သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COP 27 ရာသီဥတုညီလာခံ အီဂျစ်နိုင်ငံမှာစတင်


EGYPT-UN-CLIMATE-COP27
EGYPT-UN-CLIMATE-COP27

အီဂျစ်နိုင်ငံ Sharm el-Sheikh မှာ နိုဝင်ဘာလ ၆ ရက် တနင်္ဂနွေနေ့က စတင်ကျင်းပတဲ့ ဥတုရာသီဆိုင်ရာ COP 27 ညီလာခံကို နိုင်ငံပေါင်း၂၀၀ လောက်က တက်ရောက်ခဲ့ကြပြီး ဒီညီလာခံကနေ ကမ္ဘာကြီးကို ဥတုရာသီ ကပ်ဘေးကနေ ကယ်တင်နိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က တိုက်တွန်းခဲ့ပါတယ်။ 

COP 27 ရာသီဥတုညီလာခံ အီဂျစ်နိုင်ငံမှာစတင်

{{Zawgyi/Unicode}}
အီဂျစ်နိုင်ငံ Sharm el-Sheikh မှာ နိုဝင်ဘာလ ၆ ရက် တနင်္ဂနွေနေ့က စတင်ကျင်းပတဲ့ ဥတုရာသီဆိုင်ရာ COP 27 ညီလာခံကို နိုင်ငံပေါင်း၂၀၀ လောက်က တက်ရောက်ခဲ့ကြပြီး ဒီညီလာခံကနေ ကမ္ဘာကြီးကို ဥတုရာသီ ကပ်ဘေးကနေ ကယ်တင်နိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က တိုက်တွန်းခဲ့ပါတယ်။

ဒီ COP 27 ညီလာခံဟာ ကမ္ဘာကြီးကို ဥတုရာသီကြောင့် ဒုက္ခမရောက်အောင် အားလုံးစုပေါင်းပြီး ရည်မှန်းချက်တွေ၊ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်မယ့် နေရာဖြစ်လာအောင် လုပ်ဆောင်ကြဖို့ အတွင်းရေးမှုးချုပ်က တိုက်တွန်းခဲ့တာပါ။

မကြာသေးခင်ကပဲ ကမ္ဘာတလွှား ဥတုရာသီပြောင်းလဲမှုနဲ့ ဆက်နွယ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွက် လူပေါင်းထောင်နဲ့ချီ သေဆုံးရသလို သန်းနဲ့ချီ အိုးအိမ်ပြောင်းရွှေ့ခဲ့ရပြီး ဒေါ်လာဘီလီယံချီ ဆုံးရှုံးခဲ့ရပါတယ်။ ပါကစ္စတန်နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေမှာ ရေအကြီးအကျယ်လျှံတာ၊ အာဖရိကနဲ့ အမေရိကန် အနောက်ပိုင်းဒေသတွေမှာ မိုးခေါင်ရေရှားတာ၊ ကရေဘီယံဒေသမှာ ဆိုင်ကလုံး မုန်တိုင်းဒဏ်အပြင် ကမ္ဘာ့တိုက်ကြီး ၃ ခုမှာ မကြုံစဖူး ပြင်းထန်တဲ့ အပူလှိုင်း ဖြတ်သွားတာတွေ ကြုံခဲ့ရတာပါ။

အခုလို သတင်းတွေ တခုပြီးတခု တက်လာနေတာကိုကြည့်ရင် ဥတုရာသီပြောင်းလဲမှုရဲ့ အန္တရာယ်ကို မြင်သာတာကြောင့် အခု COP 27 ညီလာခံမှာ ဥတုရာသီဆိုင်ရာ ပိုပြီး ပြတ်သား မြန်ဆန်တဲ့ လုပ်ဆောင်မှုတွေလုပ်နိုင်မယ့် အခြေခံအုတ်မြစ်တွေ ချရမှာ ဖြစ်ကြောင်း အီဂျစ်က ၁၃ ရက်ကြာညီလာခံ မတိုင်ခင်မှာပဲ အတွင်းရေးမှုးချုပ်က သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာကြီးကို ၁၉ ရာစုနှောင်းပိုင်းတုန်းက အပူချိန်ထက် (၁ ဒသမ ၅) ဒီဂရီ စဲလ်ဆီးယပ်စ် လောက်နဲ့ပဲ ထိန်းထားနိုင်ဖို့အတွက် ကမ္ဘာ့ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၃၀ မှာ ၄၅ % လျှော့ချဖို့ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ သတ်မှတ် အပူချိန်ထက် ပိုပူလာနိုင်တယ်လို့ သတိပေးနေတာပါ။ လက်ရှိနှုန်းထားအတိုင်း သွားနေရင် ကမ္ဘာကြီးမှာ ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှုဟာ ဒီဆယ်စုနှစ်ကုန်လောက်ဆို ၁၀ % တိုးလာနိုင်ပြီး ကမ္ဘာမြေမျက်နှာပြင် အပူရှိန်ကလည်း ၂.၈ ဒီဂရီ စဲလ်ဆီးယပ်စ် ဖြစ်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်တဲ့ ဥတုရာသီဆိုင်ရာတွေ့ရှိချက်မှာ ဖေါ်ပြထားပါတယ်။

.....................................................


{{Zawgyi/Unicode}}





XS
SM
MD
LG