သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥတုရာသီတိုက္ဖ်က္ေရး သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ကုန္ပစၥည္း၊ ဝန္ေဆာင္မႈေတြ ပယ္ဖ်က္ဖို႔ WTO တိုက္တြန္း


အီဂ်စ္ႏိုင္ငံမွာ ျပဳလုပ္တဲ့ ကုလသမဂၢ ကမာၻ႔ ရာသီဥတု ဆိုင္ရာ ညီလာခံ COP 27 အတြင္း ဆင္ယင္ထားတဲ့ ျပကြက္တစ္ခု (ႏိုဝင္ဘာလ ၇ ရက္၊ ၂၀၂၂ ခုႏွစ္)

ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈကို တိုက္ဖ်က္ရာမွာ သဘာဝ ပတ္ဝန္းက်င္ ဆိုင္ရာ ကုန္ပစၥည္းေတြ၊ ဝန္ေဆာင္မႈေတြ နဲ႔ ပတ္သက္ေနတဲ့ ကုန္သြယ္ေရး အခက္အခဲေတြ ကို ဖယ္ရွားပစ္ဖို႔ ကမာၻ႔ ကုန္သြယ္ေရး အဖြဲ႕ႀကီး WTO က တနလၤာေန႔ က တိုက္တြန္းလိုက္ပါတယ္။

အီဂ်စ္ႏိုင္ငံ မွာ COP 27 လို႔ သိၾကတဲ့ ကုလသမဂၢ ကမာၻ႔ ရာသီဥတု ဆိုင္ရာ ညီလာခံ ကို ႏိုဝင္ဘာလ ၁၈ ရက္ေန႔အထိ က်င္းပေနခ်ိန္ မွာ ကမာၻ႔ကုန္သြယ္မႈ အဖြဲ႕ႀကီးက အခုလို အစီရင္ခံစာ ထုတ္ျပန္ တိုက္တြန္းလိုက္တာ ျဖစ္ပါတယ္။ “ကုန္သြယ္‌‌ေရး ဟာ ရာသီဥတုအတြက္ ေကာင္းတဲ့ အင္အားတစ္ရပ္ပါ။ ကာဘြန္အထြက္နည္းၿပီး၊ အဆိုးက အေကာင္းဘက္ ျပန္ျဖစ္လာေအာင္၊ တရားမွ်တတဲ့ အကူးအေျပာင္းျဖစ္ေပၚဖို႔ ေျဖရွင္းရာမွာ အစိတ္အပိုင္းတစ္ရပ္ ျဖစ္ပါတယ္။” လို႔ WTO ရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ Ngozi Okonjo-Iweala က အမွာစာ မွာ ေျပာထားပါတယ္။

သဘာဝ ပတ္ဝန္းက်င္ ဆိုင္ရာ ပစၥည္းေတြ နဲ႔ ဝန္ေဆာင္မႈေတြအေပၚ အခြန္ေတြ ေလွ်ာ့ခ် ဒါမွမဟုတ္ အခြန္မဲ့ ေဆာင္႐ြက္ခ်က္ေတြေၾကာင့္ အဲဒီ ကုန္ပစၥည္းေတြ ကို ၂၀၃၀ မွာ ၅ ရာခိုင္ႏႈန္း ပိုမိုတင္ပို႔လာႏိုင္ပါတယ္။ တခ်ိန္တည္းမွာပဲ ကာဘြန္ထုတ္လုပ္မႈ က အသားတင္ က်သြားႏိုင္ပါတယ္ လို႔ WTO က ဆိုပါတယ္။ WTO စီးပြါးေရး ပညာရွင္ေတြ ရဲ႕ အလိုအရ၊ အဲဒီလို ရလာဒ္ေၾကာင့္ ျပန္သစ္ၿမဲ စြမ္းအင္ သုံးစြဲတာ မ်ားလာႏိုင္တာေၾကာင့္ ကာဘြန္ အထြက္ က ဝ.၆ ရာႏႈန္း က်သြားႏိုင္တယ္လို႔ ဆိုပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ ၃၀ အတြင္း ေနေရာင္ျခည္ စြမ္းအင္သုံး ဆိုလာျပားေဈးေတြက်လာတာကို WTO က ေထာက္ျပၿပီး၊ လူေတြ ပိုသုံးစြဲလာေလ၊ ထုတ္လုပ္မႈ ပမာဏ ႀကီးမားလာေလျဖစ္ၿပီး ေဈး က ၄၀ ရာႏႈန္း က်သြားႏိုင္တယ္လို႔ WTO က ေျပာပါတယ္။

ကုန္သြယ္‌ေရးေၾကာင့္ ဖန္လုံအိမ္ ဓာတ္ေငြ႕ အထြက္မ်ားလာရတယ္ လို႔ နားလည္မႈ လြဲမွားေနၾကေၾကာင္း၊ တကယ္ေတာ့ သဘာဝ ပတ္ဝန္းက်င္ ဆိုင္ရာ တီထြင္မႈေတြ နဲ႔ နည္းပညာေတြ ကို ကုန္သြယ္ေရး က ပ်ံ႕ႏွံ႔ေစႏိုင္ေၾကာင္း WTO က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ဥတုရာသီတိုက်ဖျက်ရေး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ ပယ်ဖျက်ဖို့ WTO တိုက်တွန်း

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ နဲ့ ပတ်သက်နေတဲ့ ကုန်သွယ်ရေး အခက်အခဲတွေ ကို ဖယ်ရှားပစ်ဖို့ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီး WTO က တနင်္လာနေ့ က တိုက်တွန်းလိုက်ပါတယ်။

အီဂျစ်နိုင်ငံ မှာ COP 27 လို့ သိကြတဲ့ ကုလသမဂ္ဂ ကမ္ဘာ့ ရာသီဥတု ဆိုင်ရာ ညီလာခံ ကို နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ကျင်းပနေချိန် မှာ ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့ကြီးက အခုလို အစီရင်ခံစာ ထုတ်ပြန် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ “ကုန်သွယ်‌‌ရေး ဟာ ရာသီဥတုအတွက် ကောင်းတဲ့ အင်အားတစ်ရပ်ပါ။ ကာဘွန်အထွက်နည်းပြီး၊ အဆိုးက အကောင်းဘက် ပြန်ဖြစ်လာအောင်၊ တရားမျှတတဲ့ အကူးအပြောင်းဖြစ်ပေါ်ဖို့ ဖြေရှင်းရာမှာ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။” လို့ WTO ရဲ့ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က အမှာစာ မှာ ပြောထားပါတယ်။

သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပစ္စည်းတွေ နဲ့ ဝန်ဆောင်မှုတွေအပေါ် အခွန်တွေ လျှော့ချ ဒါမှမဟုတ် အခွန်မဲ့ ဆောင်ရွက်ချက်တွေကြောင့် အဲဒီ ကုန်ပစ္စည်းတွေ ကို ၂၀၃၀ မှာ ၅ ရာခိုင်နှုန်း ပိုမိုတင်ပို့လာနိုင်ပါတယ်။ တချိန်တည်းမှာပဲ ကာဘွန်ထုတ်လုပ်မှု က အသားတင် ကျသွားနိုင်ပါတယ် လို့ WTO က ဆိုပါတယ်။ WTO စီးပွါးရေး ပညာရှင်တွေ ရဲ့ အလိုအရ၊ အဲဒီလို ရလာဒ်ကြောင့် ပြန်သစ်မြဲ စွမ်းအင် သုံးစွဲတာ များလာနိုင်တာကြောင့် ကာဘွန် အထွက် က ဝ.၆ ရာနှုန်း ကျသွားနိုင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားဈေးတွေကျလာတာကို WTO က ထောက်ပြပြီး၊ လူတွေ ပိုသုံးစွဲလာလေ၊ ထုတ်လုပ်မှု ပမာဏ ကြီးမားလာလေဖြစ်ပြီး ဈေး က ၄၀ ရာနှုန်း ကျသွားနိုင်တယ်လို့ WTO က ပြောပါတယ်။

ကုန်သွယ်‌ရေးကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ အထွက်များလာရတယ် လို့ နားလည်မှု လွဲမှားနေကြကြောင်း၊ တကယ်တော့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ တီထွင်မှုတွေ နဲ့ နည်းပညာတွေ ကို ကုန်သွယ်ရေး က ပျံ့နှံ့စေနိုင်ကြောင်း WTO က ဆိုပါတယ်။

XS
SM
MD
LG