သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေ႐ႊျပည္သာ ေပါင္ခ်ိန္ ဘိနပ္စက္ရုံ အလုပ္ျဖဳတ္ခံ လုပ္သားတခ်ိဳ႕ ဆႏၵျပ


ေ႐ႊျပည္သာ ေပါင္ခ်ိန္ ဘိနပ္စက္ရုံ အလုပ္ျဖဳတ္ခံ လုပ္သားတခ်ိဳ႕ ဆႏၵျပ

လုပ္အားခ တိုးေပးေရးေတာင္းဆိုတဲ့ ေရႊျပည္သာၿမိဳ႕နယ္ ေပါင္ခ်ိန္ဘိနပ္ စက္႐ုံက အလုပ္သမား ႏွစ္ဒါဇင္ေက်ာ္ ၿပီးခဲ့တဲ့ရက္ပိုင္းက အလုပ္ျဖဳတ္ခံခဲ့ရတာေၾကာင့္ အလုပ္သမားတခ်ိဳ႔ ဆႏၵျပခဲ့ၾကပါတယ္။ အလုပ္သမား အခြင့္အေရး အေျခအေန သတင္းေပးပို႔ခ်က္ကို မအိသန႔္စင္ က တင္ျပေပးပါမယ္။

ေ႐ႊျပည္သာ ေပါင္ခ်ိန္ ဘိနပ္စက္ရုံ အလုပ္ျဖဳတ္ခံ လုပ္သားတခ်ိဳ႕ ဆႏၵျပ

{{Zawgyi/Unicode}}
လုပ္အားခ တိုးေပးေရးေတာင္းဆိုတဲ့ ေရႊျပည္သာၿမိဳ႕နယ္ ေပါင္ခ်ိန္ဘိနပ္ စက္႐ုံက အလုပ္သမား ႏွစ္ဒါဇင္ေက်ာ္ ၿပီးခဲ့တဲ့ရက္ပိုင္းက အလုပ္ျဖဳတ္ခံခဲ့ရတာေၾကာင့္ အလုပ္သမားတခ်ိဳ႔ ဆႏၵျပခဲ့ၾကပါတယ္။ ခြင့္မဲ့ပ်က္ကြက္တဲ့အတြက္ အလုပ္ျဖဳတ္တာလို႔ အမည္မေဖၚလိုသူ စက္႐ုံတာဝန္ရွိသူတေယာက္က ေျပာေပမဲ့ အလုပ္သမားေတြဘက္ကေတာ့ သူတို႔အခြင့္အေရးကို ၾကားခံညႇိႏိႈင္းေပးေပးမယ့္ အဖြဲ႕အစည္းေတြ မရွိေတာ့တဲ့အေၾကာင္းနဲ႔ ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြ ဆုံးရႈံးေနတယ္ဆိုၿပီး ေထာက္ျပ ေဝဖန္ေနၾကပါတယ္။ အလုပ္သမား အခြင့္အေရး အေျခအေန သတင္းေပးပို႔ခ်က္ကို မအိသန႔္စင္ က တင္ျပေပးပါမယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ေ႐ႊျပည္သာၿမိဳ႕နယ္က ျမန္မာေပါင္ခ်ိန္ ဘိနပ္ စက္႐ုံမွာ အနည္းဆုံးလုပ္ခ လစာတိုး ျမႇင့္ေပးဖို႔၊ အျပန္ဖယ္ရီ စီစဥ္ေပးဖို႔ စတာေတြကို ဆႏၵျပေတာင္းဆိုဖို႔ လုပ္ခဲ့တဲ့ အလုပ္သမား ၂၆ ဦးကို အလုပ္က ထုတ္ပယ္ခံခဲ့ရပါတယ္။ အလုပ္ထုတ္ခံခဲ့ရတဲ့ အလုပ္သမား ၂၆ ေယာက္ထဲမွာ ပါဝင္သူ တဉီးက အခုလို ေျပာျပပါတယ္။

" က်ေနာ္တို႔ ၄၈၀၀ကေန ၈၀၀၀ေတာင္းတယ္။ ဖယ္ရီကား စီစဥ္ေပးဖို႔ ေတာင္းတယ္။ အခုအေျခအေနမွ ာဖယ္ရီကား စီစဥ္ေပးဖို႔ ေတာင္းထားတယ္။ ၿပီးရင္ Target ႏႈန္းနဲ႔ အဲဒါရသေလာက္ ဆုေၾကးေပးဖို႔ေျပာတယ္။ အဲဒါက်ေနာ္တို ႔ေတာင္းတဲ့အခ်က္ ၃ခ်က္ လစာ ၈၀၀၀ဆိုတာကလည္း အဲလို ေပးဖို႔မဟုတ္ဘူး။ အဓိကက က်ေနာ္တို႔ကို ကုန္ေစ်းႏႈန္းအရ အခက္အခဲျဖစ္ေနလို႔ ညႇိႏိႈင္းေပးေစခ်င္တာ။ ဒါေတြကိုေျပာေပမယ့္ ကုမၸဏီေပၚလစီဆိုၿပီးဘဲေျပာတယ္။ အခုေလာဆယ္ အေျခအေနတခုမွာ အလုပ္ကလည္း အရမ္းရွားတယ္။ ကုန္ေစ်းႏႈန္းတက္ေနခ်ိန္မွာ အလုပ္မရွိရင္ မျဖစ္ဘူး။ အဲလို အေျခအေနမွာ မတရားခံေနရလို႔ တက္လို႔ရလို႔ရတဲ့ ေနရာထိတက္မယ္။ ခုေျပာသာေျပာရတယ္ ေနာက္ေၾကာင္းမလုံဘူး။ သူတို႔မွာေငြရွိတယ္ က်ေနာ္တို႔မွာဘာမွမရွိဘူး။ ျဖစ္ခ်င္ျဖစ္ က်ေနာ္တို႔ကအရမ္း ရႈံးတာေပါ့ဗ်ာ "

ေပါင္ခ်ိန္ ဘိနပ္ စက္႐ုံ အလုပ္သမားေတြနဲ႔ အလုပ္ရွင္ေတြၾကား ပဋိပကၡေတြကို စစ္ေကာင္စီရဲ႕ အလုပ္သမားေရးရာဌာနဘက္က ညႇိႏႈိင္းေပးမႈေတြမရွိခဲ့ဘူးလို႔ အလုပ္သမားေတြက ေျပာပါတယ္။ ေပါင္ခ်ိန္စက္႐ုံဘက္ ဗြီအိုေအဘက္က ဆက္သြယ္တာမွာေတာ့ ျပန္လည္ေျဖဆိုတာ မလုပ္ခဲ့ပါဘူး။ အမည္မေဖာ္လိုတဲ့ တာဝန္ရွိသူတဦးကေတာ့ အလုပ္သမား ၂၆ေယာက္ကို အလုပ္ထုတ္တာက ခြင့္မဲ့ပ်က္ကြက္တာေၾကာင့္လို႔ အေၾကာင္းျပခ်က္ေပးပါတယ္။

ေပါင္ခ်ိန္အလုပ္သမားကိစၥမွာ အလုပ္သမားေတြဘက္က ကူညီေပးေနသူတဦးကေတာ့ လက္ရွိ အလုပ္အကိုင္ အခြင့္အလမ္း ရွားပါးမႈကို အခြင့္ေကာင္းယူၿပီး အလုပ္ရွင္ေတြဘက္က ေခါင္းပုံျဖတ္မႈေတြပိုမ်ားလာတယ္လို႔ ေဝဖန္ပါတယ္။

အလုပ္လက္မဲ့ျဖစ္သြားၿပီး အလုပ္ရွာေနတဲ့ မႏွင္းဆီဆိုတဲ့ အမ်ိဳးသမီးတဉီးကေတာ့ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္းမွာ အလုပ္အကိုင္ ရွားပါးလာသလို လုပ္ငန္းခြင္အတြင္းမွာ လုပ္ခနဲ႔ ပတ္သက္တဲ့ အခြင့္အေရးေတြ ဆုံးရႈံးလာတဲ့အေၾကာင္း ရွင္းျပပါတယ္။

" အလုပ္ကေလ ခုကစက္႐ုံေတြ ေတာ္ေတာ္မ်ားမ်ား အလုပ္မေခၚၾကေတာ့ဘူးေလ။ အဲေတာ့ အခက္အခဲေတြရွိတာေပါ့။ အခုကစက္႐ုံေတြက OTေတြလဲေခၚတယ္။ ေခၚရင္လဲ တိက်စြာမေပးဘူး။ ေခၚၿပီးရင္လဲ လစာကို တိက်စြာမေပးဘူး။ ဘာေၾကးညာေၾကးေတြ ႏုတ္တယ္။ အဲလိုက် ကိုယ့္အိမ္စီးပြားေရးအတြက္ မေျပၾကျပန္ဘူး။ စားရေသာက္ရတာအဆင္မေျပဘူးေပါ့။ က်မလည္းအလုပ္ေတြေလွ်ာက္လဲ မေခၚၾက ဘူး "

ကုန္ေစ်းႏႈန္း အဆမတန္ႀကီးျမင့္လာခ်ိန္ အလုပ္သမားေတြ လစာတိုးေတာင္းတာနဲ႔ ခံစားခြင့္တခ်ိဳ႕ ေတာင္းဆိုလာတာေတြမႈေတြမွာ အလုပ္ရွင္ဘက္က ေျပလည္ေအာင္ ညႇိႏႈိင္းတာမရွိဘဲ အလုပ္ျဖဳတ္ပစ္တာေတြနဲ႔ ပိုမိုရင္ဆိုင္လာရတယ္လို႔ အလုပ္သမားေတြဘက္ကေျပာပါတယ္။ အလုပ္လုပ္သေလာက္ လုပ္အားခ မရတာေတြလည္း ရွိတဲ့အေၾကာင္း ပဲခူးတိုင္းမွာ အလုပ္သမားအေရး ကူညီေဆာင္႐ြက္ေပးေနသူ တဉီးက ေျပာပါတယ္။

" ဒီဘက္မွာက လုပ္ခလစာက အရင္လိုမရေတာ့ဘူး။ ေနာက္အစားထိုး လုပ္ရရင္လဲ ပိုက္ဆံမရဘူး။ လစာမဲ့နဲ႔ ဆင္းေနရသလိုျဖစ္ေနတယ္။ OTေၾကးေတြလည္းမရေတာ့ဘူး။ ဒီလိုမွမလုပ္ရင္လဲ။ သူတို႔ဘဝ စားဝတ္ေနေရးအတြက္အဆင္မေျပဘူး။ တျခားအလုပ္ေျပာင္းဖို႔လည္းသူတို႔မွာ လုံးဝကိုလက္လွမ္း မမွီတာေပါ့။ လုပ္ရတဲ့အလုပ္နဲ႔ျပန္ရတဲ့ လုပ္အားခက လုံးဝကိုမမွ်တဘူးျဖစ္ေနတာေပါ့"

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ အရင္ NLD အစိုးရလက္ထက္ အလုပ္သမားအေရး ေဆာင္႐ြက္ ေနသူေတြနဲ႔ အလုပ္သမား သမဂၢေတြ ပိတ္ပင္ခံရတာအျပင္ အလုပ္သမားေရး လႈပ္ရွားေနသူေတြ ထြက္ေျပး တိမ္းေရွာင္ေနရတာေတြလည္း ရွိေနပါတယ္။ အလုပ္သမားေတြကေတာ့ သူတို႔ဘက္က အခြင့္အေရးကို ကာကြယ္ေပးမဲ့ ဒါမွမဟုတ္ ၾကားခံညႇိႏိုင္းေပးမယ့္ အဖြဲ႕အစည္း မရွိေတာ့တဲ့အတြက္ အခြင့္အေရးေတြ ပိုၿပီး ဆုံးရႈံးေနတယ္လို႔ မၾကာခန ေဝဖန္ေျပာဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................................................

ရွှေပြည်သာ ပေါင်ချိန် ဘိနပ်စက်ရုံ အလုပ်ဖြုတ်ခံ လုပ်သားတချို့ ဆန္ဒပြ

{{Zawgyi/Unicode}}
လုပ်အားခ တိုးပေးရေးတောင်းဆိုတဲ့ ရွှေပြည်သာမြို့နယ် ပေါင်ချိန်ဘိနပ် စက်ရုံက အလုပ်သမား နှစ်ဒါဇင်ကျော် ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်ဖြုတ်ခံခဲ့ရတာကြောင့် အလုပ်သမားတချို့ ဆန္ဒပြခဲ့ကြပါတယ်။ ခွင့်မဲ့ပျက်ကွက်တဲ့အတွက် အလုပ်ဖြုတ်တာလို့ အမည်မဖေါ်လိုသူ စက်ရုံတာဝန်ရှိသူတယောက်က ပြောပေမဲ့ အလုပ်သမားတွေဘက်ကတော့ သူတို့အခွင့်အရေးကို ကြားခံညှိနှိုင်းပေးပေးမယ့် အဖွဲ့အစည်းတွေ မရှိတော့တဲ့အကြောင်းနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်ဆိုပြီး ထောက်ပြ ဝေဖန်နေကြပါတယ်။ အလုပ်သမား အခွင့်အရေး အခြေအနေ သတင်းပေးပို့ချက်ကို မအိသန့်စင် က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရွှေပြည်သာမြို့နယ်က မြန်မာပေါင်ချိန် ဘိနပ် စက်ရုံမှာ အနည်းဆုံးလုပ်ခ လစာတိုး မြှင့်ပေးဖို့၊ အပြန်ဖယ်ရီ စီစဉ်ပေးဖို့ စတာတွေကို ဆန္ဒပြတောင်းဆိုဖို့ လုပ်ခဲ့တဲ့ အလုပ်သမား ၂၆ ဦးကို အလုပ်က ထုတ်ပယ်ခံခဲ့ရပါတယ်။ အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမား ၂၆ ယောက်ထဲမှာ ပါဝင်သူ တဉီးက အခုလို ပြောပြပါတယ်။

" ကျနော်တို့ ၄၈၀၀ကနေ ၈၀၀၀တောင်းတယ်။ ဖယ်ရီကား စီစဉ်ပေးဖို့ တောင်းတယ်။ အခုအခြေအနေမှ ာဖယ်ရီကား စီစဉ်ပေးဖို့ တောင်းထားတယ်။ ပြီးရင် Target နှုန်းနဲ့ အဲဒါရသလောက် ဆုကြေးပေးဖို့ပြောတယ်။ အဲဒါကျနော်တို့တောင်းတဲ့အချက် ၃ချက် လစာ ၈၀၀၀ဆိုတာကလည်း အဲလို ပေးဖို့မဟုတ်ဘူး။ အဓိကက ကျနော်တို့ကို ကုန်ဈေးနှုန်းအရ အခက်အခဲဖြစ်နေလို့ ညှိနှိုင်းပေးစေချင်တာ။ ဒါတွေကိုပြောပေမယ့် ကုမ္ပဏီပေါ်လစီဆိုပြီးဘဲပြောတယ်။ အခုလောဆယ် အခြေအနေတခုမှာ အလုပ်ကလည်း အရမ်းရှားတယ်။ ကုန်ဈေးနှုန်းတက်နေချိန်မှာ အလုပ်မရှိရင် မဖြစ်ဘူး။ အဲလို အခြေအနေမှာ မတရားခံနေရလို့ တက်လို့ရလို့ရတဲ့ နေရာထိတက်မယ်။ ခုပြောသာပြောရတယ် နောက်ကြောင်းမလုံဘူး။ သူတို့မှာငွေရှိတယ် ကျနော်တို့မှာဘာမှမရှိဘူး။ ဖြစ်ချင်ဖြစ် ကျနော်တို့ကအရမ်း ရှုံးတာပေါ့ဗျာ "

ပေါင်ချိန် ဘိနပ် စက်ရုံ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြား ပဋိပက္ခတွေကို စစ်ကောင်စီရဲ့ အလုပ်သမားရေးရာဌာနဘက်က ညှိနှိုင်းပေးမှုတွေမရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ပေါင်ချိန်စက်ရုံဘက် ဗွီအိုအေဘက်က ဆက်သွယ်တာမှာတော့ ပြန်လည်ဖြေဆိုတာ မလုပ်ခဲ့ပါဘူး။ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးကတော့ အလုပ်သမား ၂၆ယောက်ကို အလုပ်ထုတ်တာက ခွင့်မဲ့ပျက်ကွက်တာကြောင့်လို့ အကြောင်းပြချက်ပေးပါတယ်။

ပေါင်ချိန်အလုပ်သမားကိစ္စမှာ အလုပ်သမားတွေဘက်က ကူညီပေးနေသူတဦးကတော့ လက်ရှိ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကို အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေဘက်က ခေါင်းပုံဖြတ်မှုတွေပိုများလာတယ်လို့ ဝေဖန်ပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားပြီး အလုပ်ရှာနေတဲ့ မနှင်းဆီဆိုတဲ့ အမျိုးသမီးတဉီးကတော့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်အကိုင် ရှားပါးလာသလို လုပ်ငန်းခွင်အတွင်းမှာ လုပ်ခနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးလာတဲ့အကြောင်း ရှင်းပြပါတယ်။

" အလုပ်ကလေ ခုကစက်ရုံတွေ တော်တော်များများ အလုပ်မခေါ်ကြတော့ဘူးလေ။ အဲတော့ အခက်အခဲတွေရှိတာပေါ့။ အခုကစက်ရုံတွေက OTတွေလဲခေါ်တယ်။ ခေါ်ရင်လဲ တိကျစွာမပေးဘူး။ ခေါ်ပြီးရင်လဲ လစာကို တိကျစွာမပေးဘူး။ ဘာကြေးညာကြေးတွေ နုတ်တယ်။ အဲလိုကျ ကိုယ့်အိမ်စီးပွားရေးအတွက် မပြေကြပြန်ဘူး။ စားရသောက်ရတာအဆင်မပြေဘူးပေါ့။ ကျမလည်းအလုပ်တွေလျှောက်လဲ မခေါ်ကြ ဘူး "

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာချိန် အလုပ်သမားတွေ လစာတိုးတောင်းတာနဲ့ ခံစားခွင့်တချို့ တောင်းဆိုလာတာတွေမှုတွေမှာ အလုပ်ရှင်ဘက်က ပြေလည်အောင် ညှိနှိုင်းတာမရှိဘဲ အလုပ်ဖြုတ်ပစ်တာတွေနဲ့ ပိုမိုရင်ဆိုင်လာရတယ်လို့ အလုပ်သမားတွေဘက်ကပြောပါတယ်။ အလုပ်လုပ်သလောက် လုပ်အားခ မရတာတွေလည်း ရှိတဲ့အကြောင်း ပဲခူးတိုင်းမှာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ တဉီးက ပြောပါတယ်။

" ဒီဘက်မှာက လုပ်ခလစာက အရင်လိုမရတော့ဘူး။ နောက်အစားထိုး လုပ်ရရင်လဲ ပိုက်ဆံမရဘူး။ လစာမဲ့နဲ့ ဆင်းနေရသလိုဖြစ်နေတယ်။ OTကြေးတွေလည်းမရတော့ဘူး။ ဒီလိုမှမလုပ်ရင်လဲ။ သူတို့ဘဝ စားဝတ်နေရေးအတွက်အဆင်မပြေဘူး။ တခြားအလုပ်ပြောင်းဖို့လည်းသူတို့မှာ လုံးဝကိုလက်လှမ်း မမှီတာပေါ့။ လုပ်ရတဲ့အလုပ်နဲ့ပြန်ရတဲ့ လုပ်အားခက လုံးဝကိုမမျှတဘူးဖြစ်နေတာပေါ့"

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရင် NLD အစိုးရလက်ထက် အလုပ်သမားအရေး ဆောင်ရွက် နေသူတွေနဲ့ အလုပ်သမား သမဂ္ဂတွေ ပိတ်ပင်ခံရတာအပြင် အလုပ်သမားရေး လှုပ်ရှားနေသူတွေ ထွက်ပြေး တိမ်းရှောင်နေရတာတွေလည်း ရှိနေပါတယ်။ အလုပ်သမားတွေကတော့ သူတို့ဘက်က အခွင့်အရေးကို ကာကွယ်ပေးမဲ့ ဒါမှမဟုတ် ကြားခံညှိနိုင်းပေးမယ့် အဖွဲ့အစည်း မရှိတော့တဲ့အတွက် အခွင့်အရေးတွေ ပိုပြီး ဆုံးရှုံးနေတယ်လို့ မကြာခန ဝေဖန်ပြောဆိုနေပါတယ်။


XS
SM
MD
LG