သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၂ ႏွစ္လယ္ မွာ ကမ႓ာ႔ လူဦးေရ ၇၀% ကိုဗစ္ကာကြယ္ေဆး ကိုဗစ္ကာကြယ္ေဆးထိုးႏိုင္ဖို႔ ကုလ ေမွ်ာ္မွန္း


যুক্তরাষ্ট্রের সিয়াটলে চিফ সিলথ হাই স্কুলে একটি ওয়াক-আপ টেস্টিং সাইটে কোভিড টেস্ট করাচ্ছেন স্কুলের এক শিক্ষার্থী।

{{Zawgyi/Unicode}}

ဒီႏွစ္ ၂၀၂၁ ခုႏွစ္ကုန္ေလာက္မွာ ကမာၻ႕လူဦးေရရဲ႕ ၄၀ ရာခိုင္ႏႈန္းမွာ ကိုဗစ္ ၁၉ ကာကြယ္ေဆး ထိုးၿပီးသားျဖစ္ေစဖို႔နဲ႔ ၂၀၂၂ ႏွစ္လည္ ေလာက္မွာေတာ့ ကမာၻတလႊားမွာ ရာခိုင္ႏႈန္း ၇၀ ေလာက္ အထိ ကာကြယ္ေဆးထိုးၿပီးသား ျဖစ္ေစဖို႔ ကုလသမဂၢက ရည္မွန္းထားေၾကာင္း အတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ေျပာပါတယ္။

အခုအခ်ိန္မွာ ကာကြယ္ေဆးထုတ္လုပ္မႈဟာ တလကို ေဆးလံုးေရေပါင္း ၁.၅ ဘီလီယံေလာက္ ထုတ္လုပ္ႏိုင္တာေၾကာင့္ ဒီႏွစ္ကုန္ေလာက္မွာဆို ႏိုင္ငံအားလံုးမွာရွိတဲ့ လူဦးေရ ရဲ႕ ၄၀ ရာခိုင္ႏႈန္း ကို ေဆးထိုးေပးႏိုင္မွာ ျဖစ္ပါတယ္။ တကယ္လို႔ ေဆးအလံုးေရ ၈ ဘီလီယံေလာက္ကို စုစည္းႏိုင္မယ္ဆိုရင္ေတာ့ ကမာၻတလႊားမွ်မွ်တတ ေဆးျဖန္႔ျဖဴးေပးႏိုင္မွာ ျဖစ္ေၾကာင္း ေျပာသြားတာပါ။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus ကေတာ့ အခုအခ်ိန္အထိဆို ကမာၻတလႊား ကိုဗစ္ကာကြယ္ေဆး အလံုးေရ ၆.၅ ဘီလီယံေလာက္ ျဖန္႔ျဖဴးေပးခဲ့ၿပီး ျဖစ္ေၾကာင္းနဲ႔ ၇၀ ရာခိုင္ႏႈန္း သတ္မွတ္ခ်က္ကို ျပည့္မီဖို႔ ဆိုရင္ ေနာက္ထပ္ ေဆးအလံုးေရး ၅ ဘီလီယံ လိုေနေသးတယ္လို႔ ေျပာပါတယ္။

ဒါေပမယ့္ လက္ရွိ ကာကြယ္ေဆး ထုတ္လုပ္ေနတဲ့ ႏႈန္းကိုၾကည့္ရင္ အခုလ်ာထားတဲ့ သတ္မွတ္ခ်က္ ျပည့္မီေစဖို႔ လုပ္ႏိုင္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ ေဆးထုတ္လုပ္မႈမွာ ျပႆနာမရွိေပမယ့္ ျဖန္႔ျဖဴးရာမွာ ျပႆနာရွိေနတယ္လို႔လည္း ေျပာပါတယ္။

အေစာပိုင္းတုန္းကေတာ့ စက္တင္ဘာလကုန္ေလာက္မွာ ကမာၻ႔ႏိုင္ငံတိုင္းအတြက္ သူ႔ႏိုင္ငံတြင္းလူဦးေရရဲ႕ ၁၀ ရာခိုင္ႏႈန္းေလာက္ကို ကာကြယ္ေဆး ထိုးႏွံၿပီးေစဖို႔ ရည္မွန္းခဲ့တာ ျဖစ္ေပမယ့္ ႏိုင္ငံေပါင္း ၅၆ ႏိုင္ငံ အထူးသျဖင့္ အာဖရိကနဲ႔ အေရွ႕အလယ္ပိုင္းေဒသေတြက ႏိုင္ငံေတြမွာ သတ္မွတ္ခ်က္အတိုင္းလုပ္မေပးႏိုင္ခဲ့ပါဘူး။

အဲဒီႏိုင္ငံေတြမွာ လူဦးေရရဲ႕ ၁၀ ရာခိုင္ႏႈန္းကို ေဆးထိုးႏွံေပး ႏိုင္ဖို႔ ကာကြယ္ေဆး အလံုးေပါင္း သန္း ၂၀၀ ေလာက္ လိုအပ္တယ္လို႔လည္း WHO က ေျပာပါတယ္။

ကာကြယ္ေဆးကို ပထမအသုတ္အေနနဲ႔ အသက္ရြယ္ႀကီးရင့္သူေတြ၊ က်န္းမာေရး လုပ္သားေတြနဲ႔ ခုခံကာကြယ္ႏိုင္စြမ္း နည္းပါးတဲ့သူေတြကို ဦးစားေပးထိုးေပးဖို႔ လိုအပ္တာပါ။ ဒုတိယအေနနဲ႔ လူႀကီးေတြနဲ႔ တတိယအသုတ္မွာမွ လူငယ္ေတြကို ထိုးႏွံေပးဖို႔ WHO က အဆင့္ ၃ ဆင့္ သတ္မွတ္ထားတာပါ။

အခုခ်ိန္အထိ ကမာၻတလႊား ကိုဗစ္အကူးစက္ခံရသူ သန္း ၂၃၀ ေက်ာ္ရွိၿပီး ေသဆံုးရသူက ၅ သန္းနီးပါး ရွိေနတယ္လို႔ ကိုဗစ္ေရာဂါ ေစာင့္ၾကည့္မွတ္တမ္းတင္တဲ့ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖၚျပထားပါတယ္။

.........................................

{{Unicode}}

ဒီနှစ် ၂၀၂၁ ခုနှစ်ကုန်လောက်မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပြီးသားဖြစ်စေဖို့နဲ့ ၂၀၂၂ နှစ်လည် လောက်မှာတော့ ကမ္ဘာတလွှားမှာ ရာခိုင်နှုန်း ၇၀ လောက် အထိ ကာကွယ်ဆေးထိုးပြီးသား ဖြစ်စေဖို့ ကုလသမဂ္ဂက ရည်မှန်းထားကြောင်း အတွင်းရေးမှုးချုပ် Antonio Guterres က ပြောပါတယ်။

အခုအချိန်မှာ ကာကွယ်ဆေးထုတ်လုပ်မှုဟာ တလကို ဆေးလုံးရေပေါင်း ၁.၅ ဘီလီယံလောက် ထုတ်လုပ်နိုင်တာကြောင့် ဒီနှစ်ကုန်လောက်မှာဆို နိုင်ငံအားလုံးမှာရှိတဲ့ လူဦးရေ ရဲ့ ၄၀ ရာခိုင်နှုန်း ကို ဆေးထိုးပေးနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဆေးအလုံးရေ ၈ ဘီလီယံလောက်ကို စုစည်းနိုင်မယ်ဆိုရင်တော့ ကမ္ဘာတလွှားမျှမျှတတ ဆေးဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ကြောင်း ပြောသွားတာပါ။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကတော့ အခုအချိန်အထိဆို ကမ္ဘာတလွှား ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၆.၅ ဘီလီယံလောက် ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ကြောင်းနဲ့ ၇၀ ရာခိုင်နှုန်း သတ်မှတ်ချက်ကို ပြည့်မီဖို့ ဆိုရင် နောက်ထပ် ဆေးအလုံးရေး ၅ ဘီလီယံ လိုနေသေးတယ်လို့ ပြောပါတယ်။

ဒါပေမယ့် လက်ရှိ ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ နှုန်းကိုကြည့်ရင် အခုလျာထားတဲ့ သတ်မှတ်ချက် ပြည့်မီစေဖို့ လုပ်နိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် ဆေးထုတ်လုပ်မှုမှာ ပြဿနာမရှိပေမယ့် ဖြန့်ဖြူးရာမှာ ပြဿနာရှိနေတယ်လို့လည်း ပြောပါတယ်။

အစောပိုင်းတုန်းကတော့ စက်တင်ဘာလကုန်လောက်မှာ ကမ္ဘာ့နိုင်ငံတိုင်းအတွက် သူ့နိုင်ငံတွင်းလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ဆေး ထိုးနှံပြီးစေဖို့ ရည်မှန်းခဲ့တာ ဖြစ်ပေမယ့် နိုင်ငံပေါင်း ၅၆ နိုင်ငံ အထူးသဖြင့် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက နိုင်ငံတွေမှာ သတ်မှတ်ချက်အတိုင်းလုပ်မပေးနိုင်ခဲ့ပါဘူး။

အဲဒီနိုင်ငံတွေမှာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကို ဆေးထိုးနှံပေး နိုင်ဖို့ ကာကွယ်ဆေး အလုံးပေါင်း သန်း ၂၀၀ လောက် လိုအပ်တယ်လို့လည်း WHO က ပြောပါတယ်။

ကာကွယ်ဆေးကို ပထမအသုတ်အနေနဲ့ အသက်ရွယ်ကြီးရင့်သူတွေ၊ ကျန်းမာရေး လုပ်သားတွေနဲ့ ခုခံကာကွယ်နိုင်စွမ်း နည်းပါးတဲ့သူတွေကို ဦးစားပေးထိုးပေးဖို့ လိုအပ်တာပါ။ ဒုတိယအနေနဲ့ လူကြီးတွေနဲ့ တတိယအသုတ်မှာမှ လူငယ်တွေကို ထိုးနှံပေးဖို့ WHO က အဆင့် ၃ ဆင့် သတ်မှတ်ထားတာပါ။

အခုချိန်အထိ ကမ္ဘာတလွှား ကိုဗစ်အကူးစက်ခံရသူ သန်း ၂၃၀ ကျော်ရှိပြီး သေဆုံးရသူက ၅ သန်းနီးပါး ရှိနေတယ်လို့ ကိုဗစ်ရောဂါ စောင့်ကြည့်မှတ်တမ်းတင်တဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG