သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္းမႈေနာက္ပိုင္း နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပးရတဲ့ ျမန္မာအမ်ိဳးသမီး ဒုကၡသည္မ်ား


ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္း အိုးအိမ္စြန႔္ခြာ ထြက္ေျပးရတဲ့ ဒုကၡသည္ ၅ သိန္းေက်ာ္ ရွိတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။ အမ်ားစုက ျပည္တြင္းမွာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရသူေတြ ျဖစ္ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြကို နယ္စပ္ျဖတ္ေက်ာ္ လာသူေတြလည္း ေသာင္းနဲ႔ခ်ီ ရွိပါတယ္။

[Zawgyi/Unicode]

အာဏာသိမ္းမႈေနာက္ပိုင္း နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပးခဲ့ရတဲ့ ျမန္မာအမ်ိဳးသမီး ဒုကၡသည္မ်ား (အမ်ိဳးသမီးက႑)

ျမန္မာႏိုင္ငံမွာ စစ္တပ္ အာဏာသိမ္းမႈ ေနာက္ပိုင္း ဖမ္းဆီး ႏွိပ္စက္ သတ္ျဖတ္မႈေတြနဲ႔ အသက္ အႏၲရာယ္စိုးရိမ္ရတဲ့ အေျခအေနေတြေၾကာင့္ တိုင္းျပည္ကေန ထြက္ခြာခဲ့ၾကရေပမဲ့၊ ေနရပ္ျပန္ခြင့္ရဖို႔ ေမ ွ်ာ္လင့္ခ်က္ အျပည့္နဲ႔ ရပ္တည္ေနထိုင္ေနတယ္လို႔ ဒုကၡသည္ အမ်ိဳးသမီး အမ်ားအျပားက ေျပာပါတယ္။ ဒုကၡသည္ဘဝနဲ႔ အခက္အခဲ အမ်ိဳးမ်ိဳး ႀကဳံရေပမဲ့၊ စိတ္ဓာတ္မက်ဘဲ တိုင္းျပည္ ၿငိမ္းခ်မ္းေရး နဲ႔ ဒီမိုကေရစီ ျပန္လည္ ရရွိေရးအတြက္ တဘက္တလမ္းကေန ပံ့ပိုးပါ၀င္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔လည္း ေျပာဆိုၾကပါတယ္။ ဒီလို ဒုကၡသည္ အမ်ိဳးသမီးေတြ ႀကဳံေတြ႕ရတဲ့ အခက္အခဲ စိန္ေခၚမႈေတြနဲ႔ ဘယ္လို ႀကံ့ႀကံ့ခံ ေက်ာ္လႊား ရပ္တည္ေနၾကသလဲ ဆိုတာေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးရတဲ့ ဒုကၡသည္ ၅ သိန္းေက်ာ္ ရွိတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။ အမ်ားစုက ျပည္တြင္းမွာပဲ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရသူေတြ ျဖစ္ၿပီး နယ္စပ္ ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြကို ေရာက္လာသူေတြလည္း ေသာင္းဂဏန္းနဲ႔ခ်ီ ရွိပါတယ္။ အိမ္နီးခ်င္း ထိုင္းႏိုင္ငံ နယ္စပ္ ေဒသေတြကို ထြက္ေျပး တိမ္းေရွာင္ၾကသူေတြ အမ်ားစုျဖစ္သလို ဒီအထဲမွာ CDM မီးရထားဝန္ထမ္း မဆုလည္း ပါ ပါတယ္။

“ရန္ကုန္မွာ CDM ေတြ စလုပ္ေတာ့မယ္ဆိုေတာ့ မီးရထားဝန္ထမ္းေတြ အားလုံးစု လုပ္ၾကတယ္။ ေျမျပင္သပိတ္ေတြ ေတာက္ေလ ွ်ာက္ လႈပ္ရွားခဲ့တယ္။ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလမွာေတာ့ အဖြဲ႕ေတြ အကုန္လံုး အဖမ္းခံရတယ္။ အဖမ္းခံရေတာ့ ျမ၀တီမွာ ေၾကညာတယ္။ သတင္းေတြမွာ နာမည္နဲ႔ထည့္ ေၾကညာေတာ့ အဲ့ဒါနဲ႔ ကရင္ျပည္နယ္ထဲကို ထြက္ေျပးလာၿပီး ေန ေနရင္းနဲ႔ ရက္ ၄၀ ေလာက္ ၾကာလာေတာ့ ကရင္ျပည္နယ္မွာ တိုက္ပြဲျဖစ္တယ္။ ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာ တိုက္ပြဲ စျဖစ္တယ္။ ျဖစ္ေတာ့ အဲ့ကေန ေရွာင္ရတာေပါ့ေနာ္။ ေရွာင္းရင္းနဲ႔ပဲ ေသာင္ရင္းျမစ္ေဘးမွာရွိတဲ့ ႏြားျခံထဲကို ျမစ္ကိုကူးၿပီးေတာ့ လာခဲ့ရတယ္။ အခက္အခဲေတြ ကေတာ့ အမ်ားႀကီးပဲ။ ႏြားၿခံထဲမွာလည္း ရက္ေတြ အမ်ားႀကီး ေနခဲ့ရတယ္။ ေျမႀကီးေပၚမွာပဲ အိပ္ခဲ့ရတယ္။ စစ္က အရမ္းျဖစ္တဲ့အခါက်ေတာ့ လက္နက္ႀကီးေတြ၊ က်ည္ဆံေတြၾကားထဲမွာပဲ ဒီလိုပဲ ေျပးလႊားေနခဲ့ရ တာေပါ့။”

ျမန္မာျပည္တြင္းမွာ ဘယ္လိုမွ ဆက္ေနလို႔ မေရတာ့တဲ့ အေျခအေနေရာက္မွသာ ထိုင္းႏိုင္ငံဘက္ျခမ္းကို ထြက္ေျပးခဲ့တာျဖစ္ၿပီး အသက္လု ေျပးခဲ့ရတာလို႔လည္း မဆု က ေျပာျပပါတယ္။

“အသက္မေသလို႔ ကံေကာင္းပဲ။ ေသာင္ရင္းျမစ္ကို ေရတက္တဲ့အခ်ိန္ ကူးခဲ့ရတဲ့အခ်ိန္မွာ လူေတြကလည္း အရမ္းမ်ားတယ္။ ႀကိဳးေလးတေခ်ာင္းကိုပဲ အားျပဳၿပီးေတာ့ ကူးခဲ့ရတဲ့ အခ်ိန္ဆိုေတာ့ေလ။ အဲ့ဒီအခ်ိန္မွာ ကေလးကလည္း ၂ ေယာက္ဆိုေတာ့ သူတို႔ကလည္း တခါမွ အေတြ႔အႀကဳံမ႐ွိဘူး။ ဒီ ေသနတ္သံေတြ ၾကားရင္ သူတို႔က အရမ္းေၾကာက္ေနၿပီ။ ေယာက်္ားေလးေတြ ဆိုေပမဲ့လည္း အရမ္းေၾကာက္တယ္။ အငယ္ေလးက ငိုတာေပါ့ေနာ္။ အဲ့ဒီမွာ သားအမိႏွစ္ေယာက္ ေမ်ာသြားတာ။ အေဖကလည္း အႀကီးေကာင္ကိုပဲ ကိုင္ထားတာဆိုေတာ့ သားအမိႏွစ္ေယာက္လုံး ေမ်ာသြားတာ။ အဲ့ဒီမြာ PDF ကေလးေလးေတြက က်မတို႔ သားအမိကို ကယ္လို႔ မေသတာ။ အဲ့ဒီလို အခက္အခဲေတြ အမ်ားႀကီးပဲ ရွိခဲ့တယ္။ ေတာ္ေတာ္ အေျခအေန ဆိုးခဲ့တယ္။ လက္နက္ႀကီး အိမ္ေဘးနား က်တာေတြေရာ။ ႏွလုံးေတြ ပြင့္ထြက္မတတ္ေတာင္ ခံစားရတယ္။ အသံႀကီး အရမ္းျပင္းေတာ့ေလ။ အိမ္ႀကီးေတြပါလႈပ္။ အဲ့ဒီလိုမ်ိဳးေတြ ျဖစ္ခဲ့တယ္။”

နယ္စပ္တဘက္ ထိုင္းႏိုင္ငံကို ေရာက္ၿပီးခ်ိန္မွာေတာ့ အသက္အႏၲရာယ္ အတြက္ မစိုးရိမ္ရေတာ့ေပမဲ့လည္း အခက္အခဲေတြကေတာ့ ရွိေနဆဲပါ။ မဆု လိုပဲ ျမန္မာႏိုင္ငံတြင္း အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့ၿပီး ျမန္မာစစ္တပ္ရဲ႕ ႏွိမ္နင္းမႈေတြေၾကာင့္ ျပည္တြင္းမွာပဲ လေတြနဲ႔ခ်ီ ေျပးလႊားေနခဲ့ရၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းကမွ ထိုင္းနယ္စပ္ မဲေဆာက္ၿမိဳ႕ကို ေရာက္လာခဲ့ဲ့တဲ့ တက္ႂကြလႈပ္ရွားသူ လူငယ္အမ်ိဳးသမီး မသစၥာက သူတို႔ႀကဳံရတဲ့ အခက္အခဲတခ်ိဳ႕ကို ခုလို ေျပာျပပါတယ္။

“က်မတို႔ ျမန္မာဘက္ျခမ္းထက္ စာလို႔ရွိရင္ေတာ့ လုံၿခဳံတဲ့ အေနအထားေတာ့ ရွိတယ္။ ဒါေပမဲ့ တခုကက္ေတာ့ ဒီမွာက တရားမဝင္ လာေနရတဲ့သူေတြ ျဖစ္တဲ့အခါက်ေတာ့ ထိုင္းရဲနဲ႔ ထိုင္းေထာက္လွမ္းေရးေတြရဲ႕ ေစာင့္ၾကည့္မႈေတြလည္း ရွိတယ္။အဓိက ေကတာ့ က်မတို႔မွာ တရားမ၀င္ဘူး ဆိုတာမ်ိဳး ျဖစ္တဲ့အခါက်ေတာ့ ထိုင္းရဲဖမ္းမွာေတာ့ ေၾကာက္ရတာေပါ့ေနာ္။ အသက္အႏၲရာယ္ေတာ့ မစိုးရိမ္ရဘူးေပါ့။ က်မတို႔ စစ္ေဘးေရွာင္ေတြ ဒီမွာေျပာၾကတာရွိတယ္။ ဘယ္လိုပဲ ထိုင္းရဲ႕ အဖမ္းခံရတယ္ ဆိုသည့္တိုင္ေအာင္ ရန္ကုန္မွာလိုမ်ိဳး စကစ ကဖမ္းမိသြားလို႔ သတ္တာမ်ိဳးေတြ၊ စစ္ေၾကာေရးမွာ ႏွိပ္စက္တာမ်ိဳးေတြေတာ့ မျဖစ္ေတာ့ဘူးေပါ့ေနာ္။ အဆိုးဆံုး ထိုင္းအခ်ဳပ္ ေရာက္မယ္ ဒီေလာက္ပါပဲ။”

သူ႔အတြက္ကေတာ့ ဒီလို အခက္အခဲေတြထက္ ျမန္မာျပည္ကို ေတာ္ေတာ္နဲ႔ ျပန္ခြင့္မရမွာကို ပိုၿပီး စိုးရိမ္တယ္လို႔လည္း မသစၥာက ေျပာပါတယ္

“ညီမ အေနနဲ႔ေျပာရမယ္ဆိုရင္ေတာ့ အဲ့ဒီဟာေတြထက္ စာရင္ ပိုၿပီး စိုးရိမ္တာက ညီမတို႔ ဒီမဲေဆာက္မွာ အၾကာႀကီး ျဖစ္သြားမွာ စိုးရိမ္တယ္။ ေတာ္လွန္ေရးကို ဆက္ၿပီး လုပ္ခ်င္ေသးတာမို႔ ျပည္တြင္းျပန္ၿပီး တနည္းတဖုံ လႈပ္ရွားမႈေတြ မလုပ္ရမွာကိုေတာ့ စိုးရိမ္ခ်က္ ရွိတယ္။ ျပည္တြင္းကို ျပန္ဖို႔ၾကေတာ့လည္း အခက္အခဲက ဘာ႐ွိလဲ ဆိုေတာ့ ညီမတို႔ လုံၿခဳံေရးက ဒီဘက္ ျပန္ဝင္လာတယ္ဆိုရင္ အမ်ားႀကီး အသက္အႏၲရာယ္က ၅၀ % ေလာက္ စြန႔္ၿပီးမွျပန္ဝင္ရမယ့္ အေနအထားမ်ိဳး ျဖစ္ပါတယ္။ ဆိုေတာ့ ပိုၿပီး စိုးရိမ္တာ ကေတာ့ ေတာ္လွန္ေရး ဆက္ၿပီး လုပ္လို႔မရမွာ။ ကိုယ့္ျပည္တြင္းက ရဲေဘာ္ေတြအတြက္ ဒီဘက္ကို ေရာက္လာတဲ့သူေတြ မ်ားေနတာေၾကာင့္ အားေလ်ာ့သြားမွာကို စိုးရိမ္တာကေတာ့ ပိုၿပီးရွိပါတယ္။”

ဒုကၡသည္ ဆိုတဲ့အတိုင္း ဒုကၡေတြ ရွိေနမွာ မွန္ေပမဲ့ စိတ္ဓာတ္ ခြန္အား မက်ေအာင္ ႀကိဳးစားရတယ္လို႔လည္း သူက ေျပာပါတယ္။ ျပည္တြင္းမွာပဲ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ အသက္လုၿပီး အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရသူေတြထက္ စာရင္ သူတို႔အေျခအေနက အမ်ားႀကီး ေကာင္းေနေသးတာကို နားလည္ၿပီး လူထုတိုက္ပြဲ ေအာင္ျမင္တဲ့အထိ တတ္ႏိုင္တဲ့ဘက္ကေန ဆက္ၿပီး ပံ့ပိုး ပါဝင္သြားမယ္လို႔လည္း မသစၥာက ေျပာပါတယ္။

“ဒုကၡသည္ ျဖစ္ေနရတာကေတာ့ ဒါ ျငင္းလို႔မရတဲ့ အခါမွာ လတ္တေလာ စိတ္ခံစားခ်က္ကေတာ့ မိသားစုကို လြမ္းတာေပါ့ေနာ္။ မိဘနဲ႔ေနရတဲ့ လူငယ္ေတြ ဖျစ္တဲ့အခါက်ေတာ့ အဓိက မိဘကိုလြမ္းတယ္။ ဒါေပမဲ့လည္း ဘာကိုအားယူၿပီး ေရွ႕ဆက္ရလဲဆိုရင္ ကိုယ့္လိုပဲ ကိုယ့္ထက္ငယ္တဲ့ တျခားလူငယ္ေတြ ရွိေသးတယ္။ ခုမွ ၁၅၊ ၁၆၊ ၁၇ အ႐ြယ္ လူငယ္ေတြ။ အကသ ရဲေဘာ္ေတြ ရွိတယ္။ သူတို႔ဆိုရင္ ေတာထဲေတာင္ထဲမွာ ေနရတာေတြ ရွိတယ္။ မိသားစုနဲ႔ အေဝးႀကီး ေနရသူေတြ ရွိတယ္ ဆိုတဲ့အခါက္ေတာ့ ဒီ လူထုေတာ္လွန္ေရးမွာ ပါေနၾကတဲ့ လူငယ္အခ်င္းခ်င္းကို ႏႈိင္းယွဥ္တာေပါ့ေနာ္။ သူတို႔ေတာင္မွ ဒီလိုမ်ိဳး ဆက္ၿပီး ပါဝင္ေနၾကတာ။ ငါတို႔က အနည္းဆုံးေတာ့ ဒီ မဲေဆာက္မွာ ေရာက္ေနတယ္။ လုံၿခဳံတဲ့ ေနရာေလာက္ေတာ့ ရွိေနတယ္။ ဆိုေတာ့ အဲ့ဒီအတြက္ အကုန္လံုး ညီညီညာညာနဲ႔ ေ႐ွ႕ဆက္ရမယ္ ဆိုတဲ့ဟာမ်ိဳးေပါ့ေနာ္။ ငါတို႔ ဒီဘက္မွာ ဒုကၡသည္အျဖစ္ နဲ႔ ေရာက္ေနလည္း ရႏိုင္တဲ့ဘက္ကေန ပံ့ပိုးသြားၾကမယ္။ အဲ့ဒီအေတြးမ်ိဳးနဲ႔ ေရွ႕ဆက္လို႔ ရတယ္ေပါ့ေနာ္။”

CDM လႈပ္ရွားမႈမွာ ပါဝင္တဲ့ မီးရထားဝန္ထမ္း မဆု ကလည္း လက္ရွိ ထိုင္းႏိုင္ငံမွာ အခက္အခဲရွိတယ္ ဆိုေပမဲ့ ျမန္မာျပည္ ျပန္လို႔မရေသးတဲ့ အေျခအေနမွာေတာ့ ထိုင္းမွာပဲ ဆက္ေနၿပီး တတ္ႏိုင္တဲ့ လႈပ္ရွားမႈေတြမွာ ပါဝင္သြားမယ္လို႔ ေျပာပါတယ္။

“နဂိုမူရင္းစြဲ ဆႏၵအရကေတာ့ ကိုယ့္ျမန္မာျပည္ပဲ ကိုယ္ေပ်ာ္တာေပါ့ေနာ္။ ဒါေပမဲ့လည္း ဝင္လို႔မရတဲ့ အေျခအေနနဲ႔ ဆိုေတာ့ အခုလက္ရွိ ဒီႏိုင္ငံမွာပဲ ေနၿပီးေတာ့ ေတာ္လွန္ေရးအတြက္ ဘာေတြထပ္ၿပီး လုပ္ရမလဲေပါ့။ အဲ့ဒီလိုပဲ စဥ္းစားေနပါတယ္ရွင့္။ အရင္လည္း ေျမျပင္သပိတ္ေတြ လႈပ္ရွားဖို႔အတြက္ ရန္ကုန္ကလူေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ လုပ္ေနတာဆိုေတာ့ တျခားႏိုင္ငံကို တကယ္လို႔ သြားခဲ့လို႔ရွိရင္ ဆက္လုပ္ႏိုင္ပါ့မလား။ အဲ့ဒါလည္း ေတြးေသးတယ္။ ကေလး ႏွစ္ေယာက္ကလည္း ရွိေတာ့ သူတို႔ပညာေရးကိုလည္း ေတြးတယ္။ လက္ရွိ ဒီမွာလည္း ကေလးႏွစ္ေယာက္ကို ေက်ာင္းထား ထားတယ္ ဆိုေတာ့ သြားရင္ ဒီ့ထက္ပိုေကာင္းမလားလို႔ေတာ့ ေတြးမိၾကည့္တယ္။ တတိယႏိုင္ငံကို သြားရင္ေပါ့ေနာ္။ ဒါေပမဲ့လည္း ေတာ္လွန္ေရးအတြက္ေရာ သားသမီးအတြက္ေရာနဲ႔ပဲ ဒီမွာပဲ ဆက္ေနဖို႔ပဲ ဆုံးျဖတ္ထားပါတယ္။ အိမ္ျပန္ရမယ္ဆိုရင္ေတာ့ အရမ္းျပန္ခ်င္ပါတယ္ရွင့္။”

အခက္အခဲေတြကေတာ့ ဘယ္ေနရာ၊ ဘယ္ေဒသမွာပဲျဖစ္ျဖစ္ လူတေယာက္ခ်င္းစီရဲ႕ အေျခအေနေပၚ မူတည္ၿပီး ႀကဳံၾကရတာပါပဲ။ မသစၥာနဲ႔ မဆု တို႔လို နယ္စပ္ေဒသေတြမွာ ေရာက္ေနတဲ့သူေတြအတြက္ အခက္အခဲေတြ ရွိသလို၊ အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ တတိယႏိုင္ငံေတြကို ထြက္လာခဲ့ျပီးမွ ေနရာသစ္မွာ အခက္အခဲ ႀကဳံရသူေတြလည္း အမ်ားအျပား ရွိပါတယ္။ အာဏာသိမ္းမႈေနာက္ပိုင္း ထိုင္း-ျမန္မာ နယ္စပ္ ကတဆင့္ အေမရိကန္ ျပည္ေထာင္စုကို ေရာက္လာတဲ့ မေမဘယ္ထူးက သူ႔အေတြ႕အႀကဳံကို ခုလို ေျပာျပပါတယ္။

“တကယ့္တကယ္ ကိုယ္ေတြက ဒီကိုလာဖို႔လည္း အစီအစဥ္မရွိဘူး။ ျမန္မာျပည္ထဲကေန အဖမ္းမခံရေအာင္၊ အသတ္မခံရေအာင္သာ နယ္စပ္ကို ေ႐ႊ႕လာတယ္။ နယ္စပ္ မဲေဆာက္ကို ေရာက္လာတယ္။ အဲ့ဒီမွာ ေနလို႔အဆင္မေျပလို႔ လုံၿခဳံေရးအတြက္ အခက္အခဲ ျဖစ္လို႔ လူ႔အခြင့္အေရး အဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ေလ ွ်ာက္လႊာတင္ခဲ့တယ္။ အဲ့လိုတင္ၿပီးေတာ့မွ humanitarian parole visa ေပးတယ္ေပါ့ေနာ္။ အဲ့ဒီအစီအစဥ္နဲ႔ ေရာက္လာခဲ့တာေပါ့။ သူက emergency (အေရးေပၚ) သေဘာမ်ိဳးနဲ႔ နယ္စပ္မွာ အထဲမွာရွိတဲ့ တကယ္ လုံၿခဳံေရး စိုးရိမ္ေနရတဲ့သူေတြကို ေပးတဲ့ ဗီဇာမ်ိဳးေပါ့ေနာ္။ အေရးေပၚ ေခၚေပးတဲ့ဟာမ်ိဳးပါ။ ေမဘယ္တို႔က လုံၿခဳံေရးအရ စိုးရိမ္လို႔ ေလ ွ်ာက္သာ ေလ ွ်ာက္လိုက္တာ။ ဒါေပမဲ့ ဘာ information မွကို မရတာ။ ေလ ွ်ာက္တဲ့အခ်ိန္တုန္းကလည္း ဘယ္ေလာက္ ၾကာမလဲ ဆိုတာလဲ မသိဘူး။ ဘယ္အခ်ိန္သြားရမယ္ဆိုတာလဲ မသိဘူး။ ေလ ွ်ာက္ၿပီးသြားရင္ ဘယ္လိုျဖစ္မလဲ ဆိုတာလည္း ဘာမွမသိဘူး။ က်မတို႔က မထြက္ခင္ ရက္အထိကို ဘယ္ရက္ထြက္ရမယ္ မသိခဲ့ရဘူး။ သူက ထြက္ဆို ထြက္လိုက္။ လာေခၚတဲ့အခါ လိုက္သြားရတယ္။ ကိုယ္က အဲ့ေလာက္ပဲသိတယ္။ information ဘာမွမရဘူး။”

လုံၿခဳံေရးအရ အေရးေပၚ အေျခအေနတခုေအာက္မွာ လူသားခ်င္း စာနာကူညီတဲ့အေနနဲ႔ ထုတ္ေပးတဲ့ ဒီဗီဇာက တတိယႏိုင္ငံတခုမွာ လာေရာက္အေျခခ်တဲ့ ဒုကၡသည္ခိုလံု ေနထိုင္ခြင့္ အစီအစဥ္နဲ႔ေတာ့ မတူပါဘူး။ ယာယီ ေ႐ႊ႕ေျပာင္းေနထိုင္တဲ့သေဘာသာ ျဖစ္တာမို႔ အၿမဲတမ္း ေနထိုင္ခြင့္နဲ႔ တရားဝင္ အလုပ္လုပ္ခြင့္ မရတာေၾကာင့္ ဒီဗီဇာနဲ႔လာတဲ့ ဒုကၡသည္ေတြ အတြက္ေတာ့ ႏိုင္ငံသစ္မွာ အခက္အခဲက ပိုမ်ားတတ္ပါတယ္။ ဒါေပမဲ့ စစ္အာဏာရွင္လက္ေအာက္ ျပည္တြင္းမွာ ေနထိုင္ေနၾကရတဲ့ သူေတြထက္ေတာ့ အမ်ားႀကီး ပိုေကာင္းတဲ့ အေျခအေနပါလို႔ မေမဘယ္ထူးက ေျပာပါတယ္။

“ေမဘယ္တို႔ ကေတာ့ အခု ဒီမွာေရာက္တယ္။ သူတို႔နဲ႔ယွဥ္ရင္ အခက္အခဲ ျပႆနာ အဲ့ဒီေလာက္ မရွိဘူးေပါ့ေနာ္။ ဒီမွာဆိုရင္ အဖမ္းခံရမွာ မေၾကာက္ရဘူး။ အသက္ခံရမွာ မေၾကာက္ရဘူး။ ဟိုမွာက်ေတာ့ ေန႔စဥ္ရက္ဆက္ က်မတို႔ေတြက ရင္ေတြပူေနရတယ္။ ဘယ္အခ်ိန္လာဖမ္းမလဲ။ ဘယ္အခ်ိန္ သတ္မလဲ။ ဘယ္အခ်ိန္ ဗုံးက်ဲသြားမလဲဆိုတဲ့ စိတ္ေတြ အၿမဲတမ္း ျဖစ္ေနတယ္။ ဒါေပမဲ့လည္းပဲ က်မတို႔က ဒီတိုက္ပြဲကို ေအာင္မွရမယ္။ ဒီေႏြဦးေတာ္လွန္ေရးကို က်မတို႔စခဲ့တာ က်မတို႔ ေအာင္မယ္ ေအာင္ရမယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ စခဲ့တာ။ ဆိုေတာ့ ဒီေအပၚမွာ က်မတို႔ အခက္အခဲေတြရွိတယ္။ ဘယ္ေနရာ ဘယ္ေဒသ ေရာက္ေရာက္လည္း ရွိေနဦးမွာပဲ။ ဒါေပမဲ့လည္း က်မတို႔ ဒါကို စိတ္အားငယ္ စိတ္ပ်က္ၿပီးေတာ့ ဒါကို ေက်ာခိုင္းသြားၿပီးေတာ့မွ လက္ေလ ွ်ာ့လိုက္လို႔ မရဘူးေပါ့ေနာ္။ က်မတို႔ရဲ႕ ေနာက္မ်ိဳးဆက္ေတြ အတြက္၊ ႏုိင္ငံ တႏိုင္ငံလုံး အတြက္ က်မတို႔ ဆက္ၿပီး တိုက္ပြဲဝင္ရဦးမယ္လို႔ ျမင္တယ္။ ဒီအခ်ိန္မွာ တတ္ႏိုင္တဲ့ဘက္ကေနၿပီးေတာ့ အေယာက္စီတိုင္း ပါဝင္ဖို႔ လိုတယ္။ ကိုယ္အသက္ရွင္ေနေသးတယ္ ဆိုတာက ကိုယ့္မွာ တာဝန္ေတြ ရွိေနေသးတယ္ေပါ့ေနာ္။ ကိုယ္ လုပ္ႏုိင္တဲ့အပိုင္း ႐ွိဦးမွာပဲ။ ကိုယ္ လုပ္လို႔ရတာ လုပ္ရမယ္ဆိုတဲ့စိတ္ကို ေမြးရတာေပါ့။”

အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ တိုင္းျပည္က ထြက္ခဲ့ရေပမဲ့ ဘယ္ေနရာ ဘယ္ေဒသမွာပဲ ေရာက္ေနေန အားလုံးကေတာ့ ကိုယ့္အိမ္ကိုယ္ ျပန္ခ်င္ၾကသူေတြပါ။ ဒီလို ျပန္ႏိုင္ဖို႔ အတြက္မွာေတာ့ ျမန္မာႏိုင္ငံတြင္း လက္ရွိႀကဳံေနရတဲ့ အၾကမ္းဖက္ ဖိႏွိပ္မႈေတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြ အျမန္ဆံုး အဆုံးသတ္ဖို႔ လိုအပ္သလို၊ လူသားတိုင္းအတြက္ ၿငိမ္းခ်မ္းေရးနဲ႔ တန္းတူ အေျခခံ လူ႔အခြင့္အေရးေတြ ႐ရွိမွာသာ ျဖစ္ႏိုင္လိမ့္မယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

============================================================

[Unicode]

အာဏာသိမ်းမှုနောက်ပိုင်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ မြန်မာအမျိုးသမီး ဒုက္ခသည်များ (အမျိုးသမီးကဏ္ဍ)

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေနဲ့ အသက် အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် တိုင်းပြည်ကနေ ထွက်ခွာခဲ့ကြရပေမဲ့၊ နေရပ်ပြန်ခွင့်ရဖို့ မေ ျှာ်လင့်ချက် အပြည့်နဲ့ ရပ်တည်နေထိုင်နေတယ်လို့ ဒုက္ခသည် အမျိုးသမီး အများအပြားက ပြောပါတယ်။ ဒုက္ခသည်ဘဝနဲ့ အခက်အခဲ အမျိုးမျိုး ကြုံရပေမဲ့၊ စိတ်ဓာတ်မကျဘဲ တိုင်းပြည် ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ ပြန်လည် ရရှိရေးအတွက် တဘက်တလမ်းကနေ ပံ့ပိုးပါဝင်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောဆိုကြပါတယ်။ ဒီလို ဒုက္ခသည် အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ဘယ်လို ကြံ့ကြံ့ခံ ကျော်လွှား ရပ်တည်နေကြသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၅ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အများစုက ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေ ဖြစ်ပြီး နယ်စပ် ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ရောက်လာသူတွေလည်း သောင်းဂဏန်းနဲ့ချီ ရှိပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံ နယ်စပ် ဒေသတွေကို ထွက်ပြေး တိမ်းရှောင်ကြသူတွေ အများစုဖြစ်သလို ဒီအထဲမှာ CDM မီးရထားဝန်ထမ်း မဆုလည်း ပါ ပါတယ်။

“ရန်ကုန်မှာ CDM တွေ စလုပ်တော့မယ်ဆိုတော့ မီးရထားဝန်ထမ်းတွေ အားလုံးစု လုပ်ကြတယ်။ မြေပြင်သပိတ်တွေ တောက်လေ ျှာက် လှုပ်ရှားခဲ့တယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာတော့ အဖွဲ့တွေ အကုန်လုံး အဖမ်းခံရတယ်။ အဖမ်းခံရတော့ မြဝတီမှာ ကြေညာတယ်။ သတင်းတွေမှာ နာမည်နဲ့ထည့် ကြေညာတော့ အဲ့ဒါနဲ့ ကရင်ပြည်နယ်ထဲကို ထွက်ပြေးလာပြီး နေ နေရင်းနဲ့ ရက် ၄၀ လောက် ကြာလာတော့ ကရင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ တိုက်ပွဲ စဖြစ်တယ်။ ဖြစ်တော့ အဲ့ကနေ ရှောင်ရတာပေါ့နော်။ ရှောင်းရင်းနဲ့ပဲ သောင်ရင်းမြစ်ဘေးမှာရှိတဲ့ နွားခြံထဲကို မြစ်ကိုကူးပြီးတော့ လာခဲ့ရတယ်။ အခက်အခဲတွေ ကတော့ အများကြီးပဲ။ နွားခြံထဲမှာလည်း ရက်တွေ အများကြီး နေခဲ့ရတယ်။ မြေကြီးပေါ်မှာပဲ အိပ်ခဲ့ရတယ်။ စစ်က အရမ်းဖြစ်တဲ့အခါကျတော့ လက်နက်ကြီးတွေ၊ ကျည်ဆံတွေကြားထဲမှာပဲ ဒီလိုပဲ ပြေးလွှားနေခဲ့ရ တာပေါ့။”

မြန်မာပြည်တွင်းမှာ ဘယ်လိုမှ ဆက်နေလို့ မရေတာ့တဲ့ အခြေအနေရောက်မှသာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့တာဖြစ်ပြီး အသက်လု ပြေးခဲ့ရတာလို့လည်း မဆု က ပြောပြပါတယ်။

“အသက်မသေလို့ ကံကောင်းပဲ။ သောင်ရင်းမြစ်ကို ရေတက်တဲ့အချိန် ကူးခဲ့ရတဲ့အချိန်မှာ လူတွေကလည်း အရမ်းများတယ်။ ကြိုးလေးတချောင်းကိုပဲ အားပြုပြီးတော့ ကူးခဲ့ရတဲ့ အချိန်ဆိုတော့လေ။ အဲ့ဒီအချိန်မှာ ကလေးကလည်း ၂ ယောက်ဆိုတော့ သူတို့ကလည်း တခါမှ အတွေ့အကြုံမရှိဘူး။ ဒီ သေနတ်သံတွေ ကြားရင် သူတို့က အရမ်းကြောက်နေပြီ။ ယောကျ်ားလေးတွေ ဆိုပေမဲ့လည်း အရမ်းကြောက်တယ်။ အငယ်လေးက ငိုတာပေါ့နော်။ အဲ့ဒီမှာ သားအမိနှစ်ယောက် မျောသွားတာ။ အဖေကလည်း အကြီးကောင်ကိုပဲ ကိုင်ထားတာဆိုတော့ သားအမိနှစ်ယောက်လုံး မျောသွားတာ။ အဲ့ဒီမွာ PDF ကလေးလေးတွေက ကျမတို့ သားအမိကို ကယ်လို့ မသေတာ။ အဲ့ဒီလို အခက်အခဲတွေ အများကြီးပဲ ရှိခဲ့တယ်။ တော်တော် အခြေအနေ ဆိုးခဲ့တယ်။ လက်နက်ကြီး အိမ်ဘေးနား ကျတာတွေရော။ နှလုံးတွေ ပွင့်ထွက်မတတ်တောင် ခံစားရတယ်။ အသံကြီး အရမ်းပြင်းတော့လေ။ အိမ်ကြီးတွေပါလှုပ်။ အဲ့ဒီလိုမျိုးတွေ ဖြစ်ခဲ့တယ်။”

နယ်စပ်တဘက် ထိုင်းနိုင်ငံကို ရောက်ပြီးချိန်မှာတော့ အသက်အန္တရာယ် အတွက် မစိုးရိမ်ရတော့ပေမဲ့လည်း အခက်အခဲတွေကတော့ ရှိနေဆဲပါ။ မဆု လိုပဲ မြန်မာနိုင်ငံတွင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး မြန်မာစစ်တပ်ရဲ့ နှိမ်နင်းမှုတွေကြောင့် ပြည်တွင်းမှာပဲ လတွေနဲ့ချီ ပြေးလွှားနေခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကမှ ထိုင်းနယ်စပ် မဲဆောက်မြို့ကို ရောက်လာခဲ့ဲ့တဲ့ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီး မသစ္စာက သူတို့ကြုံရတဲ့ အခက်အခဲတချို့ကို ခုလို ပြောပြပါတယ်။

“ကျမတို့ မြန်မာဘက်ခြမ်းထက် စာလို့ရှိရင်တော့ လုံခြုံတဲ့ အနေအထားတော့ ရှိတယ်။ ဒါပေမဲ့ တခုကက်တော့ ဒီမှာက တရားမဝင် လာနေရတဲ့သူတွေ ဖြစ်တဲ့အခါကျတော့ ထိုင်းရဲနဲ့ ထိုင်းထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်မှုတွေလည်း ရှိတယ်။အဓိက ကေတာ့ ကျမတို့မှာ တရားမဝင်ဘူး ဆိုတာမျိုး ဖြစ်တဲ့အခါကျတော့ ထိုင်းရဲဖမ်းမှာတော့ ကြောက်ရတာပေါ့နော်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးပေါ့။ ကျမတို့ စစ်ဘေးရှောင်တွေ ဒီမှာပြောကြတာရှိတယ်။ ဘယ်လိုပဲ ထိုင်းရဲ့ အဖမ်းခံရတယ် ဆိုသည့်တိုင်အောင် ရန်ကုန်မှာလိုမျိုး စကစ ကဖမ်းမိသွားလို့ သတ်တာမျိုးတွေ၊ စစ်ကြောရေးမှာ နှိပ်စက်တာမျိုးတွေတော့ မဖြစ်တော့ဘူးပေါ့နော်။ အဆိုးဆုံး ထိုင်းအချုပ် ရောက်မယ် ဒီလောက်ပါပဲ။”

သူ့အတွက်ကတော့ ဒီလို အခက်အခဲတွေထက် မြန်မာပြည်ကို တော်တော်နဲ့ ပြန်ခွင့်မရမှာကို ပိုပြီး စိုးရိမ်တယ်လို့လည်း မသစ္စာက ပြောပါတယ်

“ညီမ အနေနဲ့ပြောရမယ်ဆိုရင်တော့ အဲ့ဒီဟာတွေထက် စာရင် ပိုပြီး စိုးရိမ်တာက ညီမတို့ ဒီမဲဆောက်မှာ အကြာကြီး ဖြစ်သွားမှာ စိုးရိမ်တယ်။ တော်လှန်ရေးကို ဆက်ပြီး လုပ်ချင်သေးတာမို့ ပြည်တွင်းပြန်ပြီး တနည်းတဖုံ လှုပ်ရှားမှုတွေ မလုပ်ရမှာကိုတော့ စိုးရိမ်ချက် ရှိတယ်။ ပြည်တွင်းကို ပြန်ဖို့ကြတော့လည်း အခက်အခဲက ဘာရှိလဲ ဆိုတော့ ညီမတို့ လုံခြုံရေးက ဒီဘက် ပြန်ဝင်လာတယ်ဆိုရင် အများကြီး အသက်အန္တရာယ်က ၅၀ % လောက် စွန့်ပြီးမှပြန်ဝင်ရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ ဆိုတော့ ပိုပြီး စိုးရိမ်တာ ကတော့ တော်လှန်ရေး ဆက်ပြီး လုပ်လို့မရမှာ။ ကိုယ့်ပြည်တွင်းက ရဲဘော်တွေအတွက် ဒီဘက်ကို ရောက်လာတဲ့သူတွေ များနေတာကြောင့် အားလျော့သွားမှာကို စိုးရိမ်တာကတော့ ပိုပြီးရှိပါတယ်။”

ဒုက္ခသည် ဆိုတဲ့အတိုင်း ဒုက္ခတွေ ရှိနေမှာ မှန်ပေမဲ့ စိတ်ဓာတ် ခွန်အား မကျအောင် ကြိုးစားရတယ်လို့လည်း သူက ပြောပါတယ်။ ပြည်တွင်းမှာပဲ စားဝတ်နေရေး အခက်အခဲတွေနဲ့ အသက်လုပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေထက် စာရင် သူတို့အခြေအနေက အများကြီး ကောင်းနေသေးတာကို နားလည်ပြီး လူထုတိုက်ပွဲ အောင်မြင်တဲ့အထိ တတ်နိုင်တဲ့ဘက်ကနေ ဆက်ပြီး ပံ့ပိုး ပါဝင်သွားမယ်လို့လည်း မသစ္စာက ပြောပါတယ်။

“ဒုက္ခသည် ဖြစ်နေရတာကတော့ ဒါ ငြင်းလို့မရတဲ့ အခါမှာ လတ်တလော စိတ်ခံစားချက်ကတော့ မိသားစုကို လွမ်းတာပေါ့နော်။ မိဘနဲ့နေရတဲ့ လူငယ်တွေ ဖြစ်တဲ့အခါကျတော့ အဓိက မိဘကိုလွမ်းတယ်။ ဒါပေမဲ့လည်း ဘာကိုအားယူပြီး ရှေ့ဆက်ရလဲဆိုရင် ကိုယ့်လိုပဲ ကိုယ့်ထက်ငယ်တဲ့ တခြားလူငယ်တွေ ရှိသေးတယ်။ ခုမှ ၁၅၊ ၁၆၊ ၁၇ အရွယ် လူငယ်တွေ။ အကသ ရဲဘော်တွေ ရှိတယ်။ သူတို့ဆိုရင် တောထဲတောင်ထဲမှာ နေရတာတွေ ရှိတယ်။ မိသားစုနဲ့ အဝေးကြီး နေရသူတွေ ရှိတယ် ဆိုတဲ့အခါက်တော့ ဒီ လူထုတော်လှန်ရေးမှာ ပါနေကြတဲ့ လူငယ်အချင်းချင်းကို နှိုင်းယှဉ်တာပေါ့နော်။ သူတို့တောင်မှ ဒီလိုမျိုး ဆက်ပြီး ပါဝင်နေကြတာ။ ငါတို့က အနည်းဆုံးတော့ ဒီ မဲဆောက်မှာ ရောက်နေတယ်။ လုံခြုံတဲ့ နေရာလောက်တော့ ရှိနေတယ်။ ဆိုတော့ အဲ့ဒီအတွက် အကုန်လုံး ညီညီညာညာနဲ့ ရှေ့ဆက်ရမယ် ဆိုတဲ့ဟာမျိုးပေါ့နော်။ ငါတို့ ဒီဘက်မှာ ဒုက္ခသည်အဖြစ် နဲ့ ရောက်နေလည်း ရနိုင်တဲ့ဘက်ကနေ ပံ့ပိုးသွားကြမယ်။ အဲ့ဒီအတွေးမျိုးနဲ့ ရှေ့ဆက်လို့ ရတယ်ပေါ့နော်။”

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ မီးရထားဝန်ထမ်း မဆု ကလည်း လက်ရှိ ထိုင်းနိုင်ငံမှာ အခက်အခဲရှိတယ် ဆိုပေမဲ့ မြန်မာပြည် ပြန်လို့မရသေးတဲ့ အခြေအနေမှာတော့ ထိုင်းမှာပဲ ဆက်နေပြီး တတ်နိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်သွားမယ်လို့ ပြောပါတယ်။

“နဂိုမူရင်းစွဲ ဆန္ဒအရကတော့ ကိုယ့်မြန်မာပြည်ပဲ ကိုယ်ပျော်တာပေါ့နော်။ ဒါပေမဲ့လည်း ဝင်လို့မရတဲ့ အခြေအနေနဲ့ ဆိုတော့ အခုလက်ရှိ ဒီနိုင်ငံမှာပဲ နေပြီးတော့ တော်လှန်ရေးအတွက် ဘာတွေထပ်ပြီး လုပ်ရမလဲပေါ့။ အဲ့ဒီလိုပဲ စဉ်းစားနေပါတယ်ရှင့်။ အရင်လည်း မြေပြင်သပိတ်တွေ လှုပ်ရှားဖို့အတွက် ရန်ကုန်ကလူတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်နေတာဆိုတော့ တခြားနိုင်ငံကို တကယ်လို့ သွားခဲ့လို့ရှိရင် ဆက်လုပ်နိုင်ပါ့မလား။ အဲ့ဒါလည်း တွေးသေးတယ်။ ကလေး နှစ်ယောက်ကလည်း ရှိတော့ သူတို့ပညာရေးကိုလည်း တွေးတယ်။ လက်ရှိ ဒီမှာလည်း ကလေးနှစ်ယောက်ကို ကျောင်းထား ထားတယ် ဆိုတော့ သွားရင် ဒီ့ထက်ပိုကောင်းမလားလို့တော့ တွေးမိကြည့်တယ်။ တတိယနိုင်ငံကို သွားရင်ပေါ့နော်။ ဒါပေမဲ့လည်း တော်လှန်ရေးအတွက်ရော သားသမီးအတွက်ရောနဲ့ပဲ ဒီမှာပဲ ဆက်နေဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ အိမ်ပြန်ရမယ်ဆိုရင်တော့ အရမ်းပြန်ချင်ပါတယ်ရှင့်။”

အခက်အခဲတွေကတော့ ဘယ်နေရာ၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် လူတယောက်ချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီး ကြုံကြရတာပါပဲ။ မသစ္စာနဲ့ မဆု တို့လို နယ်စပ်ဒေသတွေမှာ ရောက်နေတဲ့သူတွေအတွက် အခက်အခဲတွေ ရှိသလို၊ အခြေအနေ အမျိုးမျိုးကြောင့် တတိယနိုင်ငံတွေကို ထွက်လာခဲ့ပြီးမှ နေရာသစ်မှာ အခက်အခဲ ကြုံရသူတွေလည်း အများအပြား ရှိပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ် ကတဆင့် အမေရိကန် ပြည်ထောင်စုကို ရောက်လာတဲ့ မမေဘယ်ထူးက သူ့အတွေ့အကြုံကို ခုလို ပြောပြပါတယ်။

“တကယ့်တကယ် ကိုယ်တွေက ဒီကိုလာဖို့လည်း အစီအစဉ်မရှိဘူး။ မြန်မာပြည်ထဲကနေ အဖမ်းမခံရအောင်၊ အသတ်မခံရအောင်သာ နယ်စပ်ကို ရွှေ့လာတယ်။ နယ်စပ် မဲဆောက်ကို ရောက်လာတယ်။ အဲ့ဒီမှာ နေလို့အဆင်မပြေလို့ လုံခြုံရေးအတွက် အခက်အခဲ ဖြစ်လို့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ လေ ျှာက်လွှာတင်ခဲ့တယ်။ အဲ့လိုတင်ပြီးတော့မှ humanitarian parole visa ပေးတယ်ပေါ့နော်။ အဲ့ဒီအစီအစဉ်နဲ့ ရောက်လာခဲ့တာပေါ့။ သူက emergency (အရေးပေါ်) သဘောမျိုးနဲ့ နယ်စပ်မှာ အထဲမှာရှိတဲ့ တကယ် လုံခြုံရေး စိုးရိမ်နေရတဲ့သူတွေကို ပေးတဲ့ ဗီဇာမျိုးပေါ့နော်။ အရေးပေါ် ခေါ်ပေးတဲ့ဟာမျိုးပါ။ မေဘယ်တို့က လုံခြုံရေးအရ စိုးရိမ်လို့ လေ ျှာက်သာ လေ ျှာက်လိုက်တာ။ ဒါပေမဲ့ ဘာ information မှကို မရတာ။ လေ ျှာက်တဲ့အချိန်တုန်းကလည်း ဘယ်လောက် ကြာမလဲ ဆိုတာလဲ မသိဘူး။ ဘယ်အချိန်သွားရမယ်ဆိုတာလဲ မသိဘူး။ လေ ျှာက်ပြီးသွားရင် ဘယ်လိုဖြစ်မလဲ ဆိုတာလည်း ဘာမှမသိဘူး။ ကျမတို့က မထွက်ခင် ရက်အထိကို ဘယ်ရက်ထွက်ရမယ် မသိခဲ့ရဘူး။ သူက ထွက်ဆို ထွက်လိုက်။ လာခေါ်တဲ့အခါ လိုက်သွားရတယ်။ ကိုယ်က အဲ့လောက်ပဲသိတယ်။ information ဘာမှမရဘူး။”

လုံခြုံရေးအရ အရေးပေါ် အခြေအနေတခုအောက်မှာ လူသားချင်း စာနာကူညီတဲ့အနေနဲ့ ထုတ်ပေးတဲ့ ဒီဗီဇာက တတိယနိုင်ငံတခုမှာ လာရောက်အခြေချတဲ့ ဒုက္ခသည်ခိုလုံ နေထိုင်ခွင့် အစီအစဉ်နဲ့တော့ မတူပါဘူး။ ယာယီ ရွှေ့ပြောင်းနေထိုင်တဲ့သဘောသာ ဖြစ်တာမို့ အမြဲတမ်း နေထိုင်ခွင့်နဲ့ တရားဝင် အလုပ်လုပ်ခွင့် မရတာကြောင့် ဒီဗီဇာနဲ့လာတဲ့ ဒုက္ခသည်တွေ အတွက်တော့ နိုင်ငံသစ်မှာ အခက်အခဲက ပိုများတတ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်လက်အောက် ပြည်တွင်းမှာ နေထိုင်နေကြရတဲ့ သူတွေထက်တော့ အများကြီး ပိုကောင်းတဲ့ အခြေအနေပါလို့ မမေဘယ်ထူးက ပြောပါတယ်။

“မေဘယ်တို့ ကတော့ အခု ဒီမှာရောက်တယ်။ သူတို့နဲ့ယှဉ်ရင် အခက်အခဲ ပြဿနာ အဲ့ဒီလောက် မရှိဘူးပေါ့နော်။ ဒီမှာဆိုရင် အဖမ်းခံရမှာ မကြောက်ရဘူး။ အသက်ခံရမှာ မကြောက်ရဘူး။ ဟိုမှာကျတော့ နေ့စဉ်ရက်ဆက် ကျမတို့တွေက ရင်တွေပူနေရတယ်။ ဘယ်အချိန်လာဖမ်းမလဲ။ ဘယ်အချိန် သတ်မလဲ။ ဘယ်အချိန် ဗုံးကျဲသွားမလဲဆိုတဲ့ စိတ်တွေ အမြဲတမ်း ဖြစ်နေတယ်။ ဒါပေမဲ့လည်းပဲ ကျမတို့က ဒီတိုက်ပွဲကို အောင်မှရမယ်။ ဒီနွေဦးတော်လှန်ရေးကို ကျမတို့စခဲ့တာ ကျမတို့ အောင်မယ် အောင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စခဲ့တာ။ ဆိုတော့ ဒီအေပါ်မှာ ကျမတို့ အခက်အခဲတွေရှိတယ်။ ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက်လည်း ရှိနေဦးမှာပဲ။ ဒါပေမဲ့လည်း ကျမတို့ ဒါကို စိတ်အားငယ် စိတ်ပျက်ပြီးတော့ ဒါကို ကျောခိုင်းသွားပြီးတော့မှ လက်လေ ျှာ့လိုက်လို့ မရဘူးပေါ့နော်။ ကျမတို့ရဲ့ နောက်မျိုးဆက်တွေ အတွက်၊ နိုင်ငံ တနိုင်ငံလုံး အတွက် ကျမတို့ ဆက်ပြီး တိုက်ပွဲဝင်ရဦးမယ်လို့ မြင်တယ်။ ဒီအချိန်မှာ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ အယောက်စီတိုင်း ပါဝင်ဖို့ လိုတယ်။ ကိုယ်အသက်ရှင်နေသေးတယ် ဆိုတာက ကိုယ့်မှာ တာဝန်တွေ ရှိနေသေးတယ်ပေါ့နော်။ ကိုယ် လုပ်နိုင်တဲ့အပိုင်း ရှိဦးမှာပဲ။ ကိုယ် လုပ်လို့ရတာ လုပ်ရမယ်ဆိုတဲ့စိတ်ကို မွေးရတာပေါ့။”

အခြေအနေ အမျိုးမျိုးကြောင့် တိုင်းပြည်က ထွက်ခဲ့ရပေမဲ့ ဘယ်နေရာ ဘယ်ဒေသမှာပဲ ရောက်နေနေ အားလုံးကတော့ ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြသူတွေပါ။ ဒီလို ပြန်နိုင်ဖို့ အတွက်မှာတော့ မြန်မာနိုင်ငံတွင်း လက်ရှိကြုံနေရတဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသတ်ဖို့ လိုအပ်သလို၊ လူသားတိုင်းအတွက် ငြိမ်းချမ်းရေးနဲ့ တန်းတူ အခြေခံ လူ့အခွင့်အရေးတွေ ရရှိမှာသာ ဖြစ်နိုင်လိမ့်မယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG