သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ Jaipur မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် UNESCO သတ်မှတ်


Jaipur မြို့မှာရှိတဲ့ Hawa Mahal (ဇန်နဝါရီ၊ ၁၂၊ ၂၀၀၉)
Jaipur မြို့မှာရှိတဲ့ Hawa Mahal (ဇန်နဝါရီ၊ ၁၂၊ ၂၀၀၉)

အိန္ဒိယနိုင်ငံရဲ့ သဲကန္တာရ ပြည်နယ်တခုဖြစ်တဲ့ Rajasthan က Jaipur ခံတပ်မြို့ကို ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။

ပန်းနုရောင်မြို့တော်လို့ ကျော်ကြားတဲ့ ဂျိုင်ပေါ-မြို့ဟာ ဒီလို အမွေအနှစ်စာရင်း သွပ်သွင်းခံရတဲ့ ဒုတိယမြို့ဖြစ်ပြီး အခုအခါ Paris, Vienna, Cairo, Brussels, Rome နဲ့ Edinburgh မြို့တွေလို တန်းတူအဆင့်တန်း ရရှိသွားပါတယ်။

ဂျိုင်ပေါရဲ့ မြို့ပြစီမံကိန်းဟာ ရှေးခေတ်ဟောင်း ဟိန္ဒူနဲ့ ခေတ်သစ် မဂို လက်ရာတွေအပြင် အနောက်တိုင်းယဉ်ကျေးမှုရဲ့ အငွေ့အသက်ကိုပါ ရောထွေးပုံဖေါ်ထားတာကို တွေ့ရတယ်လို့ ယူနက်စကိုရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဂျိုင်ပေါမြို့မှာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ထားတဲ့ နောက်ထပ်အဆောက်အဦး နှစ်ခု လည်း ရှိနေပါတယ်။ Ahmedabad မြို့ကတော့ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်း အသွင်းခံရတဲ့ ပထမမြို့ ဖြစ်ပါတယ်။

အိန္ဒိယ Jaipur မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် UNESCO သတ်မှတ်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG