သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို ဆိုင်ရာ ညွှန်ကြားရေးမှူးသစ် ကမ္ဘာ့ဘဏ် ခန့်အပ်


World Bank ညွှန်ကြားရေးမှူးသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေး။ Source - MOFA
World Bank ညွှန်ကြားရေးမှူးသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေး။ Source - MOFA

မြန်မာ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံ သုံးနိုင်ငံရဲ့ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူးသစ် အဖြစ် ခန့်အပ်ခံရတဲ့ မစ္စ Ellen Goldstein က ဆင်းရဲနွမ်းပါးသူတွေရဲ့ဘဝတွေကို အပြောင်းအလဲ ဖြစ်စေဖို့အတွက် လူတိုင်း ပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားဖို့ ရည်မှန်းထားတဲ့ အကြောင်း သူ့ကိုခန့်အပ်ကြောင်း ကြေညာတဲ့ ဇူလိုင်လ ၃ ရက် နေ့ စွဲနဲ့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်က လက်ရှိအားဖြင့် စီမံကိန်း ၁၃ ခုကို အကောင်အထည်ဖော် လုပ်ဆောင်နေပြီး စုစုပေါင်း ရန်ပုံငွေ အားဖြင့် အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ လျာထား သုံးစွဲနေပါတယ်။

ကမ္ဘာ့ဘဏ်က အဓိက အာရုံစိုက် လုပ်ဆောင်နေတဲ့ လုပ်ငန်းကဏ္ဍသုံးခုကတော့ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ လူထုရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ကျွမ်းကျင်မှု တိုးတက်လာရေးနဲ့ အစိုးရအဖွဲ့အစည်း အဆင့်ဆင့်ရဲ့စွမ်းဆောင်ရည် တိုးတက် လာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးအတွက် ပုဂ္ဂလိကကဏ္ဍကို အားပေးမြှင့်တင်ရေး တို့ဖြစ်ပါတယ်။

ဒါ့အပြင် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းကိုလဲ ကမ္ဘာ့ဘဏ်က ကူညီထောက်ပံ့နေပြီး အိမ်ထောင်စုပေါင်း ၇.၂ သန်း ကို လျှပ်စစ်မီးပေးဖို့ ရည်ရွယ်ထားတဲ့ ၂၀၃၀ ပြည့်နှစ် အရောက်မှာ အိမ်ထောင်စု အားလုံး လျှပ်စစ်မီးရဖို့ ရည်မှန်းထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်း အကောင်အထည်ဖော်ဖို့ ကူညီထောက်ပံ့တဲ့ အနေနဲ့ ကမ္ဘာ့ဘဏ် လက်အောက်ခံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ IDA က မြန်မာနိုင်ငံ အတွက် ချေးငွေ ဒေါ်လာ သန်း ၄၀၀ ကို ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ အတည်ပြုပေးထားပါတယ်။

ဒီ IDA ရန်ပုံငွေနဲ့ လူပေါင်း ၆.၂ သန်း၊ အများပြည်သူဆေးပေးခန်းတွေ၊ ကျောင်းတွေ၊ ဘာသာရေးနဲ့တခြား လူမှုအဆောက်အဦး ပေါင်း ၂၃,၀၀၀၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ လမ်းပေါင်း ၁၅၁,၀၀၀ ကို လျှပ်စစ်မီးရအောင် လုပ်သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG