သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇-၂၀၁၈ ကမ္ဘာ့တရားမျှတမှု စာရင်း မြန်မာ အဆင့်နိမ့်ဆဲ


ရန်ကုန်မြို့ရှိ ဗဟိုတရားရုံးချုပ် အဆောက်အဦးမြင်ကွင်းတခု။ ဇွန် ၁၊ ၂၀၁၂။
ရန်ကုန်မြို့ရှိ ဗဟိုတရားရုံးချုပ် အဆောက်အဦးမြင်ကွင်းတခု။ ဇွန် ၁၊ ၂၀၁၂။

World Justic Project ခေါ် ကမ္ဘာ့တရားမျှတမှု လေ့လာစောင့်ကြည့်ရေး အဖွဲ့ရဲ့ သုတေသန ပြုချက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တရားမျှတမှု ရှိတဲ့ နိုင်ငံတွေအနက် အဆင့် ၁၀၀ မှာ ရောက်ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

WJP အဖွဲ့က နိုင်ငံပေါင်း ၁၁၃ နိုင်ငံကို လေ့လာပြီးတင်ပြထားတဲ့ တရားဥပဒေစိုးမိုးမှု ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်တဲ့ လေ့လာချက်ထဲမှာ အခုလို ဖေါ်ပြထား တာဖြစ်ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်ကထက် အဆင့် ၂ ဆင့် ပြုတ်ကျသွားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အထက်မှာ လက်တင် အမေရိကတိုက်က နီကာရာဂွာနိုင်ငံ ရှိနေပြီး၊ မြန်မာနိုင်ငံရဲ့ အောက်မှာတော့ တူရကီနိုင်ငံရှိနေပါတယ်။

ကမ္ဘာပေါ်မှာ တရားဥပဒေ စိုးမိုးရေး အရှိဆုံး နိုင်ငံတွေအဖြစ် ဒိန်းမတ်၊ နော်ဝေနဲ့ ဖင်လန်နိုင်ငံတို့ကို နံပတ် ၁၊၂၊၃ အဖြစ်ဖေါ်ပြထားပြီး တရားဥပဒေစိုးမိုးမှု အနည်းဆုံး နိုင်ငံတွေအဖြစ် ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကို ဖေါ်ပြထားပါတယ်။

WJP အဖွဲ့အနေနဲ့ တရားဥပဒေစိုးမိုးမှုကို တိုင်းတာတဲ့နေရာမှာ အစိုးရကော ပြည်သူတွေပါ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း၊ လူတိုရဲ့အခြေခံ ရပိုင်ခွင့်တွေကို အကာကွယ်ပေးတဲ့ မျှတသော တရားဥပဒေများ ရှိခြင်း၊ ပွင့်လင်းမြင်သာစွာ စီစဉ်ဆောင်ရွက်ခြင်းနဲ့ ဘက်လိုက်မှု ကင်းမဲ့ခြင်းတို့ကို အခြေခံပြီး ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသတွင်းမှာ ကြည့်မယ်ဆိုရင်တော့ ၁၅ နိုင်ငံရှိတဲ့အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၄ မှာ ရောက်ရှိနေပါတယ်။

၂၀၁၇-၂၀၁၈ ကမ္ဘာ့တရားမျှတမှု စာရင်း မြန်မာ အဆင့်နိမ့်ဆဲ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG