သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားနည်းတူ မြန်မာကို EU အရေးယူမလား


EU ရဲ့ ကုန်သွယ်ရေးဆိုင်ရာအကြီးအကဲ Cecilia Malmstrom

ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ပြန်ရုပ်သိမ်းမလား ဆိုတာကို ဆန်းစစ် လေ့လာဖို့ အချက်အလက်ရှာဖွေရေး အဖွဲ့တဖွဲ့ကို မြန်မာနိုင်ငံကို လွှတ်မယ်လို့ EU ရဲ့ ကုန်သွယ်ရေးဆိုင်ရာအကြီးအကဲ Cecilia Malmstrom က သောကြာနေ့၊ သြစတြီးယားနိုင်ငံ၊ Innsbruck မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“လက်တွေ့အခြေအနေကို ဆန်းစစ်လေ့လာဖို့အတွက် အချက်အလက် ရှာဖွေရေးအဖွဲ့တဖွဲ့ဟာ လာမယ့် ရက်တွေအတွင်း မြန်မာနိုင်ငံကို ရောက်လာမယ်ဆိုတာ မြန်မာတာဝန်ရှိသူတွေကို ကျမတို့ အသိပေးထားပြီး ပါပြီ။ ဒီအဆင့်မြင့်အဖွဲ့ဟာ ‘လက်နက် က လွဲလို့ အားလုံး’ ဆိုတဲ့ EBA အခွင့်အရေး ပြန်ရုပ်သိမ်းရေး အလား အလာကို ဆန်းစစ်လေ့လာမှာပါ။ ဒီရလဒ်ကို ကျမတို့ ဖယ်ထားလို့မရနိုင်ဘဲ အကြောင်းကတော့ မြန်မာနိုင်ငံက ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်ပါတယ်။”

EBA အထူးအခွင့်အရေးအရ မြန်မာနိုင်ငံအနေနဲ့ လက်နက်ခဲယမ်းကလွဲပြီး ကျန်တဲ့ကုန်ပစ္စည်းအားလုံးကို အခွန်ကင်းလွတ်ခွင့်နဲ့ EU ဈေးကွက်ထဲ တင်ပို့ခွင့်ရထားတာပါ။

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တယ်လို့စွပ်စွဲထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြောင်းပြပြီး ဥရောပ အခြေစိုက် ကုမ္ပဏီတချို့ ဟာ မြန်မာနိုင်ငံနဲ့ စီးပွားကုန်သွယ်ရေးလုပ်တာကို ဖြတ်တောက်ထားပြီးသား ဖြစ်ပါတယ်။ ဥပမာအားဖြင့် Cartier လက်ဝတ် ရတနာကုမ္ပဏီကြီးက မြန်မာနိုင်ငံက တွင်းထွက်ကျောက်တွေ ဝယ်ယူတာကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ကတည်းက ရပ်ဆိုင်းထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို ပေးအပ်ခဲ့တဲ့ အလားတူ EBA အခွင့်အရေးကိုတော့ ပြန်ရုပ်သိမ်းလိုက်ပြီလို့ အဲဒီ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာပဲ Cecilia Malstrom က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှုမရှိဘူးလို့ အနောက်နိုင်ငံတွေက ဝေဖန်ပြစ်တင်ခဲ့ပြီးတဲ့ နောက် အလားတူ အဆင့်မြင့် အချက်အလက်ရှာဖွေရေးအဖွဲ့ကို EU က ကမ္ဘောဒီးယားနိုင်ငံကိုလွှွတ်ပြီး လေ့လာစေခဲ့ပါတယ်။ အဲဒီအဖွဲ့က ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီနည်းကျ စနစ်တခုဖြစ်တယ်လို့ ဆက်ပြီး မယူဆနိုင်တော့တဲ့ အကြောင်း သုံးသပ်ပြီးတဲ့နောက် အခုလို EBA အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနည်းတူ မြန်မာကို EU အရေးယူမလား
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG