္က စာသင္ေက်ာင္းေတြကို ျပန္ဖြင့္ေတာ့လည္း စစ္ေကာင္စီဆန္႔က်င္ေရး အင္အားစုေတြဘက္က ေက်ာင္းမတက္ၾကဖို႔ ေက်ာင္းသားေတြကိုေရာ ဆရာေတြကိုပါ လံႈ႔ေဆာ္ခဲ့ပါတယ္။ အဲဒီေနာက္ စာသင္ေက်ာင္းေတြ ျပန္ဖြင့္ကတည္းက ဗံုးေပါက္ကဲြမႈေတြ ေန႔တိုင္းလိုလို ျဖစ္လာတာပါ။ ဒီေန႔ စစ္ေကာင္စီရဲ႕ သတင္းစာရွင္းလင္းပဲြ အတြင္းမွာေတာ့ ဒါေတြဟာ NUG နဲ႔ သူ႔ကိုေထာက္ခံတဲ့ အင္အားစုေတြလက္ခ်က္ ျဖစ္တယ္ဆိုၿပီး ဖမ္းမိရသူေတြကို သက္ေသထူၿပီး စစ္ေကာင္စီက ရွင္းလင္းေျပာၾကားပါတယ္။

UNICEF ရဲ႕ ဒီထုတ္ျပန္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ႏိုင္ငံျခားေရးဌာနဘက္က UNICEF ကို စာပို႔ထားတယ္လို႔ ေျပာပါတယ္။ မင္းတပ္မွာ ေရျဖတ္တယ္ဆိုၿပီး UNICEF ထုတ္ျပန္ခ်က္ဟာလည္း မွားယြင္းတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ UNICEF အေနနဲ႔ ႏိုင္ငံတကာ အဖဲြ႔အစည္းတရပ္ရဲ႕ က်င့္ဝတ္သိကၡာနဲ႔အညီ ရပ္တည္လိုက္နာသင့္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရသူက ဒီေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာခဲ့ပါတယ္။

“လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြက စာသင္ေက်ာင္းေတြကို လုံၿခဳံေရး လုပ္မေပးရင္ ဒီမုိကေရစီအမည္ခံ အၾကမ္းဖက္သမားေတြက စာသင္ေက်ာင္းေတြ၊ ေက်ာင္းသူ ေက်ာင္းသားေတြ၊ ဆရာ ဆရာမေတြကို မေႏွာင့္ယွက္ဘူး၊ အၾကမ္းမဖက္ဘူးလို႔ UNICEF အေနနဲ႔ အာမခံပါသလား။ လက္ေတြ႔မွာေတာ့ မေန႔ကအထိ ေက်ာင္းေတြမွာ မုိင္းခြဲတာေတြ၊ မီး႐ႈိ႕တာေတြ ျဖစ္ေနတာ ေတြ႔ရမွာ ျဖစ္ပါတယ္။ အခုလည္း ဘယ္သူေတြ လုပ္ေနတယ္ဆုိတာ က်ေနာ္တုိ႔ သက္ေသအေထာက္အထား စုံစုံလင္လင္နဲ႔ ျပသၿပီး ျဖစ္ပါတယ္။ ဒီအၾကမ္းဖက္လုပ္ရပ္ေတြၾကေတာ့ ခုနေျပာတဲ့ အျပည္ျပည္ဆုိင္ရာ အဖြဲ႔အစည္းတခုျဖစ္တဲ့ UNICEF အဖြဲ႔က ႏႈတ္ဆိတ္ေနတယ္၊ ႏႈတ္ပိတ္ေနတယ္၊ မသိခ်င္ေယာင္ ေဆာင္ေနပါတယ္။ ေက်ာင္းေတြ ကေလးေတြ ဆရာ ဆရာမေတြ ေႏွာင့္ယွက္ခံရတာေတြဟာ ခင္ဗ်ားတုိ႔ရဲ႕ လုိတမ်ဳိး၊ မလုိတမ်ဳိး မူဝါဒေၾကာင့္လည္း ပါတယ္လို႔ က်ေနာ္ ေျပာခ်င္ပါတယ္၊ ဒီေနရာကေန။ ဒီမူဝါဒေၾကာင့္လည္း အၾကမ္းဖက္ေတြက အတင့္ရဲလာၾကတာ ျဖစ္တယ္လို႔လည္း က်ေနာ္ ေျပာခ်င္ပါတယ္။ ကမၻာ့ကုလသမဂၢရဲ႕ ပဋိညာဥ္ စာတမ္းေပါ့ေနာ္၊ စာပုိဒ္ေပၚမွာ ႏုိင္ငံတႏိုင္ငံရဲ႕ ျပည္တြင္းစီရင္ပုိင္ခြင့္ အာဏာအတြင္း၌ သက္ေရာက္ေနတဲ့ ကိစၥမ်ဳိးမ်ားတြင္ ဝင္ေရာက္စြက္ဖက္ရန္ အခြင့္အာဏာ မရွိေစရလို႔ ျပ႒ာန္းထားတာ ရွိပါတယ္။ ဒါေတြကို ဂ႐ုျပဳဖုိ႔ လုိပါတယ္။ UNICEF အဖဲြ႔အေနနဲ႔ကေတာ့ ကုလသမဂၢအဖြဲ႔၊ ႏုိင္ငံတကာအဖြဲ႔အစည္းပီပီ က်င့္ဝတ္သိကၡာေတြကို လုိက္နာသင့္တယ္လို႔ က်ေနာ္တုိ႔ ေျပာလိုပါတယ္။”

ဇြန္လဆန္းပိုင္းက ထုတ္ျပန္တဲ့ UNICEF ေၾကညာခ်က္ထဲမွာေတာ့ စာသင္ေက်ာင္းေတြကို ပစ္မွတ္ထား တိုက္ခိုက္တာ၊ အၾကမ္းဖက္တာေတြကို ကန္႔ကြက္႐ႈတ္ခ်ထားသလို ပဋိပကၡအတြင္း ပညာေရးဌာနေတြကို အကာအကြယ္ ေပးၾကဖို႔လည္း တိုက္တြန္းထားပါတယ္။ စာသင္ေက်ာင္းေတြကို စစ္တပ္က တပ္စဲြ ေနရာယူထားတာေတြကိုလည္း ေထာက္ျပခဲ့တာ ျဖစ္ပါတယ္။ စစ္ေကာင္စီရဲ႕ ဒီေန႔ သတင္းစာရွင္းလင္းပဲြ အတြင္းမွာေတာ့ ဗံုးခြဲတိုက္ခိုက္မႈေတြအတြက္ တိုင္းရင္းသားေဒသေတြမွာ သင္တန္းေပးခဲ့တယ္လို႔ ေျပာသလို တိုုက္ခိုက္မႈေတြကို NUG နဲ႔ NLD ေခါင္းေဆာင္တခ်ိဳ႕က ေစခိုင္းတယ္ ဆုိၿပီးေတာ့လည္း စြပ္စဲြထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

UNICEF ထုတ်ပြန်မှုများ ကျင့်ဝတ်နဲ့မညီဟု မြန်မာစစ်ကောင်စီ ဝေဖန်

စာသင်ကျောင်းတွေမှာ တပ်စွဲထားတဲ့ကိစ္စအပေါ် UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ မျှတမှုမရှိသလို ကျင့်ဝတ်နဲ့ မညီဘူးလို့ မြန်မာစစ်ကောင်စီက ဝေဖန်အပြစ်တင်လိုက်ပါတယ်။ စာသင်ကျောင်းတွေကို မီးရှို့တာ၊ ဗုံးခွဲတိုက်ခိုက်တာတွေကြောင့် စစ်တပ်က လုံခြုံရေး ယူပေးနေရတဲ့သဘော ဖြစ်တယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရသူက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတဲ့ကိစ္စ UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ထုတ်ပြန်ချက်မှာ စာသင်ကျောင်းတွေကို စစ်တပ်က တပ်စွဲထားတဲ့ကိစ္စ အလေးပေး ပြောဆိုတာဟာ မျှတမှုမရှိဘူးလို့ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ တပ်စွဲတဲ့ကိစ္စကိုပဲ ရည်ညွှန်းပြောဆိုပြီး ကျူးလွန်တဲ့သူကို ကွဲကွဲပြားပြား ဖော်ပြတာမျိုး မရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။

“UNICEF မြန်မာရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ စာသင်ကျောင်း ပညာရေး အဆောက်အအုံတွေမှာ တိုက်ခိုက်ခံရတာတွေနဲ့ ပညာရေး အဆောက်အအုံတွေကို တပ်မတော်က အသုံးပြုတယ်ဆိုတဲ့ ပုံစံမျိုး ထင်ယောင်ထင်မှားဖြစ်အောင် ကိန်းဂဏန်းတချို့နဲ့ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ NLD, NUG, PDF တို့ကို ထောက်ခံသူအချို့ဟာ ပညာရေးဝန်ထမ်းတွေ အပါအဝင် နိုင်ငံ့ဝန်ထမ်းတွေ အလုပ်မလုပ်ရေးနဲ့ အစွန်းရောက်ကိစ္စတချို့မှာ အခုလို စာသင်ကျောင်းတွေ၊ ပညာရေး အဆောက်အအုံတွေ၊ ရုံးတွေကို ဗုံးခွဲတာ၊ မီးရှို့တာ၊ လူသတ်တာအထိ ကျူးလွန် လှုံ့ဆော် အားပေးနေတာ သိသာထင်ရှားပါတယ်။ ခုန ကျနော် ဗွီဒီယိုဖိုင်တွေနဲ့ ပြပြီးပါပြီ။ လက်တွေ့လုပ်ခဲ့တဲ့လူတွေလည်း ပြပြီးပြီ။ ဒီဘက်မှာ ထပ်ပြီးတော့ ဇယားနဲ့ NLD ပါတီဝင်တွေရဲ့ လှုံ့ဆော်မှုတွေ၊ သူတို့ရဲ့ အကြမ်းဖက်မှုတွေ၊ သူတို့ရဲ့ လှုံ့ဆော်မှုတွေကြောင့် ဘာတွေလုပ်ခဲ့တယ် ဆိုတာလည်း ပြထားပါတယ်။ အဲဒီ အကြမ်းဖက်လုပ်ရပ်တွေကနေ ကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင်တချို့ လုံခြုံရေး ဝင်ရောက် ဆောင်ရွက်ပေးနေရတာ ရှိပါတယ်။ UNICEF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကျူးလွန်တဲ့သူကို ကွဲကွဲပြားပြား ဖော်ပြမထားတာကြောင့် အထင်အမြင် လွဲမှားစေနိုင်ပါတယ်။”

စာသင်ကျောင်းတွေ အပါအဝင် အုပ်ချုပ်ရေးရုံးတွေနဲ့ မြို့ပေါ်နေရာ အတော်များများမှာ ဖြစ်နေတဲ့ ဗုံးခွဲမှုတွေ၊ မီးရှို့မှုတွေကို NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်စပ်အဖွဲ့တွေက လုပ်နေတယ်လို့ မြန်မာစစ်ကောင်စီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမယ့်လည်း တဖက် NUG နဲ့ သူ့ကိုထောက်ခံသူတွေဘက်ကလည်း ဒါဟာ စစ်ကောင်စီကို လိုလားတဲ့ ပျူစောထီးအဖွဲ့တွေက လုပ်နေတာဆိုပြီး စွပ်စွဲပြောဆိုတာတွေ ရှိပြန်ပါတယ်။

သူတို့အနေနဲ့ ဥပဒေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လုပ်မှာမဟုတ်သလို အားပေးအားမြှောက် ကူညီလှုံ့ဆော်တာလည်း မလုပ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က တရားဝင်သဘောထား ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကန့်ကွက်ဆန္ဒပြမှုတွေ နိုင်ငံအဝန်း ရှိခဲ့သလို ဒါကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းတာကြောင့် အရပ်သား ၈၀၀ ကျော် သေဆုံးခဲ့ရပြီလို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီကိန်းဂဏန်းဟာ ချဲ့ကားတယ်ဆိုပြီး လက်မခံထားပါဘူး။

အဲဒီနောက် စစ်ကောင်စီဘက်က စာသင်ကျောင်းတွေကို ပြန်ဖွင့်တော့လည်း စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဘက်က ကျောင်းမတက်ကြဖို့ ကျောင်းသားတွေကိုရော ဆရာတွေကိုပါ လှုံ့ဆော်ခဲ့ပါတယ်။ အဲဒီနောက် စာသင်ကျောင်းတွေ ပြန်ဖွင့်ကတည်းက ဗုံးပေါက်ကွဲမှုတွေ နေ့တိုင်းလိုလို ဖြစ်လာတာပါ။ ဒီနေ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ ဒါတွေဟာ NUG နဲ့ သူ့ကိုထောက်ခံတဲ့ အင်အားစုတွေလက်ချက် ဖြစ်တယ်ဆိုပြီး ဖမ်းမိရသူတွေကို သက်သေထူပြီး စစ်ကောင်စီက ရှင်းလင်းပြောကြားပါတယ်။

UNICEF ရဲ့ ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနဘက်က UNICEF ကို စာပို့ထားတယ်လို့ ပြောပါတယ်။ မင်းတပ်မှာ ရေဖြတ်တယ်ဆိုပြီး UNICEF ထုတ်ပြန်ချက်ဟာလည်း မှားယွင်းတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ UNICEF အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတရပ်ရဲ့ ကျင့်ဝတ်သိက္ခာနဲ့အညီ ရပ်တည်လိုက်နာသင့်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စာသင်ကျောင်းတွေကို လုံခြုံရေး လုပ်မပေးရင် ဒီမိုကရေစီအမည်ခံ အကြမ်းဖက်သမားတွေက စာသင်ကျောင်းတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေကို မနှောင့်ယှက်ဘူး၊ အကြမ်းမဖက်ဘူးလို့ UNICEF အနေနဲ့ အာမခံပါသလား။ လက်တွေ့မှာတော့ မနေ့ကအထိ ကျောင်းတွေမှာ မိုင်းခွဲတာတွေ၊ မီးရှို့တာတွေ ဖြစ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အခုလည်း ဘယ်သူတွေ လုပ်နေတယ်ဆိုတာ ကျနော်တို့ သက်သေအထောက်အထား စုံစုံလင်လင်နဲ့ ပြသပြီး ဖြစ်ပါတယ်။ ဒီအကြမ်းဖက်လုပ်ရပ်တွေကြတော့ ခုနပြောတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ UNICEF အဖွဲ့က နှုတ်ဆိတ်နေတယ်၊ နှုတ်ပိတ်နေတယ်၊ မသိချင်ယောင် ဆောင်နေပါတယ်။ ကျောင်းတွေ ကလေးတွေ ဆရာ ဆရာမတွေ နှောင့်ယှက်ခံရတာတွေဟာ ခင်ဗျားတို့ရဲ့ လိုတမျိုး၊ မလိုတမျိုး မူဝါဒကြောင့်လည်း ပါတယ်လို့ ကျနော် ပြောချင်ပါတယ်၊ ဒီနေရာကနေ။ ဒီမူဝါဒကြောင့်လည်း အကြမ်းဖက်တွေက အတင့်ရဲလာကြတာ ဖြစ်တယ်လို့လည်း ကျနော် ပြောချင်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပဋိညာဉ် စာတမ်းပေါ့နော်၊ စာပိုဒ်ပေါ်မှာ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းစီရင်ပိုင်ခွင့် အာဏာအတွင်း၌ သက်ရောက်နေတဲ့ ကိစ္စမျိုးများတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာ မရှိစေရလို့ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဒါတွေကို ဂရုပြုဖို့ လိုပါတယ်။ UNICEF အဖွဲ့အနေနဲ့ကတော့ ကုလသမဂ္ဂအဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းပီပီ ကျင့်ဝတ်သိက္ခာတွေကို လိုက်နာသင့်တယ်လို့ ကျနော်တို့ ပြောလိုပါတယ်။”

ဇွန်လဆန်းပိုင်းက ထုတ်ပြန်တဲ့ UNICEF ကြေညာချက်ထဲမှာတော့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ အကြမ်းဖက်တာတွေကို ကန့်ကွက်ရှုတ်ချထားသလို ပဋိပက္ခအတွင်း ပညာရေးဌာနတွေကို အကာအကွယ် ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။ စာသင်ကျောင်းတွေကို စစ်တပ်က တပ်စွဲ နေရာယူထားတာတွေကိုလည်း ထောက်ပြခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ ဗုံးခွဲတိုက်ခိုက်မှုတွေအတွက် တိုင်းရင်းသားဒေသတွေမှာ သင်တန်းပေးခဲ့တယ်လို့ ပြောသလို တိုက်ခိုက်မှုတွေကို NUG နဲ့ NLD ခေါင်းဆောင်တချို့က စေခိုင်းတယ် ဆိုပြီးတော့လည်း စွပ်စွဲထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG