[[ ZAWGYI / UNICODE ]]
အေမရိကန္မွာ သေႏၶသားဖ်က္ခ်ခြင့္ တရား႐ုံးခ်ဳပ္ပယ္ဖ်က္
အေမရိကန္ ျပည္ေထာင္စုမွာ သေႏၶသားဖ်က္ခ်ခြင့္ တရား၀င္ခြင့္ျပဳထားတာကို တရား႐ုံးခ်ဳပ္က ေသာၾကာေန႔မွာပဲ ပယ္ဖ်က္လိုက္ပါတယ္။ ႏွစ္ေပါင္း ၅၀ ေလာက္ တရား၀င္ခြင့္ျပဳထားတာကို ဖ်က္သိမ္းလိုက္တဲ့အတြက္ ဆက္ခြင့္ျပဳသင့္၊ မသင့္ သက္ဆိုင္ရာ ျပည္နယ္ေတြက ဆုံးျဖတ္ရေတာ့မွာ ျဖစ္ပါတယ္။ သမၼတ ဂ်ဳိးဘိုင္ဒင္ကေတာ့ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ကို ႐ႈတ္ခ်ခဲ့တာပါ။
“တရား႐ုံးခ်ဳပ္ အတြက္ေရာ၊ တိုင္းျပည္အတြက္ပါ ၀မ္းနည္းစရာ ေန႔တေန႔ပါ။” လို႔ သမၼတက အိမ္ျဖဴေတာ္မွာ ေသာၾကာေန႔က ေျပာဆိုလိုက္တာပါ။ တခ်ိန္တည္းမွာပဲ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ကို ကန္႔ကြက္ဆႏၵျပသူေတြ အေနနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း တုံ႔ျပန္ၾကဖို႔လည္း သမၼတက တိုက္တြန္းခဲ့ပါတယ္။
အေမရိကန္ ေရွ႕ေနခ်ဳပ္ Merrick Garland ကလည္း တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္အေပၚ တရားေရးဌာနက အျပင္းအထန္ ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့တာပါ။ သမၼတေဟာင္း Donald Trump ကေတာ့ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ကို ႀကိဳဆိုလိုက္ၿပီး၊ သူ႔လက္ထက္မွာ ခန္႔အပ္ခဲ့တဲ့ တရားသူႀကီးတခ်ဳိ႕ရဲ႕ ေထာက္ခံမႈနဲ႔ ဆုံးျဖတ္ခဲ့တဲ့အေပၚမွာလည္း ေအာင္ျမင္မႈအျဖစ္ ေျပာဆိုခဲ့ပါတယ္။
သေႏၶသားဖ်က္ခ်ခြင့္ကို ပယ္ဖ်က္ဖို႔ သေဘာထားေပးခဲ့တဲ့ တရား႐ုံးခ်ဳပ္ တရားသူႀကီးေတြထဲက တဦးျဖစ္တဲ့ Samuel Alito ကေတာ့ ဖဲြ႕စည္းပုံ အေျခခံဥပေဒမွာ သေႏၶသားဖ်က္ခ်ခြင့္နဲ႔ ပတ္သက္လို႔ ေဖာ္ျပထားတာ မရွိသလို၊ ဖဲြ႕စည္းပုံနဲ႔အညီ အကာအကြယ္ေပးရမယ့္ အခြင့္အေရးေတြထဲမွာလည္း မပါဘူးလို႔ ေျပာပါတယ္။
သေႏၶသား ဖ်က္ခ်ခြင့္ သုေတသနေလ့လာေနတဲ့ Guttmacher ဌာနကေတာ့ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ခ်က္ေၾကာင့္ အေမရိကန္ ေတာင္ပိုင္းနဲ႔ အေနာက္အလယ္ပိုင္းေဒသေတြက အမ်ားစု ပါ၀င္တဲ့ ျပည္နယ္ ၂၆ ခုမွာ သေႏၶသားဖ်က္ခ်ခြင့္ကို တားျမစ္ႏိုင္ေၾကာင္း ေျပာပါတယ္။ ျပည္နယ္ဥပေဒေတြအရ သေႏၶသားဖ်က္ခ်ခြင့္ တားျမစ္တဲ့အခါ ခြင့္ျပဳထားတဲ့ ျပည္နယ္ေတြအထိ သြားၾကရမယ့္ အေမရိကန္ အမ်ဳိးသမီး သန္းနဲ႔ခ်ီ ရွိမယ္လို႔လည္း ခန္႔မွန္းထားပါတယ္။
===============
{{ UNICODE }}
အမေရိကန်မှာ သန္ဓေသားဖျက်ချခွင့် တရားရုံးချုပ်ပယ်ဖျက်
အမေရိကန် ပြည်ထောင်စုမှာ သန္ဓေသားဖျက်ချခွင့် တရားဝင်ခွင့်ပြုထားတာကို တရားရုံးချုပ်က သောကြာနေ့မှာပဲ ပယ်ဖျက်လိုက်ပါတယ်။ နှစ်ပေါင်း ၅၀ လောက် တရားဝင်ခွင့်ပြုထားတာကို ဖျက်သိမ်းလိုက်တဲ့အတွက် ဆက်ခွင့်ပြုသင့်၊ မသင့် သက်ဆိုင်ရာ ပြည်နယ်တွေက ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့တာပါ။
“တရားရုံးချုပ် အတွက်ရော၊ တိုင်းပြည်အတွက်ပါ ဝမ်းနည်းစရာ နေ့တနေ့ပါ။” လို့ သမ္မတက အိမ်ဖြူတော်မှာ သောကြာနေ့က ပြောဆိုလိုက်တာပါ။ တချိန်တည်းမှာပဲ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြသူတွေ အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တုံ့ပြန်ကြဖို့လည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။
အမေရိကန် ရှေ့နေချုပ် Merrick Garland ကလည်း တရားရုံးချုပ် ဆုံးဖြတ်ချက်အပေါ် တရားရေးဌာနက အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ သမ္မတဟောင်း Donald Trump ကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး၊ သူ့လက်ထက်မှာ ခန့်အပ်ခဲ့တဲ့ တရားသူကြီးတချို့ရဲ့ ထောက်ခံမှုနဲ့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာလည်း အောင်မြင်မှုအဖြစ် ပြောဆိုခဲ့ပါတယ်။
သန္ဓေသားဖျက်ချခွင့်ကို ပယ်ဖျက်ဖို့ သဘောထားပေးခဲ့တဲ့ တရားရုံးချုပ် တရားသူကြီးတွေထဲက တဦးဖြစ်တဲ့ Samuel Alito ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သန္ဓေသားဖျက်ချခွင့်နဲ့ ပတ်သက်လို့ ဖော်ပြထားတာ မရှိသလို၊ ဖွဲ့စည်းပုံနဲ့အညီ အကာအကွယ်ပေးရမယ့် အခွင့်အရေးတွေထဲမှာလည်း မပါဘူးလို့ ပြောပါတယ်။
သန္ဓေသား ဖျက်ချခွင့် သုတေသနလေ့လာနေတဲ့ Guttmacher ဌာနကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် အမေရိကန် တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းဒေသတွေက အများစု ပါဝင်တဲ့ ပြည်နယ် ၂၆ ခုမှာ သန္ဓေသားဖျက်ချခွင့်ကို တားမြစ်နိုင်ကြောင်း ပြောပါတယ်။ ပြည်နယ်ဥပဒေတွေအရ သန္ဓေသားဖျက်ချခွင့် တားမြစ်တဲ့အခါ ခွင့်ပြုထားတဲ့ ပြည်နယ်တွေအထိ သွားကြရမယ့် အမေရိကန် အမျိုးသမီး သန်းနဲ့ချီ ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။