သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သေႏၶသားဖ်က္ခ်ခြင့္ဆိုင္ရာ တရား႐ံုးခ်ဳပ္ ဆံုးျဖတ္ခ်က္ အမ်ိဳးသမီးေတြရဲ႕ အျမင္


အေမရိကန္ျပည္ေထာင္စုမွာ ႏွစ္ေပါင္း ၅၀ နီးပါး သေႏၶသား ဖ်က္ခ်ခြင့္ တရားဝင္ ခြင့္ျပဳလာခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို တရား႐ုံးခ်ဳပ္က ဇြန္လ ၂၄ ရက္ေန႔က ပယ္ဖ်က္လိုက္တဲ့ အေပၚ ႏိုင္ငံတဝန္း ကန႔္ကြက္သံေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာခဲ့သလို၊ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ကို ေထာက္ခံသူေတြကလည္း ေအာင္ပြဲ ခံၾကပါတယ္။

[Zawgyi/Unicode]

သေႏၶသားဖ်က္ခ်ခြင့္ဆိုင္ရာ တရား႐ံုးခ်ဳပ္ ဆံုးျဖတ္ခ်က္ အမ်ိဳးသမီးေတြရဲ႕ အျမင္

အေမရိကန္ျပည္ေထာင္စုမွာ ႏွစ္ေပါင္း ၅၀ နီးပါး သေႏၶသား ဖ်က္ခ်ခြင့္ တရားဝင္ ခြင့္ျပဳလာခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို တရား႐ုံးခ်ဳပ္က ဇြန္လ ၂၄ ရက္ေန႔က ပယ္ဖ်က္လိုက္တဲ့ အေပၚ ႏိုင္ငံတဝန္း ကန႔္ကြက္သံေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာခဲ့သလို၊ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ကို ေထာက္ခံသူေတြကလည္း ေအာင္ပြဲ ခံၾကပါတယ္။ Roe v Wade လို႔ အမ်ားသိၾကတဲ့ သေႏၶသားဖ်က္ခ်ခြင့္ ဆိုင္ရာ ဆုံးျဖတ္ခ်က္ ပယ္ဖ်က္လိုက္တာနဲ႔ပတ္သက္လို႔ အေမရိကားေရာက္ ျမန္မာ အမ်ိဳးသမီးေတြ အပါအဝင္ အမ်ိဳးသမီးေတြၾကား ဘယ္လို အယူအဆ ကြဲလြဲမႈေတြ ရွိေနပါလဲ။ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ ထားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ဖြဲ႕စည္းပုံပါ အမ်ိဳးသမီးအခြင့္အေရး အျဖစ္ ႏွစ္ေပါင္း ၅၀ နီးပါး ေပးအပ္လာခဲ့တဲ့၊ Roe v Wade လို႔ အမ်ားသိၾကတဲ့ သေႏၶသား ဖ်က္ခ်ခြင့္ဆိုင္ရာ စီရင္ထုံးအရ ကိုယ္ဝန္ ၃ လမေက်ာ္ခင္ သေႏၶသား တရားဝင္ ဖ်က္ခ်ခြင့္ကို ဖက္ဒရယ္ အစိုးရက ခြင့္ျပဳလာခဲ့တာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ဇြန္လ ၂၄ ရက္ေန႔မွာေတာ့ ကြန္ဆားေဗးတစ္ တရားသူႀကီး အမ်ားစု လႊမ္းမိုးတဲ့ တရား႐ုံးခ်ဳပ္က ဒီစီရင္ထုံးကို ပယ္ဖ်က္လိုက္တာေၾကာင့္ သေႏၶသားဖ်က္ခ်ခြင့္နဲ႔ ပတ္သက္လာရင္ ျပည္နယ္တခုခ်င္းစီကပဲ သီးျခား ဥပေဒေတြ ခ်မွတ္ ကိုင္တြယ္ၾကရေတာ့မွာ ျဖစ္ပါတယ္။

သေႏၶသားဖ်က္ခ်ခြင့္ ပိတ္ပင္တာကို မလိုလားၾကတဲ့ အမ်ိဳးသမီးေတြကေတာ့ - ဒါဟာ အမ်ိဳးသမီး တဦးခ်င္းစီရဲ႕ အေျခအေနေပၚ မူတည္ၿပီး ကိုယ္ပိုင္ ေ႐ြးခ်ယ္ ဆုံးျဖတ္ပိုင္ခြင့္ ရွိရမယ့္ သူတို႔ရဲ႕ အခြင့္အေရး ျဖစ္သလို၊ က်န္းမာေရး အရလည္း လိုအပ္ခ်က္ ျဖစ္တယ္လို႔ ဆိုၿပီး တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ကို ျပင္းျပင္းထန္ထန္ ကန႔္ကြက္ၾကပါတယ္။

“တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ကို လက္မခံေၾကာင္း ျပဖို႔ ဒီမွာ လာၿပီး ဆႏၵျပတာပါ။ က်မတို႔ လုံးဝ ဆန႔္က်င္ပါတယ္။ ဒီအတြက္ တိုက္ပြဲဝင္သြားပါမယ္။”

“ဆုံးျဖတ္ခ်က္ ထြက္လာတာ မအံ့ၾသေပမဲ့၊ ဒီဆုံးျဖတ္ခ်က္ေၾကာင့္ ေနာက္ဆက္တြဲ ျပႆနာေတြ ရင္ဆိုင္ၾကရမယ့္သူေတြ အတြက္ အမ်ားႀကီး စိတ္ထိခိုက္ရပါတယ္။ ဒီဆုံးျဖတ္ခ်က္ေၾကာင့္ လူ႔အဖြဲ႕အစည္းတြင္း ခြဲျခား ဆက္ဆံခံရသူေတြ၊ ႏြမ္းပါးတဲ့ လူမႈအသိုင္းအဝိုင္းေတြ၊ လူျဖဴမဟုတ္တဲ့ တျခား အသားအေရာင္ အမ်ိဳးသမီးေတြ၊ အထူးသျဖင့္ လူမည္းအမ်ိဳးသမီးေတြ အသက္ဆုံးရႈံးၾကရမယ့္ အေျခအေနပါ။ တရား႐ုံးခ်ဳပ္ထဲမွာ ထိုင္ၿပီး ဆုံးျဖတ္ခ်က္ ခ်ခဲ့တဲ့သူေတြ တေယာက္မွ ဒီအမ်ိဳးသမီးေတြလို ခံစားၾကရမွာ မဟုတ္ပါဘူး။ သူတို႔ ဆုံးျဖတ္ခ်က္ေၾကာင့္ ဘယ္လို လူေတြထိခိုက္မလဲ ဆိုတာ သူတို႔ မသိပါဘူး။ က်မတို႔ သိပါတယ္။ ဒီႏိုင္ငံမွာ ဘယ္သူမွ အခုဆုံးျဖတ္ခ်က္ကို မေထာက္ခံပါဘူး။ ဒါေပမဲ့ က်မတို႔ အားလုံးက လက္မခံပါဘူးလို႔ ေျပာတာကို နားမေထာင္ဘဲ သူတို႔က ဆုံးျဖတ္ခဲ့ၾကတာပါ။ ဒါေၾကာင့္ က်မတို႔ကေတာ့ ဆက္ၿပီး တိုက္ပြဲ ဝင္ပါမယ္။ ဒီအခြင့္အေရး ျပန္ရတဲ့အထိ မရပ္မနား တိုက္ပြဲ ဝင္သြားပါမယ္။”

ဒီလို အျပင္းအထန္ ကန႔္ကြက္သူေတြ ရွိေပမဲ့၊ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ေၾကာင့္ ဝမ္းသာ ေအာင္ပြဲခံၾကသူေတြလည္း ရွိပါတယ္။

“Roe v Wade ဆုံးျဖတ္ခ်က္ ပယ္ဖ်က္လိုက္တဲ့အတြက္ အမ်ားႀကီး ဝမ္းသာ ေပ်ာ္႐ႊင္ရပါတယ္။ ဒီလို အခိုက္အတန႔္မ်ိဳး ျမင္ရဖို႔ တရား႐ုံးခ်ဳပ္ေရွ႕မွာ ေတာင္းဆို လႈပ္ရွားမႈေတြ လုပ္လာတာ ၅ ႏွစ္ေလာက္ ရွိပါၿပီ။ ခုေတာ့ က်မ အရမ္း ေပ်ာ္ပါတယ္။”

Grace လို တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ကို ေထာက္ခံသူေတြကေတာ့ သေႏၶသားဖ်က္ခ်ခြင့္ကို အမ်ိဳးသမီး အခြင့္အေရး လို႔ မျမင္ပါဘူး။ သေႏၶသားဖ်က္ခ်ခြင့္ ပယ္ဖ်က္ေရး ႀကိဳးပမ္းတဲ့ Student for Life of America အဖြဲ႕က Anna Lulis က ခုလို ေျပာပါတယ္။

“အမ်ိဳးသမီးေတြ အတြက္ Roe စီရင္ထုံးရွိစရာ မလိုပါဘူး။ သေႏၶသားဖ်က္ခ်ခြင့္ ရွိမွ အမ်ိဳးသမီးေတြ စြမ္းေဆာင္ႏိုင္မယ္ ဆိုတဲ့ ေျပာဆိုခ်က္ကို ကန႔္ကြက္ပါတယ္။ ပထမဆုံး အေမရိကန္ အမ်ိဳးသမီးဝါဒီေတြ လည္း သေႏၶသားဖ်က္ခ်ခြင့္ကို မေထာက္ခံခဲ့ၾကပါဘူး။ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးဟာ တျခားသက္ရွိ တေယာက္ကို စီရင္ၿပီးေတာ့မွ ရမယ္လို႔ သူတို႔ မယူဆခဲ့ၾကပါဘူး။ သေႏၶသားဖ်က္ခ်ခြင့္နဲ႔ အမ်ိဳးသမီး အခြင့္အေရး ဟာ ဘာမွမဆိုင္ပါဘူး။ လူသားျဖစ္ရင္ မ်ိဳးဆက္ ျပန႔္ပြားရမွာပါပဲ။ သေႏၶသားဆိုေပမဲ့လည္း မိခင္နဲ႔ DNA တခုတည္း တူေနတာလည္း မဟုတ္ပါဘူး။ သီးျခား အသက္ခႏၶာ တခုပါ။ ဒါေၾကာင့္ အမ်ိဳးသမီးရဲ႕ အခြင့္အေရး မဟုတ္ပါဘူး။ တကယ္တမ္း ေျပာရရင္ အမ်ိဳးသမီး အခြင့္အေရးက ဝမ္းဗိုက္ထဲမွာ စတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒါဟာ လူ႔အသက္တေခ်ာင္း ပါ။ အမ်ိဳးသမီးတေယာက္ ျဖစ္လာႏိုင္တဲ့ အသက္တခုပါ။”

“သေႏၶသားဖ်က္ခ်ခြင့္ ဟာ အမ်ိဳးသမီး စြမ္းရည္ျမႇင့္တင္မႈ မဟုတ္ပါဘူး။ အမ်ိဳးသမီးေတြ အေနနဲ႔ ကေလးရွိလို႔ ေအာင္ျမင္မႈေတြ ရေအာင္ မလုပ္ႏိုင္ဘူး ဆိုတာ မမွန္ပါဘူး။ တကယ္က ဆန႔္က်င္ဘက္ပါ။ အမ်ိဳးသမီးေတြ အေနနဲ႔ ကေလးရွိလ်က္နဲ႔လည္း သူလုပ္ခ်င္တဲ့အလုပ္၊ သူလိုခ်င္တဲ့ ပညာေတြ သင္ယူ ေလ့လာခြင့္ရွိပါတယ္။ အဲ့ဒီလို လုပ္ႏိုင္တာကသာ တကယ္ စစ္မွန္တဲ့ စြမ္းရည္ ျမင့္တင္မႈ ျဖစ္ပါတယ္။”

ဒီလိုေျပာဆိုတာကို အမ်ိဳးသမီးတိုင္းကေတာ့ လက္မခံၾကပါဘူး။ တခ်ိဳ႕ အမ်ိဳးသမီးေတြဟာ မတရားျပဳက်င့္ခံရလို႔၊ အလိုမတူဘဲ ဖိအားေပးခံရလို႔ ကိုယ္ဝန္ရ ၾကရတာေတြ ရွိသလို၊ တခ်ိဳ႕ကလည္း က်န္းမာေရးအရ၊ လူမႈ စီးပြားဆိုင္ရာ အေျခအေနေတြအရ ကေလးယူဖို႔ မသင့္ေတာ္တာ စတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေတြ ရွိတာကို ေထာက္ျပၿပီး ေဘးကင္းလုံၿခဳံတဲ့ တရားဝင္ ကိုယ္ဝန္ဖ်က္ခ်မႈေတြ ခြင့္ျပဳဖို႔ လိုအပ္တယ္လို႔ ေထာက္ျပၾကပါတယ္။ ဒါကို ပိတ္ပင္တဲ့ တရား႐ုံးခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြ သူတို႔ရဲ႕ ကိုယ္ခႏၶာ၊ သူတို႔ရဲ႕ဘဝ အတြက္ ကိုယ္ပိုင္ ေ႐ြးခ်ယ္ ဆုံးျဖတ္ပိုင္ခြင့္ကို အႀကီးအက်ယ္ ႐ိုက္ခ်ိဳးလိုက္တာ ျဖစ္ၿပီး မလိုလားအပ္တဲ့ က်န္းမာေရး ျပႆနာေတြ ႀကံဳရေအာင္၊ အမ်ိဳးသမီးေတြကို အခက္အခဲ ပို ျဖစ္ေအာင္ လုပ္တာလို႔ Roe v Wade ကို ေထာက္ခံသူေတြက ေျပာဆိုၾကပါတယ္။

“သေႏၶသားဖ်က္ခ်ခြင့္ အခြင့္အေရး ဆက္ရေနေအာင္ ႀကိဳးပမ္းသြားမွာပါ။ သေႏၶသားဖ်က္ခြင့္ တားျမစ္တဲ့ ျပည္နယ္ေတြက အမ်ိဳးသမီးေတြကို ကူညီေပးပါမယ္။ လိုအပ္သူေတြ DC လို ေနရာမ်ိဳးမွာ လာၿပီး သေႏၶသားဖ်က္ခ်ခြင့္ရေအာင္၊ က်န္းမာေရးအရ ကူညီေစာင့္ေရွာက္မႈေတြ ရေအာင္ ကူညီတာေတြ လုပ္သြားပါမယ္။ သေႏၶသား ဖ်က္ခ်တာေတြ ကေတာ့ ရပ္သြားမွာမဟုတ္ပါဘူး။ က်မတို႔ကို သူတို႔ တားခြင့္မရွိပါဘူး။ သူတို႔တားလည္း အမ်ိဳးသမီး အဖြဲ႕အစည္းေတြ၊ ကြန္ရက္ေတြက ဒါကို ရေအာင္ နည္းလမ္းရွာမွာပါ။ က်မတို႔ လူမႈအသိုင္းအဝိုင္းထဲမွာ အမ်ိဳးသမီးေတြ အတြက္ လိုအပ္တဲ့ က်န္းမာေရး ျပဳစု ေစာင့္ေရွာက္မႈေတြ ဆက္ရေနေအာင္ လုပ္သြားပါမယ္။”

တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ဟာ ေခတ္ေနာက္ျပန္ ဆြဲလိုတဲ့ ကြန္ဆားေဗးတစ္ အနည္းစုရဲ႕ လုပ္ရပ္လို႔လည္း Helen Luryi က ေဝဖန္ပါတယ္။

“တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ကို စိတ္ပ်က္မိေပမဲ့ အံ့ေတာ့ မအံ့ၾသပါဘူး။ လက္ရွိ တရား႐ုံးခ်ဳပ္မွာ ခရစ္ယာန္ဖက္ဆစ္ လူနည္းစုေတြ ေနရာယူၿပီး သူတို႔ရဲ႕ အယူအဆေတြကို က်န္တဲ့သူ အားလုံးအေပၚ ခ်မွတ္ဖို႔ လုပ္ေနတာပါ။ ဒါကို ဒီကေန႔ ဆုံးျဖတ္ခ်က္က ျပလိုက္တာပါပဲ။ အံ့ၾသစရာ မရွိပါဘူး။”

အရင္ ရီပတ္ဘလစ္ကန္သမၼတ ေဒၚနယ္လ္ထရမ့္ လက္ထက္မွာ တရား႐ုံးခ်ဳပ္ တရားသူႀကီး ၃ ဦးကို ခန႔္အပ္ၿပီး တရား႐ုံးခ်ဳပ္မွာ ကြန္ဆားေဗးတစ္ တရားသူႀကီးေတြ အမ်ားစု လႊမ္းမိုးႏိုင္ေအာင္ စနစ္တက် စီစဥ္ ေနရာယူၿပီးေတာ့မွ ခုလို ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္လာတာလို႔ ေဝဖန္သူေတြက ေထာက္ျပၾကပါတယ္။ ပထမအဆင့္ အေနနဲ႔ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးေတြကို ကန႔္သတ္လာတာ ျဖစ္ၿပီး သိပ္မၾကာခင္မွာ လိင္တူခ်စ္သူေတြ၊ လိင္စိတ္ခံယူခ်က္ ကြဲျပားသူေတြ၊ လိင္အဂၤါ ေျပာင္းလဲခံယူထားသူေတြလို LGBTQ အသိုင္းအဝိုင္း အေပၚမွာပါ ကန႔္သတ္မႈေတြ ႀကဳံလာရႏိုင္တယ္ ဆိုၿပီး သတိေပး ေျပာသူေတြလည္း ရွိပါတယ္။

ခုလို အေမရိကန္ အမ်ိဳးသမီးေတြၾကား အယူအဆ ကြဲလြဲမႈေတြရွိေနတဲ့ သေႏၶသား ဖ်က္ခ်ခြင့္ဆိုင္ရာ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္လို႔ အေမရိကန္ေရာက္ ျမန္မာ လူမႈအသိုင္းအဝိုင္းၾကားမွာေရာ ဘယ္လို သေဘာထားေတြ ရွိၾကပါလဲ။ ေမရီလန္းျပည္နယ္မွာ ေနထိုင္တဲ့ ခ်င္းတိုင္းရင္းသူ ေဟာင္ ရဲ႕ အျမင္ကို နားေထာင္ၾကည့္ရေအာင္ပါ။

“က်မ အျမင္ကေတာ့ က်မတို႔ ကိုယ္ဝန္ စရွိၿပီ ဆိုတာနဲ႔ ေသြးဥကေန စတာေပါ့ေနာ္။ အဲ့ဒီကေန စၿပီးေတာ့ ရက္ပိုင္း လပိုင္း တျဖည္းျဖည္းနဲ႔ သူက လူ ျဖစ္လာၿပီေလ။ ဆိုေတာ့ ကိုယ္ဝန္ဖ်က္ခ်တာ တလပဲၾကာၾကာ၊ ႏွစ္လပဲၾကာၾကာ ကိုယ္ဝန္ဆိုေပမဲ့၊ လူပုံစံ စျဖစ္ေနၿပီ။ ဆိုေတာ့ က်မတို႔ ဒီ ကိုယ္ဝန္ကို ဖ်က္ခ်လိုက္ျခင္းအားျဖင့္ တနည္းအားျဖင့္ လူ အသက္ သတ္တာနဲ႔ အတူတူပဲျဖစ္တယ္။ က်မတို႔ ဘာသာေရး အသီးသီးမွာလည္း လူ႔အသက္ကို မသတ္ရဘူး။ ဒါ ဘုရားမႀကိဳက္တဲ့အရာ တခု ျဖစ္တယ္ေပါ့ေနာ္။ လူ႔ရဲ႕ဘဝ တခုလုံးကို ဆုံးရႈံးသြားသလို၊ လူျဖစ္လာမယ့္ ကေလးတေယာက္ရဲ႕ အနာဂတ္ကို ႐ိုက္ခ်ိဳးသလို ျဖစ္တယ္လို႔ က်မ ခံစားတယ္။ ဒါဟာ ဘုရားကလည္း က်မတို႔ရဲ႕ က်မ္းစာ ထဲမွာ လုံးဝ မႀကိဳက္တဲ့အရာ။ လူ႔အသက္ သတ္တာကို ဘုရားက တားျမစ္ထားတဲ့အရာ ျဖစ္တဲ့အတြက္ က်မတို႔ အေမရိကားမွာ ဒီအရာေတြ ျဖစ္လာတဲ့အခါမွာ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ရတယ္။ ႏွလုံးသား ေက်ကြဲရတယ္။ ဒါေပမဲ့ အခု ဒီလိုမ်ိဳး သူတို႔ရဲ႕ တရား႐ုံးမွာ အမႈေတြ ဒီလိုျဖစ္လာတယ္။ ၿပီးေတာ့မွ ကိုယ္ဝန္ဖ်က္ခ်တဲ့အရာေတြကို တားျမစ္မယ္လို႔ သတင္းၾကားတဲ့အခါမွာ က်မ စိတ္ထဲမွာ အရမ္း ဝမ္းသာတယ္။ က်မတို႔ ဆုေတာင္းတဲ့အရာတခုလည္း ျပည့္သြားတယ္လို႔ က်မ ယုံၾကည္ပါတယ္။”

အေမရိကားေရာက္ ျမန္မာေတြၾကားမွာလည္း အျမင္ေတြကေတာ့ အမ်ိဳးမ်ိဳးပါ။ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ ထြက္လာၿပီးတဲ့ေနာက္ တရား႐ုံးခ်ဳပ္ေရွ႕မွာ ကိုယ္တိုင္ သြားေရာက္ ဆႏၵျပခဲ့တဲ့ မဂ်ဴးဂ်ဴးမင္းသူကေတာ့ အခုဆုံးျဖတ္ခ်က္ဟာ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးကို ထိခိုက္႐ုံမက လူမႈအသိုင္းအဝိုင္း တခုလုံးအေပၚမွာ သက္ေရာက္မႈေတြ ရွိတယ္လို႔ ေျပာပါတယ္။

“ဒါက ေျပာမယ္ဆိုရင္ အမ်ိဳးသမီးထုရဲ႕ အခြင့္အေရးတင္ မဟုတ္ဘဲနဲ႔ လူ႔အသိုင္းအဝိုင္းတခုလုံးကို ထိခိုက္ နစ္နာလာႏိုင္တယ္လို႔ ေျပာလို႔ရပါတယ္။ အထူးသျဖင့္ က်မက social worker တေယာက္ ဆိုေတာ့၊ က်မတို႔ လူ႔ေဘာင္တခုလုံး ေျပာင္းလဲသြားႏိုင္တာကို မ်က္ျမင္ကိုယ္ေတြ႕ ျမင္လာရေတာ့မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီလိုမ်ိဳး က်မတို႔ရဲ႕ ေ႐ြးခ်ယ္ပိုင္ခြင့္၊ ကိုယ္ဝန္ရလာၿပီဆိုရင္ မလိုခ်င္ဘဲ ေမြးရမယ့္ကေလးေတြ၊ မေကြၽးႏိုင္ဘဲ ေမြးရမယ့္ကေလးေတြ၊ မထိန္းသိမ္းႏိုင္ မေစာင့္ေရွာက္ႏိုင္ဘဲနဲ႔ ေမြးရေတာ့မယ့္ ကေလးေတြ လူ႔ေဘာင္ထဲကို ေရာက္လာၿပီဆိုရင္ ကေလးေတြ အတြက္လည္း မေကာင္းဘူး။ ဒီကေလးေတြ စိတ္ဒဏ္ရာမ်ားစြာနဲ႔ ႀကီးျပင္းလာရဖို႔ မ်ားတယ္။ ေနာက္ၿပီးေတာ့ အေျခခံလူတန္းစားေတြ၊ ကိုယ္ဝန္တားေဆး မသုံးႏိုင္တဲ့လူေတြ အတြက္ဆိုရင္ ပိုၿပီး ဒုကၡေရာက္လာႏိုင္တယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ေျပာေတာ့သာ မ်ိဳးပြားမႈဆိုင္ရာ အခြင့္အေရး ဆိုေပမဲ့၊ အဲ့ဒီေအာက္မွာ အမ်ားႀကီးပဲ ပါ လာၿပီ။ အမ်ိဳးသမီးေတြရဲ႕ တားေဆးသုံးခြင့္ေတြကအစ ပါလာၿပီ။ အမ်ိဳးသမီးေတြ ဘယ္လို ေနထိုင္က်င့္ႀကံရမယ္ ဆိုတာေတြကအစ ပါလာၿပီ။ ဒါ အစပဲ ရွိေသးတယ္။ ေနာက္ပိုင္းဆိုရင္ LGBTQ အသိုင္းအဝိုင္း ေတြရဲ႕ အခြင့္အေရးေတြပါ ထိခိုက္နစ္နာ လာႏိုင္တယ္လို႔ LGBTQ ေခါင္းေဆာင္ေတြကလည္း ေျပာဆိုေနၾကပါၿပီ။ ဒီဟာကိုၾကည့္ရတာ အရမ္းလည္း ဝမ္းနည္းဖို႔ေကာင္းတယ္။ ေဒါသလည္း ထြက္မိတယ္။ ဒီေလာက္ တိုးတက္ေနတဲ့ အေမရိကား လို ႏိုင္ငံေတာင္မွ ေနာက္ျပန္ဆြဲတဲ့ အေတြးအေခၚေတြနဲ႔ လူေတြက ေခါင္းေဆာင္ျဖစ္ေနေတာ့ က်မတို႔လို အမ်ိဳးသမီးေတြနဲ႔ မိန္းခေလးေတြ အတြက္ အရမ္းပဲစိတ္ပူမိတယ္။ အခုလိုမ်ိဳး တရား႐ုံးခ်ဳပ္မွာ တရားသူႀကီးေတြက ႏွစ္ေပါင္း ၅၀ ေလာက္ ေနာက္ျပန္ဆြဲတဲ့ အေတြးအေခၚေတြနဲ႔ ေခါင္းေဆာင္လုပ္ေနတဲ့အခါမွာ က်မတို႔အေနနဲ႔ ေတာ္ေတာ္ေလးကို စိတ္ပူမိတယ္။ ဒီႏိုင္ငံအတြက္ ဒုကၡမ်ိဳးစုံ ရင္ဆိုင္ ရေတာ့မယ္ဆိုတာကိုလည္း ႀကိဳတင္ ေတြးဆလို႔ရပါတယ္။”

တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ေၾကာင့္ သေႏၶသားဖ်က္ခ်ခြင့္နဲ႔ ပတ္သက္လို႔ ကြဲလြဲမႈေတြကေတာ့ ပိုမို က်ယ္ေလာင္လာပါတယ္။ သေဘာထား ဘယ္လိုကြဲကြဲ လတ္တေလာမွာေတာ့ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ကို အားလုံးက လိုက္နာၾကရမွာပါ။ ျပည္နယ္တခ်ိဳ႕ကေတာ့ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ ထြက္လာၿပီးၿပီးခ်င္းမွာပဲ သေႏၶသားဖ်က္ခ်ခြင့္ တားျမစ္တဲ့ တင္းက်ပ္တဲ့ ဥပေဒေတြ ခ်က္ခ်င္း ျပဌာန္းဖို႔ ျပင္ဆင္လာၾကတယ္ ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

==========================================

[Unicode]

သန္ဓေသားဖျက်ချခွင့်ဆိုင်ရာ တရားရုံးချုပ် ဆုံးဖြတ်ချက် အမျိုးသမီးတွေရဲ့ အမြင်

အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၅၀ နီးပါး သန္ဓေသား ဖျက်ချခွင့် တရားဝင် ခွင့်ပြုလာခဲ့တဲ့ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ဇွန်လ ၂၄ ရက်နေ့က ပယ်ဖျက်လိုက်တဲ့ အပေါ် နိုင်ငံတဝန်း ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သလို၊ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေကလည်း အောင်ပွဲ ခံကြပါတယ်။ Roe v Wade လို့ အများသိကြတဲ့ သန္ဓေသားဖျက်ချခွင့် ဆိုင်ရာ ဆုံးဖြတ်ချက် ပယ်ဖျက်လိုက်တာနဲ့ပတ်သက်လို့ အမေရိကားရောက် မြန်မာ အမျိုးသမီးတွေ အပါအဝင် အမျိုးသမီးတွေကြား ဘယ်လို အယူအဆ ကွဲလွဲမှုတွေ ရှိနေပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက် ထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဖွဲ့စည်းပုံပါ အမျိုးသမီးအခွင့်အရေး အဖြစ် နှစ်ပေါင်း ၅၀ နီးပါး ပေးအပ်လာခဲ့တဲ့၊ Roe v Wade လို့ အများသိကြတဲ့ သန္ဓေသား ဖျက်ချခွင့်ဆိုင်ရာ စီရင်ထုံးအရ ကိုယ်ဝန် ၃ လမကျော်ခင် သန္ဓေသား တရားဝင် ဖျက်ချခွင့်ကို ဖက်ဒရယ် အစိုးရက ခွင့်ပြုလာခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှာတော့ ကွန်ဆားဗေးတစ် တရားသူကြီး အများစု လွှမ်းမိုးတဲ့ တရားရုံးချုပ်က ဒီစီရင်ထုံးကို ပယ်ဖျက်လိုက်တာကြောင့် သန္ဓေသားဖျက်ချခွင့်နဲ့ ပတ်သက်လာရင် ပြည်နယ်တခုချင်းစီကပဲ သီးခြား ဥပဒေတွေ ချမှတ် ကိုင်တွယ်ကြရတော့မှာ ဖြစ်ပါတယ်။

သန္ဓေသားဖျက်ချခွင့် ပိတ်ပင်တာကို မလိုလားကြတဲ့ အမျိုးသမီးတွေကတော့ - ဒါဟာ အမျိုးသမီး တဦးချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီး ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ့် သူတို့ရဲ့ အခွင့်အရေး ဖြစ်သလို၊ ကျန်းမာရေး အရလည်း လိုအပ်ချက် ဖြစ်တယ်လို့ ဆိုပြီး တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။

“တရားရုံးချုပ် ဆုံးဖြတ်ချက်ကို လက်မခံကြောင်း ပြဖို့ ဒီမှာ လာပြီး ဆန္ဒပြတာပါ။ ကျမတို့ လုံးဝ ဆန့်ကျင်ပါတယ်။ ဒီအတွက် တိုက်ပွဲဝင်သွားပါမယ်။”

“ဆုံးဖြတ်ချက် ထွက်လာတာ မအံ့သြပေမဲ့၊ ဒီဆုံးဖြတ်ချက်ကြောင့် နောက်ဆက်တွဲ ပြဿနာတွေ ရင်ဆိုင်ကြရမယ့်သူတွေ အတွက် အများကြီး စိတ်ထိခိုက်ရပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် လူ့အဖွဲ့အစည်းတွင်း ခွဲခြား ဆက်ဆံခံရသူတွေ၊ နွမ်းပါးတဲ့ လူမှုအသိုင်းအဝိုင်းတွေ၊ လူဖြူမဟုတ်တဲ့ တခြား အသားအရောင် အမျိုးသမီးတွေ၊ အထူးသဖြင့် လူမည်းအမျိုးသမီးတွေ အသက်ဆုံးရှုံးကြရမယ့် အခြေအနေပါ။ တရားရုံးချုပ်ထဲမှာ ထိုင်ပြီး ဆုံးဖြတ်ချက် ချခဲ့တဲ့သူတွေ တယောက်မှ ဒီအမျိုးသမီးတွေလို ခံစားကြရမှာ မဟုတ်ပါဘူး။ သူတို့ ဆုံးဖြတ်ချက်ကြောင့် ဘယ်လို လူတွေထိခိုက်မလဲ ဆိုတာ သူတို့ မသိပါဘူး။ ကျမတို့ သိပါတယ်။ ဒီနိုင်ငံမှာ ဘယ်သူမှ အခုဆုံးဖြတ်ချက်ကို မထောက်ခံပါဘူး။ ဒါပေမဲ့ ကျမတို့ အားလုံးက လက်မခံပါဘူးလို့ ပြောတာကို နားမထောင်ဘဲ သူတို့က ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကြောင့် ကျမတို့ကတော့ ဆက်ပြီး တိုက်ပွဲ ဝင်ပါမယ်။ ဒီအခွင့်အရေး ပြန်ရတဲ့အထိ မရပ်မနား တိုက်ပွဲ ဝင်သွားပါမယ်။”

ဒီလို အပြင်းအထန် ကန့်ကွက်သူတွေ ရှိပေမဲ့၊ တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် ဝမ်းသာ အောင်ပွဲခံကြသူတွေလည်း ရှိပါတယ်။

“Roe v Wade ဆုံးဖြတ်ချက် ပယ်ဖျက်လိုက်တဲ့အတွက် အများကြီး ဝမ်းသာ ပျော်ရွှင်ရပါတယ်။ ဒီလို အခိုက်အတန့်မျိုး မြင်ရဖို့ တရားရုံးချုပ်ရှေ့မှာ တောင်းဆို လှုပ်ရှားမှုတွေ လုပ်လာတာ ၅ နှစ်လောက် ရှိပါပြီ။ ခုတော့ ကျမ အရမ်း ပျော်ပါတယ်။”

Grace လို တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေကတော့ သန္ဓေသားဖျက်ချခွင့်ကို အမျိုးသမီး အခွင့်အရေး လို့ မမြင်ပါဘူး။ သန္ဓေသားဖျက်ချခွင့် ပယ်ဖျက်ရေး ကြိုးပမ်းတဲ့ Student for Life of America အဖွဲ့က Anna Lulis က ခုလို ပြောပါတယ်။

“အမျိုးသမီးတွေ အတွက် Roe စီရင်ထုံးရှိစရာ မလိုပါဘူး။ သန္ဓေသားဖျက်ချခွင့် ရှိမှ အမျိုးသမီးတွေ စွမ်းဆောင်နိုင်မယ် ဆိုတဲ့ ပြောဆိုချက်ကို ကန့်ကွက်ပါတယ်။ ပထမဆုံး အမေရိကန် အမျိုးသမီးဝါဒီတွေ လည်း သန္ဓေသားဖျက်ချခွင့်ကို မထောက်ခံခဲ့ကြပါဘူး။ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ တခြားသက်ရှိ တယောက်ကို စီရင်ပြီးတော့မှ ရမယ်လို့ သူတို့ မယူဆခဲ့ကြပါဘူး။ သန္ဓေသားဖျက်ချခွင့်နဲ့ အမျိုးသမီး အခွင့်အရေး ဟာ ဘာမှမဆိုင်ပါဘူး။ လူသားဖြစ်ရင် မျိုးဆက် ပြန့်ပွားရမှာပါပဲ။ သန္ဓေသားဆိုပေမဲ့လည်း မိခင်နဲ့ DNA တခုတည်း တူနေတာလည်း မဟုတ်ပါဘူး။ သီးခြား အသက်ခန္ဓာ တခုပါ။ ဒါကြောင့် အမျိုးသမီးရဲ့ အခွင့်အရေး မဟုတ်ပါဘူး။ တကယ်တမ်း ပြောရရင် အမျိုးသမီး အခွင့်အရေးက ဝမ်းဗိုက်ထဲမှာ စတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါဟာ လူ့အသက်တချောင်း ပါ။ အမျိုးသမီးတယောက် ဖြစ်လာနိုင်တဲ့ အသက်တခုပါ။”

“သန္ဓေသားဖျက်ချခွင့် ဟာ အမျိုးသမီး စွမ်းရည်မြှင့်တင်မှု မဟုတ်ပါဘူး။ အမျိုးသမီးတွေ အနေနဲ့ ကလေးရှိလို့ အောင်မြင်မှုတွေ ရအောင် မလုပ်နိုင်ဘူး ဆိုတာ မမှန်ပါဘူး။ တကယ်က ဆန့်ကျင်ဘက်ပါ။ အမျိုးသမီးတွေ အနေနဲ့ ကလေးရှိလျက်နဲ့လည်း သူလုပ်ချင်တဲ့အလုပ်၊ သူလိုချင်တဲ့ ပညာတွေ သင်ယူ လေ့လာခွင့်ရှိပါတယ်။ အဲ့ဒီလို လုပ်နိုင်တာကသာ တကယ် စစ်မှန်တဲ့ စွမ်းရည် မြင့်တင်မှု ဖြစ်ပါတယ်။”

ဒီလိုပြောဆိုတာကို အမျိုးသမီးတိုင်းကတော့ လက်မခံကြပါဘူး။ တချို့ အမျိုးသမီးတွေဟာ မတရားပြုကျင့်ခံရလို့၊ အလိုမတူဘဲ ဖိအားပေးခံရလို့ ကိုယ်ဝန်ရ ကြရတာတွေ ရှိသလို၊ တချို့ကလည်း ကျန်းမာရေးအရ၊ လူမှု စီးပွားဆိုင်ရာ အခြေအနေတွေအရ ကလေးယူဖို့ မသင့်တော်တာ စတဲ့ အကြောင်းအမျိုးမျိုးတွေ ရှိတာကို ထောက်ပြပြီး ဘေးကင်းလုံခြုံတဲ့ တရားဝင် ကိုယ်ဝန်ဖျက်ချမှုတွေ ခွင့်ပြုဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။ ဒါကို ပိတ်ပင်တဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ သူတို့ရဲ့ ကိုယ်ခန္ဓာ၊ သူတို့ရဲ့ဘဝ အတွက် ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်ကို အကြီးအကျယ် ရိုက်ချိုးလိုက်တာ ဖြစ်ပြီး မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံရအောင်၊ အမျိုးသမီးတွေကို အခက်အခဲ ပို ဖြစ်အောင် လုပ်တာလို့ Roe v Wade ကို ထောက်ခံသူတွေက ပြောဆိုကြပါတယ်။

“သန္ဓေသားဖျက်ချခွင့် အခွင့်အရေး ဆက်ရနေအောင် ကြိုးပမ်းသွားမှာပါ။ သန္ဓေသားဖျက်ခွင့် တားမြစ်တဲ့ ပြည်နယ်တွေက အမျိုးသမီးတွေကို ကူညီပေးပါမယ်။ လိုအပ်သူတွေ DC လို နေရာမျိုးမှာ လာပြီး သန္ဓေသားဖျက်ချခွင့်ရအောင်၊ ကျန်းမာရေးအရ ကူညီစောင့်ရှောက်မှုတွေ ရအောင် ကူညီတာတွေ လုပ်သွားပါမယ်။ သန္ဓေသား ဖျက်ချတာတွေ ကတော့ ရပ်သွားမှာမဟုတ်ပါဘူး။ ကျမတို့ကို သူတို့ တားခွင့်မရှိပါဘူး။ သူတို့တားလည်း အမျိုးသမီး အဖွဲ့အစည်းတွေ၊ ကွန်ရက်တွေက ဒါကို ရအောင် နည်းလမ်းရှာမှာပါ။ ကျမတို့ လူမှုအသိုင်းအဝိုင်းထဲမှာ အမျိုးသမီးတွေ အတွက် လိုအပ်တဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုတွေ ဆက်ရနေအောင် လုပ်သွားပါမယ်။”

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ခေတ်နောက်ပြန် ဆွဲလိုတဲ့ ကွန်ဆားဗေးတစ် အနည်းစုရဲ့ လုပ်ရပ်လို့လည်း Helen Luryi က ဝေဖန်ပါတယ်။

“တရားရုံးချုပ် ဆုံးဖြတ်ချက်ကို စိတ်ပျက်မိပေမဲ့ အံ့တော့ မအံ့သြပါဘူး။ လက်ရှိ တရားရုံးချုပ်မှာ ခရစ်ယာန်ဖက်ဆစ် လူနည်းစုတွေ နေရာယူပြီး သူတို့ရဲ့ အယူအဆတွေကို ကျန်တဲ့သူ အားလုံးအပေါ် ချမှတ်ဖို့ လုပ်နေတာပါ။ ဒါကို ဒီကနေ့ ဆုံးဖြတ်ချက်က ပြလိုက်တာပါပဲ။ အံ့သြစရာ မရှိပါဘူး။”

အရင် ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ တရားရုံးချုပ် တရားသူကြီး ၃ ဦးကို ခန့်အပ်ပြီး တရားရုံးချုပ်မှာ ကွန်ဆားဗေးတစ် တရားသူကြီးတွေ အများစု လွှမ်းမိုးနိုင်အောင် စနစ်တကျ စီစဉ် နေရာယူပြီးတော့မှ ခုလို ဆုံးဖြတ်ချက်တွေ ချမှတ်လာတာလို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ ပထမအဆင့် အနေနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်လာတာ ဖြစ်ပြီး သိပ်မကြာခင်မှာ လိင်တူချစ်သူတွေ၊ လိင်စိတ်ခံယူချက် ကွဲပြားသူတွေ၊ လိင်အင်္ဂါ ပြောင်းလဲခံယူထားသူတွေလို LGBTQ အသိုင်းအဝိုင်း အပေါ်မှာပါ ကန့်သတ်မှုတွေ ကြုံလာရနိုင်တယ် ဆိုပြီး သတိပေး ပြောသူတွေလည်း ရှိပါတယ်။

ခုလို အမေရိကန် အမျိုးသမီးတွေကြား အယူအဆ ကွဲလွဲမှုတွေရှိနေတဲ့ သန္ဓေသား ဖျက်ချခွင့်ဆိုင်ရာ တရားရုံးချုပ် ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အမေရိကန်ရောက် မြန်မာ လူမှုအသိုင်းအဝိုင်းကြားမှာရော ဘယ်လို သဘောထားတွေ ရှိကြပါလဲ။ မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသူ ဟောင် ရဲ့ အမြင်ကို နားထောင်ကြည့်ရအောင်ပါ။

“ကျမ အမြင်ကတော့ ကျမတို့ ကိုယ်ဝန် စရှိပြီ ဆိုတာနဲ့ သွေးဥကနေ စတာပေါ့နော်။ အဲ့ဒီကနေ စပြီးတော့ ရက်ပိုင်း လပိုင်း တဖြည်းဖြည်းနဲ့ သူက လူ ဖြစ်လာပြီလေ။ ဆိုတော့ ကိုယ်ဝန်ဖျက်ချတာ တလပဲကြာကြာ၊ နှစ်လပဲကြာကြာ ကိုယ်ဝန်ဆိုပေမဲ့၊ လူပုံစံ စဖြစ်နေပြီ။ ဆိုတော့ ကျမတို့ ဒီ ကိုယ်ဝန်ကို ဖျက်ချလိုက်ခြင်းအားဖြင့် တနည်းအားဖြင့် လူ အသက် သတ်တာနဲ့ အတူတူပဲဖြစ်တယ်။ ကျမတို့ ဘာသာရေး အသီးသီးမှာလည်း လူ့အသက်ကို မသတ်ရဘူး။ ဒါ ဘုရားမကြိုက်တဲ့အရာ တခု ဖြစ်တယ်ပေါ့နော်။ လူ့ရဲ့ဘဝ တခုလုံးကို ဆုံးရှုံးသွားသလို၊ လူဖြစ်လာမယ့် ကလေးတယောက်ရဲ့ အနာဂတ်ကို ရိုက်ချိုးသလို ဖြစ်တယ်လို့ ကျမ ခံစားတယ်။ ဒါဟာ ဘုရားကလည်း ကျမတို့ရဲ့ ကျမ်းစာ ထဲမှာ လုံးဝ မကြိုက်တဲ့အရာ။ လူ့အသက် သတ်တာကို ဘုရားက တားမြစ်ထားတဲ့အရာ ဖြစ်တဲ့အတွက် ကျမတို့ အမေရိကားမှာ ဒီအရာတွေ ဖြစ်လာတဲ့အခါမှာ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ နှလုံးသား ကျေကွဲရတယ်။ ဒါပေမဲ့ အခု ဒီလိုမျိုး သူတို့ရဲ့ တရားရုံးမှာ အမှုတွေ ဒီလိုဖြစ်လာတယ်။ ပြီးတော့မှ ကိုယ်ဝန်ဖျက်ချတဲ့အရာတွေကို တားမြစ်မယ်လို့ သတင်းကြားတဲ့အခါမှာ ကျမ စိတ်ထဲမှာ အရမ်း ဝမ်းသာတယ်။ ကျမတို့ ဆုတောင်းတဲ့အရာတခုလည်း ပြည့်သွားတယ်လို့ ကျမ ယုံကြည်ပါတယ်။”

အမေရိကားရောက် မြန်မာတွေကြားမှာလည်း အမြင်တွေကတော့ အမျိုးမျိုးပါ။ တရားရုံးချုပ် ဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက် တရားရုံးချုပ်ရှေ့မှာ ကိုယ်တိုင် သွားရောက် ဆန္ဒပြခဲ့တဲ့ မဂျူးဂျူးမင်းသူကတော့ အခုဆုံးဖြတ်ချက်ဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ထိခိုက်ရုံမက လူမှုအသိုင်းအဝိုင်း တခုလုံးအပေါ်မှာ သက်ရောက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

“ဒါက ပြောမယ်ဆိုရင် အမျိုးသမီးထုရဲ့ အခွင့်အရေးတင် မဟုတ်ဘဲနဲ့ လူ့အသိုင်းအဝိုင်းတခုလုံးကို ထိခိုက် နစ်နာလာနိုင်တယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ကျမက social worker တယောက် ဆိုတော့၊ ကျမတို့ လူ့ဘောင်တခုလုံး ပြောင်းလဲသွားနိုင်တာကို မျက်မြင်ကိုယ်တွေ့ မြင်လာရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး ကျမတို့ရဲ့ ရွေးချယ်ပိုင်ခွင့်၊ ကိုယ်ဝန်ရလာပြီဆိုရင် မလိုချင်ဘဲ မွေးရမယ့်ကလေးတွေ၊ မကျွေးနိုင်ဘဲ မွေးရမယ့်ကလေးတွေ၊ မထိန်းသိမ်းနိုင် မစောင့်ရှောက်နိုင်ဘဲနဲ့ မွေးရတော့မယ့် ကလေးတွေ လူ့ဘောင်ထဲကို ရောက်လာပြီဆိုရင် ကလေးတွေ အတွက်လည်း မကောင်းဘူး။ ဒီကလေးတွေ စိတ်ဒဏ်ရာများစွာနဲ့ ကြီးပြင်းလာရဖို့ များတယ်။ နောက်ပြီးတော့ အခြေခံလူတန်းစားတွေ၊ ကိုယ်ဝန်တားဆေး မသုံးနိုင်တဲ့လူတွေ အတွက်ဆိုရင် ပိုပြီး ဒုက္ခရောက်လာနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြောတော့သာ မျိုးပွားမှုဆိုင်ရာ အခွင့်အရေး ဆိုပေမဲ့၊ အဲ့ဒီအောက်မှာ အများကြီးပဲ ပါ လာပြီ။ အမျိုးသမီးတွေရဲ့ တားဆေးသုံးခွင့်တွေကအစ ပါလာပြီ။ အမျိုးသမီးတွေ ဘယ်လို နေထိုင်ကျင့်ကြံရမယ် ဆိုတာတွေကအစ ပါလာပြီ။ ဒါ အစပဲ ရှိသေးတယ်။ နောက်ပိုင်းဆိုရင် LGBTQ အသိုင်းအဝိုင်း တွေရဲ့ အခွင့်အရေးတွေပါ ထိခိုက်နစ်နာ လာနိုင်တယ်လို့ LGBTQ ခေါင်းဆောင်တွေကလည်း ပြောဆိုနေကြပါပြီ။ ဒီဟာကိုကြည့်ရတာ အရမ်းလည်း ဝမ်းနည်းဖို့ကောင်းတယ်။ ဒေါသလည်း ထွက်မိတယ်။ ဒီလောက် တိုးတက်နေတဲ့ အမေရိကား လို နိုင်ငံတောင်မှ နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေနဲ့ လူတွေက ခေါင်းဆောင်ဖြစ်နေတော့ ကျမတို့လို အမျိုးသမီးတွေနဲ့ မိန်းခလေးတွေ အတွက် အရမ်းပဲစိတ်ပူမိတယ်။ အခုလိုမျိုး တရားရုံးချုပ်မှာ တရားသူကြီးတွေက နှစ်ပေါင်း ၅၀ လောက် နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေနဲ့ ခေါင်းဆောင်လုပ်နေတဲ့အခါမှာ ကျမတို့အနေနဲ့ တော်တော်လေးကို စိတ်ပူမိတယ်။ ဒီနိုင်ငံအတွက် ဒုက္ခမျိုးစုံ ရင်ဆိုင် ရတော့မယ်ဆိုတာကိုလည်း ကြိုတင် တွေးဆလို့ရပါတယ်။”

တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် သန္ဓေသားဖျက်ချခွင့်နဲ့ ပတ်သက်လို့ ကွဲလွဲမှုတွေကတော့ ပိုမို ကျယ်လောင်လာပါတယ်။ သဘောထား ဘယ်လိုကွဲကွဲ လတ်တလောမှာတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို အားလုံးက လိုက်နာကြရမှာပါ။ ပြည်နယ်တချို့ကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက် ထွက်လာပြီးပြီးချင်းမှာပဲ သန္ဓေသားဖျက်ချခွင့် တားမြစ်တဲ့ တင်းကျပ်တဲ့ ဥပဒေတွေ ချက်ချင်း ပြဌာန်းဖို့ ပြင်ဆင်လာကြတယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG