သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ စပိန် နယ်သာလန်ကိုရှုံး


၂၀၁၄ ကမ္ဘာ့ဖလားပွဲ နယ်သာလန် အသင်း အောင်ပွဲခံနေစဉ်။ (ဇွန် ၁၃၊ ၂၀၁၄)
၂၀၁၄ ကမ္ဘာ့ဖလားပွဲ နယ်သာလန် အသင်း အောင်ပွဲခံနေစဉ်။ (ဇွန် ၁၃၊ ၂၀၁၄)
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဒုတိယနေ့ အုပ်စု B ရဲ့ ပထမပွဲစဉ်တွေ ဒီကနေ့ ကစားကြရာမှာ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံလည်းဖြစ်၊ ကမ္ဘာ့ အဆင့် ၁ အသင်းလည်းဖြစ်တဲ့ စပိန်အသင်းကို နယ်သာလန်အသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရပြီး လက်စားချေလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာတုန်းက စပိန်အသင်းက နယ်သာလန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အချိန်ပိုကစားပြီး အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံအရှေ့ပိုင်း Salvador မြို့က Arena Fonte Nova ကွင်းမှာ သောကြာနေ့က ကျင်းပတဲ့ အဲဒီပြိုင်ပွဲမှာ ပထမပိုင်း ပြီးတဲ့အချိန် ၁ ဂိုးစီ သရေ ဖြစ်နေရာက နယ်သာလန်အသင်းက ဒုတိယပိုင်းမှာ ၄ ဂိုး ဆက်တိုက် သွင်းယူပြီး အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်ဖက်က Arjen Robben (အာယန် ရော်ဘင်) နဲ့ Robin van Persie (ရော်ဘင် ဗန် ပါစီ) တို့က ၂ ဂိုးစီသွင်းခဲ့ကြတာပါ။ ဒုတိယပိုင်း ၅၃ မိနစ်မှာ Arjen Robben သွင်းလိုက်တဲ့ ဂိုးကြောင့် နယ်သာလန်က ၁ ဂိုးအသာနဲ့ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ဂိုးကိုတော့ Stefan de Vrij က သွင်းပြီး ဒုတိယပိုင်း တလျောက်လုံးကို နယ်သာလန်အသင်းက တဖက်သတ် အသာစီးနဲ့ ဦးဆောင်ခဲ့ပါတယ်။

စပိန်အတွက် ဂိုးကိုတော့ ပထမပိုင်း ၂၇ မိနစ်မှာ စပိန်ဖက်က Diego Costa သယ်လာတဲ့ဘောလုံးကို နယ်သာလန် နောက်တန်းလူ Stefan de Frij က ဂိုးရှေ့မှာ ခပ်ကြမ်းကြမ်း ဝင်ဖျက်လိုက်တဲ့အတွက် ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီပေးလိုက်တဲ့အတွက် Xabi Alonso က အဲဒီ ပင်နယ်တီဂိုးကို သွင်းယူလိုက်တာ ဖြစ်ပါတယ်။

သောကြာနေ့ ပထမပွဲဖြစ်ဖြစ်တဲ့ မက္ကဆီကိုနဲ့ ကင်မရွန်း ပွဲစဉ်မှာတော့ မက္ကဆီကိုအသင်းက ၁ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ သောကြာနေ့ရဲ့ နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ ဥရုဂွေးနဲ့ သြစတေးလျ ပွဲစဉ်မှာတော့ လက်ရှိအချိန်ထိ ဥရုဂွေးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
XS
SM
MD
LG