သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငှက်ဖျားတိုက်ဖျက်ရေး ထိခိုက်မယ့်အန္တရယ် WHO သတိပေး


ကမ္ဘာတဝန်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဆုံးရှုံးမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။

ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေဟာ နိုင်ငံတော်တော်များများမှာ ပြန်လည်မြင့်တက်လာနေကြောင်း WHO ရဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ Madagascar, Senegal နဲ့ Zimbabwe နိုင်ငံတွေ အပါအဝင် ငှက်ဖျားရောဂါ အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်မယ့် အလားအလာရှိနေတဲ့ နိုင်ငံတွေ ရှိနေပေမဲ့ တိုးတက်မှုတွေ တန့်နေတဲ့ နိုင်ငံတွေ ရှိနေကြောင်းလည်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက သတိပေးထားပါတယ်။ ၂၀၁၅ ခုနှစ် ကနေ ၂၀၁၆ ခုနှစ်အတွင်း Rwanda, Nigeria နဲ့ Congo ဒီမိုကရက်တစ် သမ္မတ နိုင်ငံတွေ အပါအဝင် အာဖရိက ၈ နိုင်ငံမှာတော့ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၂၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့တာပါ။

တချိန်တည်းမှာပဲ ငှက်ဖျားရောဂါ ကာကွယ်ရေးနဲ့ ကုသရေးအတွက် အသုံးစရိတ်ဟာလည်း လျော့ကျလာနေပြီး၊ ၂၀၁၆ ခုနှစ်မှာ ရန်ပုံငွေ ဒေါ်လာ ၂.၇ ဘီလီယံသာ ရရှိခဲ့တာကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် လိုအပ်ချက်ရဲ့ ထက်ဝက်တော့ မပြည့်ပဲ ဖြစ်နေပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အရင်တနှစ်ထက်စာရင် ၂၀၁၆ ခုနှစ်မှာ သေဆုံးမှုနှုန်း အနည်းငယ် လျော့ကျခဲ့ပြီး ၄ သိန်း ၁ ထောင် ရှိခဲ့တဲ့ အာဖရိက နိုင်ငံတွေမှာ အထိအနာဆုံးဖြစ်လာနိုင်ပါတယ်။ WHO ကတော့ ငှက်ဖျားရောဂါ ကာကွယ်ရေး နည်းလမ်းတွေကို တိုးတက်အောင် လုပ်ဖို့ သာမက နည်းလမ်းသစ်တွေအတွက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ဖို့လည်း တိုက်တွန်းနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG