သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၁ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုရွင္ Maria Ressa


၂၀၂၁ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုရွင္ Maria Ressa
please wait

No media source currently available

0:00 0:10:48 0:00

ဒီႏွစ္အတြက္ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုကို သတင္းေထာက္ႏွစ္ဦး ပူးတြဲ ခ်ီးႁမွင့္ခံရသလို၊ ဒီအထဲမွာ တဦးက ဖိလစ္ပိုင္ႏိုင္ငံမွာ လူ႔အခြင့္အေရး၊ သတင္းမီဒီယာလြတ္လပ္ခြင့္နဲ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္အတြက္ ေရွ႕တန္းက ရပ္တည္ တိုက္ပြဲ၀င္ေနသူ အမ်ိဳးသမီး သတင္းေထာက္ Maria Ressa ျဖစ္ပါတယ္။

(Zawgyi/Unicode)
ဒီႏွစ္အတြက္ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုကို သတင္းေထာက္ႏွစ္ဦး ပူးတြဲ ခ်ီးႁမွင့္ခံရသလို၊ ဒီအထဲမွာ တဦးက ဖိလစ္ပိုင္ႏိုင္ငံမွာ လူ႔အခြင့္အေရး၊ သတင္းမီဒီယာလြတ္လပ္ခြင့္နဲ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္အတြက္ ေရွ႕တန္းက ရပ္တည္ တိုက္ပြဲ၀င္ေနသူ အမ်ိဳးသမီး သတင္းေထာက္ Maria Ressa ျဖစ္ပါတယ္။ ဒီႏွစ္ဟာ ၁၉၃၅ ခုႏွစ္ ေနာက္ပိုင္း သတင္းေထာက္ေတြ ပထမဆံုးအႀကိမ္ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆု ခ်ီးႁမွင့္ခံရတာျဖစ္သလို၊ Maria Ressa ကေတာ့ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆု ခ်ီးႁမွင့္ခံရတဲ့ ပထမဆံုး ဖိလစ္ပိုင္အမ်ိဳးသမီး ျဖစ္ပါတယ္။ Maria Ressa ကို ႏိုဘဲလ္ေကာ္မတီက ဘာေၾကာင့္ ေရြးခ်ယ္ ခ်ီးႁမွင့္တာပါလဲ။ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆု ခ်ီးႁမွင့္ခံရတဲ့အတြက္ Maria Ressa ကေရာ ဘာေတြ ေျပာထားပါလဲ။ ကမၻာတ၀ွမ္းမွာေရာ ဘယ္လို တံု႔ျပန္မႈေတြ ရွိေနလဲ ဆိုတာေတြကို စုစည္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

ကမ႓ာတ၀ွမ္း သတင္းမီဒီယာ လြတ္လပ္ခြင့္အေျခအေန ပိုမို ဆိုးရြားလာေနၿပီး သတင္းသမားေတြ အႏၲရာယ္ျပဳ ၿခိမ္းေျခာက္ခံရတာေတြ ပိုမို ၾကံဳေတြ႕လာေနတယ္ဆိုတာကို ႏိုင္ငံတကာ အစီရင္ခံစာေတြက ေထာက္ျပ သတိေပးေနခ်ိန္မွာပဲ၊ သတင္းေထာက္ႏွစ္ဦး ဒီႏွစ္အတြက္ ႏိုဘဲလ္ ၿငိမ္းခ်မ္းေရးဆု ပူးတြဲ ခ်ီးႁမွင့္ခံရတာ ျဖစ္ပါတယ္။ ဒီသတင္းေထာက္ႏွစ္ဦးဟာ ဒီမိုကေရစီနဲ႔ သတင္းလြတ္လပ္ခြင့္ ဆိုးဆိုးရြားရြား တိုက္ခိုက္ခံေနရခ်ိန္မွာ ဒီလိုအခြင့္အေရးေတြအတြက္ ကမ႓ာတ၀ွမ္း ရပ္တည္ တိုက္ပြဲ၀င္ေနၾကတဲ့ သတင္းသမားအားလံုးကို ကိုယ္စားျပဳတာ ျဖစ္ပါတယ္လို႔ ေနာ္ေ၀ ႏိုဘဲလ္ေကာ္မတီ ဥကၠ႒ ဘဲရစ္ ႐ိုက္စ္-အန္ဒါဆန္ (Berit Reiss-Andersen) က ေအာက္တိုဘာလ ၈ ရက္ေန႔က ႏိုဘဲလ္ၿငိမ္းခ်မ္းေရး ဆုရွင္ေတြကို ေၾကညာခ်ိန္မွာ ေျပာၾကားသြားခဲ့ပါတယ္။

"မစ္ Ressa နဲ႔ မစၥတာ Murotov တို႔ဟာ ဖိလစ္ပိုင္နဲ႔ ႐ုရွားႏိုင္ငံေတြမွာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ အတြက္ ရဲရဲ၀ံ့၀ံ့ တိုက္ပြဲ ၀င္ခဲ့ၾကသူေတြ ျဖစ္တာေၾကာင့္ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆု ခ်ီးႁမွင့္ရတာျဖစ္ပါတယ္။”

Maria Ressa ဟာ အျငင္းပြားစရာ ျဖစ္ေနတဲ့ ဖိလစ္ပိုင္သမၼတ Rodrigo Duterte ရဲ႕ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး ႏွိမ္နင္းမႈေတြအတြင္း လူေတြ အမ်ားအျပား သတ္ျဖတ္ခဲ့တဲ့ အေျခအေန၊ အာဏာပိုင္ေတြရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ အက်င့္ပ်က္ျခစားမႈေတြကို စံုစမ္း ေဖာ္ထုတ္ေရးသားတဲ့ Rappler သတင္းဌာနကို ၂၀၁၂ ခုႏွစ္မွာ ပူးတြဲ တည္ေထာင္ခဲ့သူ ျဖစ္ၿပီး လက္ရွိမွာလည္း Rappler ရဲ႕ အႀကီးအကဲ CEO တာ၀န္ယူထားသူ ျဖစ္ပါတယ္။ Maria နဲ႔ Rappler သတင္းဌာနဟာ ဖိလစ္ပိုင္အစိုးရ နဲ႔ သမၼတ ဒူတာေတရဲ႕ မူဝါဒေတြကို ေထာက္ျပ ေ၀ဖန္တဲ့အတြက္ အာဏာပိုင္ေတြဘက္က ၿခိမ္းေျခာက္တာ၊ ပစ္မွတ္ထား တိုက္ခိုက္တာေတြ ခံရပါတယ္။ မိခင္ႏိုင္ငံ ဖိလစ္ပိုင္မွာ ျဖစ္ပ်က္ေနတဲ့ အာဏာ အလြဲသံုးစားမႈေတြ၊ အၾကမ္းဖက္မႈေတြနဲ႔ အာဏာရွင္စနစ္ ႀကီးထြားလာေနတာေတြကို အမ်ားသိေအာင္ Maria Ressa က လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ကိုင္စြဲၿပီး ႀကိဳးပမ္းခဲ့တယ္လို႔ ႏိုဘဲလ္ေကာ္မတီ ဥကၠ႒က ဆုေၾကညာခ်ိန္မွာ ေျပာဆိုခဲ့ပါတယ္။

Maria Ressa ကေတာ့ - ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆု ခ်ီးႁမွင့္ခံရတဲ့အတြက္ မယံုႏိုင္ေလာက္ေအာင္ အံၾသ ၀မ္းသာရပါတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

"အံ့ၾသၿပီး မယုံႏိုင္ေအာင္ပါပဲ။ ဆုစာရင္းကို ေတြ႕ေတာ့ ထင္မထားခဲ့ဘူးေလ။ အရမ္း အံ့ၾသသြားပါတယ္။ တကယ္က ဆုရတဲ့အေၾကာင္း ေျပာလာတဲ့အခ်ိန္မွာ က်မ အြန္လိုင္း ေဆြးေႏြးပြဲတခုမွာ ရွိေနတာပါ။ တကယ္ပဲဆိုတာ သိရေတာ့ မ်က္ရည္ေတာင္က်မိပါတယ္။ ခံစားခ်က္ေတြက ႐ိုလာကိုစတာ လိုပါပဲ။ က်မ ေတြးမိတာေတြထဲမွာ တခုကေတာ့ ႏိုဘဲလ္ဆု ေကာ္မတီ အေနနဲ႔ သတင္းေထာက္လုပ္ငန္း အေရးပါမႈကို မီးေမွာင္းထိုးျပလိုက္တာလို႔ ထင္ပါတယ္။ က်မနဲ႔ က်မလိုပဲ သတင္းေထာက္ Dmitry Muratov တို႔ကို ဂုဏ္ျပဳ ခ်ီးႁမွင့္တာက က်မတို႔ လုပ္ေနတဲ့ သတင္းေထာက္အလုပ္ဟာ ဒီကေန႔ကာလမွာ ဘယ္ေလာက္ အေရးပါသလဲ ဆိုတာကို ျပလိုက္တာပဲလို႔ ယူဆပါတယ္။”

ဒါကေတာ့ ႏိုဘဲလ္ဆု ခ်ီးႁမွင့္ခံရၿပီး မၾကာခင္ ႐ိုက္တာ သတင္းဌာနနဲ႔ ေမးျမန္းခန္းမွာ Maria Ressa ေျပာသြားတာပါ။ ခုခ်ိန္ဟာ ကမ႓ာတ၀ွမ္းက သတင္းသမားေတြ အတြက္ အခက္ခဲဆံုး ကာလေတြ ျဖစ္ေနတယ္ ဆိုတာကိုလည္း သူ႔ကိုယ္ပိုင္ အေတြ႕အၾကံဳကေန Maria Ressa က ေျပာျပပါတယ္။ ၿပီးခဲ့တဲ့ ၂ ႏွစ္ေတာင္မျပည့္တဲ့ ကာလအတြင္း ဖိလစ္ပိုင္အစိုးရက သူ႔ကို ဖမ္း၀ရမ္း ၁၀ ခု ထုတ္ခဲ့ၿပီး ဒီလိုအျဖစ္မ်ိဳးက သူ သတင္းေထာက္အျဖစ္ ရပ္တည္လာခဲ့တဲ့ ၃၅ ႏွစ္တာ ကာလတေလွ်ာက္ အရင္က မၾကံဳခဲ့ရဖူးဘူးလို႔ ေျပာပါတယ္။

ဖိလစ္ပိုင္အစိုးရ ကေတာ့ Maria Ressa နဲ႔ သူဦးေဆာင္တဲ့ Rappler သတင္းဌာနဟာ သတင္းမွားေတြကို ထုတ္လႊင့္ခဲ့တယ္လို႔ စြပ္စြဲေျပာဆိုျပီး သူ႔ကိုေတာ့ ဆိုက္ဘာရာဇ၀တ္မႈ တိုက္ဖ်က္ေရး ဥပေဒခ်ိဳးေဖာက္မႈ အပါအ၀င္ တျခားအမႈေတြနဲ႔ တရားစြဲဆိုထားပါတယ္။ ဒီႏွစ္ ၾသဂုတ္လထဲမွာေတာ့ ဖိလစ္ပိုင္တရားရံုးတခုက Maria အေပၚ ဆိုက္ဘာဥပေဒနဲ႔စြဲထားတဲ့ အမႈတခုကို ပလပ္လိုက္ေပးလိုက္ပါတယ္။ ဒါေပမဲ့လည္း ဒီ ဆိုက္ဘာဥပေဒ အပါအ၀င္ တျခား ဥပေဒေတြ သံုးၿပီး စြဲဆိုခံထားရတဲ့ အမႈေတြကေတာ့ ဆက္ ရွိေနဆဲပါ။ အာဏာရွင္ ဆန္ဆန္အုပ္ခ်ဳပ္တဲ့ သမၼတ ဒူတာေတ လက္ထက္မွာ အစိုးရရဲ႕ မူဝါဒနဲ႔ လုပ္ရပ္ေတြကို ေ၀ဖန္ ေထာက္ျပသူေတြ၊ သတင္းသမားေတြ ပိုမို ဖိအားေပး ခံလာေနရတယ္ဆိုတာကို သတင္းလြတ္လပ္ခြင့္ဆိုင္ရာ ႏုိင္ငံတကာ အဖြဲ႔ေတြက ေထာက္ျပ ေျပာဆိုေနၾကတာပါ။ မာရီယာ ကေတာ့ အာဏာပိုင္ေတြဘက္က ဘယ္လိုပဲ ဖိအားေပးေပး သတင္းလြတ္လပ္ခြင့္အတြက္ ရဲရဲ၀ံ့၀ံ့ ဆက္လက္ ရပ္တည္ခဲ့သလုိ၊ ဒီအတြက္ ပစ္မွတ္ထား တိုက္ခိုက္ခံရတယ္လို႔ သတင္းလြတ္လပ္ခြင့္ ကာကြယ္ေရး ႏိုင္ငံတကာ အဖြဲ႔အစည္းတခုျဖစ္တဲ့ နယ္စည္းမထား သတင္းေထာက္မ်ားအဖြဲ႔ RSF အတြင္းေရးမွဴးခ်ဳပ္ Christophe Deloire က ေျပာပါတယ္။

"Maria Ressa ဟာ က်ေနာ္တို႔နဲ႔ အနီးကပ္ အလုပ္လုပ္ေနတဲ့သူ တေယာက္ပါ။ သူ႔ႏိုင္ငံျဖစ္တဲ့ ဖိလစ္ပိုင္ႏိုင္ငံထဲမွာ သမၼတ ဒူတာေတ အစိုးရ အာဏာပိုင္ေတြက ဥပေဒေတြ ထုတ္ၿပီး သူ႔ကို ပစ္မွတ္ထား ႏွိပ္ကြက္ေနတာမို႔ သူ႔ဘက္ကေန က်ေနာ္တို႔က ခုခံကာကြယ္ ေပးပါတယ္။ ကမ႓ာတ၀ွမ္းက တျခား သတင္းေထာက္ေတြကို ကာကြယ္ေပးေရး၊ သတင္းလြတ္လပ္ခြင့္ ကာကြယ္ေရး နဲ႔ အင္တာနက္အြန္လိုင္းေတြ ေပၚမွာ ဒီမိုကေရစီ စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ က်င့္သံုးလာႏိုင္ေရး ကိစၥေတြကိုလည္း သူနဲ႔အတူ လက္တြဲၿပီး က်ေနာ္တို႔ လုပ္ေဆာင္ေနပါတယ္။”

Maria Ressa နဲ႔ Rappler သတင္းဌာနဟာ ဖိလစ္ပိုင္အစိုးရရဲ႕ ႏွိပ္ကြက္မႈေတြၾကားကပဲ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကို ကာကြယ္ဖို႔ ေရွ႕တန္းကေန မေၾကာက္မရြ႕ံ ရင္ဆိုင္ ရပ္တည္ခဲ့တာ ျဖစ္တယ္လို႔ ႏိုဘဲလ္ဆု ေရြးခ်ယ္ေရး ေကာ္မတီကလည္း အသိအမွတ္ျပဳ ေျပာဆိုထားပါတယ္။ ခုလို သတင္းသမားေတြရဲ႕ ခက္ခဲတဲ့ ႐ုန္းကန္မႈေတြကို အသိအမွတ္ျပဳၿပီး ႏိုဘဲလ္ေကာ္မတီက ျငိမ္းခ်မ္းေရး ဆု ခ်ီးႁမွင့္တဲ့အေပၚမွာ ၀မ္းသာရတာထက္ အမ်ားႀကီးပို ခံစားရပါတယ္လို႔ သတင္းသမားေတြကို ကာကြယ္ေပးေရးေကာ္မတီ CPJ ရဲ႕ အမႈေဆာင္ၫႊန္ၾကားေရးမွဴး Joel Simon က ေျပာပါတယ္။

"က်ေနာ္ အရမ္း လႈပ္ရွား ေပ်ာ္ရႊင္မိပါတယ္။ ေပ်ာ္တယ္ဆိုတာ ထက္ကို ပိုပါတယ္ဗ်ာ။ Maria Ressa ေရာ၊ Dmitry Muratov ေရာက က်ေနာ့္ မိတ္ေဆြေတြပါ။ သူတို႔ဟာ က်ေနာ့္အတြက္ သူရဲေကာင္း သတင္းသမားေတြပါ။ ဒီဆုက သူတို႔ရဲ႕အလုပ္၊ သူတို႔ရဲ႕ ႐ုန္းကန္ရပ္တည္မႈေတြကို ပိုၿပီး ေပၚလြင္ေစသလို၊ အေျပာင္းအလဲတခုလည္း ျဖစ္ေစပါတယ္။ က်ေနာ္တို႔ သတင္းသမားေတြ ရင္ဆိုင္ရတဲ့ အခက္အခဲ စိန္ေခၚမႈေတြ၊ သတင္းလြတ္လပ္ခြင့္အတြက္ ကမ႓တ၀ွမ္း ႐ုန္းကန္လႈပ္ရွားမႈေတြ အားလံုးကို မီးေမွာင္းထိုးျပလိုက္တာ ပါပဲ။ ႏိုဘဲလ္ေကာ္မတီက ဒါကို အေကာင္းဆံုး ေဖာ္ျပလိုက္တာပါ။ က်ေနာ္တို႔အတြက္ သတင္းအခ်က္အလက္ေတြသာ မရရွိဘူးဆိုရင္၊ သတင္းသမားေတြအေနနဲ႔ သတင္းေထာက္အလုပ္ကို လြတ္လြတ္လပ္လပ္ လုပ္ေဆာင္ခြင့္ မရဘူးဆိုရင္ ဒီကေန႔ ကမ႓ာတ၀ွမ္း ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြကို ရင္ဆိုင္ေျဖရွင္းႏိုင္ဖို႔ ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါကို ဒီဆုက အသိအမွတ္ျပဳ ေဖာ္ျပလိုက္တာပါပဲ။”

အမ်ဳိးသမီး သတင္းေထာက္တဦးျဖစ္တဲ့ Maria Ressa ႏိုဘဲလ္ဆု ခ်ီးႁမွင္ခံရတဲ့အတြက္ ကမ႓ာတ၀ွမ္း ဖိႏွိပ္မႈေတြၾကား ႐ုန္းကန္ ရပ္တည္ေနၾကတဲ့ သတင္းမီဒီယာ အဖြဲ႔အစည္းေတြ၊ သတင္းသမားေတြ ကလည္း ၀မ္းသာ ဂုဏ္ယူေနၾကပါတယ္။ ဒီအထဲမွာ ျမန္မာႏုိင္ငံက အမ်ိဳးသမီး သတင္းေထာက္တဦး ျဖစ္တဲ့ မစိုးစံထိုက္လည္း ပါ ပါတယ္။

“သူဟာ ဖိလစ္ပိုင္ႏုိင္ငံမွာ အမ်ိဳးသမီးသတင္းေထာက္ တေယာက္ ျဖစ္တယ္။ အဲ့အထဲကမွ ရိုးရိုးသတင္းေထာက္ မဟုတ္ဘဲနဲ႔ စံုစမ္းေဖာ္ထုတ္ သတင္းေရးသားတဲ့ အမ်ိဳးသမီး သတင္းေထာက္ ျဖစ္တယ္။ သူ႔ရဲ႕လုပ္ေဆာင္မႈေတြက သူ႔ရဲ႕သတင္းေတြေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ အုပ္ခ်ဳပ္မႈ မူ၀ါဒေတြကို အေျပာင္းအလဲ ျဖစ္ေစခဲ့တယ္။ ေတာ္ေတာ္ေလး လႈပ္လႈပ္ရွားရွား ျဖစ္ေစခဲ့တယ္ဆိုတာ လံုး၀ ျငင္းပယ္လို႔မရတဲ့ အခ်က္အလက္တခု ျဖစ္ပါတယ္။ သူ ဟာ သတၱိရွိတယ္။ ျပည္သူေတြအတြက္ သူ႔ႏုိင္ငံသားေတြ အတြက္ သူ လုပ္ခဲ့တယ္။ သူဟာ ၂၀၁၈၊၂၀၁၉၊ ၂၀၂၀ ေတာက္ေလ ွ်ာက္ေတြမွာ တရားစြဲဆိုျခင္းကို ခံရတယ္။ သူ႔အတြက္ ကိုယ္က်ိဳး ထိခိုက္ရေစတာေတြ အမ်ားၾကီး ရွိေပမဲ့လည္း သူ အလုပ္ေတြ အမ်ားၾကီး လုပ္ခဲ့တယ္။ သူ႔ရဲ႕ ယံုၾကည္ခ်က္ေတြ အတြက္ သူ အလုပ္ လုပ္ခဲ့တယ္။ အဲ့ဒီအတြက္ က်မတို႔ ပိုၿပီးေတာ့ ေလးစား အားက်ခဲ့ရပါတယ္။”

မစိုးစံထိုက္ ကေတာ့ Maria Ressa ၂၀၁၈ ခုႏွစ္တုန္းက ျမန္မာႏိုင္ငံကို လာေရာက္ပို႔ခ်ခဲ့တဲ့ သတင္းေထာက္ သင္တန္းတခုကို တက္ေရာက္ခဲ့ဖူးတဲ့သူပါ။ သတင္းေထာက္ေတြ ခုလို ႏိုဘဲလ္ ျငိမ္းခ်မ္းဆု ခ်ီးျမွင့္ခံရတဲ့အတြက္ ဖိႏွိပ္မႈေတြၾကား ရပ္တည္ အလုပ္ လုပ္ေနၾကရတဲ့ ျမန္မာႏိုင္ငံက သတင္းသမားေတြ၊ အမ်ိဳးသမီး သတင္းေထာက္ေတြ အတြက္လည္း အမ်ားၾကီး ခြန္အားျဖစ္ေစတယ္လို႔ မစိုးစံထိုက္က ေျပာပါတယ္။

“အခု အားလံုး သိၾကတဲ့အတိုင္းပဲ က်မတို႔ ျမန္မာႏိုင္ငံမွာဆိုရင္ သတင္းလြတ္လပ္ခြင့္က လံုး၀ကို ေပ်ာက္ဆံုးသြားတဲ့ အေျခအေန ျဖစ္ေနတယ္။ ျမန္မာႏိုင္ငံမွာရွိတဲ့ သတင္းေထာက္၊ အမ်ိဳးသား အမ်ိဳးသမီး သတင္းေထာက္ေတြ အကုန္လံုး နီးပါး ဟာလည္း အိုးအိမ္ေတြကို စြန္႔ခြာၿပီး ထြက္ေျပးေနရတဲ့ အခိ်န္ကာလျဖစ္တယ္။ ဒါေပမဲ့လည္း က်မတို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ သတင္းေထာက္ေတြကလည္း သူတို႔ယံုၾကည္မႈကို မစြန္႔လႊတ္ဘဲနဲ႔ အခုခ်ိန္ထိ ျပည္သူေတြဆီကို သတင္းေတြ တင္ဆက္ေနတာရွိတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ဒီလိုႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုကို သတင္းေထာက္ေတြကို ေပးလိုက္တယ္ဆိုတဲ့ သတင္းဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ သတင္းေထာက္ေတြကို အမ်ားႀကီး တြန္းအားျဖစ္ေစတယ္ေပါ့ေနာ္။ က်မတို႔အလုပ္ေတြကို ပိုမိုၿပီး လုပ္ဖို႔ က်မတို႔ကို ယံုၾကည္ခ်က္ေတြ ေပးလိုက္သလိုပါပဲ။ အမွန္တကယ္က ျမန္မာႏိုင္ငံရဲ႕ အေျခအေနမွာဆိုရင္ သတင္းေထာက္ေတြ ရပ္တည္ဖို႔ တအားခက္ခဲေနတယ္။ အသက္အႏၲရာယ္နဲ႔ ၿခိမ္းေျခာက္ ခံေနရတယ္။ ဒါေပမဲ့လည္း ဒီလိုမ်ိဳး ႏိုင္ငံတကာမွာ ၿငိမ္းခ်မ္းေရး ႏိုဘဲလ္ဆုကို သတင္းေထာက္ေတြကို ေပးအပ္လိုက္တာဟာ လူ႔အခြင့္အေရး၊ သတင္းလြတ္လပ္ခြင့္နဲ႔ Professional Journalism ကို ေလးစားလိုက္နာဖို႔၊ ဆက္လက္လုပ္ေဆာင္ဖို႔ က်မတို႔ကို တြန္းအားေပးလိုက္တယ္လို႔ က်မတို႔ ခံစားရတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ အခုလို အမ်ိဳးသမီးသတင္းေထာက္၊ သတင္းေလာကထဲမွာ ဦးေဆာင္သူတေယာက္ အေနနဲ႔ ဒီလို ႏိုဘဲလ္ဆု ရလိုက္တာဟာ က်မတို႔သတင္းေထာက္ေတြအတြက္ ပိုၿပီးေတာ့ ဂုဏ္ယူစရာျဖစ္ပါတယ္။”

Maria Ressa ဟာ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆု ခ်ီးႁမွင့္ခံရတဲ့ ပထမဆံုး ဖိလစ္ပိုင္ အမ်ိဳးသမီး ျဖစ္သလို၊ ဒီႏွစ္အတြက္ ႏိုဘဲလ္ဆု ခ်ီးျမွင့္ခံရသူေတြထဲမွာ တဦးတည္းေသာ အမ်ိဳးသမီး ျဖစ္ပါတယ္။ မွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြ အမ်ားသိေစဖို႔ ထုတ္ေဖာ္ ေျပာဆိုသူ၊ ဒီမိုကေရစီစနစ္ရဲ႕ အေျခခံအုတ္ျမစ္ေတြ ျဖစ္တဲ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္နဲ႔ သတင္းမီဒီယာ လြတ္လပ္ခြင့္ေတြ အတြက္ ျခိမ္းေျခာက္မႈေတြကို မေၾကာက္ဘဲ ရဲရဲ၀ံ့၀ံ့ တိုက္ပြဲ၀င္သူအျဖစ္ ထင္ရွားတဲ့ Maria Ressa ဟာ အရင္ကလည္း သတင္းမီဒီယာနဲ႔ပတ္သက္ၿပီး ခ်ီးႁမွင့္တဲ့ ႏိုင္ငံတကာက ဂုဏ္ျပဳဆုမ်ားစြာ ရခဲ့ဖူးပါတယ္။

ဒါ့အျပင္ ကမၻာေက်ာ္ Times မဂၢဇင္းၾကီးရဲ႕ ၂၀၁၈ ခုႏွစ္ရဲ႕ အထူးရွားဆံုး ပုဂၢိဳလ္ Person of the Year အျဖစ္ ဂုဏ္ျပဳေဖာ္ျပခံရသလုိ၊ ၂၀၁၉ ခုႏွစ္မွာလည္း ကမာၻ႔ ၾသဇာ သက္ေရာက္မႈ အရွိဆံုး လူ ပုဂၢိဳလ္ ၁၀၀ စာရင္းမွာ ေဖာ္ျပခံခဲ့ရသူ ျဖစ္ပါတယ္။ အခုတခါ ႏိုဘဲလ္ျငိမ္းခ်မ္းေရးဆု ကိုပါ ခ်ီးျမွင့္ခံရတဲ့အတြက္ အခက္အခဲေတြၾကား သတင္းလြတ္လပ္ခြင့္အတြက္ တိုက္ပြဲ၀င္ေနၾကသူေတြ၊ အမ်ိဳးသမီးေတြ၊ သတင္းသမားေတြ အတြက္ေတာ့ Maria Ressa ဟာ ခြန္အားေတြ အမ်ားၾကီး ျဖစ္ေစခဲ့တယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။
==============================
[Unicode]
၂၀၂၁ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Maria Ressa (အမျိုးသမီးကဏ္ဍ)

ဒီနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို သတင်းထောက်နှစ်ဦး ပူးတွဲ ချီးမြှင့်ခံရသလို၊ ဒီအထဲမှာ တဦးက ဖိလစ်ပိုင်နိုင်ငံမှာ လူ့အခွင့်အရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ရှေ့တန်းက ရပ်တည် တိုက်ပွဲဝင်နေသူ အမျိုးသမီး သတင်းထောက် Maria Ressa ဖြစ်ပါတယ်။ ဒီနှစ်ဟာ ၁၉၃၅ ခုနှစ် နောက်ပိုင်း သတင်းထောက်တွေ ပထမဆုံးအကြိမ် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတာဖြစ်သလို၊ Maria Ressa ကတော့ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့ ပထမဆုံး ဖိလစ်ပိုင်အမျိုးသမီး ဖြစ်ပါတယ်။ Maria Ressa ကို နိုဘဲလ်ကော်မတီက ဘာကြောင့် ရွေးချယ် ချီးမြှင့်တာပါလဲ။ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့အတွက် Maria Ressa ကရော ဘာတွေ ပြောထားပါလဲ။ ကမ္ဘာတဝှမ်းမှာရော ဘယ်လို တုံ့ပြန်မှုတွေ ရှိနေလဲ ဆိုတာတွေကို စုစည်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ကမ္ဘာတဝှမ်း သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေ ပိုမို ဆိုးရွားလာနေပြီး သတင်းသမားတွေ အန္တရာယ်ပြု ခြိမ်းခြောက်ခံရတာတွေ ပိုမို ကြုံတွေ့လာနေတယ်ဆိုတာကို နိုင်ငံတကာ အစီရင်ခံစာတွေက ထောက်ပြ သတိပေးနေချိန်မှာပဲ၊ သတင်းထောက်နှစ်ဦး ဒီနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ပူးတွဲ ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ ဒီသတင်းထောက်နှစ်ဦးဟာ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့် ဆိုးဆိုးရွားရွား တိုက်ခိုက်ခံနေရချိန်မှာ ဒီလိုအခွင့်အရေးတွေအတွက် ကမ္ဘာတဝှမ်း ရပ်တည် တိုက်ပွဲဝင်နေကြတဲ့ သတင်းသမားအားလုံးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်လို့ နော်ေ၀ နိုဘဲလ်ကော်မတီ ဥက္ကဋ္ဌ ဘဲရစ် ရိုက်စ်-အန်ဒါဆန် (Berit Reiss-Andersen) က အောက်တိုဘာလ ၈ ရက်နေ့က နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေကို ကြေညာချိန်မှာ ပြောကြားသွားခဲ့ပါတယ်။

"မစ် Ressa နဲ့ မစ္စတာ Murotov တို့ဟာ ဖိလစ်ပိုင်နဲ့ ရုရှားနိုင်ငံတွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲ ဝင်ခဲ့ကြသူတွေ ဖြစ်တာကြောင့် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ရတာဖြစ်ပါတယ်။”

Maria Ressa ဟာ အငြင်းပွားစရာ ဖြစ်နေတဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှိမ်နင်းမှုတွေအတွင်း လူတွေ အများအပြား သတ်ဖြတ်ခဲ့တဲ့ အခြေအနေ၊ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်း ဖော်ထုတ်ရေးသားတဲ့ Rappler သတင်းဌာနကို ၂၀၁၂ ခုနှစ်မှာ ပူးတွဲ တည်ထောင်ခဲ့သူ ဖြစ်ပြီး လက်ရှိမှာလည်း Rappler ရဲ့ အကြီးအကဲ CEO တာဝန်ယူထားသူ ဖြစ်ပါတယ်။ Maria နဲ့ Rappler သတင်းဌာနဟာ ဖိလစ်ပိုင်အစိုးရ နဲ့ သမ္မတ ဒူတာတေရဲ့ မူဝါဒတွေကို ထောက်ပြ ဝေဖန်တဲ့အတွက် အာဏာပိုင်တွေဘက်က ခြိမ်းခြောက်တာ၊ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ခံရပါတယ်။ မိခင်နိုင်ငံ ဖိလစ်ပိုင်မှာ ဖြစ်ပျက်နေတဲ့ အာဏာ အလွဲသုံးစားမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ အာဏာရှင်စနစ် ကြီးထွားလာနေတာတွေကို အများသိအောင် Maria Ressa က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကိုင်စွဲပြီး ကြိုးပမ်းခဲ့တယ်လို့ နိုဘဲလ်ကော်မတီ ဥက္ကဋ္ဌက ဆုကြေညာချိန်မှာ ပြောဆိုခဲ့ပါတယ်။

Maria Ressa ကတော့ - နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့အတွက် မယုံနိုင်လောက်အောင် အံသြ ဝမ်းသာရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

"အံ့သြပြီး မယုံနိုင်အောင်ပါပဲ။ ဆုစာရင်းကို တွေ့တော့ ထင်မထားခဲ့ဘူးလေ။ အရမ်း အံ့သြသွားပါတယ်။ တကယ်က ဆုရတဲ့အကြောင်း ပြောလာတဲ့အချိန်မှာ ကျမ အွန်လိုင်း ဆွေးနွေးပွဲတခုမှာ ရှိနေတာပါ။ တကယ်ပဲဆိုတာ သိရတော့ မျက်ရည်တောင်ကျမိပါတယ်။ ခံစားချက်တွေက ရိုလာကိုစတာ လိုပါပဲ။ ကျမ တွေးမိတာတွေထဲမှာ တခုကတော့ နိုဘဲလ်ဆု ကော်မတီ အနေနဲ့ သတင်းထောက်လုပ်ငန်း အရေးပါမှုကို မီးမှောင်းထိုးပြလိုက်တာလို့ ထင်ပါတယ်။ ကျမနဲ့ ကျမလိုပဲ သတင်းထောက် Dmitry Muratov တို့ကို ဂုဏ်ပြု ချီးမြှင့်တာက ကျမတို့ လုပ်နေတဲ့ သတင်းထောက်အလုပ်ဟာ ဒီကနေ့ကာလမှာ ဘယ်လောက် အရေးပါသလဲ ဆိုတာကို ပြလိုက်တာပဲလို့ ယူဆပါတယ်။”

ဒါကတော့ နိုဘဲလ်ဆု ချီးမြှင့်ခံရပြီး မကြာခင် ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ Maria Ressa ပြောသွားတာပါ။ ခုချိန်ဟာ ကမ္ဘာတဝှမ်းက သတင်းသမားတွေ အတွက် အခက်ခဲဆုံး ကာလတွေ ဖြစ်နေတယ် ဆိုတာကိုလည်း သူ့ကိုယ်ပိုင် အတွေ့အကြုံကနေ Maria Ressa က ပြောပြပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တောင်မပြည့်တဲ့ ကာလအတွင်း ဖိလစ်ပိုင်အစိုးရက သူ့ကို ဖမ်းဝရမ်း ၁၀ ခု ထုတ်ခဲ့ပြီး ဒီလိုအဖြစ်မျိုးက သူ သတင်းထောက်အဖြစ် ရပ်တည်လာခဲ့တဲ့ ၃၅ နှစ်တာ ကာလတလျှောက် အရင်က မကြုံခဲ့ရဖူးဘူးလို့ ပြောပါတယ်။

ဖိလစ်ပိုင်အစိုးရ ကတော့ Maria Ressa နဲ့ သူဦးဆောင်တဲ့ Rappler သတင်းဌာနဟာ သတင်းမှားတွေကို ထုတ်လွှင့်ခဲ့တယ်လို့ စွပ်စွဲပြောဆိုပြီး သူ့ကိုတော့ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေး ဥပဒေချိုးဖောက်မှု အပါအဝင် တခြားအမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။ ဒီနှစ် သြဂုတ်လထဲမှာတော့ ဖိလစ်ပိုင်တရားရုံးတခုက Maria အပေါ် ဆိုက်ဘာဥပဒေနဲ့စွဲထားတဲ့ အမှုတခုကို ပလပ်လိုက်ပေးလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီ ဆိုက်ဘာဥပဒေ အပါအဝင် တခြား ဥပဒေတွေ သုံးပြီး စွဲဆိုခံထားရတဲ့ အမှုတွေကတော့ ဆက် ရှိနေဆဲပါ။ အာဏာရှင် ဆန်ဆန်အုပ်ချုပ်တဲ့ သမ္မတ ဒူတာတေ လက်ထက်မှာ အစိုးရရဲ့ မူဝါဒနဲ့ လုပ်ရပ်တွေကို ဝေဖန် ထောက်ပြသူတွေ၊ သတင်းသမားတွေ ပိုမို ဖိအားပေး ခံလာနေရတယ်ဆိုတာကို သတင်းလွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့တွေက ထောက်ပြ ပြောဆိုနေကြတာပါ။ မာရီယာ ကတော့ အာဏာပိုင်တွေဘက်က ဘယ်လိုပဲ ဖိအားပေးပေး သတင်းလွတ်လပ်ခွင့်အတွက် ရဲရဲဝံ့ဝံ့ ဆက်လက် ရပ်တည်ခဲ့သလို၊ ဒီအတွက် ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ သတင်းလွတ်လပ်ခွင့် ကာကွယ်ရေး နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF အတွင်းရေးမှူးချုပ် Christophe Deloire က ပြောပါတယ်။

"Maria Ressa ဟာ ကျနော်တို့နဲ့ အနီးကပ် အလုပ်လုပ်နေတဲ့သူ တယောက်ပါ။ သူ့နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံထဲမှာ သမ္မတ ဒူတာတေ အစိုးရ အာဏာပိုင်တွေက ဥပဒေတွေ ထုတ်ပြီး သူ့ကို ပစ်မှတ်ထား နှိပ်ကွက်နေတာမို့ သူ့ဘက်ကနေ ကျနော်တို့က ခုခံကာကွယ် ပေးပါတယ်။ ကမ္ဘာတဝှမ်းက တခြား သတင်းထောက်တွေကို ကာကွယ်ပေးရေး၊ သတင်းလွတ်လပ်ခွင့် ကာကွယ်ရေး နဲ့ အင်တာနက်အွန်လိုင်းတွေ ပေါ်မှာ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် ကျင့်သုံးလာနိုင်ရေး ကိစ္စတွေကိုလည်း သူနဲ့အတူ လက်တွဲပြီး ကျနော်တို့ လုပ်ဆောင်နေပါတယ်။”

Maria Ressa နဲ့ Rappler သတင်းဌာနဟာ ဖိလစ်ပိုင်အစိုးရရဲ့ နှိပ်ကွက်မှုတွေကြားကပဲ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကာကွယ်ဖို့ ရှေ့တန်းကနေ မကြောက်မရွံ့ ရင်ဆိုင် ရပ်တည်ခဲ့တာ ဖြစ်တယ်လို့ နိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီကလည်း အသိအမှတ်ပြု ပြောဆိုထားပါတယ်။ ခုလို သတင်းသမားတွေရဲ့ ခက်ခဲတဲ့ ရုန်းကန်မှုတွေကို အသိအမှတ်ပြုပြီး နိုဘဲလ်ကော်မတီက ငြိမ်းချမ်းရေး ဆု ချီးမြှင့်တဲ့အပေါ်မှာ ဝမ်းသာရတာထက် အများကြီးပို ခံစားရပါတယ်လို့ သတင်းသမားတွေကို ကာကွယ်ပေးရေးကော်မတီ CPJ ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Joel Simon က ပြောပါတယ်။

"ကျနော် အရမ်း လှုပ်ရှား ပျော်ရွှင်မိပါတယ်။ ပျော်တယ်ဆိုတာ ထက်ကို ပိုပါတယ်ဗျာ။ Maria Ressa ရော၊ Dmitry Muratov ရောက ကျနော့် မိတ်ဆွေတွေပါ။ သူတို့ဟာ ကျနော့်အတွက် သူရဲကောင်း သတင်းသမားတွေပါ။ ဒီဆုက သူတို့ရဲ့အလုပ်၊ သူတို့ရဲ့ ရုန်းကန်ရပ်တည်မှုတွေကို ပိုပြီး ပေါ်လွင်စေသလို၊ အပြောင်းအလဲတခုလည်း ဖြစ်စေပါတယ်။ ကျနော်တို့ သတင်းသမားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ၊ သတင်းလွတ်လပ်ခွင့်အတွက် ကမ္ဘတဝှမ်း ရုန်းကန်လှုပ်ရှားမှုတွေ အားလုံးကို မီးမှောင်းထိုးပြလိုက်တာ ပါပဲ။ နိုဘဲလ်ကော်မတီက ဒါကို အကောင်းဆုံး ဖော်ပြလိုက်တာပါ။ ကျနော်တို့အတွက် သတင်းအချက်အလက်တွေသာ မရရှိဘူးဆိုရင်၊ သတင်းသမားတွေအနေနဲ့ သတင်းထောက်အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် မရဘူးဆိုရင် ဒီကနေ့ ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို ဒီဆုက အသိအမှတ်ပြု ဖော်ပြလိုက်တာပါပဲ။”

အမျိုးသမီး သတင်းထောက်တဦးဖြစ်တဲ့ Maria Ressa နိုဘဲလ်ဆု ချီးမြှင်ခံရတဲ့အတွက် ကမ္ဘာတဝှမ်း ဖိနှိပ်မှုတွေကြား ရုန်းကန် ရပ်တည်နေကြတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေ၊ သတင်းသမားတွေ ကလည်း ဝမ်းသာ ဂုဏ်ယူနေကြပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက အမျိုးသမီး သတင်းထောက်တဦး ဖြစ်တဲ့ မစိုးစံထိုက်လည်း ပါ ပါတယ်။

“သူဟာ ဖိလစ်ပိုင်နိုင်ငံမှာ အမျိုးသမီးသတင်းထောက် တယောက် ဖြစ်တယ်။ အဲ့အထဲကမှ ရိုးရိုးသတင်းထောက် မဟုတ်ဘဲနဲ့ စုံစမ်းဖော်ထုတ် သတင်းရေးသားတဲ့ အမျိုးသမီး သတင်းထောက် ဖြစ်တယ်။ သူ့ရဲ့လုပ်ဆောင်မှုတွေက သူ့ရဲ့သတင်းတွေကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ အုပ်ချုပ်မှု မူဝါဒတွေကို အပြောင်းအလဲ ဖြစ်စေခဲ့တယ်။ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တယ်ဆိုတာ လုံး၀ ငြင်းပယ်လို့မရတဲ့ အချက်အလက်တခု ဖြစ်ပါတယ်။ သူ ဟာ သတ္တိရှိတယ်။ ပြည်သူတွေအတွက် သူ့နိုင်ငံသားတွေ အတွက် သူ လုပ်ခဲ့တယ်။ သူဟာ ၂၀၁၈၊၂၀၁၉၊ ၂၀၂၀ တောက်လေ ျှာက်တွေမှာ တရားစွဲဆိုခြင်းကို ခံရတယ်။ သူ့အတွက် ကိုယ်ကျိုး ထိခိုက်ရစေတာတွေ အများကြီး ရှိပေမဲ့လည်း သူ အလုပ်တွေ အများကြီး လုပ်ခဲ့တယ်။ သူ့ရဲ့ ယုံကြည်ချက်တွေ အတွက် သူ အလုပ် လုပ်ခဲ့တယ်။ အဲ့ဒီအတွက် ကျမတို့ ပိုပြီးတော့ လေးစား အားကျခဲ့ရပါတယ်။”

မစိုးစံထိုက် ကတော့ Maria Ressa ၂၀၁၈ ခုနှစ်တုန်းက မြန်မာနိုင်ငံကို လာရောက်ပို့ချခဲ့တဲ့ သတင်းထောက် သင်တန်းတခုကို တက်ရောက်ခဲ့ဖူးတဲ့သူပါ။ သတင်းထောက်တွေ ခုလို နိုဘဲလ် ငြိမ်းချမ်းဆု ချီးမြှင့်ခံရတဲ့အတွက် ဖိနှိပ်မှုတွေကြား ရပ်တည် အလုပ် လုပ်နေကြရတဲ့ မြန်မာနိုင်ငံက သတင်းသမားတွေ၊ အမျိုးသမီး သတင်းထောက်တွေ အတွက်လည်း အများကြီး ခွန်အားဖြစ်စေတယ်လို့ မစိုးစံထိုက်က ပြောပါတယ်။

“အခု အားလုံး သိကြတဲ့အတိုင်းပဲ ကျမတို့ မြန်မာနိုင်ငံမှာဆိုရင် သတင်းလွတ်လပ်ခွင့်က လုံးဝကို ပျောက်ဆုံးသွားတဲ့ အခြေအနေ ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းထောက်၊ အမျိုးသား အမျိုးသမီး သတင်းထောက်တွေ အကုန်လုံး နီးပါး ဟာလည်း အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ အချိန်ကာလဖြစ်တယ်။ ဒါပေမဲ့လည်း ကျမတို့ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းထောက်တွေကလည်း သူတို့ယုံကြည်မှုကို မစွန့်လွှတ်ဘဲနဲ့ အခုချိန်ထိ ပြည်သူတွေဆီကို သတင်းတွေ တင်ဆက်နေတာရှိတယ်။ ဒီလိုအချိန်မျိုးမှာ ဒီလိုနိုဘဲလ်ငြိမ်းချမ်းရေးဆုကို သတင်းထောက်တွေကို ပေးလိုက်တယ်ဆိုတဲ့ သတင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းထောက်တွေကို အများကြီး တွန်းအားဖြစ်စေတယ်ပေါ့နော်။ ကျမတို့အလုပ်တွေကို ပိုမိုပြီး လုပ်ဖို့ ကျမတို့ကို ယုံကြည်ချက်တွေ ပေးလိုက်သလိုပါပဲ။ အမှန်တကယ်က မြန်မာနိုင်ငံရဲ့ အခြေအနေမှာဆိုရင် သတင်းထောက်တွေ ရပ်တည်ဖို့ တအားခက်ခဲနေတယ်။ အသက်အန္တရာယ်နဲ့ ခြိမ်းခြောက် ခံနေရတယ်။ ဒါပေမဲ့လည်း ဒီလိုမျိုး နိုင်ငံတကာမှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို သတင်းထောက်တွေကို ပေးအပ်လိုက်တာဟာ လူ့အခွင့်အရေး၊ သတင်းလွတ်လပ်ခွင့်နဲ့ Professional Journalism ကို လေးစားလိုက်နာဖို့၊ ဆက်လက်လုပ်ဆောင်ဖို့ ကျမတို့ကို တွန်းအားပေးလိုက်တယ်လို့ ကျမတို့ ခံစားရတယ်ပေါ့နော်။ နောက်ပြီးတော့ အခုလို အမျိုးသမီးသတင်းထောက်၊ သတင်းလောကထဲမှာ ဦးဆောင်သူတယောက် အနေနဲ့ ဒီလို နိုဘဲလ်ဆု ရလိုက်တာဟာ ကျမတို့သတင်းထောက်တွေအတွက် ပိုပြီးတော့ ဂုဏ်ယူစရာဖြစ်ပါတယ်။”

Maria Ressa ဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့ ပထမဆုံး ဖိလစ်ပိုင် အမျိုးသမီး ဖြစ်သလို၊ ဒီနှစ်အတွက် နိုဘဲလ်ဆု ချီးမြှင့်ခံရသူတွေထဲမှာ တဦးတည်းသော အမျိုးသမီး ဖြစ်ပါတယ်။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အများသိစေဖို့ ထုတ်ဖော် ပြောဆိုသူ၊ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ အတွက် ခြိမ်းခြောက်မှုတွေကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်သူအဖြစ် ထင်ရှားတဲ့ Maria Ressa ဟာ အရင်ကလည်း သတင်းမီဒီယာနဲ့ပတ်သက်ပြီး ချီးမြှင့်တဲ့ နိုင်ငံတကာက ဂုဏ်ပြုဆုများစွာ ရခဲ့ဖူးပါတယ်။

ဒါ့အပြင် ကမ္ဘာကျော် Times မဂ္ဂဇင်းကြီးရဲ့ ၂၀၁၈ ခုနှစ်ရဲ့ အထူးရှားဆုံး ပုဂ္ဂိုလ် Person of the Year အဖြစ် ဂုဏ်ပြုဖော်ပြခံရသလို၊ ၂၀၁၉ ခုနှစ်မှာလည်း ကမ္ဘာ့ သြဇာ သက်ရောက်မှု အရှိဆုံး လူ ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။ အခုတခါ နိုဘဲလ်ငြိမ်းချမ်းရေးဆု ကိုပါ ချီးမြှင့်ခံရတဲ့အတွက် အခက်အခဲတွေကြား သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသူတွေ၊ အမျိုးသမီးတွေ၊ သတင်းသမားတွေ အတွက်တော့ Maria Ressa ဟာ ခွန်အားတွေ အများကြီး ဖြစ်စေခဲ့တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။
XS
SM
MD
LG