သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန္ဓေသားဖျက်ချခွင့် ပြင်သစ်နိုင်ငံဖွဲ့စည်းပုံဥပဒေမှာထည့်သွင်း


France Abortion Constitutional Right
France Abortion Constitutional Right

ပြင်သစ်နိုင်ငံမှာ သန္ဓေသားဖျက်ချခွင့်ကို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမှာ တနင်္လာနေ့က ထည့်သွင်းလိုက်တဲ့အတွက် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုကြပေမယ့် သန္ဓေသားဖျက်ချမှုဆန့်ကျင်သူတွေကတော့ အကြီးအကျယ်ဝေဖန်ကြပါတယ်။

အမျိုးသမီးတွေ သန္ဓေသားဖျက်ချခွင့်ကို အမေရိကန်နဲ့ အခြားနိုင်ငံအတော်များများထက် ပြင်သစ်နိုင်ငံမှာ ပိုပြီးလက်ခံကြပါတယ်။ သန္ဓေသားဖျက်ချခွင့်ကို တရားဝင်လုပ်ရပ်အဖြစ် ပြင်သစ်လူထု ၈၀ ရာခိုင်နှုန်းလောက်လက်ခံတာကို လူထုစစ်တမ်းတွေမှာတွေ့ရပါတယ်။ ကိုယ်သာလျှင်ပိုင်ဆိုင်တဲ့ ကိုယ့်ခန္ဓာကိုယ်အတွက် ဘယ်သူမှ လာပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ အမျိုးသမီးထုကြီးကို အသိပေးလိုက်တာပါလို့ ပြင်သစ်ဝန်ကြီးချုပ် Gabriel Attal က လွှတ်တော်အမတ်တွေကိုပြောပါတယ်။

သန္ဓေသားဖျက်ချခွင့်နဲ့ပတ်သက်လို့ ပါရီမြို့အပြင်ဘက်က ဗာဆိုင်းနန်းတော်အနီး အောက်လွှတ်တော်မှာ မဲပေး အတည်ပြုခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် Attal က အဲဒီလို ပြောဆိုသွားတာဖြစ်ပါတယ်။ အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချခွင့်ကိုခွင့်ပြုခဲ့တဲ့ Roe v Wade ဥပဒေ ခေါ် ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို ၂၀၂၂ ခုနှစ်မှာအေမရိကန် တရားရုံးချုပ်က ပယ်ဖျက်လိုက်ပြီးတဲ့နောက် သန္ဓေသားဖျက်ချခွင့်ကို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမှာ ပြဌာန်းလိုက်တဲ့ ပထမဆုံးနိုင်ငံတခုဖြစ်လာအောင် ပြင်သစ် တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းဆောင်ရွက်ခဲ့ကြတာပါ။

ပြင်သစ်နိုင်ငံမှာ ၁၉၇၄ ခုနှစ်မှာ ဥပဒေပြုပြီး အမျိုးသမီးတွေ သန္ဓေသားဖျက်ချခွင့်ပြုခဲ့တဲ့အချိန်တုန်းကလည်း ပြင်းထန်တဲ့ဝေဖန်မှုတွေပေါ်ပေါက်ခဲ့ပါတယ်။

သန္ဓေသားဖျက်ချခွင့် ပြင်သစ်နိုင်ငံဖွဲ့စည်းပုံဥပဒေမှာထည့်သွင်း
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG